ရုရှားနိုင်ငံသားများကို ခရီးသွားလာခွင့် ဗီဇာပိတ်ပင်ထားမှုနဲ့ပတ်သက်ပြီး ပြင်သစ်နဲ့ ဂျာမနီက သဘောမတူ

738

ရောင်နီ (NP News) - စက်တင်ဘာ ၁
ဥရောပနိုင်ငံပေါင်း ၂၇ နိုင်ငံရဲ့ ရုရှားနိုင်ငံသားများအပေါ် ခရီးသွားဗီဇာ တားမြစ်ချက် ချမှတ်လိုက်ပေမယ့် ပြင်သစ် နဲ့ ဂျာမဏီကတော့ အခြား ဥရောပသမဂ္ဂအဖွဲ့ဝင်များနဲ့ မတူညီဘဲ သဘောထားကွဲလွဲနေပါတယ်။
ဥရောပသမဂ္ဂရဲ့ အလှည့်ကျဥက္ကဋ္ဌရာထူးကိုရယူထားတဲ့ ချက်သမ္မတနိုင်ငံဟာ ရုရှားခရီးသွားများအတွက် ဗီဇာ လျှောက်ထားမှုကိုဖြေလျှော့ပေးထားတဲ့ ၂ဝဝ၇ ခုနှစ် သဘောတူညီချက်ကို ဆိုင်းငံ့ထားလိုကြောင်းနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်အချို့အနေနဲ့ ရုရှားအတွက် ဗီဇာကို အကြွင်းမဲ့ပိတ်ထားသင့်ကြောင်း တိုက်တွန်းထားပါတယ်။
“ရုရှားခရီးသွားလုပ်ငန်းအတွက် နေရာမရှိပါဘူး” လို့ ပရာ့ဂ်မှာ နှစ်ရက်ကြာ အလွတ်သဘောအစည်းအဝေး ကျင်းပနေတဲ့ ချက်နိုင်ငံခြားရေးဝန်ကြီး ဂျန်လီပက်စကီ က ပြောကြားခဲ့ပါတယ်။ သို့ပေမယ့်လည်း ၄င်းကို ကန့်ကွတ်တဲ့နိုင်ငံတွေထဲမှာ ဟန်ဂေရီ၊ လူဇင်ဘတ်နဲ့ သြစတြီးယားအပြင် ဥရောပ သမဂ္ဂရဲ့ အင်အားကြီးနိုင်ငံများ ဖြစ်တဲ့ ဂျာမနီနဲ့ ပြင်သစ်လည်း ပါ၀င်လာခဲ့ပါတယ်။
"ရုရှားကို အလုပ်အကျွေးပြုခြင်းမှ ကာကွယ်ဖို့နဲ့ မရည်ရွယ်ဘဲ စုဝေးခြင်း (သို့မဟုတ်) အနာဂတ်မျိုးဆက်သစ်များ ကို နှောင့်ယှက်ခြင်းတို့ကိုတားဆီးဖို့အတွက် ကျွန်ုပ်တို့ ဗီဇာမူဝါဒအပေါ် ကျယ်ကျယ်ပြန့်ပြန့်ထားရှိတဲ့ ကန့်သတ် ချက်များကိုလည်း ကျွန်ုပ်တို့သတိထားရမှာဖြစ်ပါတယ်" လို့ ပြင်သစ်နဲ့ ဂျာမနီတို့က ပူးတွဲမှတ်စုတို့မှာ ပြောကြားခဲ့ ပါတယ်။
အရှေ့ပိုင်းနဲ့ နော်ဒစ်နိုင်ငံများက ယင်းပြောကြားချက်ကို အခိုင်အမာထောက်ခံထားပြီး အီးယူသို့ ခရီးသွားခြင်းဟာ အခွင့်အရေးတစ်ခုမဟုတ်ကြောင်း၊ ယင်းကဲ့သို့ဆိုရင် ရုရှားနိုင်ငံသားများကို ၎င်းတို့နိုင်ငံ ယူကရိန်းကို ကျူးကျော် လာချိန်က ဥရောပကမ်းခြေများမှာ ပါတီပွဲ လုပ်ခွင့်ပေးခဲ့ခြင်းဟာလည်း လက်ခံနိုင်စရာမရှိကြောင်း ပြောဆိုခဲ့ပါတယ်။
ရုရှားရဲ့ယူကရိန်းအပေါ်ကျူးကျော်မှုကိုကန့်ကွတ်တဲ့အနေနဲ့ အနောက်ဥရောပနိုင်ငံအများအပြား စီးပွားရေး၊ လူမှုရေးကဏ္ဍများမှာ ရုရှားကိုပိတ်ဆို့ကန့်သတ်ထားပါတယ်။ ထို့အတူပဲ ရုရှားကလည်း ၄င်းရဲ့ကမ္ဘာလုံးဆိုင်ရာ မရှိမဖြစ် စီးပွားရေးဓာတ်ငွေ့လိုင်းတွေကို ဖြတ်တောက်ခဲ့တယ်လို့သိရပါတယ်။

Zawgyi Version;
႐ုရွားႏိုင္ငံသားမ်ားကို ခရီးသြားလာခြင့္ ဗီဇာပိတ္ပင္ထားမႈနဲ႔ပတ္သက္ၿပီး ျပင္သစ္နဲ႔ ဂ်ာမနီက သေဘာမတူ
ေရာင္နီ (NP News) - စက္တင္ဘာ ၁
ဥေရာပႏိုင္ငံေပါင္း ၂၇ ႏိုင္ငံရဲ႕ ႐ုရွားႏိုင္ငံသားမ်ားအေပၚ ခရီးသြားဗီဇာ တားျမစ္ခ်က္ ခ်မွတ္လိုက္ေပမယ့္ ျပင္သစ္ နဲ႔ ဂ်ာမဏီကေတာ့ အျခား ဥေရာပသမဂၢအဖြဲ႕ဝင္မ်ားနဲ႔ မတူညီဘဲ သေဘာထားကြဲလြဲေနပါတယ္။
ဥေရာပသမဂၢရဲ႕ အလွည့္က်ဥကၠ႒ရာထူးကိုရယူထားတဲ့ ခ်က္သမၼတႏိုင္ငံဟာ ႐ုရွားခရီးသြားမ်ားအတြက္ ဗီဇာ ေလွ်ာက္ထားမႈကိုေျဖေလွ်ာ့ေပးထားတဲ့ ၂ဝဝ၇ ခုႏွစ္ သေဘာတူညီခ်က္ကို ဆိုင္းငံ့ထားလိုေၾကာင္းနဲ႔ ဥေရာပသမဂၢ အဖြဲ႕ဝင္အခ်ိဳ႕အေနနဲ႔ ႐ုရွားအတြက္ ဗီဇာကို အႂကြင္းမဲ့ပိတ္ထားသင့္ေၾကာင္း တိုက္တြန္းထားပါတယ္။
“႐ုရွားခရီးသြားလုပ္ငန္းအတြက္ ေနရာမရွိပါဘူး” လို႔ ပရာ့ဂ္မွာ ႏွစ္ရက္ၾကာ အလြတ္သေဘာအစည္းအေဝး က်င္းပေနတဲ့ ခ်က္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်န္လီပက္စကီ က ေျပာၾကားခဲ့ပါတယ္။ သို႔ေပမယ့္လည္း ၄င္းကို ကန္႔ကြတ္တဲ့ႏိုင္ငံေတြထဲမွာ ဟန္ေဂရီ၊ လူဇင္ဘတ္နဲ႔ ၾသစႀတီးယားအျပင္ ဥေရာပ သမဂၢရဲ႕ အင္အားႀကီးႏိုင္ငံမ်ား ျဖစ္တဲ့ ဂ်ာမနီနဲ႔ ျပင္သစ္လည္း ပါ၀င္လာခဲ့ပါတယ္။
"႐ုရွားကို အလုပ္အေကြၽးျပဳျခင္းမွ ကာကြယ္ဖို႔နဲ႔ မရည္႐ြယ္ဘဲ စုေဝးျခင္း (သို႔မဟုတ္) အနာဂတ္မ်ိဳးဆက္သစ္မ်ား ကို ေႏွာင့္ယွက္ျခင္းတို႔ကိုတားဆီးဖို႔အတြက္ ကြၽႏ္ုပ္တို႔ ဗီဇာမူဝါဒအေပၚ က်ယ္က်ယ္ျပန႔္ျပန႔္ထားရွိတဲ့ ကန႔္သတ္ ခ်က္မ်ားကိုလည္း ကြၽႏ္ုပ္တို႔သတိထားရမွာျဖစ္ပါတယ္" လို႔ ျပင္သစ္နဲ႔ ဂ်ာမနီတို႔က ပူးတြဲမွတ္စုတို႔မွာ ေျပာၾကားခဲ့ ပါတယ္။
အေရွ႕ပိုင္းနဲ႔ ေနာ္ဒစ္ႏိုင္ငံမ်ားက ယင္းေျပာၾကားခ်က္ကို အခိုင္အမာေထာက္ခံထားၿပီး အီးယူသို႔ ခရီးသြားျခင္းဟာ အခြင့္အေရးတစ္ခုမဟုတ္ေၾကာင္း၊ ယင္းကဲ့သို႔ဆိုရင္ ႐ုရွားႏိုင္ငံသားမ်ားကို ၎တို႔ႏိုင္ငံ ယူကရိန္းကို က်ဴးေက်ာ္ လာခ်ိန္က ဥေရာပကမ္းေျခမ်ားမွာ ပါတီပြဲ လုပ္ခြင့္ေပးခဲ့ျခင္းဟာလည္း လက္ခံႏိုင္စရာမရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။
႐ုရွားရဲ႕ယူကရိန္းအေပၚက်ဴးေက်ာ္မႈကိုကန္႔ကြတ္တဲ့အေနနဲ႔ အေနာက္ဥေရာပႏိုင္ငံအမ်ားအျပား စီးပြားေရး၊ လူမႈေရးက႑မ်ားမွာ ႐ုရွားကိုပိတ္ဆို႔ကန္႔သတ္ထားပါတယ္။ ထို႔အတူပဲ ႐ုရွားကလည္း ၄င္းရဲ႕ကမာၻလုံးဆိုင္ရာ မရွိမျဖစ္ စီးပြားေရးဓာတ္ေငြ႕လိုင္းေတြကို ျဖတ္ေတာက္ခဲ့တယ္လို႔သိရပါတယ္။