မြန်မာ့ ရော်ဘာကုန်ကြမ်း ကို ဘယ်လာရုစ်လုပ်ငန်းရှင်များက ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေ

 218

Pearl (NP News) - အောက်တိုဘာလ ၂၃

မြန်မာ့ ရော်ဘာကုန်ကြမ်းကို ဘယ်လာရုစ် လုပ်ငန်းရှင်များက ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေ ကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
ရော်ဘာသည် ပြည်တွင်း၌ မွန်ပြည်နယ် တွင် အများဆုံးထွက်ရှိပြီး ဒုတိယအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် တတိယအနေဖြင့် ကရင်ပြည်နယ်တို့မှထွက်ရှိသည့်အပြင် ကျန်တိုင်း ဒေသကြီးနှင့်ပြည်နယ်များမှာလည်း စိုက်ပျိုးလျက်ရှိ ရာ ရော်ဘာတင်ပို့သည့်နိုင်ငံများအနေဖြင့် တရုတ် နိုင်ငံသို့ အများဆုံးတင်ပို့နေပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယားနှင့် ဂျပန် စသည့်နိုင်ငံ များသို့လည်း တင်ပို့လျက်ရှိကြောင်းသိရသည်။
လက်ရှိတွင်လည်း ရော်ဘာကုန်ကြမ်းများ ကို ဝယ်ယူရန်အတွက် ဘယ်လာရုစ်နိုင်ငံမှ လုပ်ငန်း ရှင်များက ကမ်းလှမ်းမှုများရှိနေရာ ဈေးနှုန်းနှင့် တင်ပို့နိုင်မည့်တန်ချိန်ကို ဆွေးနွေးညှိနှိုင်းနေကြောင်း သိရသည်။
" လက်ရှိတော့ ဘယ်လာရုစ်ကို ရော်ဘာတင်ပို့မှုတော့ မရှိသေးဘူး။ ဘယ်လာရုစ်နိုင်ငံ ကနေပြီးတော့ ဒီနိုင်ငံက ရော်ဘာတွေ ဝယ်ချင်တယ် ဆိုပြီးတော့ စကားပြောကမ်းလှမ်းထားတဲ့ ကုမ္ပဏီ တွေရှိတယ်။ ပြီးတော့ လက်ရှိ သူတို့ကို ဒီကပေးနိုင် မယ့် Sample တွေကို သူတို့တောင်းပြီးတော့ သူတို့ ဓာတ်ခွဲခန်းထဲမှာ စစ်ဆေးပြီးတော့ ရသွားတဲ့ ကုမ္ပဏီ တွေလည်း ရှိတယ်။ ရော်ဘာကတော့ လက်ရှိ တင်ပို့ နေတဲ့ RSS တို့ TSR တို့ပဲ တင်ပို့ရမှာ။ အခုကတော့ တင်ပို့မှုနဲ့ ရောင်းဝယ်မှုကိစ္စတွေ ဆောင်ရွက်ဖို့ကိုတော့ ဆက်လက်စကားပြောနေတုန်းပဲပေါ့" ဟု ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူအသင်းမှ တာဝန်ရှိ သူတစ်ဦးက NP News သို့ပြောသည်။ ဘယ် လာရုစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းအများအပြား သည် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ရာ အချို့ထုတ်ကုန်များကို ဗီယက်နမ်နိုင်ငံမှတစ်ဆင့် တင်ပို့နိုင်မည်ဖြစ်ရာ ရော်ဘာကုန်ကြမ်း တင်ပို့ရန် လမ်းကြောင်းအတွက်လည်း ဆွေးနွေးနေဆဲဖြစ် ကြောင်း သိရသည်။
" လမ်းကြောင်းတော့ ဘယ်လာရုစ်ကိုပို့ရင် တော့ ပင်လယ်ရေကြောင်းကပဲ သွားရမှာပေါ့။ ဗီယက်နမ်ဆိုရင်တော့ ပို့ရတာပိုနီးတာပေါ့နော်။ ဈေးနှုန်းရော ဘယ်ငွေနဲ့ပေးမလဲ ဆိုတာ ညှိနှိုင်းနေ တာပေါ့။ လက်ရှိဈေးနှုန်းအနေနဲ့က လက်ရှိကမ္ဘာ့ ပေါက်ဈေးနဲ့အညီရဖို့တော့ ပြောထားတာပေါ့နော်။ ငွေကြေးစနစ်တွေ စကားပြောနေ ညှိနှိုင်းနေတုန်းပဲ။ ဝယ်လိုအားကတော့ မသိသေးဘူး"ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် ငွေပေးချေမှုနှင့်စပ်လျဉ်းပြီး ရုရှား ရူဘယ်ငွေဖြင့် သော်လည်းကောင်း၊ တရုတ်ယွမ်ငွေ ဖြင့်သော်လည်း ကောင်း အပြန်အလှန်ပေးချေနိုင်ရန် ပြီးခဲ့သည့်ရက် ပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ၏ ဘယ်လာရုစ်ခရီးစဉ်အတွင်း ညှိနှိုင်းဆောင် ရွက်ထားကြောင်းသိရသည်။

Zawgyi Version:
ျမန္မာ့ ေရာ္ဘာကုန္ၾကမ္း ကို ဘယ္လာ႐ုစ္လုပ္ငန္းရွင္မ်ားက ဝယ္ယူရန္ ကမ္းလွမ္းမႈမ်ားရွိေန
Pearl (NP News) - ေအာက္တိုဘာလ ၂၃

ျမန္မာ့ ေရာ္ဘာကုန္ၾကမ္းကို ဘယ္လာ႐ုစ္ လုပ္ငန္းရွင္မ်ားက ဝယ္ယူရန္ ကမ္းလွမ္းမႈမ်ားရွိေန ေၾကာင္း ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူ အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ေရာ္ဘာသည္ ျပည္တြင္း၌ မြန္ျပည္နယ္ တြင္ အမ်ားဆုံးထြက္ရွိၿပီး ဒုတိယအေနျဖင့္ တနသၤာရီတိုင္းေဒသႀကီးႏွင့္ တတိယအေနျဖင့္ ကရင္ျပည္နယ္တို႔မွထြက္ရွိသည့္အျပင္ က်န္တိုင္း ေဒသႀကီးႏွင့္ျပည္နယ္မ်ားမွာလည္း စိုက္ပ်ိဳးလ်က္ရွိ ရာ ေရာ္ဘာတင္ပို႔သည့္ႏိုင္ငံမ်ားအေနျဖင့္ တ႐ုတ္ ႏိုင္ငံသို႔ အမ်ားဆုံးတင္ပို႔ေနၿပီး စင္ကာပူ၊ မေလးရွား၊ အင္ဒိုနီးရွား၊ ကိုရီးယားႏွင့္ ဂ်ပန္ စသည့္ႏိုင္ငံ မ်ားသို႔လည္း တင္ပို႔လ်က္ရွိေၾကာင္းသိရသည္။
လက္ရွိတြင္လည္း ေရာ္ဘာကုန္ၾကမ္းမ်ား ကို ဝယ္ယူရန္အတြက္ ဘယ္လာ႐ုစ္ႏိုင္ငံမွ လုပ္ငန္း ရွင္မ်ားက ကမ္းလွမ္းမႈမ်ားရွိေနရာ ေဈးႏႈန္းႏွင့္ တင္ပို႔ႏိုင္မည့္တန္ခ်ိန္ကို ေဆြးေႏြးညႇိႏႈိင္းေနေၾကာင္း သိရသည္။
" လက္ရွိေတာ့ ဘယ္လာ႐ုစ္ကို ေရာ္ဘာတင္ပို႔မႈေတာ့ မရွိေသးဘူး။ ဘယ္လာ႐ုစ္ႏိုင္ငံ ကေနၿပီးေတာ့ ဒီႏိုင္ငံက ေရာ္ဘာေတြ ဝယ္ခ်င္တယ္ ဆိုၿပီးေတာ့ စကားေျပာကမ္းလွမ္းထားတဲ့ ကုမၸဏီ ေတြရွိတယ္။ ၿပီးေတာ့ လက္ရွိ သူတို႔ကို ဒီကေပးႏိုင္ မယ့္ Sample ေတြကို သူတို႔ေတာင္းၿပီးေတာ့ သူတို႔ ဓာတ္ခြဲခန္းထဲမွာ စစ္ေဆးၿပီးေတာ့ ရသြားတဲ့ ကုမၸဏီ ေတြလည္း ရွိတယ္။ ေရာ္ဘာကေတာ့ လက္ရွိ တင္ပို႔ ေနတဲ့ RSS တို႔ TSR တို႔ပဲ တင္ပို႔ရမွာ။ အခုကေတာ့ တင္ပို႔မႈနဲ႔ ေရာင္းဝယ္မႈကိစၥေတြ ေဆာင္႐ြက္ဖို႔ကိုေတာ့ ဆက္လက္စကားေျပာေနတုန္းပဲေပါ့" ဟု ေရာ္ဘာ စိုက္ပ်ိဳးထုတ္လုပ္သူအသင္းမွ တာဝန္ရွိ သူတစ္ဦးက NP News သို႔ေျပာသည္။ ဘယ္ လာ႐ုစ္ႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ ငန္းအမ်ားအျပား သည္ ဗီယက္နမ္ႏိုင္ငံသို႔ ေရာက္ရွိေနၿပီျဖစ္ရာ အခ်ိဳ႕ထုတ္ကုန္မ်ားကို ဗီယက္နမ္ႏိုင္ငံမွတစ္ဆင့္ တင္ပို႔ႏိုင္မည္ျဖစ္ရာ ေရာ္ဘာကုန္ၾကမ္း တင္ပို႔ရန္ လမ္းေၾကာင္းအတြက္လည္း ေဆြးေႏြးေနဆဲျဖစ္ ေၾကာင္း သိရသည္။
" လမ္းေၾကာင္းေတာ့ ဘယ္လာ႐ုစ္ကိုပို႔ရင္ ေတာ့ ပင္လယ္ေရေၾကာင္းကပဲ သြားရမွာေပါ့။ ဗီယက္နမ္ဆိုရင္ေတာ့ ပို႔ရတာပိုနီးတာေပါ့ေနာ္။ ေဈးႏႈန္းေရာ ဘယ္ေငြနဲ႔ေပးမလဲ ဆိုတာ ညႇိႏႈိင္းေန တာေပါ့။ လက္ရွိေဈးႏႈန္းအေနနဲ႔က လက္ရွိကမာၻ႔ ေပါက္ေဈးနဲ႔အညီရဖို႔ေတာ့ ေျပာထားတာေပါ့ေနာ္။ ေငြေၾကးစနစ္ေတြ စကားေျပာေန ညႇိႏႈိင္းေနတုန္းပဲ။ ဝယ္လိုအားကေတာ့ မသိေသးဘူး"ဟု ၎က ဆက္လက္ေျပာသည္။
ျမန္မာႏွင့္ ဘယ္လာ႐ုစ္ ႏွစ္ႏိုင္ငံအၾကား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္မႈလုပ္ငန္းမ်ားတြင္ ေငြေပးေခ်မႈႏွင့္စပ္လ်ဥ္းၿပီး ႐ုရွား ႐ူဘယ္ေငြျဖင့္ ေသာ္လည္းေကာင္း၊ တ႐ုတ္ယြမ္ေငြ ျဖင့္ေသာ္လည္း ေကာင္း အျပန္အလွန္ေပးေခ်ႏိုင္ရန္ ၿပီးခဲ့သည့္ရက္ ပိုင္းက ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝါဝါေမာင္ ၏ ဘယ္လာ႐ုစ္ခရီးစဥ္အတြင္း ညႇိႏႈိင္းေဆာင္ ႐ြက္ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.