ဗင်နီဇွဲလားနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူများ အစုအပြုံလိုက် ပြည်တော်ပြန်လာ

 641

ရောင်နီ (NP News) - စက်တင်ဘာ ၁

ဗင်နီဇွဲလားနိုင်ငံမှာ ၂ဝ၁၄ ခုနှစ်က စီးပွားရေးအကြပ်အတည်းအတွင်း နိုင်ငံသား ၆ ဒသမ ၈ သန်းခန့်ဟာ လူဦးရေ ၂၈ သန်းခန့်ရှိတဲ့ ဇာတိမြေမှ ထွက်ခွာခဲ့ပြီး အများစုဟာ လက်တင်အမေရိကနဲ့ ကာရေဘီယံ အနီးနားရှိ နိုင်ငံများသို့ ရွှေ့ပြောင်းခဲ့ပါတယ်။ ကိုလံဘီယာကိုဆိုရင် လူဦးရေ ၂.၄ သန်းကျော် ရွှေ့ပြောင်းခဲ့တယ်လို့ သိရပါတယ်။

ဗင်နီဇွဲလားနိုင်ငံ၊ ဆိုရှယ်လစ်အစိုးရဟာ ကပ်ရောဂါကြောင့် စီးပွားရေးအခွင့်အလမ်းများနဲ့ရှုပ်ထွေးတဲ့ ခရီးသွားလာ မှုတို့ကိုဖြတ်တောက်ကာ နိုင်ငံ၏စီးပွားရေးကျဆင်းမှုကိုနှေးကွေးစေတဲ့ ပြုပြင်ပြောင်းလဲမှုများ လက်ခံကျင့်သုံး လာတာကြောင့် ရွှေ့ပြောင်းနေထိုင်သူများလည်း လျော့နည်းလာခဲ့ပါတယ်။

ကုလသမဂ္ဂခန့်မှန်းချက်အရ ဗင်နီဇွဲလားနိုင်ငံသား ၁၅ဝဝဝဝ ခန့်ဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု မြင့်မားလာချိန် မှာ ၎င်းတို့မွေးရပ်မြေသို့ပြန်လည်ရောက်ရှိလာကြပြီး အချို့သော နိုင်ငံများမှာ ဗင်နီဇွဲလားနိုင်ငံမှ ရွှေ့ပြောင်း အခြေချသူ ဦးရေဟာ နှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းသွားတယ်လို့ သိရပါတယ်။ သို့ပေမယ့် ဒီကာလမှာ နိုင်ငံစွန့်ခွာရွှေ့ပြောင်းနေထိုင်သူများလည်း မြင့်တက်လျက်ရှိနေပါတယ်။

သမ္မတ နီကိုးလက်စ် မာဒရူ အစိုးရဟာ စီးပွားရေးတိုးတက်မှုကို ဆက်လက်လုပ်ဆောင်နေတာကြောင့် နိုဝင်ဘာလ ကတည်းက လက်တင်အမေရိက (သို့မဟုတ်) ကာရေဘီယံနိုင်ငံများမှာ ဗင်နီဇွဲလား ရွှေ့ပြောင်းနိုင်ငံသား အနည်း ဆုံး ၇၅၃ဝဝဝ ခန့် ပြည်တော်ပြန်ခဲ့ကြပြီး နိုဝင်ဘာလကတည်းက အပ်ဒိတ်ကိန်းဂဏန်းများကို အစီရင်ခံခြင်းမရှိခဲ့ တဲ့ ကိုလံဘီယာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှ သြဂုတ်လကြား အကြမ်းဖျင်း ရွှေ့ပြောင်းနေထိုင်သူ ၆၃၅ဝဝဝ ခန့် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

ကပ်ရောဂါရဲ့ပိတ်ဆို့ခြင်း၊ နယ်စပ်ပိတ်ခြင်းများကလည်း ဗင်နီဇွဲလား ရွှေ့ပြောင်းနိုင်ငံသားတွေကို အန္တရာယ်များတဲ့ လမ်းကြောင်းများသို့တွန်းပို့ခဲ့ပြီး မက္ကဆီကိုနိုင်ငံဟာ ဗင်နီဇွဲလားနိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်ကို မကြာသေးမီက ချမှတ်ထားတာကြောင့် ဗင်နီဇွဲလားရွှေ့ပြောင်းနေထိုင်သူများဟာ ဒါရင်းဂတ်ကို ဖြတ်ကျော်ကာ အန္တရာယ်ထူထပ် ကြမ်းတမ်းလှတဲ့ ကိုလံဘီယာ-ပနားမားနယ်စပ်မြစ်ချောင်းများမှ ဖြတ်ကျော်ကြရပါတယ်။

ပနားမားအစိုးရရဲ့ပြောကြားချက်အရ ယခုနှစ်အတွင်း ဗင်နီဇွဲလားနိုင်ငံသား ၄၅ဝဝဝ ဟာ ၎င်းတို့ပိုင်နက်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ယမန်နှစ်က ၃ဝဝဝ သာရှိခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ ဗင်နီဇွဲလားကြား သံတမန် ဆက်ဆံရေးကင်းမဲ့နေပေမယ့် အမေရိကန်-မက္ကဆီကို နယ်စပ် ကူးစက်ရောဂါ အုပ်ချုပ်မှုအောက်မှာ ဗင်နီဇွဲလား နိုင်ငံသားများကို နှင်ထုတ်နိုင်ခြင်း မရှိခဲ့ဘဲ ခိုလှုံခွင့်လျှောက်ထားဖို့ ခွင့်ပြုထားခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်း ၂ဝဝ ခန့်ပါဝင်တဲ့ Interagency Coordination Platform for Refugees and Migrants မှ ပြုစုထားတဲ့အချက်အလက်များအရ လက်တင်အမေရိကနဲ့ ကာရေဘီယံနိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များနဲ့ မွတ်စလင် ခိုလှုံခွင့်ရှာဖွေသူများ ၇၅၃ဝဝဝ ဦးထိ ရောက်ရှိခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံသား စုစုပေါင်းလူဦးရေဟာ ယမန်နှစ်က ၄၆၂ဝ၁၈၅ ဦး ရှိခဲ့ရာမှ ယခုနှစ်မှာ ၄၅၉၈၃၅၅ ဦးထိ အနည်းငယ် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

zawgyi version
ဗင္နီဇြဲလားႏိုင္ငံမွာ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား အစုအၿပဳံလိုက္ ျပည္ေတာ္ျပန္လာ
ေရာင္နီ (NP News) - စက္တင္ဘာ ၁

ဗင္နီဇြဲလားႏိုင္ငံမွာ ၂ဝ၁၄ ခုႏွစ္က စီးပြားေရးအၾကပ္အတည္းအတြင္း ႏိုင္ငံသား ၆ ဒသမ ၈ သန္းခန႔္ဟာ လူဦးေရ ၂၈ သန္းခန႔္ရွိတဲ့ ဇာတိေျမမွ ထြက္ခြာခဲ့ၿပီး အမ်ားစုဟာ လက္တင္အေမရိကနဲ႔ ကာေရဘီယံ အနီးနားရွိ ႏိုင္ငံမ်ားသို႔ ေ႐ႊ႕ေျပာင္းခဲ့ပါတယ္။ ကိုလံဘီယာကိုဆိုရင္ လူဦးေရ ၂.၄ သန္းေက်ာ္ ေ႐ႊ႕ေျပာင္းခဲ့တယ္လို႔ သိရပါတယ္။

ဗင္နီဇြဲလားႏိုင္ငံ၊ ဆိုရွယ္လစ္အစိုးရဟာ ကပ္ေရာဂါေၾကာင့္ စီးပြားေရးအခြင့္အလမ္းမ်ားနဲ႔ရႈပ္ေထြးတဲ့ ခရီးသြားလာ မႈတို႔ကိုျဖတ္ေတာက္ကာ ႏိုင္ငံ၏စီးပြားေရးက်ဆင္းမႈကိုေႏွးေကြးေစတဲ့ ျပဳျပင္ေျပာင္းလဲမႈမ်ား လက္ခံက်င့္သုံး လာတာေၾကာင့္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားလည္း ေလ်ာ့နည္းလာခဲ့ပါတယ္။

ကုလသမဂၢခန႔္မွန္းခ်က္အရ ဗင္နီဇြဲလားႏိုင္ငံသား ၁၅ဝဝဝဝ ခန႔္ဟာ ကို႐ိုနာဗိုင္းရပ္ကူးစက္ပ်ံ႕ႏွံ႔မႈ ျမင့္မားလာခ်ိန္ မွာ ၎တို႔ေမြးရပ္ေျမသို႔ျပန္လည္ေရာက္ရွိလာၾကၿပီး အခ်ိဳ႕ေသာ ႏိုင္ငံမ်ားမွာ ဗင္နီဇြဲလားႏိုင္ငံမွ ေ႐ႊ႕ေျပာင္း အေျခခ်သူ ဦးေရဟာ ႏွစ္မ်ားစြာအတြင္း ပထမဆုံးအႀကိမ္အျဖစ္ က်ဆင္းသြားတယ္လို႔ သိရပါတယ္။ သို႔ေပမယ့္ ဒီကာလမွာ ႏိုင္ငံစြန္႔ခြာေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားလည္း ျမင့္တက္လ်က္ရွိေနပါတယ္။

သမၼတ နီကိုးလက္စ္ မာဒ႐ူ အစိုးရဟာ စီးပြားေရးတိုးတက္မႈကို ဆက္လက္လုပ္ေဆာင္ေနတာေၾကာင့္ ႏိုဝင္ဘာလ ကတည္းက လက္တင္အေမရိက (သို႔မဟုတ္) ကာေရဘီယံႏိုင္ငံမ်ားမွာ ဗင္နီဇြဲလား ေ႐ႊ႕ေျပာင္းႏိုင္ငံသား အနည္း ဆုံး ၇၅၃ဝဝဝ ခန႔္ ျပည္ေတာ္ျပန္ခဲ့ၾကၿပီး ႏိုဝင္ဘာလကတည္းက အပ္ဒိတ္ကိန္းဂဏန္းမ်ားကို အစီရင္ခံျခင္းမရွိခဲ့ တဲ့ ကိုလံဘီယာမွာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလမွ ၾသဂုတ္လၾကား အၾကမ္းဖ်င္း ေ႐ႊ႕ေျပာင္းေနထိုင္သူ ၆၃၅ဝဝဝ ခန႔္ က်ဆင္းသြားခဲ့တယ္လို႔ သိရပါတယ္။

ကပ္ေရာဂါရဲ႕ပိတ္ဆို႔ျခင္း၊ နယ္စပ္ပိတ္ျခင္းမ်ားကလည္း ဗင္နီဇြဲလား ေ႐ႊ႕ေျပာင္းႏိုင္ငံသားေတြကို အႏၲရာယ္မ်ားတဲ့ လမ္းေၾကာင္းမ်ားသို႔တြန္းပို႔ခဲ့ၿပီး မကၠဆီကိုႏိုင္ငံဟာ ဗင္နီဇြဲလားႏိုင္ငံသားမ်ားအတြက္ ဗီဇာလိုအပ္ခ်က္ကို မၾကာေသးမီက ခ်မွတ္ထားတာေၾကာင့္ ဗင္နီဇြဲလားေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားဟာ ဒါရင္းဂတ္ကို ျဖတ္ေက်ာ္ကာ အႏၲရာယ္ထူထပ္ ၾကမ္းတမ္းလွတဲ့ ကိုလံဘီယာ-ပနားမားနယ္စပ္ျမစ္ေခ်ာင္းမ်ားမွ ျဖတ္ေက်ာ္ၾကရပါတယ္။

ပနားမားအစိုးရရဲ႕ေျပာၾကားခ်က္အရ ယခုႏွစ္အတြင္း ဗင္နီဇြဲလားႏိုင္ငံသား ၄၅ဝဝဝ ဟာ ၎တို႔ပိုင္နက္အတြင္းသို႔ ဝင္ေရာက္လာခဲ့ၿပီး ယမန္ႏွစ္က ၃ဝဝဝ သာရွိခဲ့တယ္လို႔ ဆိုပါတယ္။ အေမရိကန္နဲ႔ ဗင္နီဇြဲလားၾကား သံတမန္ ဆက္ဆံေရးကင္းမဲ့ေနေပမယ့္ အေမရိကန္-မကၠဆီကို နယ္စပ္ ကူးစက္ေရာဂါ အုပ္ခ်ဳပ္မႈေအာက္မွာ ဗင္နီဇြဲလား ႏိုင္ငံသားမ်ားကို ႏွင္ထုတ္ႏိုင္ျခင္း မရွိခဲ့ဘဲ ခိုလႈံခြင့္ေလွ်ာက္ထားဖို႔ ခြင့္ျပဳထားခဲ့ပါတယ္။

လူသားခ်င္းစာနာေထာက္ထားမႈအဖြဲ႕အစည္း ၂ဝဝ ခန႔္ပါဝင္တဲ့ Interagency Coordination Platform for Refugees and Migrants မွ ျပဳစုထားတဲ့အခ်က္အလက္မ်ားအရ လက္တင္အေမရိကနဲ႔ ကာေရဘီယံႏိုင္ငံေပါင္း ၁၇ ႏိုင္ငံမွာ ဗင္နီဇြဲလား ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား၊ ဒုကၡသည္မ်ားနဲ႔ မြတ္စလင္ ခိုလႈံခြင့္ရွာေဖြသူမ်ား ၇၅၃ဝဝဝ ဦးထိ ေရာက္ရွိခဲ့ၿပီး ဗင္နီဇြဲလားႏိုင္ငံသား စုစုေပါင္းလူဦးေရဟာ ယမန္ႏွစ္က ၄၆၂ဝ၁၈၅ ဦး ရွိခဲ့ရာမွ ယခုႏွစ္မွာ ၄၅၉၈၃၅၅ ဦးထိ အနည္းငယ္ က်ဆင္းခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.