အန်တိုနီက မန်ယူအသင်းနှင့် ၅ နှစ် စာချုပ်ချုပ်ဆိုပြီး အပြီးသတ်ပြောင်းရွှေ့လာ

 581

ဖြိုးခန့်(NP News) - စက်တင်ဘာ ၂

မန်ယူအသင်းသည် အေဂျက်အသင်းတောင်ပံကစားသမား အန်တိုနီကို ပေါင်(၈၅ ဒသမ ၅) သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိပြီးနောက် ငါးနှစ်စာချုပ် လက်မှတ်ရေးထိုးခေါ်ယူလိုက်ကြောင်း စက်တင်ဘာ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

နည်းပြတန်ဟက်က တပည့်ဟောင်းဖြစ်သူ အန်တိုနီကို မန်ယူတွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်အောင် ပြုလုပ်ပေးသွားမည်ဟု ကတိပြုခဲ့ကြောင်းသိရသည်၊၊ မန်ယူအသင်းသည် ယခုသီတင်းပတ်အစောပိုင်းတွင် အန်တိုနီ ကို အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့တွင် ၎င်းတို့၏တောင်ပံကစားသမားအသစ်ကို တရားဝင်မိတ်ဆက်ပွဲကျင်းပခဲ့သည်။

နည်းပြတန်ဟတ်သည် အန်တိုနီကိုခေါ်ယူနိုင်ရေးအတွက် အသင်းအစီအစဉ်နှင့် ရည်မှန်းချက်များကိုပြောပြခဲ့ကာ ၎င်းကိုခေါ်ယူရန်အတွက် စည်းရုံးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်၊၊

အသက်(၂၂)နှစ်အရွယ် အန်တိုနီသည် မန်ယူအသင်းတွင် နည်းပြတန်ဟက်နှင့် ပြန်လည်ပေါင်းစည်းရန် ဆန္ဒရှိ ကြောင်းဝန်ခံခဲ့ပြီး အသင်းပြောင်းရွှေ့ရန်တွန်းအားပေးခဲ့ကာ အေဂျက်ဇ်အသင်းအတွက် ပါဝင်ကစားရန် ငြင်းဆန်ခဲ့ ကြောင်း သိရသည်။

အန်တိုနီသည် မန်ယူအသင်းဂျာစီနှင့် ဓာတ်ပုံရိုက်ပြီးသော်လည်း ၎င်း၏ဂျာစီနံပါတ်ကိုတော့ လက်ရှိအချိန်အထိ မသိရှိရသေးကြောင်း သိရသည်၊၊ အန်တိုနီသည် မန်ယူအသင်းနှင့် (၅)နှစ်သက်တမ်းရှိ စာချုပ်အပြင် ခြေစွမ်းနှင့် ကစားနိုင်စွမ်းအပေါ်မူတည်ပြီး နောက်တစ်နှစ်သက်တမ်းထပ်တိုးခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်၊၊

အန်တိုနီက “ကျွန်တော့်ရဲ့ကစားသမားဘဝသက်တမ်းမှာ ဘောလုံးလောကတွင် အထင်ကရဖြစ်တဲ့ မန်ယူအသင်း ကိုပြောင်းရွှေ့လာခြင်းက တကယ်ကို အံ့သြစရာအကောင်းဆုံးအခိုက်အတန့်ပါပဲ၊၊ ကျွန်တော့်ကိုယုံကြည်ပေးတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်၊၊ အထူးသဖြင့် ကျွန်တော့်မိသားစု၊ ကျွန်တော့်ရဲ့နည်းပြတွေ၊ ကစားဖော်တွေ အားလုံးကိုလည် ကျေးဇူးတင်ပါတယ်၊၊ ဘာလို့လဲဆိုတော့ သူတို့မရှိဘဲ ကျွန်တော်ဒီနေရာကို ရောက်လာမှာ မဟုတ်ပါဘူး၊၊ အေဂျက်ဇ်အသင်းမှာတုန်းက နည်းပြတန်ဟက်ရဲ့လက်အောက်မှာ ကစားရဝာာဟာ ကျွန်တော့် အတွက် တိုးတက်မှုရှိပြီး ကောင်းမွန်ခဲ့ပါတယ်၊၊ တန်ဟက်ရဲ့လမ်းပြမှုတွေကြောင့် ကျွန်တော် အကောင်းဆုံး ကစားနိုင်လာတာပါ၊၊ သူ ကျွန်တော်နဲ့ပတ်သက်ပြီး မန်ယူအသင်းမှာ စီစဉ်ထားတာတွေ၊ ရည်မှန်းချက်တွေကို ပြောပြခဲ့ချိန်မှာ တကယ်ကို စိတ်လှုပ်ရှားခဲ့ရပါတယ်” ဟု ဆိုသည်။

Zawgyi Verrsion;
အန္တိုနီက မန္ယူအသင္းႏွင့္ ၅ ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး အၿပီးသတ္ေျပာင္းေ႐ႊ႕လာ
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၂

မန္ယူအသင္းသည္ ေအဂ်က္အသင္းေတာင္ပံကစားသမား အန္တိုနီကို ေပါင္(၈၅ ဒသမ ၅) သန္းျဖင့္ ေခၚယူရန္ သေဘာတူညီမႈရရွိၿပီးေနာက္ ငါးႏွစ္စာခ်ဳပ္ လက္မွတ္ေရးထိုးေခၚယူလိုက္ေၾကာင္း စက္တင္ဘာ ၁ ရက္ေန႔တြင္ သတင္းထုတ္ျပန္လိုက္သည္။

နည္းျပတန္ဟက္က တပည့္ေဟာင္းျဖစ္သူ အန္တိုနီကို မန္ယူတြင္ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ေအာင္ ျပဳလုပ္ေပးသြားမည္ဟု ကတိျပဳခဲ့ေၾကာင္းသိရသည္၊၊ မန္ယူအသင္းသည္ ယခုသီတင္းပတ္အေစာပိုင္းတြင္ အန္တိုနီ ကို အေျပာင္းအေ႐ႊ႕အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို သေဘာတူညီမႈရရွိခဲ့ၿပီး စက္တင္ဘာ ၁ ရက္ေန႔တြင္ ၎တို႔၏ေတာင္ပံကစားသမားအသစ္ကို တရားဝင္မိတ္ဆက္ပြဲက်င္းပခဲ့သည္။

နည္းျပတန္ဟတ္သည္ အန္တိုနီကိုေခၚယူႏိုင္ေရးအတြက္ အသင္းအစီအစဥ္ႏွင့္ ရည္မွန္းခ်က္မ်ားကိုေျပာျပခဲ့ကာ ၎ကိုေခၚယူရန္အတြက္ စည္း႐ုံးခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္၊၊

အသက္(၂၂)ႏွစ္အ႐ြယ္ အန္တိုနီသည္ မန္ယူအသင္းတြင္ နည္းျပတန္ဟက္ႏွင့္ ျပန္လည္ေပါင္းစည္းရန္ ဆႏၵရွိ ေၾကာင္းဝန္ခံခဲ့ၿပီး အသင္းေျပာင္းေ႐ႊ႕ရန္တြန္းအားေပးခဲ့ကာ ေအဂ်က္ဇ္အသင္းအတြက္ ပါဝင္ကစားရန္ ျငင္းဆန္ခဲ့ ေၾကာင္း သိရသည္။

အန္တိုနီသည္ မန္ယူအသင္းဂ်ာစီႏွင့္ ဓာတ္ပုံ႐ိုက္ၿပီးေသာ္လည္း ၎၏ဂ်ာစီနံပါတ္ကိုေတာ့ လက္ရွိအခ်ိန္အထိ မသိရွိရေသးေၾကာင္း သိရသည္၊၊ အန္တိုနီသည္ မန္ယူအသင္းႏွင့္ (၅)ႏွစ္သက္တမ္းရွိ စာခ်ဳပ္အျပင္ ေျခစြမ္းႏွင့္ ကစားႏိုင္စြမ္းအေပၚမူတည္ၿပီး ေနာက္တစ္ႏွစ္သက္တမ္းထပ္တိုးခြင့္ကိုပါ ထည့္သြင္းခ်ဳပ္ဆိုမည္ျဖစ္ေၾကာင္း သိရသည္၊၊

အန္တိုနီက “ကြၽန္ေတာ့္ရဲ႕ကစားသမားဘဝသက္တမ္းမွာ ေဘာလုံးေလာကတြင္ အထင္ကရျဖစ္တဲ့ မန္ယူအသင္း ကိုေျပာင္းေ႐ႊ႕လာျခင္းက တကယ္ကို အံ့ၾသစရာအေကာင္းဆုံးအခိုက္အတန႔္ပါပဲ၊၊ ကြၽန္ေတာ့္ကိုယုံၾကည္ေပးတဲ့ လူတိုင္းကို ေက်းဇူးတင္ပါတယ္၊၊ အထူးသျဖင့္ ကြၽန္ေတာ့္မိသားစု၊ ကြၽန္ေတာ့္ရဲ႕နည္းျပေတြ၊ ကစားေဖာ္ေတြ အားလုံးကိုလည္ ေက်းဇူးတင္ပါတယ္၊၊ ဘာလို႔လဲဆိုေတာ့ သူတို႔မရွိဘဲ ကြၽန္ေတာ္ဒီေနရာကို ေရာက္လာမွာ မဟုတ္ပါဘူး၊၊ ေအဂ်က္ဇ္အသင္းမွာတုန္းက နည္းျပတန္ဟက္ရဲ႕လက္ေအာက္မွာ ကစားရဝာာဟာ ကြၽန္ေတာ့္ အတြက္ တိုးတက္မႈရွိၿပီး ေကာင္းမြန္ခဲ့ပါတယ္၊၊ တန္ဟက္ရဲ႕လမ္းျပမႈေတြေၾကာင့္ ကြၽန္ေတာ္ အေကာင္းဆုံး ကစားႏိုင္လာတာပါ၊၊ သူ ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီး မန္ယူအသင္းမွာ စီစဥ္ထားတာေတြ၊ ရည္မွန္းခ်က္ေတြကို ေျပာျပခဲ့ခ်ိန္မွာ တကယ္ကို စိတ္လႈပ္ရွားခဲ့ရပါတယ္” ဟု ဆိုသည္။

Related news

© 2021. All rights reserved.