ရန်ကုန်မြို့၌ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများကို အရေးမယူဘဲ ခြိမ်းခြောက်ငွေတောင်းသော ရဲတပ်ဖွဲ့ဝင်များပါသည့် အုပ်စုကိုဖမ်းဆီးထိန်းသိမ်း

 1171

NP News - စက်တင်ဘာ ၃

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို အရေးမယူဘဲ ခြိမ်းခြောက်ငွေတောင်းယူခဲ့သော ရဲတပ်ဖွဲ့ဝင်များ အပါအဝင် (၁၂)ဦးကို ဖမ်းဆီးအရေးယူထားကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

နစကမှ ယမန်နေ့(စက်တင်ဘာလ ၂ ရက်) ညပိုင်းက အထက်ပါကဲ့သို့ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ အယောင်ဆောင်၍ မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများအား ဥပဒေနှင့်အညီ အရေးယူခြင်းမရှိပဲ ခြိမ်းခြောက်ငွေတောင်းခံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းထောက်လှမ်းဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း နစကမှ ဆိုသည်။

ထိုသို့ ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ သြဂုတ်လ ၂၈ရက်၊ ည ၇နာရီအချိန်တွင် ဗဟန်းမြို့ နယ်၊ ရေတာရှည်ရပ်ကွက်၊ ရေတာရှည်လမ်းဟောင်းတွင် ငွေကြေးခြိမ်းခြောက်တောင်း ခံမှုတွင် ပါဝင်ခဲ့ကြသည့် ရေတာရှည်ရပ်ကွက်၊ ရေတာရှည်လမ်းသစ်တွင် နေထိုင်သော ကိုတင်ဝင်းအောင် နှင့် ကိုမင်းအောင်အား ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ည(၈)နာရီအချိန်တွင် ရေတာရှည်ရပ်ကွက်၊ ရေတာရှည်လမ်းသစ်တွင်နေထိုင်သူ ကိုနိုင်လင်းအောင်နှင့် ရန်ကင်းမြို့နယ်၊ အမှတ် (၁၂)ရပ်ကွက်၊ လူငယ်သစ္စာလမ်း တွင် နေသူများဖြစ်သည့် ကိုခိုင်မျိုးဝင်းနှင့် ရဲတပ်သားအဆင့်မှ ရဲပြေးအဖြစ်ကြေညာခံ ထားရသူ ကိုဝေဖြိုးထွန်းတို့အား ရန်ကင်းမြို့နယ်၊ “Real Link” Hotel တွင်ဖမ်းဆီးရရှိခဲ့ကြောင်း နစကမှ ဆိုသည်။

အလားတူ ထိုနေ့ည(၈)နာရီခွဲအချိန်တွင် ရေတာရှည်ရပ်ကွက်၊ ရေတာရှည်လမ်းဟောင်းတွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းနေ ကိုဥက္ကာမင်းအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသူ (၆)ဦး၏ ထွက်ဆိုချက်အရ ခြိမ်းခြောက်ငွေတောင်းခံခဲ့ရာတွင် ၎င်းတို့နှင့်အတူ ဗဟန်းမြို့မရဲစခန်းမှ ရဲတပ်သား(၄)ဦးနှင့် ကမာရွတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ် သား(၂)ဦးတို့ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရပြီး အဆိုပါ ရဲတပ်ဖွဲ့ဝင်(၆)ဦးကိုလည်း ဖမ်း ဆီးထိန်းသိမ်းခဲ့ကြောင်း နစကမှ ဆိုသည်။

၎င်းတို့၏ ထွက်ဆိုချက်အရ ၂ဝ၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက် “One Stop Mart” အရှေ့တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သော အမျိုးသား (၂)ဦးထံမှ ငွေကျပ် (၃၅)သိန်းနှင့် တာမွေမြို့နယ်ရှိ ဟိုတယ်ပိုင်ရှင်တစ်ဦးထံ မှ ငွေကျပ်သိန်း(၆ဝ)တို့အား ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂ဝ၂၂ ခုနှစ်၊ ဧပြီလအတွင်း တာမွေမြို့နယ် “The Maze Club” ကားပါကင်တွင် မူးယစ်ဆေးဝါးရောင်းချနေသူဟု ယူဆရသူ ကိုနေထက်လင်းထံမှ ငွေကျပ်(၃၅)သိန်းနှင့် ကိုအောင်လေးထံမှ ငွေကျပ်သိန်း (၈ဝ)၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် တံတားလေးလမ်းထောင့်ရှိ Club၊ Bar၊ KTV တို့တွင် DJတီးသူတစ်ဦးထံမှ ငွေကျပ် (၁၄၉) သိန်းအား ထပ်မံခြိမ်းခြောက်တောင်းခံခဲ့ကြောင်း ၎င်းတို့က ထွက်ဆိုထားကြောင်း သိရသည်။

အလားတူ ဇူလိုင်လအတွင်း မရမ်းကုန်းမြို့နယ် “ကာဆာ KTV” ဆိုင်ရှေ့တွင် ကိုပြည့်စုံထံမှ ငွေကျပ်သိန်း(၅ဝ)၊ ဗဟန်းမြို့နယ် “Jinkidf” စားသောက်ဆိုင် ကားပါကင်တွင် ကိုအညာသားထံမှ ငွေကျပ်သိန်း(၄ဝ) အား ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း နစကမှဆိုသည်။

ထို့နောက် သြဂုတ်လအတွင်းတွင် ငွေကျပ်(၂၆၁)သိန်းနှင့် “City Mart” အရှေ့ရှိ “မူလန် Bar” တွင် DJ တီးခတ်သူ တစ်ဦးထံမှ ငွေကျပ် (၁၃ဝဝဝဝ)အပါအဝင် စုစုပေါင်း ခြိမ်း ခြောက်ငွေတောင်းခံမှု (၁၄)ကြိမ်ပြုလုပ်ခဲ့ပြီး ရရှိလာသော ငွေကျပ် (၇ဝ၇ သိန်း ၃ သောင်းကျပ်)အား ခွဲဝေသုံးစွဲခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထိုသို့ မူးယစ်ဆေးဝါး ရောင်းချ၊ သုံးစွဲသူများထံမှ ငွေကြေးများအား ရဲတပ်ဖွဲ့ဝင်များ အ ယောင်ဆောင်၍ ခြိမ်းခြောက်ငွေတောင်းခံခဲ့သူ ကိုဥက္ကာမင်းအပါအဝင် (၅)ဦးတို့အား ရာဇသတ်ကြီးဥပဒေအရလည်းကောင်း ၊ ရဲတပ်ဖွဲ့ဝင်(၆)ဦးနှင့် ရဲပြေးတစ်ဦး တို့အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့် နယ်ဘက်ဆိုင်ရာ ရာဇသတ်ကြီး ဥပဒေဖြင့်လည်း ကောင်း ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ဆိုသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၌ မူးယစ္ေဆးဝါးေရာင္းဝယ္သုံးစြဲသူမ်ားကို အေရးမယူဘဲ ၿခိမ္းေျခာက္ေငြေတာင္းေသာ ရဲတပ္ဖြဲ႕ဝင္မ်ားပါသည့္ အုပ္စုကိုဖမ္းဆီးထိန္းသိမ္း
NP News - စက္တင္ဘာ ၃

မူးယစ္ေဆးဝါး ေရာင္းဝယ္သုံးစြဲသူမ်ားကို အေရးမယူဘဲ ၿခိမ္းေျခာက္ေငြေတာင္းယူခဲ့ေသာ ရဲတပ္ဖြဲ႕ဝင္မ်ား အပါအဝင္ (၁၂)ဦးကို ဖမ္းဆီးအေရးယူထားေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

နစကမွ ယမန္ေန႔(စက္တင္ဘာလ ၂ ရက္) ညပိုင္းက အထက္ပါကဲ့သို႔ သတင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္မ်ား အေယာင္ေဆာင္၍ မူးယစ္ေဆးဝါး ေရာင္းဝယ္၊ သုံးစြဲသူမ်ားအား ဥပေဒႏွင့္အညီ အေရးယူျခင္းမရွိပဲ ၿခိမ္းေျခာက္ေငြေတာင္းခံမႈမ်ား ျဖစ္ေပၚေနျခင္းေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေထာက္လွမ္းဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထိုသို႔ ဖမ္းဆီးမႈမ်ားျပဳလုပ္ခဲ့ရာ ၾသဂုတ္လ ၂၈ရက္၊ ည ၇နာရီအခ်ိန္တြင္ ဗဟန္းၿမိဳ႕ နယ္၊ ေရတာရွည္ရပ္ကြက္၊ ေရတာရွည္လမ္းေဟာင္းတြင္ ေငြေၾကးၿခိမ္းေျခာက္ေတာင္း ခံမႈတြင္ ပါဝင္ခဲ့ၾကသည့္ ေရတာရွည္ရပ္ကြက္၊ ေရတာရွည္လမ္းသစ္တြင္ ေနထိုင္ေသာ ကိုတင္ဝင္းေအာင္ ႏွင့္ ကိုမင္းေအာင္အား ဖမ္းဆီးရမိခဲ့သည္။

ထို႔အတူ ည(၈)နာရီအခ်ိန္တြင္ ေရတာရွည္ရပ္ကြက္၊ ေရတာရွည္လမ္းသစ္တြင္ေနထိုင္သူ ကိုႏိုင္လင္းေအာင္ႏွင့္ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္ (၁၂)ရပ္ကြက္၊ လူငယ္သစၥာလမ္း တြင္ ေနသူမ်ားျဖစ္သည့္ ကိုခိုင္မ်ိဳးဝင္းႏွင့္ ရဲတပ္သားအဆင့္မွ ရဲေျပးအျဖစ္ေၾကညာခံ ထားရသူ ကိုေဝၿဖိဳးထြန္းတို႔အား ရန္ကင္းၿမိဳ႕နယ္၊ “Real Link” Hotel တြင္ဖမ္းဆီးရရွိခဲ့ေၾကာင္း နစကမွ ဆိုသည္။

အလားတူ ထိုေန႔ည(၈)နာရီခြဲအခ်ိန္တြင္ ေရတာရွည္ရပ္ကြက္၊ ေရတာရွည္လမ္းေဟာင္းတြင္ ကိုယ့္မင္းကိုယ့္ခ်င္းလမ္းေန ကိုဥကၠာမင္းအား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ဖမ္းဆီးရမိသူ (၆)ဦး၏ ထြက္ဆိုခ်က္အရ ၿခိမ္းေျခာက္ေငြေတာင္းခံခဲ့ရာတြင္ ၎တို႔ႏွင့္အတူ ဗဟန္းၿမိဳ႕မရဲစခန္းမွ ရဲတပ္သား(၄)ဦးႏွင့္ ကမာ႐ြတ္ခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးမွ ရဲတပ္ သား(၂)ဦးတို႔ ပူးေပါင္းပါဝင္ခဲ့ေၾကာင္းသိရၿပီး အဆိုပါ ရဲတပ္ဖြဲ႕ဝင္(၆)ဦးကိုလည္း ဖမ္း ဆီးထိန္းသိမ္းခဲ့ေၾကာင္း နစကမွ ဆိုသည္။

၎တို႔၏ ထြက္ဆိုခ်က္အရ ၂ဝ၂၁ ခုႏွစ္ စက္တင္ဘာလအတြင္း ဗဟန္းၿမိဳ႕နယ္၊ ဗိုလ္ခ်ိဳရပ္ကြက္ “One Stop Mart” အေရွ႕တြင္ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေသာ အမ်ိဳးသား (၂)ဦးထံမွ ေငြက်ပ္ (၃၅)သိန္းႏွင့္ တာေမြၿမိဳ႕နယ္ရွိ ဟိုတယ္ပိုင္ရွင္တစ္ဦးထံ မွ ေငြက်ပ္သိန္း(၆ဝ)တို႔အား ၿခိမ္းေျခာက္ေတာင္းခံခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၂ဝ၂၂ ခုႏွစ္၊ ဧၿပီလအတြင္း တာေမြၿမိဳ႕နယ္ “The Maze Club” ကားပါကင္တြင္ မူးယစ္ေဆးဝါးေရာင္းခ်ေနသူဟု ယူဆရသူ ကိုေနထက္လင္းထံမွ ေငြက်ပ္(၃၅)သိန္းႏွင့္ ကိုေအာင္ေလးထံမွ ေငြက်ပ္သိန္း (၈ဝ)၊ မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးဘုရားလမ္းႏွင့္ တံတားေလးလမ္းေထာင့္ရွိ Club၊ Bar၊ KTV တို႔တြင္ DJတီးသူတစ္ဦးထံမွ ေငြက်ပ္ (၁၄၉) သိန္းအား ထပ္မံၿခိမ္းေျခာက္ေတာင္းခံခဲ့ေၾကာင္း ၎တို႔က ထြက္ဆိုထားေၾကာင္း သိရသည္။

အလားတူ ဇူလိုင္လအတြင္း မရမ္းကုန္းၿမိဳ႕နယ္ “ကာဆာ KTV” ဆိုင္ေရွ႕တြင္ ကိုျပည့္စုံထံမွ ေငြက်ပ္သိန္း(၅ဝ)၊ ဗဟန္းၿမိဳ႕နယ္ “Jinkidf” စားေသာက္ဆိုင္ ကားပါကင္တြင္ ကိုအညာသားထံမွ ေငြက်ပ္သိန္း(၄ဝ) အား ၿခိမ္းေျခာက္ေတာင္းခံခဲ့ေၾကာင္း နစကမွဆိုသည္။

ထို႔ေနာက္ ၾသဂုတ္လအတြင္းတြင္ ေငြက်ပ္(၂၆၁)သိန္းႏွင့္ “City Mart” အေရွ႕ရွိ “မူလန္ Bar” တြင္ DJ တီးခတ္သူ တစ္ဦးထံမွ ေငြက်ပ္ (၁၃ဝဝဝဝ)အပါအဝင္ စုစုေပါင္း ၿခိမ္း ေျခာက္ေငြေတာင္းခံမႈ (၁၄)ႀကိမ္ျပဳလုပ္ခဲ့ၿပီး ရရွိလာေသာ ေငြက်ပ္ (၇ဝ၇ သိန္း ၃ ေသာင္းက်ပ္)အား ခြဲေဝသုံးစြဲခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထိုသို႔ မူးယစ္ေဆးဝါး ေရာင္းခ်၊ သုံးစြဲသူမ်ားထံမွ ေငြေၾကးမ်ားအား ရဲတပ္ဖြဲ႕ဝင္မ်ား အ ေယာင္ေဆာင္၍ ၿခိမ္းေျခာက္ေငြေတာင္းခံခဲ့သူ ကိုဥကၠာမင္းအပါအဝင္ (၅)ဦးတို႔အား ရာဇသတ္ႀကီးဥပေဒအရလည္းေကာင္း ၊ ရဲတပ္ဖြဲ႕ဝင္(၆)ဦးႏွင့္ ရဲေျပးတစ္ဦး တို႔အား ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒႏွင့္ နယ္ဘက္ဆိုင္ရာ ရာဇသတ္ႀကီး ဥပေဒျဖင့္လည္း ေကာင္း ထိေရာက္စြာ အေရးယူႏိုင္ရန္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ဆိုသည္။

Picture

Bo Tho

04/09/2022 10:29

ဒါအရင်ဆုံးလုပ်ရမဲ့အလုပ်

Picture

win zayar

04/09/2022 19:39

ရဲက ရဲအယောင်ဆောင်ပီး ရိုက်စားတာ ရဲက ပြန်ဖမ်း🤣

Picture

Phone Samsaung

04/09/2022 01:20

ငါသိတာ အဲ့ ထက်ပိုတယ် ငါသိတဲ့လူများပါလားလို့ ကြည့်တာ မပါဘူးဘဲ

Picture

Htun Aung Kyaw

03/09/2022 18:23

ဒီလို အကျင့်ပျက်၀န်ထမ်းတွေကို ထိထိမိမိ စံနမူနာပြအနေနဲ့ အရေးယူသင့်တယ်။

Picture

Phone Samsaung

04/09/2022 01:21

အဲ့​ကောင်​တွေ​တောင်းတာ နည်း​နေ​သေးတယ် တစ်ချို့ဆို ​ထောင်နဲ့ချီ​တောင်းတာ အရပ်သားက ရဲအ​ရောင်​ဆောင်ပီး​တောင်းတာ Informerလုပ်တယ်ဆိုပြီး လုပ်စား​နေတဲ့ အဖွဲ့ကြီး အခုထိ မမိကြ​သေးဝူး🤣

Related news

© 2021. All rights reserved.