အာဆင်နယ်ကို မန်ယူ၏ငယ်နိုင်အသင်းအဖြစ် ပြောဆိုခဲ့မှု ပြောင်းပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း မန်ယူ ကစားသမားဟောင်း အီဗရာဆို

508

ဖြိုးခန့် (NP News) - အောက်တိုဘာ ၃
မန်ယူအသင်း ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ပက်ထရစ်အီဗရာက ၎င်းသည် အာဆင်နယ်အသင်းကို မန်ယူအသင်း၏ ငယ်နိုင်ဟု ရည်ရွယ်ပြောဆိုခဲ့ဖူးသည့်အတွက် လက်ရှိအချိန်တွင် ပြောင်းပြန်ဖြစ်သွားမည်ကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်၊၊
အာဆင်နယ်အသင်းသည် စက်တင်ဘာလ (၄)ရက်တွင် မန်ယူအိမ်ကွင်းအိုးထရက်ဖိုဒ်ကွင်းမှာ သွားရောက်ကစားရမည်ဖြစ်ရာ ယင်းပွဲစဉ်က ၎င်းတို့၏ ပရီးမီးယားလိဂ်ဆုချန် ပီယံရယူနိုင်ရေးအတွက် ကြီးမားသည့်စမ်းသပ်မှုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်းသိရသည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်နှစ်ပွဲကို ရှုံးနိမ့်ခဲ့သော်လည်း ပြီးခဲ့သည့်စက်တင်ဘာလ (၁)ရက်ညက လက်စတာစီးတီးအသင်းကို အနိုင်ယူခဲ့ကာ သုံးပွဲ ဆက်တိုက်အနိုင်ရရှိပြီးနောက် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်လာပြီဖြစ်ကြောင်းသိရသည်၊၊ ပက်ထရစ်အီဗရာသည် အာဆင်နယ်အသင်းကို မန်ယူအသင်း နိုင်ပွဲများရယူနိုင်ချိန် တုန်းက မန်ယူအသင်းအတွက်ပါ၀င်ကစားခဲ့ဖူးသည့်နောက်ခံလူဟောင်းတစ်ဦးဖြစ်သည်။
ပက်ထရစ်အီဗရာက “အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်နေတယ်။ အဲ့ဒီအချက်က ကျွန်တော့်ကိုထိတ်လန့်စေတာပါပဲ၊၊ ဖူလ်ဟမ်အသင်းနဲ့ကစားခဲ့တဲ့ပွဲတုန်းက သူတို့ထိန်းချုပ်မကစားနိုင်ခဲ့ပေမယ့် အနိုင်ရခဲ့ပါတယ်၊၊ ရှင်းရှင်းပြောရမယ်ဆိုရင် အာဆင်နယ်အသင်းဟာ မန်ယူအသင်းကို စိုးရိမ်မှုတွေရှိခဲ့တဲ့အချိန်တွေရှိခဲ့ဖူးတယ်။ ကျွန်တော်ဟာ အာဆင်နယ်အသင်းကို မန်ယူအသင်းရဲ့ငယ်နိုင်အသင်းလို့ ခေါ်ခဲ့ဖူးပါတယ်၊၊ ဒါပေမယ့် လက်ရှိအချိန်မှာတော့ မန်ယူအသင်းဟာ ပြောင်းပြန်ဖြစ်နေတဲ့ပုံစံနဲ့ တူနေပါတယ်၊၊ ဒီကစားပွဲဟာ တစ်ကယ်ကိုအကြိတ်အနှယ်ကစားရမယ့်ပွဲမျိုးဖြစ်လာနိုင်တယ်”ဟု ပြောဆိုခဲ့သည်၊၊

zawgyi version
အာဆင္နယ္ကို မန္ယူ၏ငယ္ႏိုင္အသင္းအျဖစ္ ေျပာဆိုခဲ့မႈ ေျပာင္းျပန္ျဖစ္မည္ကို စိုးရိမ္ေၾကာင္း မန္ယူ ကစားသမားေဟာင္း အီဗရာဆို
ၿဖိဳးခန႔္ (NP News) - ေအာက္တိုဘာ ၃
မန္ယူအသင္း ကစားသမားေဟာင္းတစ္ဦးျဖစ္သည့္ ပက္ထရစ္အီဗရာက ၎သည္ အာဆင္နယ္အသင္းကို မန္ယူအသင္း၏ ငယ္ႏိုင္ဟု ရည္႐ြယ္ေျပာဆိုခဲ့ဖူးသည့္အတြက္ လက္ရွိအခ်ိန္တြင္ ေျပာင္းျပန္ျဖစ္သြားမည္ကို စိုးရိမ္မိေၾကာင္း ေျပာၾကားခဲ့သည္၊၊
အာဆင္နယ္အသင္းသည္ စက္တင္ဘာလ (၄)ရက္တြင္ မန္ယူအိမ္ကြင္းအိုးထရက္ဖိုဒ္ကြင္းမွာ သြားေရာက္ကစားရမည္ျဖစ္ရာ ယင္းပြဲစဥ္က ၎တို႔၏ ပရီးမီးယားလိဂ္ဆုခ်န္ ပီယံရယူႏိုင္ေရးအတြက္ ႀကီးမားသည့္စမ္းသပ္မႈျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။ မန္ယူအသင္းသည္ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္ႏွစ္ပြဲကို ရႈံးနိမ့္ခဲ့ေသာ္လည္း ၿပီးခဲ့သည့္စက္တင္ဘာလ (၁)ရက္ညက လက္စတာစီးတီးအသင္းကို အႏိုင္ယူခဲ့ကာ သုံးပြဲ ဆက္တိုက္အႏိုင္ရရွိၿပီးေနာက္ လမ္းေၾကာင္းေပၚသို႔ ျပန္လည္ေရာက္လာၿပီျဖစ္ေၾကာင္းသိရသည္၊၊ ပက္ထရစ္အီဗရာသည္ အာဆင္နယ္အသင္းကို မန္ယူအသင္း ႏိုင္ပြဲမ်ားရယူႏိုင္ခ်ိန္ တုန္းက မန္ယူအသင္းအတြက္ပါ၀င္ကစားခဲ့ဖူးသည့္ေနာက္ခံလူေဟာင္းတစ္ဦးျဖစ္သည္။
ပက္ထရစ္အီဗရာက “အာဆင္နယ္အသင္းဟာ လက္ရွိအခ်ိန္မွာ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ေနတယ္။ အဲ့ဒီအခ်က္က ကြၽန္ေတာ့္ကိုထိတ္လန႔္ေစတာပါပဲ၊၊ ဖူလ္ဟမ္အသင္းနဲ႔ကစားခဲ့တဲ့ပြဲတုန္းက သူတို႔ထိန္းခ်ဳပ္မကစားႏိုင္ခဲ့ေပမယ့္ အႏိုင္ရခဲ့ပါတယ္၊၊ ရွင္းရွင္းေျပာရမယ္ဆိုရင္ အာဆင္နယ္အသင္းဟာ မန္ယူအသင္းကို စိုးရိမ္မႈေတြရွိခဲ့တဲ့အခ်ိန္ေတြရွိခဲ့ဖူးတယ္။ ကြၽန္ေတာ္ဟာ အာဆင္နယ္အသင္းကို မန္ယူအသင္းရဲ႕ငယ္ႏိုင္အသင္းလို႔ ေခၚခဲ့ဖူးပါတယ္၊၊ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ မန္ယူအသင္းဟာ ေျပာင္းျပန္ျဖစ္ေနတဲ့ပုံစံနဲ႔ တူေနပါတယ္၊၊ ဒီကစားပြဲဟာ တစ္ကယ္ကိုအႀကိတ္အႏွယ္ကစားရမယ့္ပြဲမ်ိဳးျဖစ္လာႏိုင္တယ္”ဟု ေျပာဆိုခဲ့သည္၊၊