အော်ရီဒူးမြန်မာဆက်သွယ်ရေးလုပ်ငန်းကို စင်ကာပူအခြေစိုက်ကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချခဲ့ဟုဆို

856

ဂျန်ဇက် (NP News) - စက်တင်ဘာ ၈
အော်ရီဒူးမြန်မာကို စင်ကာပူအခြေစိုက်လုပ်ငန်းကုမ္ပဏီဖြစ်တဲ့ Nine Communications Pte ထံ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ရောင်းချလိုက်တယ်လို့ ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ အော်ရီဒူးက ဆိုပါတယ်။
ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီက Ooredoo Myanmar Ltd. and Ooredoo Myanmar Fintech Ltd, ကုမ္ပဏီနှစ်ခုကို အပြည့်အဝထိန်းချုပ်ထားတဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Ooredoo Asian Investments Pte Ltd.ရဲ့ ရှယ်ယာ ၁ဝဝ ရာခိုင်နှုန်းကိုရောင်းချခဲ့တာဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကနေ ခွင့်ပြုချက်အပါအဝင် လုပ်ဆောင်စရာရှိတဲ့အခြေအနေတွေ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ အော်ရီဒူးမြန်မာဆက်သွယ်ရေးလုပ်ငန်းကိုရောင်းချမှုနဲ့ပတ်သက်ပြီး အော်ရီဒူးဆက်သွယ်ရေး လုပ်ငန်းဒါရိုက်တာတွေနဲ့ Nine Communications Pte. Ltd, ကုမ္ပဏီတို့က ခွင့်ပြုချက်ပေးခဲ့တယ်လို့ သိရပါတယ်။ အော်ရီဒူးစီးပွားရေးလုပ်ငန်းစုရဲ့မန်နေနဂျင်းဒါရိုက်တာတစ်ဦးဖြစ်တဲ့ Aziz Aluthman Fakhroo က ၄င်းတို့ ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုအစုစုကို ပြန်လည်တည်ဆောက်ဖို့ရည်ရွယ်ချက်တွေကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် အော်ရီဒူးမြန်မာကိုရောင်းချဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့အခြေစိုက် OML စီးပွားရေးလုပ်ငန်းစုဟာ ဆက်သွယ်ရေးအော်ပရေတာအ ဖြစ်လုပ်ကိုင်နေပြီး အော်ရီဒူး မြန်မာဟာ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများနဲ့ သုံးစွဲသူများအတွက် ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုတွေပေးနေပါတယ်။ Nine Communications Pte. Ltd ဟာ ဦးဉာဏ်ဝင်းနဲ့ Link Family Office တို့ပိုင်ဆိုင်တဲ့ စင်ကာပူအခြေစိုက် SPV ကုမ္ပဏီနဲ့ပေါင်းစည်းထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

zawgyi version
ေအာ္ရီဒူးျမန္မာဆက္သြယ္ေရးလုပ္ငန္းကို စင္ကာပူအေျခစိုက္ကုမၸဏီထံ အေမရိကန္ေဒၚလာ ၅၇၆ သန္းနဲ႔ ေရာင္းခ်ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၈
ေအာ္ရီဒူးျမန္မာကို စင္ကာပူအေျခစိုက္လုပ္ငန္းကုမၸဏီျဖစ္တဲ့ Nine Communications Pte ထံ ခန႔္မွန္းေျခ အေမရိကန္ေဒၚလာ ၅၇၆ သန္းနဲ႔ေရာင္းခ်လိုက္တယ္လို႔ ကာတာအေျခစိုက္ ဆက္သြယ္ေရးကုမၸဏီ ေအာ္ရီဒူးက ဆိုပါတယ္။
ကာတာအေျခစိုက္ ေအာ္ရီဒူးကုမၸဏီက Ooredoo Myanmar Ltd. and Ooredoo Myanmar Fintech Ltd, ကုမၸဏီႏွစ္ခုကို အျပည့္အဝထိန္းခ်ဳပ္ထားတဲ့မိခင္ကုမၸဏီျဖစ္တဲ့ Ooredoo Asian Investments Pte Ltd.ရဲ႕ ရွယ္ယာ ၁ဝဝ ရာခိုင္ႏႈန္းကိုေရာင္းခ်ခဲ့တာျဖစ္ၿပီး ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းကေန ခြင့္ျပဳခ်က္အပါအဝင္ လုပ္ေဆာင္စရာရွိတဲ့အေျခအေနေတြ က်န္ရွိေနေသးတယ္လို႔ ဆိုပါတယ္။
လက္ရွိအခ်ိန္မွာ ေအာ္ရီဒူးျမန္မာဆက္သြယ္ေရးလုပ္ငန္းကိုေရာင္းခ်မႈနဲ႔ပတ္သက္ၿပီး ေအာ္ရီဒူးဆက္သြယ္ေရး လုပ္ငန္းဒါ႐ိုက္တာေတြနဲ႔ Nine Communications Pte. Ltd, ကုမၸဏီတို႔က ခြင့္ျပဳခ်က္ေပးခဲ့တယ္လို႔ သိရပါတယ္။ ေအာ္ရီဒူးစီးပြားေရးလုပ္ငန္းစုရဲ႕မန္ေနနဂ်င္းဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ Aziz Aluthman Fakhroo က ၄င္းတို႔ ကုမၸဏီရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈအစုစုကို ျပန္လည္တည္ေဆာက္ဖို႔ရည္႐ြယ္ခ်က္ေတြကို ျပန္လည္သုံးသပ္ခဲ့ၿပီးေနာက္ ေအာ္ရီဒူးျမန္မာကိုေရာင္းခ်ဖို႔ စီစဥ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။
ရန္ကုန္ၿမိဳ႕အေျခစိုက္ OML စီးပြားေရးလုပ္ငန္းစုဟာ ဆက္သြယ္ေရးေအာ္ပေရတာအ ျဖစ္လုပ္ကိုင္ေနၿပီး ေအာ္ရီဒူး ျမန္မာဟာ ျမန္မာႏိုင္ငံအတြင္းရွိ စီးပြားေရးလုပ္ငန္းမ်ားနဲ႔ သုံးစြဲသူမ်ားအတြက္ ဆက္သြယ္ေရးနဲ႔ အင္တာနက္ ဝန္ေဆာင္မႈေတြေပးေနပါတယ္။ Nine Communications Pte. Ltd ဟာ ဦးဉာဏ္ဝင္းနဲ႔ Link Family Office တို႔ပိုင္ဆိုင္တဲ့ စင္ကာပူအေျခစိုက္ SPV ကုမၸဏီနဲ႔ေပါင္းစည္းထားတဲ့ ကုမၸဏီတစ္ခုျဖစ္တယ္လို႔ သိရပါတယ္။