ပါပူဝါနယူးဂီနီနိုင်ငံ အရှေ့ပိုင်းမှာ အင်အား ၇ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်မှုဖြစ်ပွား

 563

ရောင်နီ (NP News) - စက်တင်ဘာ ၁၁

ပါပူဝါနယူးဂီနီနိုင်ငံ အရှေ့ပိုင်းမှာ ရစ်ခ်ျတာစကေး ၇ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာ ကြောင့် အဆောက်အအုံများပျက်စီးခဲ့ပြီး ဒေသခံများကြား ထိတ်လန့်တုန်လှုပ်မှတွေရှိခဲ့တယ်လို့ သိရပါ တယ်။

အမေရိကန် ဘူမိဗေဒတိုင်းတာရေးက စက်တင်ဘာလ ၁၁ ရက်၊ တနင်္ဂနွေနေ့ နံနက်ပိုင်းက ကိုင်နန်တူမြို့ အရှေ့ဘက် မှ ၆၇ ကီလိုမီတာ (၄၁ မိုင်) အကွာ၊ အနက် ၆၁ ကီလိုမီတာ (၃၈ မိုင်) မှာ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ၎င်းဟာ ဆူနာမီသတိပေးချက်ကိုလည်း ထုတ်ပြန်ခဲ့ပြီး အချို့သော ကမ်းရိုးတန်းဒေသများမှာ “ပင်လယ်ရေမျက်နှာပြင် အနည်းငယ်အတက်အကျ” ရှိနိုင်ကြောင်း ဆိုခဲ့ပါတယ်။

အသေအပျောက်သတင်းတွေကတော့ ချက်ချင်းမရရှိသေးဘူးလို့လည်း ဆိုပါတယ်။ ဆိုရှယ်မီဒီယာ ဓာတ်ပုံများအရ ပါပူဝါနယူးဂီနီရှိ အက်ကွဲနေတဲ့လမ်းတွေ၊ ပျက်စီးနေတဲ့အဆောက်အဦးတွေနဲ့ ကားတွေ ကို မြင်တွေ့ရပါတယ်။ အရှေ့ဘက် ကုန်းမြင့်မြို့ ဂိုရိုကာရှိ တက္ကသိုလ်တစ်ခုပျက်စီးသွားတဲ့ ဗီဒီယိုတစ်ခု မှာဆိုရင် ငလျင်လှုပ်ခတ်စဉ်အတွင်း နံရံများနဲ့ ပြတင်းပေါက်များမှ အက်ကြောင်းကြီးများကို မြင်တွေ့ရပါ တယ်။

ငလျင်ဗဟိုချက်နဲ့အနီးဆုံးဖြစ်တဲ့ လက် နဲ့ မဒန်ရှိဒေသခံများက အဆိုပါငလျင်ဟာ ယခင်ကြုံဖူးတဲ့ ငလျင် များထက် ပိုမိုပြင်းထန်တယ်လို့ ဆိုပါတယ်။
ပစိဖိတ်သမုဒ္ဒရာ “မီးကွင်း” မှာ တည်ရှိနေတဲ့ ပါပူဝါနယူးဂီနီဟာ ငလျင်လှုပ်ခတ်မှုအဖြစ်များလေ့ရှိပြီး ငလျင်ကြောတွေကြား ပွတ်တိုက်မှုတွေကြောင့် ငလျင်လှုပ်ခြင်းဖြစ်ပေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။

၂ဝ၁၈ ခုနှစ်က ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ နိုင်ငံရဲ့ဝေးလံခေါင်သီသော တောင်တန်းများအပေါ်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၁ဝဝ ကျော်သေဆုံးကာ အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ပါပူဝါနယူးဂီနီႏိုင္ငံ အေရွ႕ပိုင္းမွာ အင္အား ၇ ဒသမ ၆ အဆင့္ရွိ ငလ်င္တစ္ခု လႈပ္ခတ္မႈျဖစ္ပြား
ေရာင္နီ (NP News) - စက္တင္ဘာ ၁၁

ပါပူဝါနယူးဂီနီႏိုင္ငံ အေရွ႕ပိုင္းမွာ ရစ္ခ္်တာစေကး ၇ ဒသမ ၆ အဆင့္ရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့တာ ေၾကာင့္ အေဆာက္အအုံမ်ားပ်က္စီးခဲ့ၿပီး ေဒသခံမ်ားၾကား ထိတ္လန႔္တုန္လႈပ္မွေတြရွိခဲ့တယ္လို႔ သိရပါ တယ္။

အေမရိကန္ ဘူမိေဗဒတိုင္းတာေရးက စက္တင္ဘာလ ၁၁ ရက္၊ တနဂၤေႏြေန႔ နံနက္ပိုင္းက ကိုင္နန္တူၿမိဳ႕ အေရွ႕ဘက္ မွ ၆၇ ကီလိုမီတာ (၄၁ မိုင္) အကြာ၊ အနက္ ၆၁ ကီလိုမီတာ (၃၈ မိုင္) မွာ အင္အားျပင္း ငလ်င္တစ္ခုလႈပ္ခတ္ခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။ ၎ဟာ ဆူနာမီသတိေပးခ်က္ကိုလည္း ထုတ္ျပန္ခဲ့ၿပီး အခ်ိဳ႕ေသာ ကမ္း႐ိုးတန္းေဒသမ်ားမွာ “ပင္လယ္ေရမ်က္ႏွာျပင္ အနည္းငယ္အတက္အက်” ရွိႏိုင္ေၾကာင္း ဆိုခဲ့ပါတယ္။

အေသအေပ်ာက္သတင္းေတြကေတာ့ ခ်က္ခ်င္းမရရွိေသးဘူးလို႔လည္း ဆိုပါတယ္။ ဆိုရွယ္မီဒီယာ ဓာတ္ပုံမ်ားအရ ပါပူဝါနယူးဂီနီရွိ အက္ကြဲေနတဲ့လမ္းေတြ၊ ပ်က္စီးေနတဲ့အေဆာက္အဦးေတြနဲ႔ ကားေတြ ကို ျမင္ေတြ႕ရပါတယ္။ အေရွ႕ဘက္ ကုန္းျမင့္ၿမိဳ႕ ဂို႐ိုကာရွိ တကၠသိုလ္တစ္ခုပ်က္စီးသြားတဲ့ ဗီဒီယိုတစ္ခု မွာဆိုရင္ ငလ်င္လႈပ္ခတ္စဥ္အတြင္း နံရံမ်ားနဲ႔ ျပတင္းေပါက္မ်ားမွ အက္ေၾကာင္းႀကီးမ်ားကို ျမင္ေတြ႕ရပါ တယ္။

ငလ်င္ဗဟိုခ်က္နဲ႔အနီးဆုံးျဖစ္တဲ့ လက္ နဲ႔ မဒန္ရွိေဒသခံမ်ားက အဆိုပါငလ်င္ဟာ ယခင္ႀကဳံဖူးတဲ့ ငလ်င္ မ်ားထက္ ပိုမိုျပင္းထန္တယ္လို႔ ဆိုပါတယ္။
ပစိဖိတ္သမုဒၵရာ “မီးကြင္း” မွာ တည္ရွိေနတဲ့ ပါပူဝါနယူးဂီနီဟာ ငလ်င္လႈပ္ခတ္မႈအျဖစ္မ်ားေလ့ရွိၿပီး ငလ်င္ေၾကာေတြၾကား ပြတ္တိုက္မႈေတြေၾကာင့္ ငလ်င္လႈပ္ျခင္းျဖစ္ေပၚေလ့ရွိတယ္လို႔ ဆိုပါတယ္။

၂ဝ၁၈ ခုႏွစ္က ျပင္းအား ၇ ဒသမ ၅ အဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ရာ ႏိုင္ငံရဲ႕ေဝးလံေခါင္သီေသာ ေတာင္တန္းမ်ားအေပၚလႈပ္ခတ္ခဲ့ၿပီး လူေပါင္း ၁ဝဝ ေက်ာ္ေသဆုံးကာ အိမ္ေျခေထာင္ေပါင္းမ်ားစြာ ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.