နစကအကြီးအကဲ၏ ရုရှားခရီးစဉ်ပြီးဆုံးခဲ့ပြီး နိုင်ငံအတွက် အပြုသဘောဆောင်သော စီးပွားရေး ဆွေးနွေးမှု ရလဒ်များ ဖော်ဆောင်နိုင်ခဲ့ဟုဆို

981

မျိုးကြီး (NP News) - စက်တင်ဘာ ၁၂
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်ပြီးဆုံးခဲ့ပြီး နိုင်ငံအတွက် အပြုသဘောဆောင်သော စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုရလဒ်များထွက်ရန် ဖော်ဆောင်နိုင်ခဲ့ကြောင်း နစကဘက်က ဆိုသည်။
နစကအကြီးအကဲ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ရုရှားနိုင်ငံခရီးစဉ်သည် ယမန့်နေ(စက်တင်ဘာလ ၁၁ ရက်)က ပြီးဆုံးခဲ့ကာ ညပိုင်းတွင် နေပြည်တော်လေဆိပ် သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့ကို နေပြည်တော်လေဆိပ်၌ တိုင်း ရင်းသားများအပါအဝင် ဒေသခံပြည်သူများက ဂုဏ်ပြုကြိုဆိုမှုများ ပြုလုပ်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စက်တင်ဘာ လ ၄ ရက်မှစတင်ခဲ့ကာ စက်တင်ဘာလ ၁၁ ရက်အထိ (၈)ရက်ကြာ သွားရောက်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံအတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုရလဒ်များပေါ် ထွက်လာရန် ဖော်ဆောင်နိုင်ခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ရန် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သော အောင်မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း နစကဘက်က အသိ ပေးထုတ်ပြန်ထားသည်။
နစကအကြီးအကဲသည် ရုရှားနိုင်ငံ၌ ကျင်းပသော (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့တက်ရောက်ကာ မိန့်ခွန်း ပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်းတွေ့ရပြီး ရုရှားသမ္မ တပူတင်နှင့်လည်း သီးသန့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။
အဆိုပါစီးပွားရေးဖိုရမ်၌ နစကအကြီးအကဲသည် ဖိုရမ်သို့တက်ရောက်လာသော စီးပွား ရေးလုပ်ငန်းရှင်းများကိုလည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း တွေ့ရသည်။
ထို့ပြင် နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားအစိုးရအဖွဲ့၏ တာဝန်ရှိသူများနှင့် ကဏ္ဍအလိုက်တွေ့ ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပြီး အကြီးအကဲနှင့်အတူ လိုက်ပါသွားသော ဝန်ကြီးများကလည်း သက်ဆိုင်ရာကဏ္ဍ အ လိုက် ရုရှားတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုတိုးတက်ကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များမှာလည်း နှစ်လအတွင်း (၄)ကြိမ်အထိ ရှိကြောင်းတွေ့ရသည်။

zawgyi version
နစကအႀကီးအကဲ၏ ႐ုရွားခရီးစဥ္ၿပီးဆုံးခဲ့ၿပီး ႏိုင္ငံအတြက္ အျပဳသေဘာေဆာင္ေသာ စီးပြားေရး ေဆြးေႏြးမႈ ရလဒ္မ်ား ေဖာ္ေဆာင္ႏိုင္ခဲ့ဟုဆို
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၁၂
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ ႐ုရွားခရီးစဥ္ၿပီးဆုံးခဲ့ၿပီး ႏိုင္ငံအတြက္ အျပဳသေဘာေဆာင္ေသာ စီးပြားေရးဆိုင္ရာ ေဆြးေႏြးမႈရလဒ္မ်ားထြက္ရန္ ေဖာ္ေဆာင္ႏိုင္ခဲ့ေၾကာင္း နစကဘက္က ဆိုသည္။
နစကအႀကီးအကဲ ဦးေဆာင္ေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕၏ ႐ုရွားႏိုင္ငံခရီးစဥ္သည္ ယမန႔္ေန(စက္တင္ဘာလ ၁၁ ရက္)က ၿပီးဆုံးခဲ့ကာ ညပိုင္းတြင္ ေနျပည္ေတာ္ေလဆိပ္ သို႔ ျပန္လည္ေရာက္ရွိခဲ့သည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ အဖြဲ႕ကို ေနျပည္ေတာ္ေလဆိပ္၌ တိုင္း ရင္းသားမ်ားအပါအဝင္ ေဒသခံျပည္သူမ်ားက ဂုဏ္ျပဳႀကိဳဆိုမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။
နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ ႐ုရွားခရီးစဥ္သည္ စက္တင္ဘာ လ ၄ ရက္မွစတင္ခဲ့ကာ စက္တင္ဘာလ ၁၁ ရက္အထိ (၈)ရက္ၾကာ သြားေရာက္ခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံအတြက္ အျပဳသေဘာေဆာင္သည့္ စီးပြားေရးဆိုင္ရာ ေဆြးေႏြးမႈရလဒ္မ်ားေပၚ ထြက္လာရန္ ေဖာ္ေဆာင္ႏိုင္ခဲ့ၿပီး ႏွစ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်စ္ၾကည္ေရး၊ စီးပြားေရးႏွင့္ က႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးတက္ရန္ ေဆြးေႏြးေဆာင္႐ြက္ႏိုင္ခဲ့ေသာ ေအာင္ျမင္သည့္ခရီးစဥ္တစ္ခုျဖစ္ခဲ့ေၾကာင္း နစကဘက္က အသိ ေပးထုတ္ျပန္ထားသည္။
နစကအႀကီးအကဲသည္ ႐ုရွားႏိုင္ငံ၌ က်င္းပေသာ (၇)ႀကိမ္ေျမာက္ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္သို႔တက္ေရာက္ကာ မိန႔္ခြန္း ေျပာၾကားမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းေတြ႕ရၿပီး ႐ုရွားသမၼ တပူတင္ႏွင့္လည္း သီးသန႔္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ေတြ႕ရသည္။
အဆိုပါစီးပြားေရးဖိုရမ္၌ နစကအႀကီးအကဲသည္ ဖိုရမ္သို႔တက္ေရာက္လာေသာ စီးပြား ေရးလုပ္ငန္းရွင္းမ်ားကိုလည္း ျမန္မာႏိုင္ငံတြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ဖိတ္ေခၚခဲ့ေၾကာင္း ေတြ႕ရသည္။
ထို႔ျပင္ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ႐ုရွားအစိုးရအဖြဲ႕၏ တာဝန္ရွိသူမ်ားႏွင့္ က႑အလိုက္ေတြ႕ ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရၿပီး အႀကီးအကဲႏွင့္အတူ လိုက္ပါသြားေသာ ဝန္ႀကီးမ်ားကလည္း သက္ဆိုင္ရာက႑ အ လိုက္ ႐ုရွားတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ႐ုရွား-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ ပိုမိုတိုးတက္ေကာင္းမြန္လ်က္ရွိၿပီး ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ား၏ အျပန္အလွန္ခရီးစဥ္မ်ားမွာလည္း ႏွစ္လအတြင္း (၄)ႀကိမ္အထိ ရွိေၾကာင္းေတြ႕ရသည္။