စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် မြန်မာနှင့်ရုရှား ကုန်သည်ကြီးများအသင်းတို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

1362

ဖူးပြည့် (NP News) - စက်တင်ဘာ ၁၄
မြန်မာ-ရုရှား နိုင်ငံကြား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအ တွက် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် စိန့်ပီတာစဘတ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း မော်စကိုမြို့ရှိ မြန်မာသံရုံး၏ စက်တင်ဘာလ ၁၄ ရက် ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ နားလည်မှုစာချွန်လွှာကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ စိန့်ပီတာစဘတ် ကုန်သည်ကြီး များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးအဆောက် အဦးတွင် စက်တင်ဘာလ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် St. Petersburg - Myanmar Business Forum ၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးကတက် ရောက် မိန့်ခွန်းပြောကြားခဲ့ရာ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာများအပါအဝင် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ အနာဂတ်အလားအလာများကို ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ သဘောတူညီချက်ကို မြန်မာဘက်မှ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ကလည်းကောင်း၊ ရုရှားဘက်မှ စိန့်ပီတာစဘတ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Vladimir I. Katenev တို့ကလည်း ကောင်း အသီးသီး လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
ဖိုရမ်သို့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့မှ မူဝါဒပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စု မြန်မာ နိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာ-ရုရှားစီးပွားရေးဖွံ့ဖြိုးမှုအသင်းတို့မှ တာဝန်ရှိသူများ၊ မြန်မာ၊ ရုရှားနှစ်နိုင်ငံမှ ကုမ္ပဏီများ၏ အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံအကြား စီးပွားဆက်သွယ်ရေး တိုးမြှင့်နိုင်မည့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင် ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ သဘောတူစာချုပ်ကိုလည်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာနတို့အကြား ၂ဝ၁၄ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏနည်းပါးနေသော် လည်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်နိုင်ရေး ဆောင် ရွက်လျက်ရှိသည်။ ရုရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၄ သန်းရှိပြီး ရင်းနှီးမြှုပ်နှံမှုအဆင့် ၂၂ နေရာတွင်ရှိသည်။
ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းကဏ္ဍ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ကဏ္ဍ၊ စားသောက် ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ သတ္တုတူးဖော်ရေး ကဏ္ဍစသည့် ကဏ္ဍ (၅) ခုသည် ရုရှား- မြန်မာ နှစ်နိုင်ငံအကြား အလားအလာရှိသော ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်ကဏ္ဍများလည်းဖြစ် ကြောင်း သိရသည်။

zawgyi version
စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ရန္ ျမန္မာႏွင့္႐ုရွား ကုန္သည္ႀကီးမ်ားအသင္းတို႔ၾကား နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုး
ဖူးျပည့္ (NP News) - စက္တင္ဘာ ၁၄
ျမန္မာ-႐ုရွား ႏိုင္ငံၾကား စီးပြားေရးလုပ္ငန္းမ်ား ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ေရးအ တြက္ ျပည္ေထာင္စုျမန္မာႏိုင္ငံ ကုန္သည္ႀကီးမ်ား ႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ႏွင့္ စိန္႔ပီတာစဘတ္ ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းတို႔အၾကား ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာတစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း ေမာ္စကိုၿမိဳ႕ရွိ ျမန္မာသံ႐ုံး၏ စက္တင္ဘာလ ၁၄ ရက္ ထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါ နားလည္မႈစာခြၽန္လႊာကို ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ စိန္႔ပီတာစဘတ္ၿမိဳ႕ရွိ စိန္႔ပီတာစဘတ္ ကုန္သည္ႀကီး မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း႐ုံးအေဆာက္ အဦးတြင္ စက္တင္ဘာလ ၁၂ ရက္မွ ၁၃ ရက္အထိ က်င္းပျပဳလုပ္ခဲ့သည့္ St. Petersburg - Myanmar Business Forum ၌ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဖိုရမ္သို႔ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးလြင္ဦးကတက္ ေရာက္ မိန္႔ခြန္းေျပာၾကားခဲ့ရာ ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံအၾကား စီးပြားေရး၊ ကုန္သြယ္ေရးဆိုင္ရာမ်ားအပါအဝင္ က႑စုံ ပူးေပါင္း ေဆာင္႐ြက္မႈအေျခအေနမ်ား၊ အနာဂတ္အလားအလာမ်ားကို ထည့္သြင္းေျပာၾကားခဲ့သည္။
အဆိုပါ သေဘာတူညီခ်က္ကို ျမန္မာဘက္မွ ျပည္ေထာင္စုျမန္မာႏိုင္ငံ ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ေဒၚခိုင္ခိုင္ႏြယ္ ကလည္းေကာင္း၊ ႐ုရွားဘက္မွ စိန္႔ပီတာစဘတ္ ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ Mr. Vladimir I. Katenev တို႔ကလည္း ေကာင္း အသီးသီး လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း သိရသည္။
ဖိုရမ္သို႔ ႐ုရွားႏိုင္ငံ၊ စိန႔္ပီတာစဘတ္ၿမိဳ႕အစိုးရအဖြဲ႕မွ မူဝါဒပိုင္းဆိုင္ရာ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ျပည္ေထာင္စု ျမန္မာ ႏိုင္ငံ ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ႏွင့္ ျမန္မာ-႐ုရွားစီးပြားေရးဖြံ႕ၿဖိဳးမႈအသင္းတို႔မွ တာဝန္ရွိသူမ်ား၊ ျမန္မာ၊ ႐ုရွားႏွစ္ႏိုင္ငံမွ ကုမၸဏီမ်ား၏ အႀကီးအကဲမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား တက္ေရာက္ခဲ့ၾကၿပီး ႏွစ္ႏိုင္ငံအၾကား စီးပြားဆက္သြယ္ေရး တိုးျမႇင့္ႏိုင္မည့္ အလားအလာမ်ားကို ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
႐ုရွား-ျမန္မာ အစိုးရအခ်င္းခ်င္း ကုန္သြယ္ေရးႏွင့္စီးပြားေရးပူးေပါင္း ေဆာင္႐ြက္ေရး ေကာ္မရွင္ ဖြဲ႕စည္းတည္ေထာင္မႈဆိုင္ရာ သေဘာတူစာခ်ဳပ္ကိုလည္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ စီးပြားေရးဖြံ႕ၿဖိဳးတိုး တက္ေရးဝန္ႀကီးဌာနတို႔အၾကား ၂ဝ၁၄ ခုႏွစ္၊ ဩဂုတ္လ (၂၉) ရက္တြင္ လက္မွတ္ေရးထိုးခဲ့ၿပီးျဖစ္သည္။
ျမန္မာ- ႐ုရွား ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏနည္းပါးေနေသာ္ လည္း ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏတိုးျမႇင့္ႏိုင္ေရး ေဆာင္ ႐ြက္လ်က္ရွိသည္။ ႐ုရွားႏိုင္ငံသည္ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၉၄ သန္းရွိၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈအဆင့္ ၂၂ ေနရာတြင္ရွိသည္။
ဘဏ္လုပ္ငန္းႏွင့္ အာမခံလုပ္ငန္းက႑၊ လယ္ယာစိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ေရ လုပ္ငန္းက႑၊ ေရနံ၊ သဘာဝဓာတ္ေငြ႕ႏွင့္ စြမ္းအင္က႑၊ စားေသာက္ ကုန္ထုတ္လုပ္ျခင္းက႑၊ သတၱဳတူးေဖာ္ေရး က႑စသည့္ က႑ (၅) ခုသည္ ႐ုရွား- ျမန္မာ ႏွစ္ႏိုင္ငံအၾကား အလားအလာရွိေသာ ပူးေပါင္းေဆာင္႐ြက္ေရး နယ္ပယ္က႑မ်ားလည္းျဖစ္ ေၾကာင္း သိရသည္။