ထိုင်းစစ်တပ်စခန်းမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွား၊ တပ်ကြပ် နှစ်ဦးသေဆုံး

633

ရောင်နီ (NP News) - စက်တင်ဘာ ၁၄
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စစ်စခန်းတစ်ခုမှာ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၄ ရက်) က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး တပ်ကြပ်နှစ်ဦးသေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ စစ်တပ်အရာရှိ များက ပြောကြားပါတယ်။
ထိုင်းဘုရင့်တပ်မတော် စစ်ကောလိပ်မှ စာရေးတပ်ကြပ်ကြီး ယောင်ယွတ်မုံကောကင်ရဲ့ပြောကြားချက် အရ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ တပ်ကြပ် ၃ ဦးကို ထိမှန်ခဲ့ ကြောင်း ဆိုပါတယ်။
ပစ်ခတ်သူဖြစ်တဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသားဟာ အခင်းဖြစ်ပွားရာ နေရာမှ ထွက်ပြေးရန် ကြိုးပမ်း ခဲ့သော်လည်း နံနက် ၁ဝ နာရီခန့်မှာ လက်နက်ချအညံ့ခံခဲ့ကြောင်း အမျိုးသားရဲဌာနလက်ထောက် ပြော ရေးဆိုခွင့်ရှိသူ ကစ္စန ပါသာနချာရွန် က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
တပ်မတော်က သေဆုံးသွားတဲ့ တပ်မတော်သားများနဲ့ ဒဏ်ရာရရှိသူများရဲ့မိသားစုဝင်များကို ဝမ်းနည်း ကြောင်း ပြောကြားခဲ့ပြီး ယခုဖြစ်ရပ်ဟာ မိသားစုနဲ့စစ်ဖက်ဆိုင်ရာအဖွဲ့အစည်းအတွက် ဆုံးရှုံးမှုတစ်ခုဖြစ် ကာ ယင်းသို့ဖြစ်လာရန် မမျှော်လင့်ထားမိကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဆီရီချန်သုန် က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်” လို့ ၄င်းက ဆိုပါတယ်။ ပစ်ခတ်မှုပြီးနောက် ရဲအရာရှိများနဲ့ စစ်သားများဟာ မြို့တော်မြောက်ဘက်ရှိ စစ်ဘက်အဆောက်အအုံကြီးများရဲ့ အစိတ် အပိုင်းဖြစ်တဲ့အဆောက်အအုံတံခါးများကို စောင့်ကြပ်ခဲ့ပါတယ်။ တပ်မတော်ထုတ်ပြန်ချက်မှာ သေဆုံး သူများဟာ တပ်ကြပ်ကြီး နော့ပရက် အင်သက်ဆန်သုန် နဲ့ တပ်ကြပ်ကြီး ပရက်ခန် စင်ဆောင်ဖြစ်တယ် လို့ အတည်ပြုထားပါတယ်။
ဒဏ်ရာရရှိသူဖြစ်တဲ့ တပ်ကြပ်ကြီး ယုံဂျက်ပန်ရန်ဝက်ကိုတော့ ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင် ထားကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေ ပြီး ပစ်ခတ်သူဟာ 9mm ပစ္စတိုတစ်လက်ကို အသုံးပြုခဲ့တာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကစ္စန က ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အခုလို အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဟာ အလွန်ရှားပါးတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။

Zawgyi Version;
ထိုင္းစစ္တပ္စခန္းမွာ ပစ္ခတ္မႈတစ္ခုျဖစ္ပြား၊ တပ္ၾကပ္ ႏွစ္ဦးေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၁၄
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ စစ္စခန္းတစ္ခုမွာ ဗုဒၶဟူးေန႔ (စက္တင္ဘာ ၁၄ ရက္) က ပစ္ခတ္မႈတစ္ခု ျဖစ္ပြားခဲ့ၿပီး တပ္ၾကပ္ႏွစ္ဦးေသဆုံးကာ အျခားတစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕နဲ႔ စစ္တပ္အရာရွိ မ်ားက ေျပာၾကားပါတယ္။
ထိုင္းဘုရင့္တပ္မေတာ္ စစ္ေကာလိပ္မွ စာေရးတပ္ၾကပ္ႀကီး ေယာင္ယြတ္မုံေကာကင္ရဲ႕ေျပာၾကားခ်က္ အရ ေဒသစံေတာ္ခ်ိန္ နံနက္ ၈ နာရီ ၄၅ မိနစ္ခန႔္က ပစ္ခတ္မႈျဖစ္ပြားခဲ့ကာ တပ္ၾကပ္ ၃ ဦးကို ထိမွန္ခဲ့ ေၾကာင္း ဆိုပါတယ္။
ပစ္ခတ္သူျဖစ္တဲ့ အသက္ ၅၉ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ အခင္းျဖစ္ပြားရာ ေနရာမွ ထြက္ေျပးရန္ ႀကိဳးပမ္း ခဲ့ေသာ္လည္း နံနက္ ၁ဝ နာရီခန႔္မွာ လက္နက္ခ်အညံ့ခံခဲ့ေၾကာင္း အမ်ိဳးသားရဲဌာနလက္ေထာက္ ေျပာ ေရးဆိုခြင့္ရွိသူ ကစၥန ပါသာနခ်ာ႐ြန္ က သတင္းေထာက္မ်ားကို ေျပာၾကားခဲ့ပါတယ္။
တပ္မေတာ္က ေသဆုံးသြားတဲ့ တပ္မေတာ္သားမ်ားနဲ႔ ဒဏ္ရာရရွိသူမ်ားရဲ႕မိသားစုဝင္မ်ားကို ဝမ္းနည္း ေၾကာင္း ေျပာၾကားခဲ့ၿပီး ယခုျဖစ္ရပ္ဟာ မိသားစုနဲ႔စစ္ဖက္ဆိုင္ရာအဖြဲ႕အစည္းအတြက္ ဆုံးရႈံးမႈတစ္ခုျဖစ္ ကာ ယင္းသို႔ျဖစ္လာရန္ မေမွ်ာ္လင့္ထားမိေၾကာင္း တပ္မေတာ္ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္မႉးႀကီး ဆီရီခ်န္သုန္ က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
“ျဖစ္ပြားရတဲ့အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနပါတယ္” လို႔ ၄င္းက ဆိုပါတယ္။ ပစ္ခတ္မႈၿပီးေနာက္ ရဲအရာရွိမ်ားနဲ႔ စစ္သားမ်ားဟာ ၿမိဳ႕ေတာ္ေျမာက္ဘက္ရွိ စစ္ဘက္အေဆာက္အအုံႀကီးမ်ားရဲ႕ အစိတ္ အပိုင္းျဖစ္တဲ့အေဆာက္အအုံတံခါးမ်ားကို ေစာင့္ၾကပ္ခဲ့ပါတယ္။ တပ္မေတာ္ထုတ္ျပန္ခ်က္မွာ ေသဆုံး သူမ်ားဟာ တပ္ၾကပ္ႀကီး ေနာ့ပရက္ အင္သက္ဆန္သုန္ နဲ႔ တပ္ၾကပ္ႀကီး ပရက္ခန္ စင္ေဆာင္ျဖစ္တယ္ လို႔ အတည္ျပဳထားပါတယ္။
ဒဏ္ရာရရွိသူျဖစ္တဲ့ တပ္ၾကပ္ႀကီး ယုံဂ်က္ပန္ရန္ဝက္ကိုေတာ့ ေဆးကုသမႈခံယူရန္ ေဆး႐ုံသို႔ ပို႔ေဆာင္ ထားေၾကာင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။ ရဲတပ္ဖြဲ႕က အဆိုပါပစ္ခတ္မႈကို စုံစမ္းစစ္ေဆးေန ၿပီး ပစ္ခတ္သူဟာ 9mm ပစၥတိုတစ္လက္ကို အသုံးျပဳခဲ့တာျဖစ္ေၾကာင္း ေျပာေရးဆိုခြင့္ရွိသူ ကစၥန က ဆိုပါတယ္။
ထိုင္းႏိုင္ငံမွာ အခုလို အစုလိုက္အၿပဳံလိုက္ပစ္ခတ္မႈဟာ အလြန္ရွားပါးတဲ့ျဖစ္စဥ္တစ္ခုပဲျဖစ္ပါတယ္။