မကွေးမြို့၌ ဈေးကားတစ်စီးတိမ်းမှောက်ရာ အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံး၍ (၄)နှစ်အရွယ်ကလေးငယ် အပါအဝင် (၄)ဦးဒဏ်ရာရရှိ

 462

NP News - စက်တင်ဘာ ၁၉

မကွေးမြို့၌ ဈေးကားတစ်စီးတိမ်းမှောက်ရာ အမျိုးသမီးတစ်ဦးပွဲချင်းပြီး သေဆုံး၍ (၄) နှစ်အရွယ်ကလေးငယ် အပါအဝင် (၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၈ရက်၊ ညနေ ၄နာရီအချိန်ခန့်တွင် မကွေးမြို့၊ နတ်မောက်လမ်းရှိ လိပ်ကုန်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ လူမှုကူညီရေးအသင်းမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ကြို့ပင်အင်းကျေးရွာမှ မကွေးသို့လိုင်းဆွဲနေသော CANTER အမျိုးအ စား ဈေးကားသည် နတ်မောက်လမ်းရှိ လိပ်ကုန်းကျေးရွာအနီးအရောက်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ ဆိုသည်။

၎င်းယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်ပါလာသည့် အသက်(၂၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်ရာနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် (၇၈)နှစ်အရွယ် နှင့် (၇၄)နှစ်အရွယ် အဖွားနှစ်ဦးတွင် ဦးခေါင်းနှင့် မျက်နှာတို့၌ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်(၁ဝ)နှစ် အရွယ် မိန်းကလေးတစ်ဦးနှင့် (၄)နှစ်အ ရွယ် ယောကျာ်းလေးတစ်ဦးတို့တွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ ဆိုသည်။

ထို့ကြောင့် ၎င်းတို့အား ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်(၂)စီးဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
မေကြးၿမိဳ႕၌ ေဈးကားတစ္စီးတိမ္းေမွာက္ရာ အမ်ိဳးသမီးတစ္ဦးပြဲခ်င္းၿပီးေသဆုံး၍ (၄)ႏွစ္အ႐ြယ္ကေလးငယ္ အပါအဝင္ (၄)ဦးဒဏ္ရာရရွိ
NP News - စက္တင္ဘာ ၁၉

မေကြးၿမိဳ႕၌ ေဈးကားတစ္စီးတိမ္းေမွာက္ရာ အမ်ိဳးသမီးတစ္ဦးပြဲခ်င္းၿပီး ေသဆုံး၍ (၄) ႏွစ္အ႐ြယ္ကေလးငယ္ အပါအဝင္ (၄)ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ေရာင္စုံေမတၱာလူမႈကူညီေရးအသင္းမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၁၈ရက္၊ ညေန ၄နာရီအခ်ိန္ခန႔္တြင္ မေကြးၿမိဳ႕၊ နတ္ေမာက္လမ္းရွိ လိပ္ကုန္းေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း အဆိုပါ လူမႈကူညီေရးအသင္းမွ သိရသည္။

အဆိုပါျဖစ္စဥ္မွာ ႀကိဳ႕ပင္အင္းေက်း႐ြာမွ မေကြးသို႔လိုင္းဆြဲေနေသာ CANTER အမ်ိဳးအ စား ေဈးကားသည္ နတ္ေမာက္လမ္းရွိ လိပ္ကုန္းေက်း႐ြာအနီးအေရာက္တြင္ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေရာင္စုံေမတၱာလူမႈကူညီေရးအသင္းမွ ဆိုသည္။

၎ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ကားေပၚတြင္ပါလာသည့္ အသက္(၂၉)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးမွာ အခင္းျဖစ္ရာေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ (၇၈)ႏွစ္အ႐ြယ္ ႏွင့္ (၇၄)ႏွစ္အ႐ြယ္ အဖြားႏွစ္ဦးတြင္ ဦးေခါင္းႏွင့္ မ်က္ႏွာတို႔၌ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး အသက္(၁ဝ)ႏွစ္ အ႐ြယ္ မိန္းကေလးတစ္ဦးႏွင့္ (၄)ႏွစ္အ ႐ြယ္ ေယာက်ာ္းေလးတစ္ဦးတို႔တြင္ ဦးေခါင္းေပါက္ၿပဲ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း လူမႈကူညီေရးအသင္းမွ ဆိုသည္။

ထို႔ေၾကာင့္ ၎တို႔အား ေရာင္စုံေမတၱာလူမႈကူညီေရးအသင္းမွ လူနာတင္ယာဥ္(၂)စီးျဖင့္ မေကြးတိုင္းျပည္သူ႔ေဆး႐ုံႀကီးသို႔ အေရးေပၚပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.