လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ဗိုလ်မှူးတစ်ဦးကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သတ်ဖြတ်မှု မတ္တရာမြို့တွင်ဖြစ်ပွား

 2452

Pearl (NP News) - ဧပြီ ၂၄

မတ္တရာမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ဗိုလ်မှူးတစ်ဦးကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေး အဖွဲ့ဝင်များနှင့် နီးစပ်သူထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဧပြီ ၂၄ ရက်)၊ နံနက် (၈)နာရီ ၊ (၃၀)မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ်(၅)ရပ်ကွက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှတ်(၅)ရပ်ကွက်ရှိ “စူး” လက်ဖက်ရည်ဆိုင်တွင် ဗိုလ်မှူးသက်နိုင်စိုးသည် အရပ်ဝတ်ဖြင့် လက်ဖက်ရည် ထိုင်သောက်နေစဉ် အကြမ်းဖက် သမားများရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။ ထိုသို့ပစ်ခတ်ခံရမှုကြောင့် ၎င်း၏ နဖူးနှင့် ဝမ်းဗိုက်တို့၌ ကျည်ဖောက်ဝင်/ ဖောက်ထွက်ဒဏ်ရာ (၅)ချက်ထက်မနည်းရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်၊ ဖေ‌ဖော်ဝါရီလမှစတင်၍ နိုင်ငံအတွင်း၌ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံရေးပါတီဝင် နှင့် အရပ်သားစုစုပေါင်း (၆၈၀၀)နီးပါး သေဆုံးထားပြီး တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များနှင့် ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးမှူးများသည်လည်း လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်ထိုင်သောက်နေစဉ် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

zawgyi version
လက္ဖက္ရည္ဆိုင္ထိုင္ေနသည့္ ဗိုလ္မႉးတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္သတ္ျဖတ္မႈ မတၱရာၿမိဳ႕တြင္ျဖစ္ပြား
Pearl (NP News) - ဧၿပီ ၂၄

မတၱရာၿမိဳ႕တြင္ လက္ဖက္ရည္ဆိုင္ထိုင္ေနသည့္ ဗိုလ္မႉးတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံေရး အဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဧၿပီ ၂၄ ရက္)၊ နံနက္ (၈)နာရီ ၊ (၃၀)မိနစ္ခန႔္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕၊ အမွတ္(၅)ရပ္ကြက္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ အမွတ္(၅)ရပ္ကြက္ရွိ “စူး” လက္ဖက္ရည္ဆိုင္တြင္ ဗိုလ္မႉးသက္ႏိုင္စိုးသည္ အရပ္ဝတ္ျဖင့္ လက္ဖက္ရည္ ထိုင္ေသာက္ေနစဥ္ အၾကမ္းဖက္ သမားမ်ားေရာက္ရွိလာၿပီး ေသနတ္ျဖင့္ပစ္ခတ္ သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။ ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ၎၏ နဖူးႏွင့္ ဝမ္းဗိုက္တို႔၌ က်ည္ေဖာက္ဝင္/ ေဖာက္ထြက္ဒဏ္ရာ (၅)ခ်က္ထက္မနည္းရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားေၾကာင္း သိရွိရသည္။

၂၀၂၁ ခုႏွစ္၊ ေဖ‌ေဖာ္ဝါရီလမွစတင္၍ ႏိုင္ငံအတြင္း၌ အၾကမ္းဖက္သမားမ်ား၏ လုပ္ႀကံသတ္ျဖတ္မႈမ်ားေၾကာင့္ ရဟန္းသံဃာ၊ ႏိုင္ငံ့ဝန္ထမ္း၊ ႏိုင္ငံေရးပါတီဝင္ ႏွင့္ အရပ္သားစုစုေပါင္း (၆၈၀၀)နီးပါး ေသဆုံးထားၿပီး တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ ရာအိမ္မႉးမ်ား၊ အုပ္ခ်ဳပ္ေရးမႉးမ်ားသည္လည္း လက္ဖက္ရည္ဆိုင္၌ လက္ဖက္ရည္ထိုင္ေသာက္ေနစဥ္ ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္ခံရမႈျဖစ္စဥ္မ်ားလည္း မၾကာခဏ ျဖစ္ပြားလ်က္ရွိသည္။

Related news

© 2021. All rights reserved.