စိတ်ကြွဆေးပြားအမျိုးအစားအသစ်များ မှောင်ခိုတင်သွင်းမှုများကို တားဆီးနိုင်ရန် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသကို လုံခြုံရေးတပ်လှန့်ထား

 751

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၃

မြန်မာနိုင်ငံ တာချီလီမြို့မှ ထိုင်းနိုင်ငံဘက်ခြမ်းကို ဒေသအခေါ် “Happy” ဟုခေါ်ဆိုသည့် စိတ်ကြွဆေးပြားအမျိုးအစားသစ်များ မှောင်ခိုတင်ပို့နေခြင်းကို တားဆီးနိုင်ရန်အတွက် ထိုင်းစစ်ဘက်သည် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသဖြစ်သည့် Mae Sai ဒေသတွင် လုံခြုံရေးတပ်လှန့်ထားပြီး နယ်စပ်ဒေသစောင့်ကြည်စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားသည်။

ထိုင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တာဝန်ရှိသူများက အဆိုပါစိတ်ကြွမူးယစ်ဆေးဝါးကို တာချီဘတ်ရှိ ဖျော်ဖြေရေးနေရာတိုင်းနီးပါးတွင် အလွယ်တကူရရှိနေပြီး အဆိုပါစိတ်ကြွဆေးပြား ၂ဝ ဂရမ်တစ်ထုတ်ကို ထိုင်းဘတ်ငွေ ၃ဝဝဝ နှင့် ၆ဝဝဝ ကြားတန်ဖိုးရှိနေကြောင်းဆိုသည်။ အဆိုပါဒေသအခေါ် “Happy” ဟုခေါ်ဆိုသည့် စိတ်ကြွဆေးပြားသည် မက်သန်ဖီတမင်းဆေးပြားများထက် အစွန်းနည်းသော်လည်း ခံစားရမှုကောင်းမွန်သည့်အတွက် သုံးစွဲသူများပြားလာခဲ့ကြောင်း သိရသည်။

အဆိုပါစိတ်ကြွဆေးပြားများသည် ဘားများ၊ နိုက်ကလပ်နှင့်အရက်ဆိုင်များတွင် ညလုံးပေါက်အချိန်ကုန်ခံနိုင်စွမ်းရှိနေကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
အဆိုပါစိတ်ကြွမူးယစ်ဆေးကို နာမည်အမျိုးမျိုးနှင့်အသုံးပြုနေကြောင်း ထိုင်းမူယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ရှိသူများက ဆိုသည်။

အဆိုပါစိတ်ကြွဆေးပြားများသည် မြန်မာနိုင်ငံဘက်ခြမ်း တာချီလိတ်မြို့ရှိ နိုက်ကလပ်များတွင် လူသိများသည့် စိတ်ကြွဆေးပြားများဖြစ်သော်လည်း အဆိုပါစိတ်ကြွဆေးများကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် တွေ့မြင်ရခြင်းမရှိသေးကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။

ထိုင်းလုံခြုံရေးတာဝန်ရှိသူများသည် ထိုင်းနိုင်ငံအတွင်းသို့ အဆိုပါစိတ်ကြွဆေးပြားများ မှောင်ခိုတင်ဆောင်လာသူအဖြစ် သံသယရှိသူများ၊ကားများကို လမ်းများတွင်စစ်ဆေးမှုများ မကြာခဏလုပ်ဆောင်နေကြောင်းသိရသည်။

Zawgyi Version;
စိတ္ႂကြေဆးျပားအမ်ိဳးအစားအသစ္မ်ား ေမွာင္ခိုတင္သြင္းမႈမ်ားကို တားဆီးႏိုင္ရန္ ထိုင္းႏွင့္ျမန္မာနယ္စပ္ေဒသကို လုံၿခဳံေရးတပ္လွန႔္ထား
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၃

ျမန္မာႏိုင္ငံ တာခ်ီလီၿမိဳ႕မွ ထိုင္းႏိုင္ငံဘက္ျခမ္းကို ေဒသအေခၚ “Happy” ဟုေခၚဆိုသည့္ စိတ္ႂကြေဆးျပားအမ်ိဳးအစားသစ္မ်ား ေမွာင္ခိုတင္ပို႔ေနျခင္းကို တားဆီးႏိုင္ရန္အတြက္ ထိုင္းစစ္ဘက္သည္ ထိုင္းႏွင့္ ျမန္မာနယ္စပ္ေဒသျဖစ္သည့္ Mae Sai ေဒသတြင္ လုံၿခဳံေရးတပ္လွန႔္ထားၿပီး နယ္စပ္ေဒသေစာင့္ၾကည္စစ္ေဆးမႈမ်ားကို တိုးျမႇင့္လုပ္ေဆာင္ေနေၾကာင္း ထိုင္းသတင္းေတြက ေဖာ္ျပထားသည္။

ထိုင္းမူးယစ္ေဆးဝါးတိုက္ဖ်က္ေရးအဖြဲ႕တာဝန္ရွိသူမ်ားက အဆိုပါစိတ္ႂကြမူးယစ္ေဆးဝါးကို တာခ်ီဘတ္ရွိ ေဖ်ာ္ေျဖေရးေနရာတိုင္းနီးပါးတြင္ အလြယ္တကူရရွိေနၿပီး အဆိုပါစိတ္ႂကြေဆးျပား ၂ဝ ဂရမ္တစ္ထုတ္ကို ထိုင္းဘတ္ေငြ ၃ဝဝဝ ႏွင့္ ၆ဝဝဝ ၾကားတန္ဖိုးရွိေနေၾကာင္းဆိုသည္။ အဆိုပါေဒသအေခၚ “Happy” ဟုေခၚဆိုသည့္ စိတ္ႂကြေဆးျပားသည္ မက္သန္ဖီတမင္းေဆးျပားမ်ားထက္ အစြန္းနည္းေသာ္လည္း ခံစားရမႈေကာင္းမြန္သည့္အတြက္ သုံးစြဲသူမ်ားျပားလာခဲ့ေၾကာင္း သိရသည္။

အဆိုပါစိတ္ႂကြေဆးျပားမ်ားသည္ ဘားမ်ား၊ ႏိုက္ကလပ္ႏွင့္အရက္ဆိုင္မ်ားတြင္ ညလုံးေပါက္အခ်ိန္ကုန္ခံႏိုင္စြမ္းရွိေနေၾကာင္း ထိုင္းသတင္းတြင္ ေဖာ္ျပထားသည္။
အဆိုပါစိတ္ႂကြမူးယစ္ေဆးကို နာမည္အမ်ိဳးမ်ိဳးႏွင့္အသုံးျပဳေနေၾကာင္း ထိုင္းမူယစ္ေဆးဝါးတိုက္ဖ်က္ေရးတာဝန္ရွိသူမ်ားက ဆိုသည္။

အဆိုပါစိတ္ႂကြေဆးျပားမ်ားသည္ ျမန္မာႏိုင္ငံဘက္ျခမ္း တာခ်ီလိတ္ၿမိဳ႕ရွိ ႏိုက္ကလပ္မ်ားတြင္ လူသိမ်ားသည့္ စိတ္ႂကြေဆးျပားမ်ားျဖစ္ေသာ္လည္း အဆိုပါစိတ္ႂကြေဆးမ်ားကို ထိုင္းႏိုင္ငံဘက္ျခမ္းတြင္ ေတြ႕ျမင္ရျခင္းမရွိေသးေၾကာင္း ထိုင္းအာဏာပိုင္မ်ားက ဆိုသည္။

ထိုင္းလုံၿခဳံေရးတာဝန္ရွိသူမ်ားသည္ ထိုင္းႏိုင္ငံအတြင္းသို႔ အဆိုပါစိတ္ႂကြေဆးျပားမ်ား ေမွာင္ခိုတင္ေဆာင္လာသူအျဖစ္ သံသယရွိသူမ်ား၊ကားမ်ားကို လမ္းမ်ားတြင္စစ္ေဆးမႈမ်ား မၾကာခဏလုပ္ေဆာင္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.