မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများမှာ အဆိုးရွားဆုံးအနေအထားမှ ကျော်လွန်လာခဲ့ပြီဟု ကမ္ဘာ့ဘဏ် ဆို

 1367

ထွန်း အမ်တီ (NP News) - စက်တင်ဘာ ၂၃
မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများမှာ အဆိုးရွားဆုံးအနေအထားမှ ကျော်လွန်လာခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများစစ်တမ်းအမှတ်(၁၂)တွင် ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများမှာ အဆိုးရွားဆုံးအနေအထားမှ ကျော်လွန်လာခဲ့သော်လည်း ကာလရှည် မျှော်မှန်းချက်များအတွက် စိန်ခေါ်မှုများရှိနေသေးကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

အဆိုပါစစ်တမ်းမှာ ၂ဝ၂၂ ခုနှစ် မေလမှ ဇွန်လအတွင်း မြန်မာနိုင်ငံ၏လုပ်ငန်း ၅ဝဝ ကို စစ်တမ်းကောက်ယူခဲ့ ခြင်းဖြစ်ကာ ရရှိခဲ့သော အချက်အလက်များဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုထားသည်။

စစ်တမ်းအရ မြန်မာနိုင်ငံရှိ ၇၅ ရာခိုင်နှုန်းသောလုပ်ငန်းများမှ လုပ်ငန်းဆက်လက်လုပ်ဆောင်ရန် ယုံကြည်ချက်ရှိ နေကြပြီး ၎င်းတိုးတက်မှုမှာ ၂ဝ၂၁ ခုနှစ် နှစ်လယ်မှစတင်ကာ ပြန်လည်တိုးတက်လာခြင်းဖြစ်ကြောင်းလည်း ဖော်ပြ ထားသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းများ၏ ၁၁ ရာခိုင်နှုန်းမှာ လာမည့်(၃)လအတွင်း ယခင်နှစ်အလားတူ ကာလထက် ရောင်းအားတိုး တက်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ ၁၈ ရာခိုင်နှုန်းသော စီးပွားလုပ်ငန်းများမှာ နောက်ထပ်(၆)လအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မတိုင်ခင်က ရှိခဲ့သော စီးပွားရေးအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်ဟုလည်း ဗဟိုဘဏ်က ခန့်မှန်းထား သည်။

ထို့ပြင် လျှပ်စစ်မီးပြဿနာ၊ ဝယ်လိုအားနည်းပါးခြင်း၊ ပဋိပက္ခများ မြင့်တက်နေခြင်း၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ် ခြင်းများက နောက်ထပ် သုံးလအတွင်း တွေ့ကြုံလာရမည့် စိန်ခေါ်မှုများဖြစ်သည်ဟု စစ်တမ်းတွင် ဖော်ပြထား သည်။

လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း အမြင့်ဆုံးမြင့်တက်ခဲ့သည့် ဒေါ်လာဈေးမှာ ယခုရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၃ဝဝဝ ကျပ်နှုန်းဝန်းကျင်ဖြင့် တည်ငြိမ်နေသကဲ့သို့ ရွှေဈေးမှာလည်း ဈေးကွက်လှုပ်ခါမှုနှင့် ဈေးကစားမှုများကြောင့် အမြင့် ဆုံးဈေး ရွှေတစ်ကျပ်သားလျှင် ၃၆ သိန်းအထိ တက်ခဲ့ပြီး ယခုအခါ ၂၈ သိန်း ဝန်းကျင်တွင် တည်ငြိမ်လျက်ရှိသည်ကို တွေ့နေရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ၇ ရာခိုင်နှုန်းသော လုပ်ငန်းများကသာ ၂ဝ၂၂ ခုနှစ်အတွင်း ရင်းနှီး မြှပ်နှံမှုနှင့် လုပ်ငန်းချဲ့ထွင်ရန် အစီအစဉ်ရှိကြသည်ဟုလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

ယခုဘဏ္ဍာနှစ် (၆)လတာကာလအတွင်း မြန်မာနိုင်ငံ၏ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ကျော်အထိ ရှိလာပြီဖြစ်ကာ ကုန်သွယ်မှုပိုငွေများလည်း ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များက ဆိုသည်။

Zawgyi Version;
ျမန္မာႏိုင္ငံ၏ စီးပြားေရးလုပ္ငန္းမ်ားမွာ အဆိုး႐ြားဆုံးအေနအထားမွ ေက်ာ္လြန္လာခဲ့ၿပီဟု ကမာၻ႔ဘဏ္ ဆို
ထြန္း အမ္တီ (NP News) - စက္တင္ဘာ ၂၃
ျမန္မာႏိုင္ငံ၏ စီးပြားေရးလုပ္ငန္းမ်ားမွာ အဆိုး႐ြားဆုံးအေနအထားမွ ေက်ာ္လြန္လာခဲ့ၿပီျဖစ္ေၾကာင္း ကမာၻ႔ဘဏ္မွ ထုတ္ျပန္ေသာ ျမန္မာႏိုင္ငံရွိ စီးပြားေရးလုပ္ငန္းမ်ားစစ္တမ္းအမွတ္(၁၂)တြင္ ေဖာ္ျပထားသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၏ စီးပြားေရးလုပ္ငန္းမ်ားမွာ အဆိုး႐ြားဆုံးအေနအထားမွ ေက်ာ္လြန္လာခဲ့ေသာ္လည္း ကာလရွည္ ေမွ်ာ္မွန္းခ်က္မ်ားအတြက္ စိန္ေခၚမႈမ်ားရွိေနေသးေၾကာင္း ကမာၻ႔ဘဏ္က ဆိုသည္။

အဆိုပါစစ္တမ္းမွာ ၂ဝ၂၂ ခုႏွစ္ ေမလမွ ဇြန္လအတြင္း ျမန္မာႏိုင္ငံ၏လုပ္ငန္း ၅ဝဝ ကို စစ္တမ္းေကာက္ယူခဲ့ ျခင္းျဖစ္ကာ ရရွိခဲ့ေသာ အခ်က္အလက္မ်ားျဖစ္ေၾကာင္း ကမာၻ႔ဘဏ္က ဆိုထားသည္။

စစ္တမ္းအရ ျမန္မာႏိုင္ငံရွိ ၇၅ ရာခိုင္ႏႈန္းေသာလုပ္ငန္းမ်ားမွ လုပ္ငန္းဆက္လက္လုပ္ေဆာင္ရန္ ယုံၾကည္ခ်က္ရွိ ေနၾကၿပီး ၎တိုးတက္မႈမွာ ၂ဝ၂၁ ခုႏွစ္ ႏွစ္လယ္မွစတင္ကာ ျပန္လည္တိုးတက္လာျခင္းျဖစ္ေၾကာင္းလည္း ေဖာ္ျပ ထားသည္။

ထို႔ျပင္ စီးပြားေရးလုပ္ငန္းမ်ား၏ ၁၁ ရာခိုင္ႏႈန္းမွာ လာမည့္(၃)လအတြင္း ယခင္ႏွစ္အလားတူ ကာလထက္ ေရာင္းအားတိုး တက္လာမည္ဟု ကမာၻ႔ဘဏ္က ခန႔္မွန္းထားသည္။

ျမန္မာႏိုင္ငံ၏ ၁၈ ရာခိုင္ႏႈန္းေသာ စီးပြားလုပ္ငန္းမ်ားမွာ ေနာက္ထပ္(၆)လအတြင္း ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ မတိုင္ခင္က ရွိခဲ့ေသာ စီးပြားေရးအေျခအေနသို႔ ျပန္လည္ေရာက္ရွိႏိုင္မည္ဟုလည္း ဗဟိုဘဏ္က ခန႔္မွန္းထား သည္။

ထို႔ျပင္ လွ်ပ္စစ္မီးျပႆနာ၊ ဝယ္လိုအားနည္းပါးျခင္း၊ ပဋိပကၡမ်ား ျမင့္တက္ေနျခင္း၊ က်ပ္ေငြတန္ဖိုး မတည္ၿငိမ္ ျခင္းမ်ားက ေနာက္ထပ္ သုံးလအတြင္း ေတြ႕ႀကဳံလာရမည့္ စိန္ေခၚမႈမ်ားျဖစ္သည္ဟု စစ္တမ္းတြင္ ေဖာ္ျပထား သည္။

လြန္ခဲ့ေသာ ရက္သတၱပတ္မ်ားအတြင္း အျမင့္ဆုံးျမင့္တက္ခဲ့သည့္ ေဒၚလာေဈးမွာ ယခုရက္ပိုင္းအတြင္း တစ္ေဒၚလာလွ်င္ ၃ဝဝဝ က်ပ္ႏႈန္းဝန္းက်င္ျဖင့္ တည္ၿငိမ္ေနသကဲ့သို႔ ေ႐ႊေဈးမွာလည္း ေဈးကြက္လႈပ္ခါမႈႏွင့္ ေဈးကစားမႈမ်ားေၾကာင့္ အျမင့္ ဆုံးေဈး ေ႐ႊတစ္က်ပ္သားလွ်င္ ၃၆ သိန္းအထိ တက္ခဲ့ၿပီး ယခုအခါ ၂၈ သိန္း ဝန္းက်င္တြင္ တည္ၿငိမ္လ်က္ရွိသည္ကို ေတြ႕ေနရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံရွိ စီးပြားေရးလုပ္ငန္းမ်ား၏ ၇ ရာခိုင္ႏႈန္းေသာ လုပ္ငန္းမ်ားကသာ ၂ဝ၂၂ ခုႏွစ္အတြင္း ရင္းႏွီး ျမႇပ္ႏွံမႈႏွင့္ လုပ္ငန္းခ်ဲ႕ထြင္ရန္ အစီအစဥ္ရွိၾကသည္ဟုလည္း စစ္တမ္းတြင္ ေဖာ္ျပထားသည္။

ယခုဘ႑ာႏွစ္ (၆)လတာကာလအတြင္း ျမန္မာႏိုင္ငံ၏ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ ၁၅ ဘီလ်ံ ေက်ာ္အထိ ရွိလာၿပီျဖစ္ကာ ကုန္သြယ္မႈပိုေငြမ်ားလည္း ရရွိထားေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားက ဆိုသည္။

Picture

MgThetlin

24/09/2022 05:57

ဘာတွေနဲ့တိုင်းလဲတော့မသိဘူးပြည်သူတွေကတော့ကျပ်တည်းတုန်းပါပဲ

Related news

© 2021. All rights reserved.