ပခုက္ကူမြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်း (၅ဝ)ကျပ်သားခန့်နှင့်ငွေကျပ် သိန်း(၃ဝ)ခန့် သေနတ်ပြခြိမ်းခြောက် လုယက်ခံရ

 607

NP News - စက်တင်ဘာ ၂၅

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့မဈေးအနောက်ဘက်တန်ဆောင်းတန်းလမ်းရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်း (၅ဝ)ကျပ်သားခန့်နှင့် ငွေကျပ်သိန်း(၃ဝ)ခန့်အား အကြမ်းဖက်သ မား(၄)ဦးက သေနတ်ပြခြိမ်းခြောက်၍ လုယက်ခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၃ရက် ညနေ ၃နာရီခွဲအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁)ရပ် ကွက်၊ မြို့မဈေးအနောက်ဘက်တန်ဆောင်းတန်းလမ်းရှိ “ဦးသိန်းမောင်+ဒေါ်ရင်မေ သားသမီးများ”ရတနာရွှေဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း နစကမှဆိုသည်။

အဆိုပါရတနာရွှေဆိုင်တွင် ဒေါ်ရင်မေ၏တူဖြစ်သူ ဦးအောင်နိုင်ဦး(၄၇)နှစ်အပါအဝင် ဝန်ထမ်း(၆)ဦးသည် ရွှေထည်ပစ္စည်းများအား ရောင်းချနေချိန်တွင် ဆိုင်အရှေ့သို့ MASK ကိုယ်စီတပ်ထားသည့် အကြမ်းဖက်သမား (၄)ဦးက ဆိုင်ကယ်များဖြင့်ရောက်ရှိလာကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ဆိုင်အတွင်းဝင်ရောက်ပြီး သေနတ်ကိုင်ထားသည့် အကြမ်းဖက်သမား(၃)ဦး က ဦးအောင်ကိုဦးနှင့် ဆိုင်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ဆိုင်အတွင်းထိုင်ခိုင်းထားပြီး ကျန်တစ်ဦးမှ ဆိုင်အတွင်းရှိ ရောင်းချရန်ပြသထားသည့် ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် (၅ဝ)ကျပ်သားခန့် နှင့် ငွေသိမ်းကောင်တာအတွင်း သိမ်းဆည်းထားသည့် ငွေကျပ်သိန်း(၃ဝ)ခန့်တို့အား လုယက်ယူဆောင်ပြီး အမှတ်(၉)ရပ်ကွက်ဘက်သို့ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။

အထက်ပါဖြစ်စဉ်မှ လုယက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှထုတ်ပြန်ထားသည်။

zawgyi version
ပခုကၠဴၿမိဳ႕ရွိ ေ႐ႊဆိုင္တစ္ဆိုင္မွ ေ႐ႊထည္ပစၥည္း (၅ဝ)က်ပ္သားခန႔္ႏွင့္ေငြက်ပ္ သိန္း(၃ဝ)ခန႔္ ေသနတ္ျပၿခိမ္း ေျခာက္ လုယက္ခံရ
NP News - စက္တင္ဘာ ၂၅

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕၊ ၿမိဳ႕မေဈးအေနာက္ဘက္တန္ေဆာင္းတန္းလမ္းရွိ ေ႐ႊဆိုင္တစ္ဆိုင္မွ ေ႐ႊထည္ပစၥည္း (၅ဝ)က်ပ္သားခန႔္ႏွင့္ ေငြက်ပ္သိန္း(၃ဝ)ခန႔္အား အၾကမ္းဖက္သ မား(၄)ဦးက ေသနတ္ျပၿခိမ္းေျခာက္၍ လုယက္ခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၂၃ရက္ ညေန ၃နာရီခြဲအခ်ိန္တြင္ ပခုကၠဴၿမိဳ႕၊ အမွတ္(၁)ရပ္ ကြက္၊ ၿမိဳ႕မေဈးအေနာက္ဘက္တန္ေဆာင္းတန္းလမ္းရွိ “ဦးသိန္းေမာင္+ေဒၚရင္ေမ သားသမီးမ်ား”ရတနာေ႐ႊဆိုင္တြင္ ျဖစ္ပြားခဲ့ေၾကာင္း နစကမွဆိုသည္။

အဆိုပါရတနာေ႐ႊဆိုင္တြင္ ေဒၚရင္ေမ၏တူျဖစ္သူ ဦးေအာင္ႏိုင္ဦး(၄၇)ႏွစ္အပါအဝင္ ဝန္ထမ္း(၆)ဦးသည္ ေ႐ႊထည္ပစၥည္းမ်ားအား ေရာင္းခ်ေနခ်ိန္တြင္ ဆိုင္အေရွ႕သို႔ MASK ကိုယ္စီတပ္ထားသည့္ အၾကမ္းဖက္သမား (၄)ဦးက ဆိုင္ကယ္မ်ားျဖင့္ေရာက္ရွိလာေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေနာက္ ဆိုင္အတြင္းဝင္ေရာက္ၿပီး ေသနတ္ကိုင္ထားသည့္ အၾကမ္းဖက္သမား(၃)ဦး က ဦးေအာင္ကိုဦးႏွင့္ ဆိုင္ဝန္ထမ္းမ်ားအား ေသနတ္ျဖင့္ ၿခိမ္းေျခာက္၍ ဆိုင္အတြင္းထိုင္ခိုင္းထားၿပီး က်န္တစ္ဦးမွ ဆိုင္အတြင္းရွိ ေရာင္းခ်ရန္ျပသထားသည့္ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ အေလးခ်ိန္ (၅ဝ)က်ပ္သားခန႔္ ႏွင့္ ေငြသိမ္းေကာင္တာအတြင္း သိမ္းဆည္းထားသည့္ ေငြက်ပ္သိန္း(၃ဝ)ခန႔္တို႔အား လုယက္ယူေဆာင္ၿပီး အမွတ္(၉)ရပ္ကြက္ဘက္သို႔ ေမာင္းႏွင္ထြက္ေျပးခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

အထက္ပါျဖစ္စဥ္မွ လုယက္မႈက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.