ဟာသလူရွှင်တော်ငြိမ်းချမ်း ကျန်းမာရေးကောင်းမွန်လျက်ရှိ၊ ကွယ်လွန်သည့်သတင်းက သတင်းအမှားသာဖြစ်

 864

အိဖြူ (NP News) - စက်တင်ဘာ ၂၄

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော်ငြိမ်းချမ်း ရုတ်တရက် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သတင်းများသည် သတင်းအမှားသာဖြစ်ကြောင်း ၄င်းကိုယ်တိုင်က NP News ကို အတည်ပြုသည်။

လူရွှင်တော်ငြိမ်းချမ်း ကွယ်လွန်သွားကြောင်း သတင်းများထွက်ပေါ်လာသဖြင့် NP News မှ ဦးငြိမ်းချမ်းထံသို့ ဆက်သွယ်မေးမြန်းရာတွင် ၄င်းအနေဖြင့် ကျန်းမာရေးကောင်းမွန်စွာဖြင့် နေအိမ်တွင် နေထိုင်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ဖေ့ဘွတ်ပေ့ချ်တစ်ခုမှ စတင်၍ နိုင်ငံကျော်ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော်ငြိမ်းချမ်း နှလုံးရောဂါဖြင့် ကွယ်လွန်‌သွား‌ကြောင်း သတင်းများ စတင်ဖော် ပြခဲ့ရာမှ လူမှုကွန်ရက်တခွင်တွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။

အဆိုပါပေ့ချ်၏သတင်းဖော်ပြမှုအရ လူရွှင်တော်ငြိမ်းချမ်းသည် စက်တင်ဘာ ၂၆ ရက်‌တွင် မြန်မာ့အသံ၌ ပွဲကရာတွင် ဝတ်ဆင်ရန်အတွက် ချုပ်ထားသည့် အထည်ကို လာရွေးချိန် ရုတ်တရက်မေ့လဲကျသွားသဖြင့် ဆေးရုံသို့ ပို့ပေးခဲ့ရခြင်းဖြစ်ကြောင်း သံယောဇဥ်အပ်ချုပ်ဆိုင် ဟု အမည်ရှိ စက်ချုပ်ဆိုင်မှပြောကြောင်း ဖော်ပြခဲ့သည်ကို တွေ့ရသည်။

သို့သော် အဆိုပါရေးသားဖော်ပြမှုများနှင့်ပတ်သက်၍ NP News မှာ ကာယံကံရှင် ဦးငြိမ်းချမ်းထံသို့ ဆက်သွယ်မေးမြန်းရာ “စက်တင်ဘာလ ၂၆ ရက်နေ့ မြန်မာ့အသံပွဲရှိတယ်ဆိုတာကလည်း မဟုတ်ပါဘူး။ သံယောဇဥ် အပ်ချုပ်ဆိုင်ဆိုတာကလည်း ဘယ်ဆိုင်မှန်းတောင် မသိသလို အပ်ချုပ်ဆိုင်က ကိုဇော်လင်းမောင် ဆိုတာကလည်း ဘယ်သူလဲဆိုတာကိုတောင် မသိကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဟာသလူရွှင်တော် ဒိန်းဒေါင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း ဆိုရှယ်ပလက်ဖောင်းတစ်ခုဖြစ်သည့် Tik Tok ဗီဒီယိုဖိုင်မှ စတင်၍ သတင်းများပျံ့နှံ့ခဲ့ဖူးသည်။

ဟာသလူရွှင်တော် ရုပ်ရှင်သရုပ်ဆောင် ဒိန်းဒေါင်း အပါအဝင် လူရွှင်တော် ငြိမ်းချမ်း၊ လူရွှင်တော် အုန်းသီး စသည့် လူရွှင်တော်များသည် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အာဏာသိမ်းမှုအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ပွဲများတွင် လူရွှင်တော်အဖွဲ့အစည်းအနေဖြင့် ပါဝင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးအရှုပ်အထွေး ပြဿနာကြားမှ ရှောင်ဖယ်ကာ ၄င်းတို့တတ်ကျွမ်းသော အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင်ရင်း သက်ကြီးလူရွှင်တော်များနှင့် မရှိဆင်းရဲသားများအတွက် ထောက်ပံ့ကူညီ၊ လှူဒါန်းမှုများကိုသာ ဆက်လက် လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။

သို့သော် လက်ရှိတွင် ဒိန်းဒေါင်းတို့ဦးဆောင်နေသည့် လူရွှင်တော်အဖွဲ့အစည်းကို စစ်တပ်အားပေးထောက်ခံသူများ အဖြစ် စွပ်စွဲကာ ပြစ်တင် ဝေဖန်ပြောဆိုမှုများ ရှိနေပြီး၊ အသတ်အန္တရာယ်ခြိမ်းခြောက်မှုများထိပါ ရှိနေကြောင်း သိရသည်။

Zawgyi Version;
ဟာသလူ႐ႊင္ေတာ္ၿငိမ္းခ်မ္း က်န္းမာေရးေကာင္းမြန္လ်က္ရွိ၊ ကြယ္လြန္သည့္သတင္းက သတင္းအမွားသာျဖစ္
အိျဖဴ (NP News) - စက္တင္ဘာ ၂၄

႐ုပ္ရွင္ႏွင့္ ဗီဒီယိုသ႐ုပ္ေဆာင္ ဟာသလူ႐ႊင္ေတာ္ၿငိမ္းခ်မ္း ႐ုတ္တရက္ ႏွလုံးေရာဂါျဖင့္ ကြယ္လြန္သြားေၾကာင္း သတင္းမ်ားသည္ သတင္းအမွားသာျဖစ္ေၾကာင္း ၄င္းကိုယ္တိုင္က NP News ကို အတည္ျပဳသည္။

လူ႐ႊင္ေတာ္ၿငိမ္းခ်မ္း ကြယ္လြန္သြားေၾကာင္း သတင္းမ်ားထြက္ေပၚလာသျဖင့္ NP News မွ ဦးၿငိမ္းခ်မ္းထံသို႔ ဆက္သြယ္ေမးျမန္းရာတြင္ ၄င္းအေနျဖင့္ က်န္းမာေရးေကာင္းမြန္စြာျဖင့္ ေနအိမ္တြင္ ေနထိုင္လ်က္ရွိေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။

ယေန႔ စက္တင္ဘာလ ၂၄ ရက္ နံနက္ပိုင္းက ေဖ့ဘြတ္ေပ့ခ်္တစ္ခုမွ စတင္၍ ႏိုင္ငံေက်ာ္႐ုပ္ရွင္ႏွင့္ ဗီဒီယိုသ႐ုပ္ေဆာင္ ဟာသလူ႐ႊင္ေတာ္ၿငိမ္းခ်မ္း ႏွလုံးေရာဂါျဖင့္ ကြယ္လြန္‌သြား‌ေၾကာင္း သတင္းမ်ား စတင္ေဖာ္ ျပခဲ့ရာမွ လူမႈကြန္ရက္တခြင္တြင္ ပ်ံ႕ႏွံ႔လာခဲ့ျခင္းျဖစ္သည္။

အဆိုပါေပ့ခ်္၏သတင္းေဖာ္ျပမႈအရ လူ႐ႊင္ေတာ္ၿငိမ္းခ်မ္းသည္ စက္တင္ဘာ ၂၆ ရက္‌တြင္ ျမန္မာ့အသံ၌ ပြဲကရာတြင္ ဝတ္ဆင္ရန္အတြက္ ခ်ဳပ္ထားသည့္ အထည္ကို လာေ႐ြးခ်ိန္ ႐ုတ္တရက္ေမ့လဲက်သြားသျဖင့္ ေဆး႐ုံသို႔ ပို႔ေပးခဲ့ရျခင္းျဖစ္ေၾကာင္း သံေယာဇဥ္အပ္ခ်ဳပ္ဆိုင္ ဟု အမည္ရွိ စက္ခ်ဳပ္ဆိုင္မွေျပာေၾကာင္း ေဖာ္ျပခဲ့သည္ကို ေတြ႕ရသည္။

သို႔ေသာ္ အဆိုပါေရးသားေဖာ္ျပမႈမ်ားႏွင့္ပတ္သက္၍ NP News မွာ ကာယံကံရွင္ ဦးၿငိမ္းခ်မ္းထံသို႔ ဆက္သြယ္ေမးျမန္းရာ “စက္တင္ဘာလ ၂၆ ရက္ေန႔ ျမန္မာ့အသံပြဲရွိတယ္ဆိုတာကလည္း မဟုတ္ပါဘူး။ သံေယာဇဥ္ အပ္ခ်ဳပ္ဆိုင္ဆိုတာကလည္း ဘယ္ဆိုင္မွန္းေတာင္ မသိသလို အပ္ခ်ဳပ္ဆိုင္က ကိုေဇာ္လင္းေမာင္ ဆိုတာကလည္း ဘယ္သူလဲဆိုတာကိုေတာင္ မသိေၾကာင္း” ျပန္လည္ေျဖၾကားခဲ့ပါသည္။

လြန္ခဲ့သည့္ ရက္ပိုင္းအတြင္းကလည္း ဟာသလူ႐ႊင္ေတာ္ ဒိန္းေဒါင္ လုပ္ႀကံသတ္ျဖတ္ခံလိုက္ရေၾကာင္း ဆိုရွယ္ပလက္ေဖာင္းတစ္ခုျဖစ္သည့္ Tik Tok ဗီဒီယိုဖိုင္မွ စတင္၍ သတင္းမ်ားပ်ံ႕ႏွံ႔ခဲ့ဖူးသည္။

ဟာသလူ႐ႊင္ေတာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ဒိန္းေဒါင္း အပါအဝင္ လူ႐ႊင္ေတာ္ ၿငိမ္းခ်မ္း၊ လူ႐ႊင္ေတာ္ အုန္းသီး စသည့္ လူ႐ႊင္ေတာ္မ်ားသည္ စစ္တပ္အာဏာသိမ္းမႈေနာက္ပိုင္းတြင္ အာဏာသိမ္းမႈအား ဆန႔္က်င္ေၾကာင္း ဆႏၵထုတ္ေဖာ္ ပြဲမ်ားတြင္ လူ႐ႊင္ေတာ္အဖြဲ႕အစည္းအေနျဖင့္ ပါဝင္ခဲ့ၾကေသာ္လည္း ေနာက္ပိုင္းတြင္ ႏိုင္ငံေရးအရႈပ္အေထြး ျပႆနာၾကားမွ ေရွာင္ဖယ္ကာ ၄င္းတို႔တတ္ကြၽမ္းေသာ အႏုပညာအလုပ္မ်ားကို ဆက္လက္လုပ္ကိုင္ရင္း သက္ႀကီးလူ႐ႊင္ေတာ္မ်ားႏွင့္ မရွိဆင္းရဲသားမ်ားအတြက္ ေထာက္ပံ့ကူညီ၊ လႉဒါန္းမႈမ်ားကိုသာ ဆက္လက္ လုပ္ကိုင္ေနၾကသည္ကို ေတြ႕ရသည္။

သို႔ေသာ္ လက္ရွိတြင္ ဒိန္းေဒါင္းတို႔ဦးေဆာင္ေနသည့္ လူ႐ႊင္ေတာ္အဖြဲ႕အစည္းကို စစ္တပ္အားေပးေထာက္ခံသူမ်ား အျဖစ္ စြပ္စြဲကာ ျပစ္တင္ ေဝဖန္ေျပာဆိုမႈမ်ား ရွိေနၿပီး၊ အသတ္အႏၲရာယ္ၿခိမ္းေျခာက္မႈမ်ားထိပါ ရွိေနေၾကာင္း သိရသည္။

Picture

Ye Htun

25/09/2022 22:32

လူတွေ...လူတွေ..

Picture

Ko Moe

25/09/2022 22:42

ဇယ်လန်စကီးနဲ့ များ မှား 🤭🤭

Related news

© 2021. All rights reserved.