Moving 2 ဒရာမာဟာ ဇာတ်ညွှန်း စတင်ပြင်ဆင်နေပြီလို့ မင်းသား လီဂျောင်ဟာ ပြော

215

ရောင်နီ (NP News) - ဇွန် ၁၂
တောင်ကိုရီးယား မင်းသား လီဂျောင်ဟာ က သူပါဝင်တဲ့ နာမည်ကျော် စီးရီးတစ်ခုဖြစ်တဲ့ "Moving" ဟာ Season 2 အတွက် ဇာတ်ညွှန်းစတင် ပြင်ဆင်နေပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က ထွက်ရှိတဲ့ "Light Shop" ဒရာမာမှာလည်း Moving ထဲက သရုပ်ဆောင်မင်းသမီး ဂိုယောင်းဂျောင် က ဇာတ်ကားနောက်ဆုံးပိုင်းမှာ Moving ဇာတ်ကောင်အနေနဲ့ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် Moving နဲ့ Light Shop ဟာ Universe တစ်ခုအဖြစ် အတည်ပြုနိုင်ခဲ့ပြီး Moving 2 အတွက် အခြား ထင်ကြေးတွေလည်း ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်နေခဲ့တာပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဇွန်လ ၁၁ ရက်က၊ ဆိုးလ်မြို့ ယိုအီဒို ရှိ Wavve ရုံးချုပ်မှာ SPOTV News က မင်းသား လီဂျောင်ဟာ ကို မေးမြန်းခဲ့ပါတယ်။ မင်းသား လီဂျောင်ဟာ ကတော့ “အဲဒီအပိုင်းမှာ မင်းသမီး ဂိုယောင်းဂျောင်နဲ့အတူ ကျွန်တော် ဘာလို့မပါဝင်ခဲ့တာလဲဆိုတာ ဇာတ်ညွှန်းဆရာကို မေးလိုက်တော့ သူက "ဘွန်ဆော့ခ်(လီဂျောင်ဟာရဲ့ ကာရိုက်တာ) က ကမ္ဘာကြီးကို ကယ်တင်ဖို့ အရမ်းအလုပ်ရှုပ်နေလို့ မသွားနိုင်တာပါ" "ဘွန်ဆော့ဇာတ်ကောင်က Season 2 မှာ ပို အရေးပါလာမယ်" လို့ ပြောခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။ လက်ရှိတော့ Moving 2 အတွက် ဇာတ်ညွှန်းရေးနေတုန်း အဆင့်သာ ရှိသေးပြီး ရိုက်ကူးမှုတွေ မလုပ်ဆောင်ရသေးပါဘူး။
Moving ဟာ ၂၀၂၃ ခုနှစ်က ထွက်ရှိတဲ့ တောင်ကိုရီးယား သဘာဝလွန် ဒရာမာဇာတ်ကားဖြစ်ပြီး Baeksang Art Awards မှာ Grand Prize, Best Screenplay, Best New Actor, Best New Actress ဆုတွေ ဆွတ်ခူးရရှိထားပါတယ်။

Zawgyi Version:
Moving 2 ဒရာမာဟာ ဇာတ္ၫႊန္း စတင္ျပင္ဆင္ေနၿပီလို႔ မင္းသား လီေဂ်ာင္ဟာ ေျပာ
ေရာင္နီ (NP News) - ဇြန္ ၁၂
ေတာင္ကိုရီးယား မင္းသား လီေဂ်ာင္ဟာ က သူပါဝင္တဲ့ နာမည္ေက်ာ္ စီးရီးတစ္ခုျဖစ္တဲ့ "Moving" ဟာ Season 2 အတြက္ ဇာတ္ၫႊန္းစတင္ ျပင္ဆင္ေနၿပီလို႔ ဆိုပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က ထြက္ရွိတဲ့ "Light Shop" ဒရာမာမွာလည္း Moving ထဲက သ႐ုပ္ေဆာင္မင္းသမီး ဂိုေယာင္းေဂ်ာင္ က ဇာတ္ကားေနာက္ဆုံးပိုင္းမွာ Moving ဇာတ္ေကာင္အေနနဲ႔ ဧည့္သည္အျဖစ္ ပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္ Moving နဲ႔ Light Shop ဟာ Universe တစ္ခုအျဖစ္ အတည္ျပဳႏိုင္ခဲ့ၿပီး Moving 2 အတြက္ အျခား ထင္ေၾကးေတြလည္း ဆိုရွယ္မီဒီယာမွာ ထြက္ေပၚေနခဲ့တာပါ။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ဇြန္လ ၁၁ ရက္က၊ ဆိုးလ္ၿမိဳ႕ ယိုအီဒို ရွိ Wavve ႐ုံးခ်ဳပ္မွာ SPOTV News က မင္းသား လီေဂ်ာင္ဟာ ကို ေမးျမန္းခဲ့ပါတယ္။ မင္းသား လီေဂ်ာင္ဟာ ကေတာ့ “အဲဒီအပိုင္းမွာ မင္းသမီး ဂိုေယာင္းေဂ်ာင္နဲ႔အတူ ကြၽန္ေတာ္ ဘာလို႔မပါဝင္ခဲ့တာလဲဆိုတာ ဇာတ္ၫႊန္းဆရာကို ေမးလိုက္ေတာ့ သူက "ဘြန္ေဆာ့ခ္(လီေဂ်ာင္ဟာရဲ႕ ကာ႐ိုက္တာ) က ကမာၻႀကီးကို ကယ္တင္ဖို႔ အရမ္းအလုပ္ရႈပ္ေနလို႔ မသြားႏိုင္တာပါ" "ဘြန္ေဆာ့ဇာတ္ေကာင္က Season 2 မွာ ပို အေရးပါလာမယ္" လို႔ ေျပာခဲ့တယ္လို႔ ေျဖၾကားခဲ့ပါတယ္။ လက္ရွိေတာ့ Moving 2 အတြက္ ဇာတ္ၫႊန္းေရးေနတုန္း အဆင့္သာ ရွိေသးၿပီး ႐ိုက္ကူးမႈေတြ မလုပ္ေဆာင္ရေသးပါဘူး။
Moving ဟာ ၂၀၂၃ ခုႏွစ္က ထြက္ရွိတဲ့ ေတာင္ကိုရီးယား သဘာဝလြန္ ဒရာမာဇာတ္ကားျဖစ္ၿပီး Baeksang Art Awards မွာ Grand Prize, Best Screenplay, Best New Actor, Best New Actress ဆုေတြ ဆြတ္ခူးရရွိထားပါတယ္။