လျှပ်စစ်ကား တင်သွင်းခွင့်ပြုခြင်းဆိုင်ရာ ကြေညာချက် ရှေ့လ၌ထွက်လာရန်ရှိနေဟု ဆို

3092

အေဝိုင်အီး (NP News) - စက်တင်ဘာ ၂၆
အခွန်သက်သာခွင့်များစွာပါဝင်သော လျှပ်စစ်ကားများ တင်သွင်းခွင့်နှင့်ပတ်သက်၍ လာမည့်အောက်တိုဘာလမှစတင်ကာ ရေရာခိုင်မာသည့် အသိပေးကြေညာချက်တစ်စုံတရာထွက်လာရန် ရှိနေကြောင်း ကားလောကအသိုင်းအဝိုင်းထံမှ ကြားသိရသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စိတ်ကူးဆန္ဒတစ်ခုဖြစ်သော လျှပ်စစ်ကားမူဝါဒကို ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သောကော်မတီက အစည်းအဝေးများစွာ ကျင်းပပြီးနောက် အောက်တိုဘာလမှစ၍ တင်သွင်းဆိုင်ရာကြေညာချက်ကို ချမှတ်သွားရန် စီစဉ်နေခြင်းမျိုးဖြစ်ကြောင်းလည်း သိရသည်။ " အောက်တိုဘာထဲမှာ ချပေးမယ်လို့တော့ ကြားနေရတယ်။ တင်သွင်းလို့ ရပြီဆိုတဲ့ ကြေညာချက်လား၊ တင်သွင်းမယ်ဆိုရင် ဘယ်လိုအမျိုးအစားပုံစံကို တင်သွင်းရမယ်ဆိုတဲ့ မူဝါဒလားဆိုတာတော့ မရှင်းလင်းဘူး။ ဒါပေမဲ့ အောက်တိုဘာလို့တော့ ကြားနေရပါတယ် " ဟု ကားအရောင်းပြခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။ အောက်တိုဘာတွင် ထွက်လာမည့် ကြေညာချက်၌ စတင်တင်သွင်းခွင့် ပြုသည်ဟု ဆိုလျှင်ပင် အစောဆုံးရောက်လာနိုင်ခြေရှိသော လျှပ်စစ်ကားများမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှသာ ဖြစ်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်ထားသည်။ သို့သော်လည်း အခြားတစ်ဖက်တွင်မူ သက်ဆိုင်ရာဌာနကိုပိုင်နိုင်သူများ၊ မူဝါဒရေးရာသတင်းကြိုရရှိနိုင်သူများက အောက်တိုဘာမတိုင်မီကတည်းကပင် လျှပ်စစ်ကားများ ကြိုတင်မှာယူမှုရှိနိုင်ကြောင်းလည်း ဆိုသည်။ " တင်သွင်းခွင့်ပြုသည်လို့ အောက်တိုဘာမှာ ကြေညာချက်ထွက်ရင်တောင် မှာယူချိန်၊ သင်္ဘောတင်ချိန်၊ သင်္ဘောခုတ်မောင်းချိန်နဲ့ ဆိပ်ကမ်းအဝင် အပါအဝင် ဈေးကွက်ထဲကို အစောဆုံးရောက်ဖို့က ဇန်နဝါရီ၊ ဖေဖော်ဝါရီပဲ။ သတင်းကြိုပေါက်ထားသူရှိရင်တော့ ကြေညာချက်နဲ့ မရှေးမနှောင်းမှာ ဈေးကွက်ထဲမှာ ရောင်းချပြီလို့ ကြေညာနိုင်မှာပေ့ါဗျာ " ဟု ပြခန်းတာဝန်ရှိသူက ပြောသည်။ ကားအရောင်းစင်တာများဘက်တွင်မူ လျှပ်စစ်ကားများတင်သွင်းခွင့်နှင့်အတူ အခွန်နှုန်းထားသက်သာမှုဆိုင်ရာသတင်းများကြောင့် တင်သွင်းသင့်/မသင့်ကို တွက်ဆနေကြသူများ ရှိလာကြောင်း ကြားသိရသည်။ " အခွန်သက်သာခွင့်တွေ အများကြီးရှိတယ်လို့ ကြားတယ်။ အခွန်သက်သာခွင့်ကိုမက်ပြီး ရမ်းသမ်းတင်သွင်းရင်တော့ Used ကားတွေပဲ ရောက်လာနိုင်တယ်။ ဒီ နှစ်လ၊ သုံးလနဲ့ ရောက်လာခဲ့တယ်ဆိုရင်ပေ့ါဗျာ။ ဟိုဘက် အခြားနိုင်ငံတွေမှာ သုံးပြီးသား ကားတွေရောက်လာတာမျိုးပေ့ါ " ဟု ကားအရောင်းစင်တာမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။ အထူးသဖြင့် နိုင်ငံတကာဈေးကွက်အတွင်း၌ လျှပ်စစ်ကား(EV)အသစ်များ ပြတ်လပ်မှုဖြစ်ပေါ်နေသဖြင့် မြန်မာဘက်မှ တိုက်ရိုက်မှာယူရန်ခက်ခဲမည်ဖြစ်သကဲ့သို့ အချိန် သုံးလေးလအတွင်း လွယ်လင့်တကူရောက်လာနိုင်စရာမရှိသေးကြောင်း ဆိုသည်။
နိုင်ငံတကာလျှပ်စစ်ကားဈေးကွက်အတွင်းမှာပင်လျှင် အသုံးပြုပြီးသား၊ အသုံးပြုနေဆဲ လျှပ်စစ်ကားများသာ ရှိထားပြီး အဆိုပါကားများကို မြန်မာဈေးကွက်အတွင်းသို့ အမှိုက်ပစ်သကဲ့သို့ ပစ်လိုက်ပါက မြန်မာပြည်ရောက်လျှပ်စစ်ကားများမှာ သုံးလေးနှစ်အတွင်း ဘက္ထရီသုံးမရသည့်အနေအထားမျိုးနှင့် မဖြစ်မနေ ရင်ဆိုင်ရနိုင်ကြောင်းလည်း သိရသည်။ " လျှပ်စစ်ကားရဲ့အသက်က ဘက္ထရီပဲလေ။ တန်ကြေးရဲ့(၇၀)ရာခိုင်နှုန်းက ဘက္ထရီမှာရှိနေတာ။ ဘက္ထရီက ၇ နှစ်ပဲ ခံတယ်။ အဲဒါကို ဟိုဘက်မှာသုံးထားတာ နှစ်နှစ်လောက်ရှိပြီဆိုရင် ဒီဘက်ရောက်တာနဲ့ ငါးနှစ်လောက်ပဲခံတော့မှာ။ ပြီးရင် ဘက္ထရီတစ်လုံး အသစ်လဲလိုက်ရမှာ " ဟု အခြားသောကားအရောင်းပြခန်းတစ်ခုမှ သတင်းရင်းမြစ်တစ်ဦးကလည်း NP News ကို ပြောသည်။ နိုင်ငံတကာဈေးကွက်အတွင်း၌ အဆင့်မီသောလျှပ်စစ်ကားများမှာ အနိမ့်ဆုံးဒေါ်လာ ၁၈၀၀၀ အထက်တွင်ရှိနေပြီး မြန်မာဈေးကွက်အတွင်း၌ ဒေါ်လာ ၁၀၀၀၀ ခန့်ဖြင့်သာ ရရှိမည်ဟု ကုမ္ပဏီတစ်ခုခုက ကြေညာလာမည်ဆိုပါက သေချာစဉ်းစားသင့်သည့်ဈေးနှုန်းမျိုးဖြစ်နေကြောင်းလည်း သတိပေးသည်။ " ပြီးတော့မှ လျှပ်စစ်ကားတွေက မကောင်းပါဘူးကွာလို့ အသံထွက်လာဦးမယ် " ဟု ၎င်းက ဆက်လက်ပြောကြားသည်။ တင်သွင်းခွင့်ချပေးသည့် မူဝါဒတွင် အသုံးပြုပြီးသောကားများကို ထပ်ဆင့်တင်သွင်းရောင်းချသည့် အရောင်းစင်တာများနှင့် အသစ်စက်စက်ကားများကိုသာ တင်သွင်းရောင်းချသော ကားအရောင်းပြခန်းများအကြား စနစ်တကျအဆင့်သတ်မှတ်ခွဲခြားပေးခြင်းမရှိပါက လျှပ်စစ်ကားဈေးကွက် အောင်အောင်မြင်မြင်ဖြစ်မည်မဟုတ်သည့်အပြင် မူဝါဒချမှတ်သူများအတွက် နာမည်ပျက်စေနိုင်သောစီမံချက်မျိုးဖြစ်လာနိုင်ကြောင်းလည်း ထောက်ပြသည်။
လျှပ်စစ်ကားများနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေးနှင့် နိုင်ငံတကာကဲ့သို့ လျှပ်စစ်ကားအနာဂတ်ကို အမှီလိုက်နိုင်ရန် နစကခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်းပြသည့်ဆန္ဒဖြင့်မူဝါဒချမှတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
Zawgyi Version
လွ်ပ္စစ္ကား တင္သြင္းခြင့္ျပဳျခင္းဆိုင္ရာ ေၾကညာခ်က္ ေရွ႕လ၌ထြက္လာရန္ရွိေနဟု ဆို
ေအဝိုင္အီး (NP News) - စက္တင္ဘာ ၂၆
အခြန္သက္သာခြင့္မ်ားစြာပါဝင္ေသာ လွ်ပ္စစ္ကားမ်ား တင္သြင္းခြင့္ႏွင့္ပတ္သက္၍ လာမည့္ေအာက္တိုဘာလမွစတင္ကာ ေရရာခိုင္မာသည့္ အသိေပးေၾကညာခ်က္တစ္စုံတရာထြက္လာရန္ ရွိေနေၾကာင္း ကားေလာကအသိုင္းအဝိုင္းထံမွ ၾကားသိရသည္။
ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ စိတ္ကူးဆႏၵတစ္ခုျဖစ္ေသာ လွ်ပ္စစ္ကားမူဝါဒကို ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး ဦးေဆာင္ေသာေကာ္မတီက အစည္းအေဝးမ်ားစြာ က်င္းပၿပီးေနာက္ ေအာက္တိုဘာလမွစ၍ တင္သြင္းဆိုင္ရာေၾကညာခ်က္ကို ခ်မွတ္သြားရန္ စီစဥ္ေနျခင္းမ်ိဳးျဖစ္ေၾကာင္းလည္း သိရသည္။ " ေအာက္တိုဘာထဲမွာ ခ်ေပးမယ္လို႔ေတာ့ ၾကားေနရတယ္။ တင္သြင္းလို႔ ရၿပီဆိုတဲ့ ေၾကညာခ်က္လား၊ တင္သြင္းမယ္ဆိုရင္ ဘယ္လိုအမ်ိဳးအစားပုံစံကို တင္သြင္းရမယ္ဆိုတဲ့ မူဝါဒလားဆိုတာေတာ့ မရွင္းလင္းဘူး။ ဒါေပမဲ့ ေအာက္တိုဘာလို႔ေတာ့ ၾကားေနရပါတယ္ " ဟု ကားအေရာင္းျပခန္းတစ္ခုမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။ ေအာက္တိုဘာတြင္ ထြက္လာမည့္ ေၾကညာခ်က္၌ စတင္တင္သြင္းခြင့္ ျပဳသည္ဟု ဆိုလွ်င္ပင္ အေစာဆုံးေရာက္လာႏိုင္ေျခရွိေသာ လွ်ပ္စစ္ကားမ်ားမွာ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွသာ ျဖစ္ႏိုင္ေၾကာင္းလည္း ၎က သုံးသပ္ထားသည္။ သို႔ေသာ္လည္း အျခားတစ္ဖက္တြင္မူ သက္ဆိုင္ရာဌာနကိုပိုင္ႏိုင္သူမ်ား၊ မူဝါဒေရးရာသတင္းႀကိဳရရွိႏိုင္သူမ်ားက ေအာက္တိုဘာမတိုင္မီကတည္းကပင္ လွ်ပ္စစ္ကားမ်ား ႀကိဳတင္မွာယူမႈရွိႏိုင္ေၾကာင္းလည္း ဆိုသည္။ " တင္သြင္းခြင့္ျပဳသည္လို႔ ေအာက္တိုဘာမွာ ေၾကညာခ်က္ထြက္ရင္ေတာင္ မွာယူခ်ိန္၊ သေဘၤာတင္ခ်ိန္၊ သေဘၤာခုတ္ေမာင္းခ်ိန္နဲ႔ ဆိပ္ကမ္းအဝင္ အပါအဝင္ ေဈးကြက္ထဲကို အေစာဆုံးေရာက္ဖို႔က ဇန္နဝါရီ၊ ေဖေဖာ္ဝါရီပဲ။ သတင္းႀကိဳေပါက္ထားသူရွိရင္ေတာ့ ေၾကညာခ်က္နဲ႔ မေရွးမေႏွာင္းမွာ ေဈးကြက္ထဲမွာ ေရာင္းခ်ၿပီလို႔ ေၾကညာႏိုင္မွာေပ့ါဗ်ာ " ဟု ျပခန္းတာဝန္ရွိသူက ေျပာသည္။ ကားအေရာင္းစင္တာမ်ားဘက္တြင္မူ လွ်ပ္စစ္ကားမ်ားတင္သြင္းခြင့္ႏွင့္အတူ အခြန္ႏႈန္းထားသက္သာမႈဆိုင္ရာသတင္းမ်ားေၾကာင့္ တင္သြင္းသင့္/မသင့္ကို တြက္ဆေနၾကသူမ်ား ရွိလာေၾကာင္း ၾကားသိရသည္။ " အခြန္သက္သာခြင့္ေတြ အမ်ားႀကီးရွိတယ္လို႔ ၾကားတယ္။ အခြန္သက္သာခြင့္ကိုမက္ၿပီး ရမ္းသမ္းတင္သြင္းရင္ေတာ့ Used ကားေတြပဲ ေရာက္လာႏိုင္တယ္။ ဒီ ႏွစ္လ၊ သုံးလနဲ႔ ေရာက္လာခဲ့တယ္ဆိုရင္ေပ့ါဗ်ာ။ ဟိုဘက္ အျခားႏိုင္ငံေတြမွာ သုံးၿပီးသား ကားေတြေရာက္လာတာမ်ိဳးေပ့ါ " ဟု ကားအေရာင္းစင္တာမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။ အထူးသျဖင့္ ႏိုင္ငံတကာေဈးကြက္အတြင္း၌ လွ်ပ္စစ္ကား(EV)အသစ္မ်ား ျပတ္လပ္မႈျဖစ္ေပၚေနသျဖင့္ ျမန္မာဘက္မွ တိုက္႐ိုက္မွာယူရန္ခက္ခဲမည္ျဖစ္သကဲ့သို႔ အခ်ိန္ သုံးေလးလအတြင္း လြယ္လင့္တကူေရာက္လာႏိုင္စရာမရွိေသးေၾကာင္း ဆိုသည္။
ႏိုင္ငံတကာလွ်ပ္စစ္ကားေဈးကြက္အတြင္းမွာပင္လွ်င္ အသုံးျပဳၿပီးသား၊ အသုံးျပဳေနဆဲ လွ်ပ္စစ္ကားမ်ားသာ ရွိထားၿပီး အဆိုပါကားမ်ားကို ျမန္မာေဈးကြက္အတြင္းသို႔ အမႈိက္ပစ္သကဲ့သို႔ ပစ္လိုက္ပါက ျမန္မာျပည္ေရာက္လွ်ပ္စစ္ကားမ်ားမွာ သုံးေလးႏွစ္အတြင္း ဘကၳရီသုံးမရသည့္အေနအထားမ်ိဳးႏွင့္ မျဖစ္မေန ရင္ဆိုင္ရႏိုင္ေၾကာင္းလည္း သိရသည္။ " လွ်ပ္စစ္ကားရဲ႕အသက္က ဘကၳရီပဲေလ။ တန္ေၾကးရဲ႕(၇၀)ရာခိုင္ႏႈန္းက ဘကၳရီမွာရွိေနတာ။ ဘကၳရီက ၇ ႏွစ္ပဲ ခံတယ္။ အဲဒါကို ဟိုဘက္မွာသုံးထားတာ ႏွစ္ႏွစ္ေလာက္ရွိၿပီဆိုရင္ ဒီဘက္ေရာက္တာနဲ႔ ငါးႏွစ္ေလာက္ပဲခံေတာ့မွာ။ ၿပီးရင္ ဘကၳရီတစ္လုံး အသစ္လဲလိုက္ရမွာ " ဟု အျခားေသာကားအေရာင္းျပခန္းတစ္ခုမွ သတင္းရင္းျမစ္တစ္ဦးကလည္း NP News ကို ေျပာသည္။ ႏိုင္ငံတကာေဈးကြက္အတြင္း၌ အဆင့္မီေသာလွ်ပ္စစ္ကားမ်ားမွာ အနိမ့္ဆုံးေဒၚလာ ၁၈၀၀၀ အထက္တြင္ရွိေနၿပီး ျမန္မာေဈးကြက္အတြင္း၌ ေဒၚလာ ၁၀၀၀၀ ခန႔္ျဖင့္သာ ရရွိမည္ဟု ကုမၸဏီတစ္ခုခုက ေၾကညာလာမည္ဆိုပါက ေသခ်ာစဥ္းစားသင့္သည့္ေဈးႏႈန္းမ်ိဳးျဖစ္ေနေၾကာင္းလည္း သတိေပးသည္။ " ၿပီးေတာ့မွ လွ်ပ္စစ္ကားေတြက မေကာင္းပါဘူးကြာလို႔ အသံထြက္လာဦးမယ္ " ဟု ၎က ဆက္လက္ေျပာၾကားသည္။ တင္သြင္းခြင့္ခ်ေပးသည့္ မူဝါဒတြင္ အသုံးျပဳၿပီးေသာကားမ်ားကို ထပ္ဆင့္တင္သြင္းေရာင္းခ်သည့္ အေရာင္းစင္တာမ်ားႏွင့္ အသစ္စက္စက္ကားမ်ားကိုသာ တင္သြင္းေရာင္းခ်ေသာ ကားအေရာင္းျပခန္းမ်ားအၾကား စနစ္တက်အဆင့္သတ္မွတ္ခြဲျခားေပးျခင္းမရွိပါက လွ်ပ္စစ္ကားေဈးကြက္ ေအာင္ေအာင္ျမင္ျမင္ျဖစ္မည္မဟုတ္သည့္အျပင္ မူဝါဒခ်မွတ္သူမ်ားအတြက္ နာမည္ပ်က္ေစႏိုင္ေသာစီမံခ်က္မ်ိဳးျဖစ္လာႏိုင္ေၾကာင္းလည္း ေထာက္ျပသည္။
လွ်ပ္စစ္ကားမ်ားႏွင့္ပတ္သက္၍ စက္သုံးဆီတင္သြင္းမႈ ေလွ်ာ့ခ်ႏိုင္ေရးႏွင့္ ႏိုင္ငံတကာကဲ့သို႔ လွ်ပ္စစ္ကားအနာဂတ္ကို အမွီလိုက္ႏိုင္ရန္ နစကေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ျပင္းျပသည့္ဆႏၵျဖင့္မူဝါဒခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။