မြန်မာအလှမယ် ဟန်လေး ကနေဒါနိုင်ငံမှာ ဒုက္ခသည်အဖြစ် နိုင်ငံရေးခိုလှုံခွင့်ရ

931

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၇
ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်းနိုင်ငံကိုဝင်ရောက်ချိန် တားဆီးခံရပြီး ထိုင်းလေဆိပ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာအလှမယ်ဟန်လေးဟာ ကနေဒါနိုင်ငံမှာ ဒုက္ခသည်အဖြစ် နိုင်ငံရေးခိုလှုံခွင့်ရရှိသွားခဲ့တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့်သတင်းစာက ဖော်ပြထားပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဟန်လေးဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ MIss Garnd International 2020 အလှမယ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ချိန်အတွင်း စင်မြင့်ပေါ်ကနေ နစကကို ဝေဖန်ပြစ်တင်မှုများလုပ်ဆောင်ခဲ့ပြီးနောက် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပါတယ်။
ထိုင်းလုံခြုံရေးသတင်းဌာနနဲ့နီးစပ်သူတစ်ဦးက ဟန်လေး (ခေါ်) သော်နန္ဒအောင်ဟာ စက်တင်ဘာ ၂၇ ရက်နေ့မှာ ကိုရီးယားလေကြောင်းလိုင်း KE652 နဲ့ ထိုင်းနိုင်ငံကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း၊ ၎င်းဟာ အဆိုပါလေကြောင်းခရီးစဉ်နဲ့ တောင်ကိုရီးယားနိုင်ငံ အင်ချွန် နိုင်ငံတကာလေဆိပ်ကိုရောက်ရှိမှာဖြစ်ပြီး အဲဒီမှတဆင့် ဟန်လေးဟာ ကနေဒါနိုင်ငံ၊ တိုရွန်တိုကို ဆက်လက်သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဟန်လေးဟာ ဗီယက်နမ်နိုင်ငံ၊ ဒါနန်မြို့မှ ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြန်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ချိန် တားဆီးခံရကာ ထိုင်းလေဆိပ်မှာ ထိန်းသိမ်းခံရပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အကူအညီနဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားဖို့ ကြိုးပမ်းခဲ့တာဖြပါတယ်။
နစက ဟာ လက်ရှိအချိန်မှာ ဟန်လေးရဲ့ နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းထားကြောင်း ၎င်းနဲ့နီးစပ်သူများက ပြောပါတယ်။

Zawgyi Version;
ျမန္မာအလွမယ္ ဟန္ေလး ကေနဒါႏိုင္ငံမွာ ဒုကၡသည္အျဖစ္ ႏိုင္ငံေရးခိုလႈံခြင့္ရ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၇
ၿပီးခဲ့တဲ့သီတင္းပတ္က ထိုင္းႏိုင္ငံကိုဝင္ေရာက္ခ်ိန္ တားဆီးခံရၿပီး ထိုင္းေလဆိပ္မွာ ထိန္းသိမ္းခံထားရတဲ့ ျမန္မာအလွမယ္ဟန္ေလးဟာ ကေနဒါႏိုင္ငံမွာ ဒုကၡသည္အျဖစ္ ႏိုင္ငံေရးခိုလႈံခြင့္ရရွိသြားခဲ့တယ္လို႔ ထိုင္းအေျခစိုက္ ဘန္ေကာက္ပိုစ့္သတင္းစာက ေဖာ္ျပထားပါတယ္။
အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ ဟန္ေလးဟာ ၿပီးခဲ့တဲ့ႏွစ္က က်င္းပခဲ့တဲ့ MIss Garnd International 2020 အလွမယ္ၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ခ်ိန္အတြင္း စင္ျမင့္ေပၚကေန နစကကို ေဝဖန္ျပစ္တင္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ဖမ္းဝရမ္းထုတ္ခံထားရသူျဖစ္ပါတယ္။
ထိုင္းလုံၿခဳံေရးသတင္းဌာနနဲ႔နီးစပ္သူတစ္ဦးက ဟန္ေလး (ေခၚ) ေသာ္နႏၵေအာင္ဟာ စက္တင္ဘာ ၂၇ ရက္ေန႔မွာ ကိုရီးယားေလေၾကာင္းလိုင္း KE652 နဲ႔ ထိုင္းႏိုင္ငံကေန ထြက္ခြာေတာ့မွာျဖစ္ေၾကာင္း၊ ၎ဟာ အဆိုပါေလေၾကာင္းခရီးစဥ္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံ အင္ခြၽန္ ႏိုင္ငံတကာေလဆိပ္ကိုေရာက္ရွိမွာျဖစ္ၿပီး အဲဒီမွတဆင့္ ဟန္ေလးဟာ ကေနဒါႏိုင္ငံ၊ တို႐ြန္တိုကို ဆက္လက္သြားေရာက္မွာျဖစ္တယ္လို႔ ဆိုပါတယ္။
ဟန္ေလးဟာ ဗီယက္နမ္ႏိုင္ငံ၊ ဒါနန္ၿမိဳ႕မွ ထိုင္းႏိုင္ငံကို ၿပီးခဲ့တဲ့သီတင္းပတ္မွာ ျပန္လာခဲ့ၿပီးေနာက္ ထိုင္းႏိုင္ငံအတြင္း ဝင္ေရာက္ခ်ိန္ တားဆီးခံရကာ ထိုင္းေလဆိပ္မွာ ထိန္းသိမ္းခံရၿပီး ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာမဟာမင္းႀကီး႐ုံး UNHCR အကူအညီနဲ႔ ႏိုင္ငံေရးခိုလႈံခြင့္ေလွ်ာက္ထားဖို႔ ႀကိဳးပမ္းခဲ့တာျဖပါတယ္။
နစက ဟာ လက္ရွိအခ်ိန္မွာ ဟန္ေလးရဲ႕ ႏိုင္ငံကူးလက္မွတ္ကို ဖ်က္သိမ္းထားေၾကာင္း ၎နဲ႔နီးစပ္သူမ်ားက ေျပာပါတယ္။