သိမ်ဇရပ်မြို့၌ ခေတ်ပုံရိပ်ဂျာနယ်မှ သတင်းထောက်နှင့်ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရကာ ဇနီးဖြစ်သူ သေဆုံး

3393

NP News - စက်တင်ဘာ ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၌ ခေတ်ပုံရိပ်ဂျာနယ်မှ သတင်း ထောက်နှင့် ၎င်း၏ ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရကာ ဇနီးဖြစ်သူမှာ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ သိမ်ဇရပ်မြို့၊ ရွှေလွှာဦးရပ်ကွက်ရှိ ခေတ်ပုံရိပ်ဂျာနယ်မှ သတင်းထောက်ဦးအေးလွင်၏ နေအိမ်တွင် စက်တင်ဘာလ ၂၅ ရက်၊ နေ့လည် ၂ နာရီ ကျော်အချိန်ခန့်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်သမား(၄)ဦးက ကားတစ်စီးဖြင့် ရောက်ရှိလာကာ အသက်(၅၆)နှစ်အ ရွယ်ရှိ ဦးအေးလွင်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းကို သေနတ်ဖြင့် ပစ်ခတ်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
“ဖြစ်စဉ်က သူတို့က ကားနဲ့လာတာ။ လာတာတော့ (၄)ယောက် အရှေ့မှာ နှစ်ယောက်ထိုင်တယ်။ အနောက်မှာ နှစ်ယောက်ထိုင်တယ်။ ဒါပေမယ့် ကားမှန်ထဲကို မတွေ့ရဘူး။ အရှေ့ကလူက ကားတံခါးဖွင့်ပြီး ဆင်းလိုက်တယ်။ ဆင်းလိုက်တော့ နှစ်ယောက်မှန်းသိတယ်။ သူက ကျွန်တော့်အိမ်ရှေ့ကို ရပ်တယ်။ ရပ်ပြီးတော့ ကျွန် တော်ကို ဦးအေးလွင်ဆိုတာရှိလားတဲ့မေးတယ်။ ဘာကိစ္စရှိလို့လဲဆိုတော့ ဦးအေးလွင်က ကျွန်တော်ပဲဆိုပြီးတော့ ပြောမိလိုက်တယ်။ ပြောလိုက်တော့ ကားပေါ်က နောက်လူနှစ်ယောက်က တံခါးကို မဖွင့်ဘဲနဲ့ မှန်ကိုချပြီးတော့ သေနတ်ပြောင်းနှစ်ခုထွက်လာတယ်။ ပြီးတော့ ကျွန်တော့်အိမ်ထဲကို ပစ်ထည့်တာပဲ” ဟု ပစ်ခတ်ခံရသော ခေတ်ပုံရိပ် ဂျာနယ်မှ သတင်းထောက်ဦးအေးလွင်က NP News ကို ပြော သည်။
ထို့သို့ ပစ်ခတ်ခံရမှုကြောင်း ဦးအေးလွင်၏ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းမှာ သေနတ်ဒဏ်ရာ(၄)ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဦးအေးလွင်က “ကျွန်တော်ကတော့ သူတို့ပစ်လိုက်တော့ ကျွန်တော့်အိမ်က ရှေ့မှာ အုတ်နံရံကာထားတာကိုး သူတို့သေနတ်ထုတ်တာတွေ့တော့ ငုံချလိုက်တာ ကျွန်တော်ခေါင်းကို မှန်သွားတယ်။ သေနတ်ကနှစ်လက်ဆိုတော့ တစ်လက်က ပခုံးကိုမှန်တယ်။ နောက်တစ်လတ်က ခေါင်းကို မှန်တယ်။ ရှပ်ထိတော့ ကျွန်တော်ကတော့ ဘာမှမဖြစ်ဘူး။ အမျိုးသမီးတော့ သေသွားတာပေါ့” ဟု ပြော သည်။
ခေတ်ပုံရိပ်ဂျာနယ်မှ သတင်းထောက်ဦးအေးလွင်မှာ နစက၏ သတင်းစာရှင်းလင်းပွဲများကို တက်ရောက်မှုများရှိခဲ့ပြီးနောက် ၂ဝ၂၁ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင်လည်း ၎င်း၏နေအိမ်ကို ဗုံးဖြင့် နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
“ကျွန်တော်က အယ်ဒီတာတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် ဒါကတော့ မဆိုင်တဲ့ကိစ္စတွေပေါ့။ ကျွန်တော်တို့က သတင်းသမားက သတင်းသမားပဲပေါ့နော်။ ဒါပေမယ့် သူတို့က တစ်ဖက်ကနေပြီးတော့ စစ်ဘောမ ဘာညာဆိုပြီး ကျွန်တော်တို့ ခေတ်ပုံရိပ်မီဒီယာကို ခြိမ်းခြောက်တယ်။ အခုနပြောသလိုပေါ့ ပစ်မယ်။ ခတ်မယ်ပေါ့။ နဂိုတုန်းကလည်း နှစ်ခါ၊ သုံးခါ အိမ်ကို ဗုံးပစ်ခံရပြီးပြီ။ အခုပစ်ခတ်မှုထပ်ဖြစ်တော့ ကျွန်တော်ကိုလည်း ချက်ချင်းအကြောင်းကြားပါတယ်။ အမျိုးသမီးကတော့ သေသွားတာပေါ့။ အမျိုးသားကတော့ လောလောဆယ်ဆေးရုံမှာပေါ့။ အဲဒီကိစ္စကိုလည်း ကျွန်တော်တို့က ထောက်ပံ့ကူညီပေးဖို့ လုပ်နေတယ်” ဟု ခေတ်ပုံရိပ်ဂျာနယ်မှ အယ်ဒီတာချုပ် ဦးစိုးဝင်းက NP News ကို မှတ်ချက် ပြုသည်။
၎င်း၏နေအိမ်အား ဗုံး(၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးချိန်အထိ ဦးအေးလွင်မှာ ခေတ်ပုံရိပ်ဂျာနယ်မှ သတင်းထောက်အလုပ်၊ ဗေဒင်ဆရာအလုပ်တို့ဖြင့် အသက် မွေးဝမ်းကြောင်းပြုသူဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။
“ဗုံးပစ်ခံရပြီးတော့ နှစ်လလောက်စဉ်းစားသေးတယ်။ (၁ဝ)လပိုင်းကို ရောက်သွားတာပေါ့။ ကိုယ့်ဘာသာ ဗေဒင်တွက်စားတာ။ ဗေဒင်တွက်စားတာကို ငါဘာမှ မလုပ်ဘဲနဲ့ ငါ့ကိုလာလုပ်တယ်။ မထူးဘူးဆိုပြီးတော့ ပြည်သူ့စစ်ထဲကို ကျွန်တော်ဝင်လိုက်တယ်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာ ပြည်သူ့စစ်ဖွဲ့တော့ သွားဝင်လိုက်တယ်။ တပ် မတော်နဲ့လည်း အဝင်အထွက်ရှိတယ်။ အဲဒါကို သူတို့က ကျွန်တော်ကို ချတာ” ဟု ဦးအေးလွင်က ထုတ်ဖော်ပြောဆိုထားသည်။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သော ဇနီးသည် ဒေါ်မြင့်မြင့်သန်း၏ ရုပ်အလောင်းကို ယနေ့ (စက်တင်ဘာလ ၂၇ ရက်)တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်းလည်း ဦးအေးလွင်က ဆက်လက်ပြောသည်။

zawgyi version
သိမ္ဇရပ္ၿမိဳ႕၌ ေခတ္ပုံရိပ္ဂ်ာနယ္မွ သတင္းေထာက္ႏွင့္ဇနီးျဖစ္သူတို႔ ပစ္ခတ္ခံရကာ ဇနီးျဖစ္သူ ေသဆုံး
NP News - စက္တင္ဘာ ၂၇
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ သိမ္ဇရပ္ၿမိဳ႕၌ ေခတ္ပုံရိပ္ဂ်ာနယ္မွ သတင္း ေထာက္ႏွင့္ ၎၏ ဇနီးျဖစ္သူတို႔ ပစ္ခတ္ခံရကာ ဇနီးျဖစ္သူမွာ ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ သိမ္ဇရပ္ၿမိဳ႕၊ ေ႐ႊလႊာဦးရပ္ကြက္ရွိ ေခတ္ပုံရိပ္ဂ်ာနယ္မွ သတင္းေထာက္ဦးေအးလြင္၏ ေနအိမ္တြင္ စက္တင္ဘာလ ၂၅ ရက္၊ ေန႔လည္ ၂ နာရီ ေက်ာ္အခ်ိန္ခန႔္၌ ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အၾကမ္းဖက္သမား(၄)ဦးက ကားတစ္စီးျဖင့္ ေရာက္ရွိလာကာ အသက္(၅၆)ႏွစ္အ ႐ြယ္ရွိ ဦးေအးလြင္ႏွင့္ ၎၏ဇနီးျဖစ္သူ ေဒၚျမင့္ျမင့္သန္းကို ေသနတ္ျဖင့္ ပစ္ခတ္ကာ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။
“ျဖစ္စဥ္က သူတို႔က ကားနဲ႔လာတာ။ လာတာေတာ့ (၄)ေယာက္ အေရွ႕မွာ ႏွစ္ေယာက္ထိုင္တယ္။ အေနာက္မွာ ႏွစ္ေယာက္ထိုင္တယ္။ ဒါေပမယ့္ ကားမွန္ထဲကို မေတြ႕ရဘူး။ အေရွ႕ကလူက ကားတံခါးဖြင့္ၿပီး ဆင္းလိုက္တယ္။ ဆင္းလိုက္ေတာ့ ႏွစ္ေယာက္မွန္းသိတယ္။ သူက ကြၽန္ေတာ့္အိမ္ေရွ႕ကို ရပ္တယ္။ ရပ္ၿပီးေတာ့ ကြၽန္ ေတာ္ကို ဦးေအးလြင္ဆိုတာရွိလားတဲ့ေမးတယ္။ ဘာကိစၥရွိလို႔လဲဆိုေတာ့ ဦးေအးလြင္က ကြၽန္ေတာ္ပဲဆိုၿပီးေတာ့ ေျပာမိလိုက္တယ္။ ေျပာလိုက္ေတာ့ ကားေပၚက ေနာက္လူႏွစ္ေယာက္က တံခါးကို မဖြင့္ဘဲနဲ႔ မွန္ကိုခ်ၿပီးေတာ့ ေသနတ္ေျပာင္းႏွစ္ခုထြက္လာတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္အိမ္ထဲကို ပစ္ထည့္တာပဲ” ဟု ပစ္ခတ္ခံရေသာ ေခတ္ပုံရိပ္ ဂ်ာနယ္မွ သတင္းေထာက္ဦးေအးလြင္က NP News ကို ေျပာ သည္။
ထို႔သို႔ ပစ္ခတ္ခံရမႈေၾကာင္း ဦးေအးလြင္၏ ဇနီးျဖစ္သူ ေဒၚျမင့္ျမင့္သန္းမွာ ေသနတ္ဒဏ္ရာ(၄)ခ်က္ျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ဆက္လက္ၿပီး ဦးေအးလြင္က “ကြၽန္ေတာ္ကေတာ့ သူတို႔ပစ္လိုက္ေတာ့ ကြၽန္ေတာ့္အိမ္က ေရွ႕မွာ အုတ္နံရံကာထားတာကိုး သူတို႔ေသနတ္ထုတ္တာေတြ႕ေတာ့ ငုံခ်လိုက္တာ ကြၽန္ေတာ္ေခါင္းကို မွန္သြားတယ္။ ေသနတ္ကႏွစ္လက္ဆိုေတာ့ တစ္လက္က ပခုံးကိုမွန္တယ္။ ေနာက္တစ္လတ္က ေခါင္းကို မွန္တယ္။ ရွပ္ထိေတာ့ ကြၽန္ေတာ္ကေတာ့ ဘာမွမျဖစ္ဘူး။ အမ်ိဳးသမီးေတာ့ ေသသြားတာေပါ့” ဟု ေျပာ သည္။
ေခတ္ပုံရိပ္ဂ်ာနယ္မွ သတင္းေထာက္ဦးေအးလြင္မွာ နစက၏ သတင္းစာရွင္းလင္းပြဲမ်ားကို တက္ေရာက္မႈမ်ားရွိခဲ့ၿပီးေနာက္ ၂ဝ၂၁ ခုႏွစ္ ၾသဂုတ္လႏွင့္ စက္တင္ဘာလတို႔တြင္လည္း ၎၏ေနအိမ္ကို ဗုံးျဖင့္ ႏွစ္ႀကိမ္တိုက္ခိုက္ခံခဲ့ရေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။
“ကြၽန္ေတာ္က အယ္ဒီတာတစ္ေယာက္အေနနဲ႔ ေျပာမယ္ဆိုရင္ ဒါကေတာ့ မဆိုင္တဲ့ကိစၥေတြေပါ့။ ကြၽန္ေတာ္တို႔က သတင္းသမားက သတင္းသမားပဲေပါ့ေနာ္။ ဒါေပမယ့္ သူတို႔က တစ္ဖက္ကေနၿပီးေတာ့ စစ္ေဘာမ ဘာညာဆိုၿပီး ကြၽန္ေတာ္တို႔ ေခတ္ပုံရိပ္မီဒီယာကို ၿခိမ္းေျခာက္တယ္။ အခုနေျပာသလိုေပါ့ ပစ္မယ္။ ခတ္မယ္ေပါ့။ နဂိုတုန္းကလည္း ႏွစ္ခါ၊ သုံးခါ အိမ္ကို ဗုံးပစ္ခံရၿပီးၿပီ။ အခုပစ္ခတ္မႈထပ္ျဖစ္ေတာ့ ကြၽန္ေတာ္ကိုလည္း ခ်က္ခ်င္းအေၾကာင္းၾကားပါတယ္။ အမ်ိဳးသမီးကေတာ့ ေသသြားတာေပါ့။ အမ်ိဳးသားကေတာ့ ေလာေလာဆယ္ေဆး႐ုံမွာေပါ့။ အဲဒီကိစၥကိုလည္း ကြၽန္ေတာ္တို႔က ေထာက္ပံ့ကူညီေပးဖို႔ လုပ္ေနတယ္” ဟု ေခတ္ပုံရိပ္ဂ်ာနယ္မွ အယ္ဒီတာခ်ဳပ္ ဦးစိုးဝင္းက NP News ကို မွတ္ခ်က္ ျပဳသည္။
၎၏ေနအိမ္အား ဗုံး(၂)လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရၿပီးခ်ိန္အထိ ဦးေအးလြင္မွာ ေခတ္ပုံရိပ္ဂ်ာနယ္မွ သတင္းေထာက္အလုပ္၊ ေဗဒင္ဆရာအလုပ္တို႔ျဖင့္ အသက္ ေမြးဝမ္းေၾကာင္းျပဳသူျဖစ္ေၾကာင္း ၎က ထုတ္ေဖာ္ေျပာဆိုထားသည္။
“ဗုံးပစ္ခံရၿပီးေတာ့ ႏွစ္လေလာက္စဥ္းစားေသးတယ္။ (၁ဝ)လပိုင္းကို ေရာက္သြားတာေပါ့။ ကိုယ့္ဘာသာ ေဗဒင္တြက္စားတာ။ ေဗဒင္တြက္စားတာကို ငါဘာမွ မလုပ္ဘဲနဲ႔ ငါ့ကိုလာလုပ္တယ္။ မထူးဘူးဆိုၿပီးေတာ့ ျပည္သူ႔စစ္ထဲကို ကြၽန္ေတာ္ဝင္လိုက္တယ္။ ကြၽန္ေတာ္တို႔ မြန္ျပည္နယ္မွာ ျပည္သူ႔စစ္ဖြဲ႕ေတာ့ သြားဝင္လိုက္တယ္။ တပ္ မေတာ္နဲ႔လည္း အဝင္အထြက္ရွိတယ္။ အဲဒါကို သူတို႔က ကြၽန္ေတာ္ကို ခ်တာ” ဟု ဦးေအးလြင္က ထုတ္ေဖာ္ေျပာဆိုထားသည္။
ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးခဲ့ေသာ ဇနီးသည္ ေဒၚျမင့္ျမင့္သန္း၏ ႐ုပ္အေလာင္းကို ယေန႔ (စက္တင္ဘာလ ၂၇ ရက္)တြင္ သၿဂိဳလ္သြားမည္ျဖစ္ေၾကာင္းလည္း ဦးေအးလြင္က ဆက္လက္ေျပာသည္။