ဘရာဇီးနိုင်ငံ အမေဇုန်မှာ မော်တော်ယာဉ်တွေဖြတ်သန်းနေတဲ့ တံတားတစ်စင်းပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၃ ထက်မနည်းသေဆုံး

 488

ရောင်နီ (NP News) - စက်တင်ဘာ ၂၉

ဘရာဇီးနိုင်ငံမြောက်ပိုင်း အမေဇုန်းနားပြည်နယ်မှာ ယာဉ်အချို့ဖြတ်သန်းသွားလာနေတဲ့ တံတားတစ်စင်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦးထက်မနည်း ပျောက်ဆုံးနေကာ လူ ၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မီးသတ်သမားတွေနဲ့ ဒေသခံမီဒီယာတွေက ပြောပါတယ်။

ပြည်နယ်မြို့တော် မန်နာယူ့ တောင်ဘက် ၁ဝဝ ကီလိုမီတာ (၆၂ မိုင်) အကွာ၊ ကာရိုင်ရို၊ BR-319 အဝေးပြေး လမ်းမကြီးပေါ်ရှိ ယာဉ်ဖြတ်သန်းသွားလာမှုများပြုလုပ်နေရာ ကွန်ကရစ်တံတားတစ်စင်းပြိုကျပြီးနောက် တံတား ပေါ်မှ လူတစ်ဒါဇင်ကျော်ခန့် ပြုတ်ကျပျောက်ဆုံးခဲ့ကာ ၎င်းတို့ကိုရှာဖွေနေကြောင်း အမေဇိုးနားမီးသတ်ဌာနက စက်တင်ဘာ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါတံတားပြိုကျစဉ်က မော်တော်ယာဉ်အချို့ ဖြတ်ကူးနေဆဲအချိန်ဖြစ်တာကြောင့် လူ ၁၄ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားပါတယ်။ ဓာတ်ပုံတွေမှာ အဖြူရောင်ကုန်တင်ယာဉ်အပါအဝင် ယာဉ်အချို့ မြစ်အတွင်း နစ်မြုပ်နေတာကိုမြင်တွေ့ရပြီး အညိုရောင်ရေထဲမှာ တံတားရဲ့အလယ်ပိုင်းနေရာမှ ကျိုးကျနေတာကို တွေ့ရပါတယ်။ တံတားမပြိုကျမီက ယာဉ်ကြောပိတ်ဆို့မှုဖြစ်ခဲ့ပြီး ယင်းမှ အက်ကြောင်းတစ်ခု အစပြုလာကာ ယခုလိုဖြစ်သွားခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေများက ဆိုပါတယ်။

အမေဇိုးနားပြည်နယ်ဟာ ဘရာဇီးအနောက်မြောက်ပိုင်းရှိ ကြီးမားသောပြည်နယ်တစ်ခုဖြစ်ပြီး အမေဇုန် မိုးသစ် တောရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ ရာသီဥတုအခြေအနေအလိုက် မိုးကြီးရေလျှံခြင်းစတဲ့ ဘေးအန္တရာယ် လောက်သာဖြစ်လေ့ရှိပေမယ့် အခုလိုဖြစ်ရပ်များကတော့ ကြုံတောင့်ကြုံခဲပဲဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ဘရာဇီးႏိုင္ငံ အေမဇုန္မွာ ေမာ္ေတာ္ယာဥ္ေတြျဖတ္သန္းေနတဲ့ တံတားတစ္စင္းၿပိဳက်မႈျဖစ္ပြားခဲ့ရာ လူ ၃ ထက္မနည္းေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၂၉

ဘရာဇီးႏိုင္ငံေျမာက္ပိုင္း အေမဇုန္းနားျပည္နယ္မွာ ယာဥ္အခ်ိဳ႕ျဖတ္သန္းသြားလာေနတဲ့ တံတားတစ္စင္းၿပိဳက်မႈ ျဖစ္ပြားခဲ့ၿပီး လူ ၁၅ ဦးထက္မနည္း ေပ်ာက္ဆုံးေနကာ လူ ၃ ဦးထက္မနည္း ေသဆုံးခဲ့တယ္လို႔ မီးသတ္သမားေတြနဲ႔ ေဒသခံမီဒီယာေတြက ေျပာပါတယ္။

ျပည္နယ္ၿမိဳ႕ေတာ္ မန္နာယူ႔ ေတာင္ဘက္ ၁ဝဝ ကီလိုမီတာ (၆၂ မိုင္) အကြာ၊ ကာ႐ိုင္႐ို၊ BR-319 အေဝးေျပး လမ္းမႀကီးေပၚရွိ ယာဥ္ျဖတ္သန္းသြားလာမႈမ်ားျပဳလုပ္ေနရာ ကြန္ကရစ္တံတားတစ္စင္းၿပိဳက်ၿပီးေနာက္ တံတား ေပၚမွ လူတစ္ဒါဇင္ေက်ာ္ခန႔္ ျပဳတ္က်ေပ်ာက္ဆုံးခဲ့ကာ ၎တို႔ကိုရွာေဖြေနေၾကာင္း အေမဇိုးနားမီးသတ္ဌာနက စက္တင္ဘာ ၂၈ ရက္၊ ဗုဒၶဟူးေန႔မွာ ေျပာၾကားခဲ့ပါတယ္။

အဆိုပါတံတားၿပိဳက်စဥ္က ေမာ္ေတာ္ယာဥ္အခ်ိဳ႕ ျဖတ္ကူးေနဆဲအခ်ိန္ျဖစ္တာေၾကာင့္ လူ ၁၄ ဦး ခန႔္ ဒဏ္ရာရရွိခဲ့ ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။ ဓာတ္ပုံေတြမွာ အျဖဴေရာင္ကုန္တင္ယာဥ္အပါအဝင္ ယာဥ္အခ်ိဳ႕ ျမစ္အတြင္း နစ္ျမဳပ္ေနတာကိုျမင္ေတြ႕ရၿပီး အညိဳေရာင္ေရထဲမွာ တံတားရဲ႕အလယ္ပိုင္းေနရာမွ က်ိဳးက်ေနတာကို ေတြ႕ရပါတယ္။ တံတားမၿပိဳက်မီက ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ခဲ့ၿပီး ယင္းမွ အက္ေၾကာင္းတစ္ခု အစျပဳလာကာ ယခုလိုျဖစ္သြားခဲ့တာျဖစ္တယ္လို႔ မ်က္ျမင္သက္ေသမ်ားက ဆိုပါတယ္။

အေမဇိုးနားျပည္နယ္ဟာ ဘရာဇီးအေနာက္ေျမာက္ပိုင္းရွိ ႀကီးမားေသာျပည္နယ္တစ္ခုျဖစ္ၿပီး အေမဇုန္ မိုးသစ္ ေတာရဲ႕တစ္စိတ္တစ္ပိုင္းလည္းျဖစ္ပါတယ္။ ရာသီဥတုအေျခအေနအလိုက္ မိုးႀကီးေရလွ်ံျခင္းစတဲ့ ေဘးအႏၲရာယ္ ေလာက္သာျဖစ္ေလ့ရွိေပမယ့္ အခုလိုျဖစ္ရပ္မ်ားကေတာ့ ႀကဳံေတာင့္ႀကဳံခဲပဲျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.