တာချီလိတ်-ကျိုင်းတုံသွားကားလမ်းတွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ ချောင်းအတွင်းသို့ ထိုးကျခဲ့ရာ (၄)ဦးသေဆုံးခဲ့

646

NP News - အောက်တိုဘာ ၁
ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံသွားကားလမ်းတွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ နမ့်မလင်းချောင်းအတွင်းသို့ ထိုးကျခဲ့ရာ (၄)ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၁ရက်)၊ နံနက် (၇)နာရီအချိန်ခန့်တွင် တာချီလိတ်-ကျိုင်းတုံသွားကားလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာနမှ ဆိုသည်။
အဆိုပါဖြစ်စဉ်မှာ တာချီလိတ်မှ မိုင်းယောင်းသို့ မောင်းနှင်လာသော VIGO အမျိုးအစား ခဲရောင်ယာဉ်သည် တာချီလိတ်မြို့နယ်၊ တာလေမြို့၊ ပါးခါးနွဲ့ကျေးရွာအနီး၊ တာချီလိတ်-ကျိုင်းတုံသွားကားလမ်းရှိ မိုင်တိုင်အမှတ် (၇၃၇)နှင့် (၇၃၈)ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ နမ့်မလင်းချောင်းအတွင်းသို့ ထိုးကျခဲ့ကြောင်း မီး သတ်ဌာနမှ သိရသည်။
ထို့ကြောင့် သတင်းအရ တာချီလိတ်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်များနှင့် အခြားမီးသတ်စခန်းများမှ မီးသတ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီး(၃)ဦးနှင့် အမျိုး သား(၁)ဦးတို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ အမျိုးသား(၂)ဦးအား တာလေပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် တာလေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

zawgyi version
တာခ်ီလိတ္-က်ိဳင္းတုံသြားကားလမ္းတြင္ ကားတစ္စီးအရွိန္မထိန္းႏိုင္ဘဲ ေခ်ာင္းအတြင္းသို႔ ထိုးက်ခဲ့ရာ (၄)ဦးေသဆုံးခဲ့
NP News - ေအာက္တိုဘာ ၁
ရွမ္းျပည္နယ္၊ တာခ်ီလိတ္-က်ိဳင္းတုံသြားကားလမ္းတြင္ ကားတစ္စီးအရွိန္မထိန္းႏိုင္ဘဲ နမ့္မလင္းေခ်ာင္းအတြင္းသို႔ ထိုးက်ခဲ့ရာ (၄)ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာလ ၁ရက္)၊ နံနက္ (၇)နာရီအခ်ိန္ခန႔္တြင္ တာခ်ီလိတ္-က်ိဳင္းတုံသြားကားလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း မီးသတ္ဌာနမွ ဆိုသည္။
အဆိုပါျဖစ္စဥ္မွာ တာခ်ီလိတ္မွ မိုင္းေယာင္းသို႔ ေမာင္းႏွင္လာေသာ VIGO အမ်ိဳးအစား ခဲေရာင္ယာဥ္သည္ တာခ်ီလိတ္ၿမိဳ႕နယ္၊ တာေလၿမိဳ႕၊ ပါးခါးႏြဲ႕ေက်း႐ြာအနီး၊ တာခ်ီလိတ္-က်ိဳင္းတုံသြားကားလမ္းရွိ မိုင္တိုင္အမွတ္ (၇၃၇)ႏွင့္ (၇၃၈)ၾကားအေရာက္တြင္ အရွိန္မထိန္းႏိုင္ဘဲ နမ့္မလင္းေခ်ာင္းအတြင္းသို႔ ထိုးက်ခဲ့ေၾကာင္း မီး သတ္ဌာနမွ သိရသည္။
ထို႔ေၾကာင့္ သတင္းအရ တာခ်ီလိတ္ခ႐ိုင္မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးယာဥ္မ်ားႏွင့္ အျခားမီးသတ္စခန္းမ်ားမွ မီးသတ္ယာဥ္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသမီး(၃)ဦးႏွင့္ အမ်ိဳး သား(၁)ဦးတို႔ ေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့သူ အမ်ိဳးသား(၂)ဦးအား တာေလပရဟိတအသင္းမွ လူနာတင္ယာဥ္ျဖင့္ တာေလျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာနမွ ထုတ္ျပန္ထားသည္။