ပရီးမီးယားလိဂ်ပြိုင်ပွဲ(၈)ပွဲတည်းဖြင့် စီရော်နယ်ဒို၏ ပရီးမီးယားလိဂ်ဟက်ထရစ်ဂိုးစံချိန်ကို ဟာလန်း လိုက်မှီခဲ့

 704

ဖြိုးခန့်(NP News) - အောက်တိုဘာ ၃

ဟာလန်းသည် ၎င်း၏သုံးကြိမ်မြောက်ပရီးမီးယားလိဂ် ဟက်ထရစ်ဂိုးကို အောက်တိုဘာ (၂)ရက်နေ့က ကစားခဲ့ သည့် မန်ယူအသင်းနှင့် ဒါဘီပွဲတွင် သွင်းယူနိုင်ခဲ့ပြီး စီရော်နယ်ဒို၏ပရီးမီးယားလိဂ်ဟက်ထရစ်ဂိုး သုံးကြိမ်နှင့် ညီမျှ ခဲ့ကြောင်းသိရသည်။
စီရော်နယ်ဒိုသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ(၂၃၂)ပွဲတွင် ဟက်ထရစ်ဂိုး သုံးကြိမ်သွင်းယူနိုင်ခဲ့ပြီး အသက်(၂၂)နှစ် အရွယ်ဟာလန်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ(၈)ပွဲတည်းဖြင့် စီရော်နယ်ဒို၏ ပရီးမီးယားလိဂ် ဟက်ထရစ်ဂိုး စံချိန်ကို လိုက်မှီခဲ့ခြင်းဖြစ်သည်။ ဟာလန်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ပထမဆုံးဟက်ထရစ် ဂိုးကို သွင်းယူနိုင်ခဲ့ပြီး သီတင်းပတ်တစ်ပတ်အကြာ နောတင်ဟမ်ဖောရက်စ်အသင်းနှင့်ပွဲတွင် ဒုတိယအကြိမ် ဟက်ထရစ်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သည်။

ဟာလန်းသည် ရာသီအစတည်းက အကောင်းဆုံးပုံစံဖြင့်ကစားနိုင်ခဲ့ပြီး အိမ်ကွင်းသုံးပွဲဆက်တိုက် ဟက်ထရစ်ဂိုး သွင်းယူနိုင်သည့် ပထမဦးဆုံးကစားသမားဖြစ်လာကြောင်းလည်း သိရသည်။
ဟာလန်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ်ဂိုး သုံးကြိမ် သွင်းယူနိုင်သော ကစားသမားများထဲတွင် အမြန်ဆုံးကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒုတိယအမြန်ဆုံးသည် မိုက်ကယ်အိုဝင်ဖြစ်ကာ ပရီးမီးယား လိဂ်ပြိုင်ပွဲ(၄၈)ပွဲအတွင်း သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဖိုဒန်သည် မန်ယူအသင်းကိုအနိုင်ရရှိခဲ့သည့်ပွဲတွင် လက်ရှိ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးဟက်ထရစ်ဂိုးကို သွင်းယူနိုင်ခဲ့သည်။

ဘရိုက်တန်အသင်းကစားသမား လီအန်ဒရိုထရိုးဆက် သည် ယခုသီတင်းပတ်ကုန်တွင် ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ သည့် တစ်ဦးတည်းသောကစားသမားဖြစ်ခဲ့သည်။ စီရော်နယ်ဒိုသည် မန်စီးတီးအသင်းနှင့် ဒါဘီပွဲတွင် ဝင်ရောက် မကစားခဲ့ရဘဲ နည်းပြတန်ဟက်သည် စီရော်နယ်ဒိုကို ထည့်သွင်းမကစားရသည့်အကြောင်းအရင်းကို ထုတ်ဖော် ပြောဆိုခဲ့သည်။ နည်းပြတန်ဟက်သည် အသက်(၃၇)နှစ်အရွယ် စီရော်နယ်ဒိုကို ထည့်သွင်းမကစားခဲ့ခြင်းမှာ ၎င်း၏ ဂန္တဝင်ကစားသမားပုံရိပ်ကို ထိခိုက်မှုများရှိလာနိုင်ခြင်းကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မန်ယူတိုက်စစ်မှူးစီရော်နယ်ဒိုသည်လည်း မန်စီးတီးအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် (၆)ဂိုး-(၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ဆိုးဒေါသဖြစ်နေခဲ့ကြောင်းသိရသည်။

Zawgyi Version;
ပရီးမီးယားလိဂ္ၿပိဳင္ပြဲ(၈)ပြဲတည္းျဖင့္ စီေရာ္နယ္ဒို၏ ပရီးမီးယားလိဂ္ဟက္ထရစ္ဂိုးစံခ်ိန္ကို ဟာလန္း လိုက္မွီခဲ့
ၿဖိဳးခန႔္(NP News) - ေအာက္တိုဘာ ၃

ဟာလန္းသည္ ၎၏သုံးႀကိမ္ေျမာက္ပရီးမီးယားလိဂ္ ဟက္ထရစ္ဂိုးကို ေအာက္တိုဘာ (၂)ရက္ေန႔က ကစားခဲ့ သည့္ မန္ယူအသင္းႏွင့္ ဒါဘီပြဲတြင္ သြင္းယူႏိုင္ခဲ့ၿပီး စီေရာ္နယ္ဒို၏ပရီးမီးယားလိဂ္ဟက္ထရစ္ဂိုး သုံးႀကိမ္ႏွင့္ ညီမွ် ခဲ့ေၾကာင္းသိရသည္။
စီေရာ္နယ္ဒိုသည္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ(၂၃၂)ပြဲတြင္ ဟက္ထရစ္ဂိုး သုံးႀကိမ္သြင္းယူႏိုင္ခဲ့ၿပီး အသက္(၂၂)ႏွစ္ အ႐ြယ္ဟာလန္းသည္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ(၈)ပြဲတည္းျဖင့္ စီေရာ္နယ္ဒို၏ ပရီးမီးယားလိဂ္ ဟက္ထရစ္ဂိုး စံခ်ိန္ကို လိုက္မွီခဲ့ျခင္းျဖစ္သည္။ ဟာလန္းသည္ ခရစၥတယ္ပဲေလ့စ္အသင္းႏွင့္ ကစားခဲ့သည့္ပြဲတြင္ ပထမဆုံးဟက္ထရစ္ ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး သီတင္းပတ္တစ္ပတ္အၾကာ ေနာတင္ဟမ္ေဖာရက္စ္အသင္းႏွင့္ပြဲတြင္ ဒုတိယအႀကိမ္ ဟက္ထရစ္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့သည္။

ဟာလန္းသည္ ရာသီအစတည္းက အေကာင္းဆုံးပုံစံျဖင့္ကစားႏိုင္ခဲ့ၿပီး အိမ္ကြင္းသုံးပြဲဆက္တိုက္ ဟက္ထရစ္ဂိုး သြင္းယူႏိုင္သည့္ ပထမဦးဆုံးကစားသမားျဖစ္လာေၾကာင္းလည္း သိရသည္။
ဟာလန္းသည္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ဟက္ထရစ္ဂိုး သုံးႀကိမ္ သြင္းယူႏိုင္ေသာ ကစားသမားမ်ားထဲတြင္ အျမန္ဆုံးကစားသမားတစ္ဦးအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး ဒုတိယအျမန္ဆုံးသည္ မိုက္ကယ္အိုဝင္ျဖစ္ကာ ပရီးမီးယား လိဂ္ၿပိဳင္ပြဲ(၄၈)ပြဲအတြင္း သြင္းယူႏိုင္ခဲ့ျခင္းျဖစ္သည္။ ဖိုဒန္သည္ မန္ယူအသင္းကိုအႏိုင္ရရွိခဲ့သည့္ပြဲတြင္ လက္ရွိ ရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ပထမဆုံးဟက္ထရစ္ဂိုးကို သြင္းယူႏိုင္ခဲ့သည္။

ဘ႐ိုက္တန္အသင္းကစားသမား လီအန္ဒ႐ိုထ႐ိုးဆက္ သည္ ယခုသီတင္းပတ္ကုန္တြင္ ဟက္ထရစ္ဂိုးသြင္းယူႏိုင္ခဲ့ သည့္ တစ္ဦးတည္းေသာကစားသမားျဖစ္ခဲ့သည္။ စီေရာ္နယ္ဒိုသည္ မန္စီးတီးအသင္းႏွင့္ ဒါဘီပြဲတြင္ ဝင္ေရာက္ မကစားခဲ့ရဘဲ နည္းျပတန္ဟက္သည္ စီေရာ္နယ္ဒိုကို ထည့္သြင္းမကစားရသည့္အေၾကာင္းအရင္းကို ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။ နည္းျပတန္ဟက္သည္ အသက္(၃၇)ႏွစ္အ႐ြယ္ စီေရာ္နယ္ဒိုကို ထည့္သြင္းမကစားခဲ့ျခင္းမွာ ၎၏ ဂႏၲဝင္ကစားသမားပုံရိပ္ကို ထိခိုက္မႈမ်ားရွိလာႏိုင္ျခင္းေၾကာင့္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။

မန္ယူတိုက္စစ္မႉးစီေရာ္နယ္ဒိုသည္လည္း မန္စီးတီးအသင္းႏွင့္ကစားခဲ့သည့္ပြဲတြင္ (၆)ဂိုး-(၃)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့သည့္အတြက္ စိတ္ဆိုးေဒါသျဖစ္ေနခဲ့ေၾကာင္းသိရသည္။

Picture

MgThetlin

03/10/2022 20:14

ဟာလန်းကတော့ပြေားလို့မကုန်အောင်ဂိုးသွင်တာတိကျလွန်းတယ်

Related news

© 2021. All rights reserved.