ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းသည် နာတာရှည်ရောဂါကို ပိုမိုဆိုးရွားလာမည်ဟူသော အယူအဆမှာ လွဲမှားနေဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
                        
                            
                             
 676
 
                             
                            
                            
                         
                        
 
                        ဖူးပြည့် (NP News) - အောက်တိုဘာ ၅
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းသည် နာတာရှည်ရောဂါများကို ပိုမိုဆိုး ရွားလာမည်ဟူသည့် အယူအဆလွဲများ မြန်မာပြည်သူများအကြားရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်သည်။
လက်ရှိတွင် ကိုဗစ်ကြောင့် သေဆုံးသူအများစုသည် ကာကွယ်ဆေးမထိုးနှံသူများဖြစ်ပြီး ယင်းတို့အနက် နာတာရှည် ရောဂါခံစားနေရသူများသည် ရာခိုင်နှုန်းအများဆုံးပါဝင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးရသူ နာတာရှည်ရောဂါအခံရှိသူများ၏ မိသားစုဝင်များ ထံမှသိရှိချက်အရ အဆိုပါသေဆုံးရသူများအနေဖြင့် ကိုဗစ်၁၉ ရောဂါကာ ကွယ်ဆေးများ ထိုးနှံမှုကို ခံယူမှုမရရှိခဲ့ခြင်း၏ အဓိကအကြောင်းရင်းများမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းဖြင့် မိမိတွင်ရှိနေသည့် နာတာရှည် ရော ဂါအခံသည် ပိုမိုဆိုးရွားလာမည်ဟူသည့် လွဲမှားသော အယူအဆကြောင့် စိုးရိမ်စိတ်ဖြစ်ပေါ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို လာရောက် မခံယူခြင်းဖြစ်သည်ဟု သိရှိရကြောင်း ကျန်းမာရေးဝန် ကြီးဌာနက အသိပေးထားသည်။
ထို့ပြင် အသက်အရွယ်ကြီးရင့်မှုနှင့် နာတာရှည်ရောဂါအခံကြောင့် ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်ရန် အခက်အခဲရှိခြင်းတို့ကြောင့်လည်း ကာကွယ်ဆေးမထိုးခြင်းဖြစ်သည်ဟု သိရှိရကြောင်း အသိပေးထားသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၂၆ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း (၁၄၅) ဦးရှိရာ ၎င်းတို့အနက် (၁ဝ၂) ဦး (၇ဝ  ရာခိုင်နှုန်း) မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက် ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ စသည့် နာတာရှည် ရောဂါအခံ တစ်ခုခုရှိသူများ ဖြစ်ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။ 
အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် နာတာရှည်ရောဂါ ရောဂါအခံရှိသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ သေဆုံးသူများ၏ (၈၁ ဒသမ ၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး လုံးဝထိုးနှံ ထားခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားခြင်း မရှိသူများဖြစ်ကြပြီး  (၁၇ ဒသမ ၂) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားရှိသူများနှင့် (၁ ဒသမ ၄) ရာခိုင်နှုန်းမှာ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံထားသူများဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက အသက်အန္တရာယ်ဆုံးရှုံးနိုင်ခြေ ပိုမိုများပြားသည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါစသည့် နာတာရှည်ရောဂါအခံတစ်ခုခု ရှိသူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်ခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးပြောဆိုထားသည်။
အလားတူ ၎င်းတို့၏မိသားစုဝင်များ၊ မိတ်ဆွေများမှလည်း အဆိုပါနာတာရှည် ရောဂါအခံတစ်ခုခု ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံမှု ခံယူရေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများကို မပျက်မ ကွက်ထိုးနှံမှုခံယူနိုင်ရေးအတွက် နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ်များ၊ ကျန်းမာရေးဌာနများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် မပျက်မကွက် ဆက်သွယ်ဆောင်ရွက်ကြရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။
                     
                        
                                                                    
 
                                
                                
                                        zawgyi version
ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးႏွံျခင္းသည္ နာတာရွည္ေရာဂါကို ပိုမိုဆိုး႐ြားလာမည္ဟူေသာ အယူအဆမွာ လြဲမွားေနဟု က်န္းမာေရးဝန္ႀကီးဌာန အသိေပး
ဖူးျပည့္ (NP News) - ေအာက္တိုဘာ ၅
ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးထိုးႏွံျခင္းသည္ နာတာရွည္ေရာဂါမ်ားကို ပိုမိုဆိုး ႐ြားလာမည္ဟူသည့္ အယူအဆလြဲမ်ား ျမန္မာျပည္သူမ်ားအၾကားရွိေနေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္လိုက္သည္။
လက္ရွိတြင္ ကိုဗစ္ေၾကာင့္ ေသဆုံးသူအမ်ားစုသည္ ကာကြယ္ေဆးမထိုးႏွံသူမ်ားျဖစ္ၿပီး ယင္းတို႔အနက္ နာတာရွည္ ေရာဂါခံစားေနရသူမ်ားသည္ ရာခိုင္ႏႈန္းအမ်ားဆုံးပါဝင္ေနေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။
ကိုဗစ္ ၁၉ ေရာဂါေၾကာင့္ ေသဆုံးရသူ နာတာရွည္ေရာဂါအခံရွိသူမ်ား၏ မိသားစုဝင္မ်ား ထံမွသိရွိခ်က္အရ အဆိုပါေသဆုံးရသူမ်ားအေနျဖင့္ ကိုဗစ္၁၉ ေရာဂါကာ ကြယ္ေဆးမ်ား ထိုးႏွံမႈကို ခံယူမႈမရရွိခဲ့ျခင္း၏ အဓိကအေၾကာင္းရင္းမ်ားမွာ ကိုဗစ္-၁၉ေရာဂါကာကြယ္ေဆးထိုးႏွံမႈ ခံယူျခင္းျဖင့္ မိမိတြင္ရွိေနသည့္ နာတာရွည္ ေရာ ဂါအခံသည္ ပိုမိုဆိုး႐ြားလာမည္ဟူသည့္ လြဲမွားေသာ အယူအဆေၾကာင့္ စိုးရိမ္စိတ္ျဖစ္ေပၚ၍ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးထိုးႏွံမႈမ်ားကို လာေရာက္ မခံယူျခင္းျဖစ္သည္ဟု သိရွိရေၾကာင္း က်န္းမာေရးဝန္ ႀကီးဌာနက အသိေပးထားသည္။
ထို႔ျပင္ အသက္အ႐ြယ္ႀကီးရင့္မႈႏွင့္ နာတာရွည္ေရာဂါအခံေၾကာင့္ ကာကြယ္ေဆးထိုးစုရပ္မ်ားသို႔ သြားေရာက္ရန္ အခက္အခဲရွိျခင္းတို႔ေၾကာင့္လည္း ကာကြယ္ေဆးမထိုးျခင္းျဖစ္သည္ဟု သိရွိရေၾကာင္း အသိေပးထားသည္။
ျမန္မာႏိုင္ငံတြင္ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္မွ စက္တင္ဘာလ ၂၆ ရက္အထိ ေတြ႕ရွိရေသာ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးသူ စုစုေပါင္း (၁၄၅) ဦးရွိရာ ၎တို႔အနက္ (၁ဝ၂) ဦး (၇ဝ  ရာခိုင္ႏႈန္း) မွာ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံး၊ အသည္း၊ ေက်ာက္ ကပ္၊ အဆုတ္၊ ကင္ဆာေရာဂါ စသည့္ နာတာရွည္ ေရာဂါအခံ တစ္ခုခုရွိသူမ်ား ျဖစ္ၾကေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရသိရသည္။ 
အဆိုပါ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးသည့္ နာတာရွည္ေရာဂါ ေရာဂါအခံရွိသူမ်ား၏ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးထိုးႏွံထားရွိမႈ အေျခအေနမ်ားကို ဆန္းစစ္ခ်က္အရ ေသဆုံးသူမ်ား၏ (၈၁ ဒသမ ၄) ရာခိုင္ႏႈန္းမွာ ကာကြယ္ေဆး လုံးဝထိုးႏွံ ထားျခင္းမရွိသူမ်ားႏွင့္ ကာကြယ္ေဆးအႀကိမ္ျပည့္ထိုးႏွံထားျခင္း မရွိသူမ်ားျဖစ္ၾကၿပီး  (၁၇ ဒသမ ၂) ရာခိုင္ႏႈန္းမွာ ကာကြယ္ေဆးအႀကိမ္ျပည့္ထိုးႏွံထားရွိသူမ်ားႏွင့္ (၁ ဒသမ ၄) ရာခိုင္ႏႈန္းမွာ ထပ္ေဆာင္း ကာကြယ္ေဆးထိုးႏွံထားသူမ်ားျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရပါက အသက္အႏၲရာယ္ဆုံးရႈံးႏိုင္ေျခ ပိုမိုမ်ားျပားသည့္ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံး၊ အသည္း၊ ေက်ာက္ကပ္၊ အဆုတ္၊ ကင္ဆာေရာဂါစသည့္ နာတာရွည္ေရာဂါအခံတစ္ခုခု ရွိသူမ်ားအေနျဖင့္ ကိုဗစ္-၁၉ေရာဂါ ကာကြယ္ေဆးထိုးႏွံမႈကို မပ်က္မကြက္ခံယူၾကရန္ က်န္းမာေရးဝန္ႀကီးဌာနက သတိေပးေျပာဆိုထားသည္။
အလားတူ ၎တို႔၏မိသားစုဝင္မ်ား၊ မိတ္ေဆြမ်ားမွလည္း အဆိုပါနာတာရွည္ ေရာဂါအခံတစ္ခုခု ရွိသူမ်ားအေနျဖင့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးထိုးႏွံမႈမ်ားကို အႀကိမ္ျပည့္ထိုးႏွံမႈ ခံယူေရးႏွင့္ ထပ္ေဆာင္း ကာကြယ္ေဆးမ်ားကို မပ်က္မ ကြက္ထိုးႏွံမႈခံယူႏိုင္ေရးအတြက္ နီးစပ္ရာ ကာကြယ္ေဆးထိုးစုရပ္မ်ား၊ က်န္းမာေရးဌာနမ်ား၊ ရပ္ကြက္/ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ားႏွင့္ မပ်က္မကြက္ ဆက္သြယ္ေဆာင္႐ြက္ၾကရန္လည္း က်န္းမာေရးဝန္ႀကီးဌာနက တိုက္တြန္းထားသည္။