မော်လမြိုင် ပွင့်နေခြည် ဇာတ်သဘင်အဖွဲ့ကား တိမ်းမှောက်မှုတွင် (၂)နှစ်အရွယ်ကလေးငယ် အပါအဝင် (၉)ဦးသေဆုံး

 999

NP News - အောက်တိုဘာ ၆

မော်လမြိုင်မှ ပွင့်နေခြည် ဇာတ်သဘင်အဖွဲ့ကား တိမ်းမှောက်မှုတွင် (၂)နှစ်အရွယ်ကလေးငယ် အပါအဝင် (၉)ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မော်လမြိုင်မြို့မှ မြဝတီမြို့သို့ ထွက်ခွာလာသော မော်လမြိုင် ပွင့်နေခြည် ဇာတ်သ ဘင်အဖွဲ့ကားသည် ယမန်နေ့(အောက်တိုဘာလ ၅ရက်)၊ ညနေ (၄)နာရီ (၁ဝ)မိနစ်အချိန်တွင် မြဝတီ၊ ဒေါနတောင်ကျော်လမ်း၊ ကွမ်းခြံကွေ့ကုန်းဆင်းတွင် ဘရိတ်ပေါက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ပွင့်သစ္စာ ဇာတ်သဘင်မှ ဇာတ်သမားများတင်ဆောင်လာသည့် အဆိုပါ(၆)ဘီးကားပေါ်တွင် အမျိုးသား(၂၁)ဦးနှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း (၂၈)ဦးပါဝင်ပြီး ကားတိမ်းမှောက်မှုကြောင့် အခင်းဖြစ်ရာနေရာတွင် အမျိုးသား(၅)ဦးနှင့် (၂)နှစ်အရွယ် မိန်းကလေးတစ်ဦး စုစုပေါင်း(၆)ဦးတို့သည် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း အဆိုပါလူမှုကယ်ဆယ်ရေးအဖွဲ့မှဆိုသည်။

အခင်းဖြစ်ရာနေရာတွင် လူမှုကယ်ဆယ်ရေးအသင်းများ၊ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့၊ မြဝတီမြို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြားလူမှုကယ်ဆယ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂ဝ)ဦးအား မြဝတီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ထိခိုက်ဒဏ်ရာ ရရှိသူများထဲမှ (၃)ယောက်သည် အောက်တိုဘာလ ၅ ရက်၊ ညပိုင်းတွင် မြဝတီဆေးရုံ၌ ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်းမှာ (၉)ဦးအထိရှိကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“အဲ့ဇာတ်သဘင်ကားက ဘရိတ်ပေါက်ပြီးတော့ ကွမ်းခြံကွေ့ကုန်းဆင်းမှာ တိမ်းမှောက်မှုဖြစ်တာပါ။ ဖြစ်ဖြစ်ချင်းမှာ (၆)ယောက်သေတယ်၊ အယောက်(၂ဝ)ဒဏ်ရာ ရခဲ့ပါတယ်။ ဒဏ်ရာရခဲ့တဲ့ အယောက်(၂ဝ)ထဲကမှ ညက(၃)ယောက်ထပ်ဆုံးပါတယ်။ စုစုပေါင်း(၉) ယောက်ဖြစ်သွားတာပေါ့” ဟုပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

zawgyi version
ေမာ္လၿမိဳင္ ပြင့္ေနျခည္ ဇာတ္သဘင္အဖြဲ႕ကား တိမ္းေမွာက္မႈတြင္ (၂)ႏွစ္အ႐ြယ္ကေလးငယ္ အပါအဝင္ (၉)ဦးေသဆုံး
NP News - ေအာက္တိုဘာ ၆

ေမာ္လၿမိဳင္မွ ပြင့္ေနျခည္ ဇာတ္သဘင္အဖြဲ႕ကား တိမ္းေမွာက္မႈတြင္ (၂)ႏွစ္အ႐ြယ္ကေလးငယ္ အပါအဝင္ (၉)ဦးေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ေမာ္လၿမိဳင္ၿမိဳ႕မွ ျမဝတီၿမိဳ႕သို႔ ထြက္ခြာလာေသာ ေမာ္လၿမိဳင္ ပြင့္ေနျခည္ ဇာတ္သ ဘင္အဖြဲ႕ကားသည္ ယမန္ေန႔(ေအာက္တိုဘာလ ၅ရက္)၊ ညေန (၄)နာရီ (၁ဝ)မိနစ္အခ်ိန္တြင္ ျမဝတီ၊ ေဒါနေတာင္ေက်ာ္လမ္း၊ ကြမ္းၿခံေကြ႕ကုန္းဆင္းတြင္ ဘရိတ္ေပါက္၍ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း ပုလဲျဖဴလူမႈကယ္ဆယ္ေရးအဖြဲ႕မွ သိရသည္။

ပြင့္သစၥာ ဇာတ္သဘင္မွ ဇာတ္သမားမ်ားတင္ေဆာင္လာသည့္ အဆိုပါ(၆)ဘီးကားေပၚတြင္ အမ်ိဳးသား(၂၁)ဦးႏွင့္ အမ်ိဳးသမီး(၇)ဦး စုစုေပါင္း (၂၈)ဦးပါဝင္ၿပီး ကားတိမ္းေမွာက္မႈေၾကာင့္ အခင္းျဖစ္ရာေနရာတြင္ အမ်ိဳးသား(၅)ဦးႏွင့္ (၂)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး စုစုေပါင္း(၆)ဦးတို႔သည္ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း အဆိုပါလူမႈကယ္ဆယ္ေရးအဖြဲ႕မွဆိုသည္။

အခင္းျဖစ္ရာေနရာတြင္ လူမႈကယ္ဆယ္ေရးအသင္းမ်ား၊ ပုလဲျဖဴလူမႈကယ္ဆယ္ေရးအဖြဲ႕၊ ျမဝတီၿမိဳ႕ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ အျခားလူမႈကယ္ဆယ္ေရးအဖြဲ႕မ်ား၊ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ (၂ဝ)ဦးအား ျမဝတီေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ထိခိုက္ဒဏ္ရာ ရရွိသူမ်ားထဲမွ (၃)ေယာက္သည္ ေအာက္တိုဘာလ ၅ ရက္၊ ညပိုင္းတြင္ ျမဝတီေဆး႐ုံ၌ ထပ္မံေသဆုံးခဲ့ၿပီး ေသဆုံးသူစုစုေပါင္းမွာ (၉)ဦးအထိရွိေၾကာင္း ပုလဲျဖဴလူမႈကယ္ဆယ္ေရးအဖြဲ႕မွ သိရသည္။

“အဲ့ဇာတ္သဘင္ကားက ဘရိတ္ေပါက္ၿပီးေတာ့ ကြမ္းၿခံေကြ႕ကုန္းဆင္းမွာ တိမ္းေမွာက္မႈျဖစ္တာပါ။ ျဖစ္ျဖစ္ခ်င္းမွာ (၆)ေယာက္ေသတယ္၊ အေယာက္(၂ဝ)ဒဏ္ရာ ရခဲ့ပါတယ္။ ဒဏ္ရာရခဲ့တဲ့ အေယာက္(၂ဝ)ထဲကမွ ညက(၃)ေယာက္ထပ္ဆုံးပါတယ္။ စုစုေပါင္း(၉) ေယာက္ျဖစ္သြားတာေပါ့” ဟုပုလဲျဖဴလူမႈကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

Related news

© 2021. All rights reserved.