Walmart Inc ရဲ့ စက်ရုံ Atlanta မှာ ဝန်ထမ်းပေါင်း ၁၅ဝဝ ခန့်ကို အလုပ်က ထုတ်ပယ်မယ်လို့ဆို

 604

ရောင်နီ (NP News) - အောက်တိုဘာ ၇

လက်လီ၊ လက်ကားရောင်းဝယ်ရေးကုမ္ပဏီ Walmart (NYSE:WMT) Inc ဟာ Walmart.com မှ မှာယူမှုများကို ဖြည့်ဆည်းပေးနေတဲ့ အမေရိကန် ဂျော်ဂျီယာပြည်နယ်၊ အက်လန်တာရှိ ၄င်းရဲ့စက်ရုံမှာ ဝန်ထမ်းပေါင်း ၁၅ဝဝ ကျော်ကို အလုပ်ထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဂျော်ဂျီယာပြည်နယ်၊ အက်လန်တာရှိ Fulton Parkway မှာရှိတဲ့ Walmart Inc e-commerce စက်ရုံမှာ အလုပ်သမား ၁၄၅၈ ဦးကို အလုပ်မှထုတ်ပယ်သွားမှာဖြစ်ကြောင်း အောက်တိုဘာလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အလုပ်သမားညှိနှိုင်းမှုနဲ့ ပြန်လည်လေ့ကျင့်ခြင်းဆိုင်ရာအကြောင်းကြားချက် (WARN) မှာ ပြောကြားခဲ့ ပါတယ်။

Walmart ဟာ အဆိုပါစက်ရုံမှာ ၎င်းရဲ့လုပ်သားအင်အားကို ပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး သြဂုတ်လနှောင်းပိုင်း ကတည်းက အသိပေးခဲ့ပါတယ်။ "ကျွန်ုပ်တို့ဟာ ကြီးထွားလာနေတဲ့ WFS (Walmart Fulfillment Services) လုပ်ငန်းကို ပံ့ပိုးဖို့အတွက် Fulton Parkway စင်တာကို ပြောင်းလဲခြင်းဖြစ်တယ်" လို့ Walmart ရဲ့ ပြောရေးဆိုခွင့် ရှိသူ Scott Pope က ပြောကြားခဲ့ပါတယ်။

"ပြောင်းလဲခြင်းရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အခြေခံအဆောက်အအုံ၊ လုပ်ငန်းလည်ပတ်မှုအရင်းအမြစ်များ၊ လုပ်ငန်းစဉ်များ၊ ဝန်ထမ်းလိုအပ်ချက်များနဲ့ ပစ္စည်းကိရိယာများကို အဆောက်အဦးရဲ့လိုအပ်ချက်များနဲ့ ကိုက်ညီ စေဖို့ ပြုပြင်ပြောင်းလဲလျက်ရှိတယ်" လို့ ဆိုပါတယ်။

အမေရိကန်အလုပ်သမားဥပဒေမှာ ဝန်ထမ်း ၁ဝဝ အထက်ရှိတဲ့ကုမ္ပဏီတွေအနေနဲ့ စက်ရုံပိတ်ခြင်းနဲ့ အစုလိုက် အပြုံလိုက် အလုပ်ထုတ်ခြင်းများအတွက် ရက်ပေါင်း ၆ဝ ကြိုတင်အကြောင်းကြားချက်ပေးဖို့ လိုအပ်ပါတယ်။ ကုမ္ပဏီဟာ အလိုအလျောက်စနစ်ပါ စက်ရုပ်တစ်ခုဖြစ်တဲ့ Alert Innovation ဝယ်ယူမှုများကို အရှိန်မြှင့်ဖို့ လုပ်ဆောင်နေပြီး ၄င်းကို အမှာစာတွေ လုပ်ဆောင်ရာမှာ ဝန်ထမ်းများ နေရာမှာ အစားထိုးမှာဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။

Atlanta Facility ရဲ့ အလုပ်သမားတွေ လျှော့ချခြင်းက ၎င်းရဲ့ လျင်မြန်စွာ ကြီးထွားလာနေတဲ့ အွန်လိုင်းစီးပွားရေး ကို ပံ့ပိုးပေးဖို့အတွက် ပိုမိုနည်းပညာမြင့်သော လှည့်ကွက်များနဲ့ ဂိုဒေါင်များ ခေတ်မီအောင် တည်ဆောက်ဖို့အတွက် ဆောင်ရွက်တဲ့ Walmart အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားများကို အလုပ်ရှာဖွေရာမှာ ကူညီပေးနေပြီး ဝန်ထမ်းအချို့ကို အခြားသော Walmart စတိုးဆိုင်များနဲ့ ထောက်ပံ့ရေး ကွင်းဆက်စက်ရုံများမှာ ပြန်လည်ငှားရမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
Walmart Inc ရဲ႕ စက္႐ုံ Atlanta မွာ ဝန္ထမ္းေပါင္း ၁၅ဝဝ ခန႔္ကို အလုပ္က ထုတ္ပယ္မယ္လို႔ဆို
ေရာင္နီ (NP News) - ေအာက္တိုဘာ ၇

လက္လီ၊ လက္ကားေရာင္းဝယ္ေရးကုမၸဏီ Walmart (NYSE:WMT) Inc ဟာ Walmart.com မွ မွာယူမႈမ်ားကို ျဖည့္ဆည္းေပးေနတဲ့ အေမရိကန္ ေဂ်ာ္ဂ်ီယာျပည္နယ္၊ အက္လန္တာရွိ ၄င္းရဲ႕စက္႐ုံမွာ ဝန္ထမ္းေပါင္း ၁၅ဝဝ ေက်ာ္ကို အလုပ္ထုတ္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ေဂ်ာ္ဂ်ီယာျပည္နယ္၊ အက္လန္တာရွိ Fulton Parkway မွာရွိတဲ့ Walmart Inc e-commerce စက္႐ုံမွာ အလုပ္သမား ၁၄၅၈ ဦးကို အလုပ္မွထုတ္ပယ္သြားမွာျဖစ္ေၾကာင္း ေအာက္တိုဘာလ ၅ ရက္၊ ဗုဒၶဟူးေန႔က ထုတ္ျပန္တဲ့ အလုပ္သမားညႇိႏႈိင္းမႈနဲ႔ ျပန္လည္ေလ့က်င့္ျခင္းဆိုင္ရာအေၾကာင္းၾကားခ်က္ (WARN) မွာ ေျပာၾကားခဲ့ ပါတယ္။

Walmart ဟာ အဆိုပါစက္႐ုံမွာ ၎ရဲ႕လုပ္သားအင္အားကို ေျပာင္းေ႐ႊ႕မႈနဲ႔ပတ္သက္ၿပီး ၾသဂုတ္လေႏွာင္းပိုင္း ကတည္းက အသိေပးခဲ့ပါတယ္။ "ကြၽႏ္ုပ္တို႔ဟာ ႀကီးထြားလာေနတဲ့ WFS (Walmart Fulfillment Services) လုပ္ငန္းကို ပံ့ပိုးဖို႔အတြက္ Fulton Parkway စင္တာကို ေျပာင္းလဲျခင္းျဖစ္တယ္" လို႔ Walmart ရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ Scott Pope က ေျပာၾကားခဲ့ပါတယ္။

"ေျပာင္းလဲျခင္းရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ အေျခခံအေဆာက္အအုံ၊ လုပ္ငန္းလည္ပတ္မႈအရင္းအျမစ္မ်ား၊ လုပ္ငန္းစဥ္မ်ား၊ ဝန္ထမ္းလိုအပ္ခ်က္မ်ားနဲ႔ ပစၥည္းကိရိယာမ်ားကို အေဆာက္အဦးရဲ႕လိုအပ္ခ်က္မ်ားနဲ႔ ကိုက္ညီ ေစဖို႔ ျပဳျပင္ေျပာင္းလဲလ်က္ရွိတယ္" လို႔ ဆိုပါတယ္။

အေမရိကန္အလုပ္သမားဥပေဒမွာ ဝန္ထမ္း ၁ဝဝ အထက္ရွိတဲ့ကုမၸဏီေတြအေနနဲ႔ စက္႐ုံပိတ္ျခင္းနဲ႔ အစုလိုက္ အၿပဳံလိုက္ အလုပ္ထုတ္ျခင္းမ်ားအတြက္ ရက္ေပါင္း ၆ဝ ႀကိဳတင္အေၾကာင္းၾကားခ်က္ေပးဖို႔ လိုအပ္ပါတယ္။ ကုမၸဏီဟာ အလိုအေလ်ာက္စနစ္ပါ စက္႐ုပ္တစ္ခုျဖစ္တဲ့ Alert Innovation ဝယ္ယူမႈမ်ားကို အရွိန္ျမႇင့္ဖို႔ လုပ္ေဆာင္ေနၿပီး ၄င္းကို အမွာစာေတြ လုပ္ေဆာင္ရာမွာ ဝန္ထမ္းမ်ား ေနရာမွာ အစားထိုးမွာျဖစ္ေၾကာင္း ေၾကညာ ခဲ့ပါတယ္။

Atlanta Facility ရဲ႕ အလုပ္သမားေတြ ေလွ်ာ့ခ်ျခင္းက ၎ရဲ႕ လ်င္ျမန္စြာ ႀကီးထြားလာေနတဲ့ အြန္လိုင္းစီးပြားေရး ကို ပံ့ပိုးေပးဖို႔အတြက္ ပိုမိုနည္းပညာျမင့္ေသာ လွည့္ကြက္မ်ားနဲ႔ ဂိုေဒါင္မ်ား ေခတ္မီေအာင္ တည္ေဆာက္ဖို႔အတြက္ ေဆာင္႐ြက္တဲ့ Walmart အစီအစဥ္ရဲ႕တစ္စိတ္တစ္ပိုင္းလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အလုပ္ထုတ္ခံထားရတဲ့ အလုပ္သမားမ်ားကို အလုပ္ရွာေဖြရာမွာ ကူညီေပးေနၿပီး ဝန္ထမ္းအခ်ိဳ႕ကို အျခားေသာ Walmart စတိုးဆိုင္မ်ားနဲ႔ ေထာက္ပံ့ေရး ကြင္းဆက္စက္႐ုံမ်ားမွာ ျပန္လည္ငွားရမ္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.