အင်ဒိုနီးရှားနိုင်ငံတွင် ယာဥ်မတော်တဆမှုတစ်ခုကြောင့် အနည်းဆုံးလူ(၃)ဦးသေဆုံး

 323

ဖြိုးခန့်(NP News) - အောက်တိုဘာ ၁၁

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Sidoarjo ခရိုင်ရှိ Kejapanan လမ်းတွင် အောက်တိုဘာ(၁ဝ)ရက်၊ နံနက်ပိုင်းက ယာဥ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ (၃) ဦးသေဆုံးခဲ့ပြီး၊ အခြား(၄၃) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါသေဆုံးသူ(၃)ဦးမှာ အရှေ့ဂျာဗားပြည်နယ်တွင် နေထိုင်သူများဖြစ်ကြကြောင်း အရှေ့ဂျားဗားပြည်နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့ တွဲဖက်အကြီးတန်းကော်မရှင်နာ Dwi Sumrahadi က ပြောကြားခဲ့သည်။

အဆိုပါခရီးသည်တင်ဘတ်စ်ကားကို အသက်(၅၁)နှစ်အရွယ် အေဂတ်စ်စူပရီယန်တို မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး နံနက်(၂)နာရီ(၄၅)မိနစ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါခရီးသည်တင်ဘတ်စ်ကားသည် တံတားပေါ်ရှိ ကွန်ကရစ်အတားအဆီးကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး လမ်းမလယ်တွင် မှောက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဘတ်စ်ကားမှောက်ရသည့်အကြောင်းအရင်းမှာ ဘတ်စ်ကားမောင်းသူသည် အရှိန်ပြင်းပြင်းမောင်းနှင်ခဲ့ပြီး အိပ်ငိုက်ခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း ရဲများက ပြောဆိုခဲ့သည်။
အနောက်ဂျာဗားပြည်နယ် ဘီကာစီဒေသတွင် ၂ဝ၂၂ ခုနှစ် ဇူလိုင်(၁၈)ရက်နေ့က လောင်စာဆီများ တင်ဆောင်ထားသောကားတစ်စီးသည် အခြားကားအများအပြားနှင့်တိုက်မိခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁ဝ)ဦး သေဆုံးခဲ့ကြောင်းသိရသည်။

အနောက်ဂျာဗားပြည်နယ် ဘီကာစီပြည်နယ် ဆူလ်တန်လမ်းတွင် ၂ဝ၂၂ ခုနှစ် သြဂုတ်(၃၁) ရက်နေ့က တွဲကားတစ်စီးတိမ်းမှောက်မှုကြောင့် လူအများအပြားသေဆုံးခဲ့ကြောင်းသိရသည်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံတြင္ ယာဥ္မေတာ္တဆမႈတစ္ခုေၾကာင့္ အနည္းဆုံးလူ(၃)ဦးေသဆုံး
ၿဖိဳးခန႔္(NP News) - ေအာက္တိုဘာ ၁၁

အင္ဒိုနီးရွားႏိုင္ငံ အေရွ႕ဂ်ာဗားျပည္နယ္ Sidoarjo ခ႐ိုင္ရွိ Kejapanan လမ္းတြင္ ေအာက္တိုဘာ(၁ဝ)ရက္၊ နံနက္ပိုင္းက ယာဥ္မေတာ္တဆမႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ (၃) ဦးေသဆုံးခဲ့ၿပီး၊ အျခား(၄၃) ဦးမွာ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

အဆိုပါေသဆုံးသူ(၃)ဦးမွာ အေရွ႕ဂ်ာဗားျပည္နယ္တြင္ ေနထိုင္သူမ်ားျဖစ္ၾကေၾကာင္း အေရွ႕ဂ်ားဗားျပည္နယ္ ယာဥ္ထိန္းရဲတပ္ဖြဲ႕ တြဲဖက္အႀကီးတန္းေကာ္မရွင္နာ Dwi Sumrahadi က ေျပာၾကားခဲ့သည္။

အဆိုပါခရီးသည္တင္ဘတ္စ္ကားကို အသက္(၅၁)ႏွစ္အ႐ြယ္ ေအဂတ္စ္စူပရီယန္တို ေမာင္းႏွင္ခဲ့ျခင္းျဖစ္ၿပီး နံနက္(၂)နာရီ(၄၅)မိနစ္တြင္ တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါခရီးသည္တင္ဘတ္စ္ကားသည္ တံတားေပၚရွိ ကြန္ကရစ္အတားအဆီးကို ဝင္ေရာက္တိုက္မိခဲ့ျခင္းျဖစ္ၿပီး လမ္းမလယ္တြင္ ေမွာက္သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ဘတ္စ္ကားေမွာက္ရသည့္အေၾကာင္းအရင္းမွာ ဘတ္စ္ကားေမာင္းသူသည္ အရွိန္ျပင္းျပင္းေမာင္းႏွင္ခဲ့ၿပီး အိပ္ငိုက္ခဲ့ျခင္းတို႔ေၾကာင့္ျဖစ္ေၾကာင္း ရဲမ်ားက ေျပာဆိုခဲ့သည္။
အေနာက္ဂ်ာဗားျပည္နယ္ ဘီကာစီေဒသတြင္ ၂ဝ၂၂ ခုႏွစ္ ဇူလိုင္(၁၈)ရက္ေန႔က ေလာင္စာဆီမ်ား တင္ေဆာင္ထားေသာကားတစ္စီးသည္ အျခားကားအမ်ားအျပားႏွင့္တိုက္မိခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၁ဝ)ဦး ေသဆုံးခဲ့ေၾကာင္းသိရသည္။

အေနာက္ဂ်ာဗားျပည္နယ္ ဘီကာစီျပည္နယ္ ဆူလ္တန္လမ္းတြင္ ၂ဝ၂၂ ခုႏွစ္ ၾသဂုတ္(၃၁) ရက္ေန႔က တြဲကားတစ္စီးတိမ္းေမွာက္မႈေၾကာင့္ လူအမ်ားအျပားေသဆုံးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.