(၉)လအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေမှာ (၂၁ဝဝ)ကျော်ရှိပြီး ယခင်နှစ်ထက် လျော့နည်းလာ

 768

ဟိန်း (NP News) - အောက်တိုဘာ ၁၃

မြန်မာနိုင်ငံတွင် (၉)လအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ၂၁ဝဝ ကျော်ရှိပြီး ယခင်နှစ်ထက် လျော့နည်းလာကြောင်း ကညန၏ စာရင်းများအရ သိရသည်။

ကညနအနေဖြင့် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉)လအတွင်း တိုင်းဒေသကြီး/ပြည်နယ်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ စုစုပေါင်း ယဉ်တိုက်မှု၊ ဒဏ်ရာရမှု၊ သေဆုံးမှုများကို စုစည်းထားပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်တွက်ချက်ထားသည်ကို တွေ့ရသည်။

၂ဝ၂၂ ခုနှစ်၏ (၉)လအတွင်းတွင် စုစုပေါင်း ယဉ်တိုက်မှု(၄၂၈၄)မှု၊ ဒဏ်ရာရရှိမှု (၅၉၁၁)ခုနှင့် သေဆုံးမှုမှာ (၂၁ဝ၂)မှုရှိပြီး ယခင် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလမှ စက် တင်ဘာလအထိ (၉)လအတွင်း ယဉ်တိုက်မှု (၄၈၃၆) မှုနှင့် သေဆုံးမှုမှာ (၂၃၉၈)မှု ရှိခဲ့သည့်အတွက် နှိုင်းယှဉ်မှုအရ ယခုနှစ်မှာ သေဆုံးမှုလျော့နည်းလာကြောင်းကို တွေ့ရသည်။

အဆိုပါစာရင်းတွင် ၂ဝ၂၂ ခုနှစ် (၉)လအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၇၂ဝ)မှုဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်မှ အနည်းဆုံးဖြစ်ကာ စုစုပေါင်း ယာဉ်တိုက်မှု (၄)မှုသာ ရှိသည်ကို တွေ့ရသည်။

ဒဏ်ရာရမှုတွင်လည်း ဧရာဝတီတိုင်းဒေသကြီးမှ (၉၉၉) ဦးဖြင့် အများဆုံးဖြစ်နေသည်ကိုတွေ့ရပြီး ကယားပြည်နယ်မှ အနည်းဆုံးဖြစ်ကာ စုစုပေါင်း (၃)ဦးသာ ရှိခဲ့သည်။

သေဆုံးမှုစာရင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ပြီး (၃၃၉)ဦးအထိရှိကာ မန္တလေးတိုင်းဒေသကြီးမှ (၃ဝ၃)ဦးဖြင့် ဒုတိယအများဆုံး၊ ပဲခူးတိုင်းဒေသကြီးမှ (၂၅၂)ဦးဖြင့် တတိယအများဆုံးရှိနေကြောင်း တွေ့ရသည်။

ယာဉ်မတော်တဆမှုမှာ အဓိကအားဖြင့် လူ့ပယောဂကြောင့် ပေါ်ပေါက်လာရသည့် ပြဿနာဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ ကိုယ်စီလိုက်နာထိန်းသိမ်းဆောင်ရွက်ကြမည်ဆိုလျှင်၊ အသုံးပြုသည့်ကားများ၏ ကြံ့ခိုင်မှုကောင်းမွန်နေမည်ဆိုလျှင် အဘက်ဘက်မှ ဟန်ချက်ညီလာပါက Road Safety ဆိုင်ရာ မျှော်မှန်းချက်ဖြစ်သည့် “Towards Zero Together” ဆိုသည့် Vision သည် အမှန်တကယ် ဖြစ်လာရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားထားသည်။

ယခုနှစ် စက်တင်ဘာအထိ ပြည်နယ်၊တိုင်း၊ ခရိုင်ရုံးများတွင် အမျိုးအစားအလိုက် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စာရင်းမှာ စုစုပေါင်း အစီးရေ (၇၂)သိန်းကျော် ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရသိရသည်။

zawgyi version
(၉)လအတြင္း ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးသူဦးေရမွာ (၂၁ဝဝ)ေက်ာ္ရွိၿပီး ယခင္ႏွစ္ထက္ ေလ်ာ့နည္းလာ
ဟိန္း (NP News) - ေအာက္တိုဘာ ၁၃

ျမန္မာႏိုင္ငံတြင္ (၉)လအတြင္း ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးသူဦးေရမွာ ၂၁ဝဝ ေက်ာ္ရွိၿပီး ယခင္ႏွစ္ထက္ ေလ်ာ့နည္းလာေၾကာင္း ကညန၏ စာရင္းမ်ားအရ သိရသည္။

ကညနအေနျဖင့္ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလမွ စက္တင္ဘာလအထိ (၉)လအတြင္း တိုင္းေဒသႀကီး/ျပည္နယ္မ်ားႏွင့္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၏ စုစုေပါင္း ယဥ္တိုက္မႈ၊ ဒဏ္ရာရမႈ၊ ေသဆုံးမႈမ်ားကို စုစည္းထားၿပီး ယခင္ႏွစ္အလားတူကာလႏွင့္ ႏႈိင္းယွဥ္တြက္ခ်က္ထားသည္ကို ေတြ႕ရသည္။

၂ဝ၂၂ ခုႏွစ္၏ (၉)လအတြင္းတြင္ စုစုေပါင္း ယဥ္တိုက္မႈ(၄၂၈၄)မႈ၊ ဒဏ္ရာရရွိမႈ (၅၉၁၁)ခုႏွင့္ ေသဆုံးမႈမွာ (၂၁ဝ၂)မႈရွိၿပီး ယခင္ ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီလမွ စက္ တင္ဘာလအထိ (၉)လအတြင္း ယဥ္တိုက္မႈ (၄၈၃၆) မႈႏွင့္ ေသဆုံးမႈမွာ (၂၃၉၈)မႈ ရွိခဲ့သည့္အတြက္ ႏႈိင္းယွဥ္မႈအရ ယခုႏွစ္မွာ ေသဆုံးမႈေလ်ာ့နည္းလာေၾကာင္းကို ေတြ႕ရသည္။

အဆိုပါစာရင္းတြင္ ၂ဝ၂၂ ခုႏွစ္ (၉)လအတြင္း ယာဥ္တိုက္မႈျဖစ္စဥ္အမ်ားဆုံးမွာ ရန္ကုန္တိုင္းေဒသႀကီးမွ (၇၂ဝ)မႈျဖင့္ အမ်ားဆုံးျဖစ္ၿပီး ကယားျပည္နယ္မွ အနည္းဆုံးျဖစ္ကာ စုစုေပါင္း ယာဥ္တိုက္မႈ (၄)မႈသာ ရွိသည္ကို ေတြ႕ရသည္။

ဒဏ္ရာရမႈတြင္လည္း ဧရာဝတီတိုင္းေဒသႀကီးမွ (၉၉၉) ဦးျဖင့္ အမ်ားဆုံးျဖစ္ေနသည္ကိုေတြ႕ရၿပီး ကယားျပည္နယ္မွ အနည္းဆုံးျဖစ္ကာ စုစုေပါင္း (၃)ဦးသာ ရွိခဲ့သည္။

ေသဆုံးမႈစာရင္းတြင္ ရန္ကုန္တိုင္းေဒသႀကီးမွ အမ်ားဆုံးျဖစ္ၿပီး (၃၃၉)ဦးအထိရွိကာ မႏၲေလးတိုင္းေဒသႀကီးမွ (၃ဝ၃)ဦးျဖင့္ ဒုတိယအမ်ားဆုံး၊ ပဲခူးတိုင္းေဒသႀကီးမွ (၂၅၂)ဦးျဖင့္ တတိယအမ်ားဆုံးရွိေနေၾကာင္း ေတြ႕ရသည္။

ယာဥ္မေတာ္တဆမႈမွာ အဓိကအားျဖင့္ လူ႔ပေယာဂေၾကာင့္ ေပၚေပါက္လာရသည့္ ျပႆနာျဖစ္သည့္အတြက္ လူတစ္ဦးခ်င္းစီ ကိုယ္စီလိုက္နာထိန္းသိမ္းေဆာင္႐ြက္ၾကမည္ဆိုလွ်င္၊ အသုံးျပဳသည့္ကားမ်ား၏ ႀကံ့ခိုင္မႈေကာင္းမြန္ေနမည္ဆိုလွ်င္ အဘက္ဘက္မွ ဟန္ခ်က္ညီလာပါက Road Safety ဆိုင္ရာ ေမွ်ာ္မွန္းခ်က္ျဖစ္သည့္ “Towards Zero Together” ဆိုသည့္ Vision သည္ အမွန္တကယ္ ျဖစ္လာရမည္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက အမ်ိဳးသားယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ ကင္းရွင္းေရးေကာင္စီ၏ ပထမအႀကိမ္ အစည္းအေဝးတြင္ ေျပာၾကားထားသည္။

ယခုႏွစ္ စက္တင္ဘာအထိ ျပည္နယ္၊တိုင္း၊ ခ႐ိုင္႐ုံးမ်ားတြင္ အမ်ိဳးအစားအလိုက္ မွတ္ပုံတင္ထားေသာ ေမာ္ေတာ္ယာဥ္စာရင္းမွာ စုစုေပါင္း အစီးေရ (၇၂)သိန္းေက်ာ္ ရွိေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ဝန္ႀကီးဌာန၏ စာရင္းအခ်က္အလက္မ်ားအရသိရသည္။

Related news

© 2021. All rights reserved.