"တစ်နှစ်မှာ သုံးလနီးပါး နေရောင်မရတဲ့ အီတလီ ရွာလေးကို နေရောင်ရလာစေဖို့ ထူးခြားတဲ့နည်းနဲ့ စွမ်းဆောင်ပေးခဲ့တဲ့ ရွာသူကြီး" (ထူးခြားသုတဆောင်းပါး)

 694

ဝတီ (NP News) - အောက်တိုဘာ ၁၅

ဗစ်ဂနယ်လာ (Viganella)ဆိုတဲ့ အီတလီရွာလေးဟာ အဲပ်စ် (Alps) တောင်တန်းမှာ တည်ရှိပါတယ်။ လူဦးရေကတော့ ၂ဝဝ ကျော်ရှိပါတယ်။ အဲပ်စ်တောင်တန်းက ရွာလေးဆိုတော့ နိုင်ငံခြား ခရီးသွားဗီဒီယိုတွေမှာ မြင်ဖူးနေကျ ရွာမျိုးပဲဖြစ်ရမယ်
လို့ သင်ထင်နေရင် မှားသွားပါလိမ့်မယ်။ ဒီရွာလေးက တစ်မျိုးတစ်မည် ထူးခြားနေပါတယ်။ ဒီရွာလေးဟာ ၂ဝဝ၆ ခုနှစ်မတိုင်ခင်ကအထိ တစ်နှစ်ကို ရက်ပေါင်း ၈၃ ရက်လောက် အမြဲအမှောင်ကျနေတာလေ။ အတိအကျ ပြောရမယ်ဆိုရင်တော့
နိုဝင်ဘာလ ၁၁ ရက်ကနေ ဖေဖော်ဝါရီလ ၂ ရက်လောက်အထိပေါ့။ ရွာလေးက တောင်ခြေမှာ တည်ထားတဲ့ ရွာဆိုတော့ ပတ်ပတ်လည်မှာ အင်မတန်မှ မြင့်မားမတ် စောက်လှတဲ့ တောင်ကြီးတွေ ဝိုင်းနေပါတယ်။ ဒါကြောင့် အဲဒီဆောင်းတွင်းကာလမှာဆိုရင် နေလုံးက တောင်တန်းနောက်ကွယ်မှာချည်းပဲ အမြဲရောက်နေပြီး ရွာလေးဟာ နေရောင်ရယ်လို့ လုံးဝမရဘဲအမှောင်ကျနေရတော့တာပါ။

၂ဝဝ၅ ခုနှစ်လည်းရောက်ရော အဲဒီတုန်းက ရွာသူကြီးတာဝန်ယူထားတဲ့ ဖရန်ကို မစ်ဒယ်လီ(Franco Midali)က ဂီယာကိုမိုဘွန်ဇာလီ (Giacomo Bonzani) ဆိုတဲ့ ဗိသု ကာပညာရှင်နဲ့တိုင်ပင်ပြီး ဒီပြဿနာကြီးကို ဖြေရှင်းနိုင်ဖို့အသည်းအသန်ကြိုးစားပါတော့တယ်။ ရွာသူရွာသားတွေကလည်း တစ်နှစ်မှာ သုံးလလောက် ခိုက်ခိုက်တုန်၊ အမှောင်ကျနေရတဲ့ဒဏ်ကို မခံနိုင်ကြတော့ဘူးလေ။ ဒါကြောင့် ဒီရွာလေး နေရောင် ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ရွာသူကြီးနဲ့ ဗိသုကာပညာရှင်က အကြိတ် အနယ် တိုင်ပင်ဆွေးနွေးကြတော့တာပေါ့။

ဒါနဲ့ပဲ နောက်ဆုံးမှာ အကြံကောင်းတစ်ခု ရလာပါတယ်။ အဲဒါကတော့ တောင် စောင်းမှာ ကြော်ငြာဘေလ်ဘုတ်လိုမျိုး ဧရာမမှန်ချပ်ကြီး ထောင်ထားလိုက်ဖို့ပါပဲ။
နေရောင်က အဲဒီမှန်ချပ်ကြီးပေါ်ကျပြီး မှန်ချပ်ကြီးက နေရောင်တွေ ရွာက ရင်ပြင်ကြီးပေါ် အလင်းပြန်အောင် လုပ်ပေးမှာလေ။ နေလုံးကြီး နေရာရွေ့သွားလည်း မှန်ချပ်ကြီးက အော်တိုလိုက်ရွေ့ပြီး နေရောင်တွေ ရွာပေါ် အလင်းပြန်ဖြာကျနေအောင် လုပ်ပေးနေမှာပါပဲ။ ဒါကြောင့် ဆောင်းရာသီ ရောက်ပြီဆိုရင် ရွာသားတွေ
အရင်လို အမှောင်ထဲမှာခိုက်ခိုက်တုန်နေမှာ စိုးရိမ်စရာ မလိုတော့ပါဘူး။ ဒီဧရာမ မှန်ချပ်ကြီးကြောင့် ရွာလေးဟာ ဆောင်းတွင်းမှာ တစ်ရက်ကို ငါးနာရီကနေ
ခြောက်နာရီကြား နေရောင်ရနိုင်ပြီလေ။ ဒီလိုစိတ်ကူးမျိုးကိုအရင်က ဘယ်သူမှ လက်တွေ့ အကောင်အထည် မဖော်ဖူးပါဘူး။

ဒါကြောင့် ရွာသူကြီးနဲ့ ဗိသုကာပညာရှင်က ဒီစီမံကိန်းအတွက် ဒေသခံအစိုးရဆီကနေ ယူရိုတစ်သိန်းလည်း တောင်းရောအစိုးရက ထုတ်မပေးပါဘူး။ ဒီလူတွေ အလ ကား လျှောက်စိတ်ကူးယဉ်နေတာလို့ ဒေသခံ အစိုးရက တွေးပုံရပါတယ်။

ဒါပေမဲ့ ရွာသားတွေအပေါ် စေတနာ စစ်မှန်လှတဲ့ ရွာသူကြီးနဲ့ဗိသုကာ ပညာရှင်ဟာ သူတို့စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ သိပ်တော့ အကြာကြီးမစောင့်လိုက်ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အင်တာနက်ကျေးဇူးကြောင့် ဒီစီမံကိန်း လူသိများလာတယ်လေ။ လူအများစု
စိတ်ဝင်စားတဲ့ ကိစ္စဆိုတော့ ဒီစီမံကိန်းအကြောင်း မီဒီယာတွေကအတော်ဖော်ပြလာကြပါတယ်။ "သီအိုရီ အရ ကြည့်မယ်ဆိုရင်တော့ဆောင်းတွင်းဆိုရင် ရွာမှာ နှင်းကျနေမှာပဲပေါ့။ ဒါပေမဲ့ဟိုးတောင်တန်းတွေ အထက်မှာ နေထွက်နေတယ်ဆိုရင် ကျွန်တော်တို့ရွာလေးဟာ ဆီးနှင်းရော၊ နေရောင်ကိုပါ တပြိုင်နက်တည်း မရနိုင်စရာအကြောင်း မရှိပါဘူး"လို့ အဲဒီစီမံကိန်းရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ဗိသုကာပညာရှင်က ဂျာနယ်လစ်တစ်ယောက်ကို ပြောခဲ့ပါသတဲ့။ မီဒီယာတွေ ကျေးဇူးကြောင့် ဒီစီမံကိန်း အရမ်းနာမည်ကြီးလာတော့ဒေသခံ အစိုးရလည်း ပိုက်ဆံမချပေးလို့ မရတော့ပါဘူး။ ဒီလိုနဲ့ စီမံကိန်းဟာ လက်တွေ့အကောင်အထည် ပေါ်လာပါတော့တယ်။ ၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်မှာ ရွာသူကြီးနဲ့ဗိသုကာပညာရှင် ဦး ဆောင်တဲ့အဖွဲ့ဟာ ဧရာမ မှန်ကြီးပေါ်က လိုက်ကာကို အားပါးတရ ဆွဲချပြီး မှန်ဖွင့်ပွဲ လုပ်ခဲ့ကြပါတယ်။ မှန်ဖွင့်ပွဲ ဆိုပေမယ့် သူတို့အတွက်တော့ အလင်းရောင် ဖွင့်ပွဲလေ။

ဒါကြောင့် ဟိုး ဘိုးဘေးဘီဘင် လက်ထက်ကတည်းကနှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလကို အမှောင်ထဲမှာပဲ ခိုက်ခိုက်တုန်ကျော်ဖြတ်ခဲ့ကြရတဲ့ ရွာသားတွေဟာ ပထမဦးဆုံးအကြိမ်အဖြစ်ဒီဇင်ဘာလထဲမှာ နေရောင်ရသွားကြပါတော့တယ်။ နေရောင် က ဧရာမ မှန်ချပ်ကြီးကနေ အလင်းပြန်ပြီး ရွာရဲ့ရင်ပြင်ပေါ်ဖြာကျလာတာလေ။

အမှောင်ဒုက္ခ၊ အအေးဒုက္ခတွေကို အခုလိုပဲ ခံစားနေရတဲ့ နော်ဝေးက ရဂျူခန် (Rjukan)ဆိုတဲ့ ရွာလေးဟာလည်း ၂ဝ၁၃ ခုနှစ်မှာတော့ ဒီနည်းအတိုင်း လိုက်လုပ်ပြီး အမှောင်၊အအေး ကမ္ဘာကနေ လွတ်မြောက်သွားကြပါတယ်။ အဲဒီက ရွာသားတွေလည်းအမှောင်ကျတဲ့ဒဏ်ကို စက်တင်ဘာလကနေ မတ်လအထိ နှစ်တိုင်း
ခါးစည်း ခံခဲ့ကြရတာလေ။ သူတို့လည်း မှန်ကြီးတွေ ထောင်ပြီး အမှောင်ဒုက္ခကနေ ရုန်းထွက်ခဲ့ကြတာပါ။ ဒါပေမဲ့ ဒီနည်းကိုပထမဦးဆုံး ရှေ့ဆောင်လမ်းပြ၊ လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့တဲ့ ရွာကတော့ ဗစ်ဂနယ်လာဆိုတဲ့ အီတလီ ရွာလေးပဲ ဖြစ်ပါတယ်။ ရွာလေးဟာ ရွာသားတွေအပေါ် စေတနာ အပြည့်ထားတဲ့ ခေါင်း ဆောင်ကောင်းရခဲ့လို့သာ အခုလို အမှောင်ကမ္ဘာကနေ လွတ်မြောက်နိုင်သွားတာပါ။

zawgyi version
"တစ္ႏွစ္မွာ သုံးလနီးပါး ေနေရာင္မရတဲ့ အီတလီ ႐ြာေလးကို ေနေရာင္ရလာေစဖို႔ ထူးျခားတဲ့နည္းနဲ႔ စြမ္းေဆာင္ေပးခဲ့တဲ့ ႐ြာသူႀကီး" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ေအာက္တိုဘာ ၁၅

ဗစ္ဂနယ္လာ (Viganella)ဆိုတဲ့ အီတလီ႐ြာေလးဟာ အဲပ္စ္ (Alps) ေတာင္တန္းမွာ တည္ရွိပါတယ္။ လူဦးေရကေတာ့ ၂ဝဝ ေက်ာ္ရွိပါတယ္။ အဲပ္စ္ေတာင္တန္းက ႐ြာေလးဆိုေတာ့ ႏိုင္ငံျခား ခရီးသြားဗီဒီယိုေတြမွာ ျမင္ဖူးေနက် ႐ြာမ်ိဳးပဲျဖစ္ရမယ္
လို႔ သင္ထင္ေနရင္ မွားသြားပါလိမ့္မယ္။ ဒီ႐ြာေလးက တစ္မ်ိဳးတစ္မည္ ထူးျခားေနပါတယ္။ ဒီ႐ြာေလးဟာ ၂ဝဝ၆ ခုႏွစ္မတိုင္ခင္ကအထိ တစ္ႏွစ္ကို ရက္ေပါင္း ၈၃ ရက္ေလာက္ အၿမဲအေမွာင္က်ေနတာေလ။ အတိအက် ေျပာရမယ္ဆိုရင္ေတာ့
ႏိုဝင္ဘာလ ၁၁ ရက္ကေန ေဖေဖာ္ဝါရီလ ၂ ရက္ေလာက္အထိေပါ့။ ႐ြာေလးက ေတာင္ေျခမွာ တည္ထားတဲ့ ႐ြာဆိုေတာ့ ပတ္ပတ္လည္မွာ အင္မတန္မွ ျမင့္မားမတ္ ေစာက္လွတဲ့ ေတာင္ႀကီးေတြ ဝိုင္းေနပါတယ္။ ဒါေၾကာင့္ အဲဒီေဆာင္းတြင္းကာလမွာဆိုရင္ ေနလုံးက ေတာင္တန္းေနာက္ကြယ္မွာခ်ည္းပဲ အၿမဲေရာက္ေနၿပီး ႐ြာေလးဟာ ေနေရာင္ရယ္လို႔ လုံးဝမရဘဲအေမွာင္က်ေနရေတာ့တာပါ။

၂ဝဝ၅ ခုႏွစ္လည္းေရာက္ေရာ အဲဒီတုန္းက ႐ြာသူႀကီးတာဝန္ယူထားတဲ့ ဖရန္ကို မစ္ဒယ္လီ(Franco Midali)က ဂီယာကိုမိုဘြန္ဇာလီ (Giacomo Bonzani) ဆိုတဲ့ ဗိသု ကာပညာရွင္နဲ႔တိုင္ပင္ၿပီး ဒီျပႆနာႀကီးကို ေျဖရွင္းႏိုင္ဖို႔အသည္းအသန္ႀကိဳးစားပါေတာ့တယ္။ ႐ြာသူ႐ြာသားေတြကလည္း တစ္ႏွစ္မွာ သုံးလေလာက္ ခိုက္ခိုက္တုန္၊ အေမွာင္က်ေနရတဲ့ဒဏ္ကို မခံႏိုင္ၾကေတာ့ဘူးေလ။ ဒါေၾကာင့္ ဒီ႐ြာေလး ေနေရာင္ ရေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကို ႐ြာသူႀကီးနဲ႔ ဗိသုကာပညာရွင္က အႀကိတ္ အနယ္ တိုင္ပင္ေဆြးေႏြးၾကေတာ့တာေပါ့။

ဒါနဲ႔ပဲ ေနာက္ဆုံးမွာ အႀကံေကာင္းတစ္ခု ရလာပါတယ္။ အဲဒါကေတာ့ ေတာင္ ေစာင္းမွာ ေၾကာ္ျငာေဘလ္ဘုတ္လိုမ်ိဳး ဧရာမမွန္ခ်ပ္ႀကီး ေထာင္ထားလိုက္ဖို႔ပါပဲ။
ေနေရာင္က အဲဒီမွန္ခ်ပ္ႀကီးေပၚက်ၿပီး မွန္ခ်ပ္ႀကီးက ေနေရာင္ေတြ ႐ြာက ရင္ျပင္ႀကီးေပၚ အလင္းျပန္ေအာင္ လုပ္ေပးမွာေလ။ ေနလုံးႀကီး ေနရာေ႐ြ႕သြားလည္း မွန္ခ်ပ္ႀကီးက ေအာ္တိုလိုက္ေ႐ြ႕ၿပီး ေနေရာင္ေတြ ႐ြာေပၚ အလင္းျပန္ျဖာက်ေနေအာင္ လုပ္ေပးေနမွာပါပဲ။ ဒါေၾကာင့္ ေဆာင္းရာသီ ေရာက္ၿပီဆိုရင္ ႐ြာသားေတြ
အရင္လို အေမွာင္ထဲမွာခိုက္ခိုက္တုန္ေနမွာ စိုးရိမ္စရာ မလိုေတာ့ပါဘူး။ ဒီဧရာမ မွန္ခ်ပ္ႀကီးေၾကာင့္ ႐ြာေလးဟာ ေဆာင္းတြင္းမွာ တစ္ရက္ကို ငါးနာရီကေန
ေျခာက္နာရီၾကား ေနေရာင္ရႏိုင္ၿပီေလ။ ဒီလိုစိတ္ကူးမ်ိဳးကိုအရင္က ဘယ္သူမွ လက္ေတြ႕ အေကာင္အထည္ မေဖာ္ဖူးပါဘူး။

ဒါေၾကာင့္ ႐ြာသူႀကီးနဲ႔ ဗိသုကာပညာရွင္က ဒီစီမံကိန္းအတြက္ ေဒသခံအစိုးရဆီကေန ယူ႐ိုတစ္သိန္းလည္း ေတာင္းေရာအစိုးရက ထုတ္မေပးပါဘူး။ ဒီလူေတြ အလ ကား ေလွ်ာက္စိတ္ကူးယဥ္ေနတာလို႔ ေဒသခံ အစိုးရက ေတြးပုံရပါတယ္။

ဒါေပမဲ့ ႐ြာသားေတြအေပၚ ေစတနာ စစ္မွန္လွတဲ့ ႐ြာသူႀကီးနဲ႔ဗိသုကာ ပညာရွင္ဟာ သူတို႔စိတ္ကူးကို လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ဖို႔ သိပ္ေတာ့ အၾကာႀကီးမေစာင့္လိုက္ရပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ၂ဝဝ၅ ခုႏွစ္ ႏွစ္ကုန္ပိုင္းေလာက္မွာ အင္တာနက္ေက်းဇူးေၾကာင့္ ဒီစီမံကိန္း လူသိမ်ားလာတယ္ေလ။ လူအမ်ားစု
စိတ္ဝင္စားတဲ့ ကိစၥဆိုေတာ့ ဒီစီမံကိန္းအေၾကာင္း မီဒီယာေတြကအေတာ္ေဖာ္ျပလာၾကပါတယ္။ "သီအိုရီ အရ ၾကည့္မယ္ဆိုရင္ေတာ့ေဆာင္းတြင္းဆိုရင္ ႐ြာမွာ ႏွင္းက်ေနမွာပဲေပါ့။ ဒါေပမဲ့ဟိုးေတာင္တန္းေတြ အထက္မွာ ေနထြက္ေနတယ္ဆိုရင္ ကြၽန္ေတာ္တို႔႐ြာေလးဟာ ဆီးႏွင္းေရာ၊ ေနေရာင္ကိုပါ တၿပိဳင္နက္တည္း မရႏိုင္စရာအေၾကာင္း မရွိပါဘူး"လို႔ အဲဒီစီမံကိန္းရဲ႕ ပဲ့ကိုင္ရွင္တစ္ေယာက္ျဖစ္တဲ့ ဗိသုကာပညာရွင္က ဂ်ာနယ္လစ္တစ္ေယာက္ကို ေျပာခဲ့ပါသတဲ့။ မီဒီယာေတြ ေက်းဇူးေၾကာင့္ ဒီစီမံကိန္း အရမ္းနာမည္ႀကီးလာေတာ့ေဒသခံ အစိုးရလည္း ပိုက္ဆံမခ်ေပးလို႔ မရေတာ့ပါဘူး။ ဒီလိုနဲ႔ စီမံကိန္းဟာ လက္ေတြ႕အေကာင္အထည္ ေပၚလာပါေတာ့တယ္။ ၂ဝဝ၆ ခုႏွစ္၊ ဒီဇင္ဘာလ ၁၇ ရက္မွာ ႐ြာသူႀကီးနဲ႔ဗိသုကာပညာရွင္ ဦး ေဆာင္တဲ့အဖြဲ႕ဟာ ဧရာမ မွန္ႀကီးေပၚက လိုက္ကာကို အားပါးတရ ဆြဲခ်ၿပီး မွန္ဖြင့္ပြဲ လုပ္ခဲ့ၾကပါတယ္။ မွန္ဖြင့္ပြဲ ဆိုေပမယ့္ သူတို႔အတြက္ေတာ့ အလင္းေရာင္ ဖြင့္ပြဲေလ။

ဒါေၾကာင့္ ဟိုး ဘိုးေဘးဘီဘင္ လက္ထက္ကတည္းကႏွစ္စဥ္ႏွစ္တိုင္း ဒီဇင္ဘာလကို အေမွာင္ထဲမွာပဲ ခိုက္ခိုက္တုန္ေက်ာ္ျဖတ္ခဲ့ၾကရတဲ့ ႐ြာသားေတြဟာ ပထမဦးဆုံးအႀကိမ္အျဖစ္ဒီဇင္ဘာလထဲမွာ ေနေရာင္ရသြားၾကပါေတာ့တယ္။ ေနေရာင္ က ဧရာမ မွန္ခ်ပ္ႀကီးကေန အလင္းျပန္ၿပီး ႐ြာရဲ႕ရင္ျပင္ေပၚျဖာက်လာတာေလ။

အေမွာင္ဒုကၡ၊ အေအးဒုကၡေတြကို အခုလိုပဲ ခံစားေနရတဲ့ ေနာ္ေဝးက ရဂ်ဴခန္ (Rjukan)ဆိုတဲ့ ႐ြာေလးဟာလည္း ၂ဝ၁၃ ခုႏွစ္မွာေတာ့ ဒီနည္းအတိုင္း လိုက္လုပ္ၿပီး အေမွာင္၊အေအး ကမာၻကေန လြတ္ေျမာက္သြားၾကပါတယ္။ အဲဒီက ႐ြာသားေတြလည္းအေမွာင္က်တဲ့ဒဏ္ကို စက္တင္ဘာလကေန မတ္လအထိ ႏွစ္တိုင္း
ခါးစည္း ခံခဲ့ၾကရတာေလ။ သူတို႔လည္း မွန္ႀကီးေတြ ေထာင္ၿပီး အေမွာင္ဒုကၡကေန ႐ုန္းထြက္ခဲ့ၾကတာပါ။ ဒါေပမဲ့ ဒီနည္းကိုပထမဦးဆုံး ေရွ႕ေဆာင္လမ္းျပ၊ လက္ေတြ႕အေကာင္အထည္ ေဖာ္ႏိုင္ခဲ့တဲ့ ႐ြာကေတာ့ ဗစ္ဂနယ္လာဆိုတဲ့ အီတလီ ႐ြာေလးပဲ ျဖစ္ပါတယ္။ ႐ြာေလးဟာ ႐ြာသားေတြအေပၚ ေစတနာ အျပည့္ထားတဲ့ ေခါင္း ေဆာင္ေကာင္းရခဲ့လို႔သာ အခုလို အေမွာင္ကမာၻကေန လြတ္ေျမာက္ႏိုင္သြားတာပါ။

Picture

09883352034

19/10/2022 16:39

ခေါင်းဆောင်ဆိုတာအဲလိုပဲဖြစ်ရမယ်လေ

Related news

© 2021. All rights reserved.