ပြင်ဦးလွင်-မန္တလေးကားလမ်းတွင် ပြောင်းစေ့များတင်လာသည့် (၁၂)ဘီးကားတစ်စီး ချောက်ထဲထိုးကျမှုဖြစ်ပွား

696

NP News - အောက်တိုဘာ ၂၀
ပြင်ဦးလွင်-မန္တလေးကားလမ်းတွင် ပြောင်းစေ့များတင်လာသည့် (၁၂)ဘီးကားတစ်စီး ချောက်ထဲထိုးကျခဲ့ရာ ယာဉ်မောင်းဖြစ်သူ လက်နှစ်ဖက်ကျိုး၍ ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၂ဝ ရက်)၊နံနက်(၉)နာရီခွဲအချိန်ခန့်တွင် ပြင်ဦးလွင်-မန္တလေးကားလမ်း မိုင်တိုင်(၁၉)မိုင်၌ ပြောင်းစေ့များတင်လာသည့်(၁၂)ဘီးကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ အရေးပေါ်ရှာ ဖွေ၊ ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူတွင် လက်နှစ်ဖက်ကျိုးခဲ့ပြီး အခြားဒဏ်ရာများရရှိခဲ့သဖြင့် စေတနာမွန် (အုန်းချော)မှ လူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှဆိုသည်။
ထို့ပြင် ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်)၊ ည(၆)နာရီ(၄ဝ)မိနစ်အချိန်တွင် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ မန္တလေး- နေပြည်တော်လမ်းဘက်ခြမ်းရှိ အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၃၃/ဝ)ဖာလုံအနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ထို့ကြောင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသား (၃)ဦး၌ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းတို့အား တံတားဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

zawgyi version
ျပင္ဦးလြင္-မႏၲေလးကားလမ္းတြင္ ေျပာင္းေစ့မ်ားတင္လာသည့္ (၁၂)ဘီးကားတစ္စီး ေခ်ာက္ထဲထိုးက်မႈျဖစ္ပြား
NP News - ေအာက္တိုဘာ ၂၀
ျပင္ဦးလြင္-မႏၲေလးကားလမ္းတြင္ ေျပာင္းေစ့မ်ားတင္လာသည့္ (၁၂)ဘီးကားတစ္စီး ေခ်ာက္ထဲထိုးက်ခဲ့ရာ ယာဥ္ေမာင္းျဖစ္သူ လက္ႏွစ္ဖက္က်ိဳး၍ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာလ ၂ဝ ရက္)၊နံနက္(၉)နာရီခြဲအခ်ိန္ခန႔္တြင္ ျပင္ဦးလြင္-မႏၲေလးကားလမ္း မိုင္တိုင္(၁၉)မိုင္၌ ေျပာင္းေစ့မ်ားတင္လာသည့္(၁၂)ဘီးကားသည္ အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးေခ်ာက္ထဲသို႔ ထိုးက်ခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မႏၲေလးတိုင္း႐ုံး)မွ သိရသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မႏၲေလးတိုင္း႐ုံး)မွ အေရးေပၚရွာ ေဖြ၊ ကယ္ဆယ္ေရးအဖြဲ႕မ်ားက ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္ေၾကာင့္ ယာဥ္ေမာင္းျဖစ္သူတြင္ လက္ႏွစ္ဖက္က်ိဳးခဲ့ၿပီး အျခားဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေစတနာမြန္ (အုန္းေခ်ာ)မွ လူနာတင္ယာဥ္ျဖင့္ ျပင္ဦးလြင္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလးတိုင္း႐ုံး) မွဆိုသည္။
ထို႔ျပင္ ယမန္ေန႔ (ေအာက္တိုဘာလ ၁၉ ရက္)၊ ည(၆)နာရီ(၄ဝ)မိနစ္အခ်ိန္တြင္ မႏၲေလးတိုင္း၊ တံတားဦးၿမိဳ႕နယ္၊ မႏၲေလး- ေနျပည္ေတာ္လမ္းဘက္ျခမ္းရွိ အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္(၃၃၃/ဝ)ဖာလုံအနီးတြင္ ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။
ထို႔ေၾကာင့္ စကားအင္းအျမန္လမ္းမီးသတ္စခန္းမွ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးျငႇိမ္းသတ္ယာဥ္မ်ားက ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း မီးသတ္ဦးစီးဌာနမွ သိရသည္။
အဆိုပါယာဥ္မေတာ္တဆမႈေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါလာသည့္ အမ်ိဳးသား (၃)ဦး၌ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ၎တို႔အား တံတားဦးေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ ထုတ္ျပန္ထားသည္။