ကော့ကရိတ်မြို့ပေါ်၌ တပ်မတော်နှင့် KNLA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး အရပ်သား(၁၁)ဦးထက်မနည်း ဆေးရုံတင်ထားရကာ သေဆုံးမှုများလည်းရှိနေ

 1318

NP News - အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်၌ တပ်မတော်နှင့် KNLA၊ PDF ပူးပေါင်းအဖွဲ့တို့အကြား ဖြစ်ပွားသောတိုက်ပွဲကြောင့် အရပ်သားများ ထိခိုက်မှုများရှိနေကြောင်း သတင်းရရှိသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ KNLA လက်နက်ကိုင်အဖွဲ့နှင့် PDF တို့က ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၇ နာရီကျော်အခန့်တွင် ကော့ကရိတ်မြို့ပေါ်သို့ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ဆိုသည်။

“ဟုတ်တယ်ဗျ မနက် ၇ နာရီကျော်ကျော်လောက်ကတည်းက တိုက်ပွဲတွေဖြစ်နေတာ အခုအချိန်ထိပဲ။ ကျွန်တော်သိသလောက်ပေါ့။ အဓိကတော့ ခရိုင်အုပ်ချုပ်ရေးရုံးကြီးရဲ့နောက် ကျောဘက်မှာ အမှတ်(၃)ဂိတ်ဘက်ခြမ်းနဲ့ ကျောင်းဦးစေတီ ဂိတ်ဘက်ခြမ်းမှာဖြစ်နေတာ။ အဲဒီစေတီဘက်မှာတော့ အခုနည်းနည်းတော့ ငြိမ်သွားပြီဗျ” ဟု ကော့ကရိတ်မြို့ခံသတင်း အရင်းအမြစ်တစ်ဦးက ယနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် NP News ကို ပြောသည်။

ကော့ကရိတ်မြို့ပေါ်၌ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင်း အရပ်သားအဆောက်အဦးများ ထိခိုက်ပျက်စီးမှုများရှိနေသည့် အပြင် အရပ်သား(၁၁)ဦးမှာလည်း ကော့ကရိတ်ခရိုင်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေရကြောင်း ကနဦးသတင်းများအရ သိရသည်။

ထို့ပြင် ကော့ကရိတ်မြို့ခံ သတင်းအရင်းအမြစ်တစ်ဦးက “အခုထပ်ဖြစ်နေတာက (၉၇)တပ်ရင်းရဲ့ အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲ ထပ်ဖြစ်နေကြတယ်” ဟု ဆက်လက်ပြောသည်။

ကော့ကရိတ်မြို့သို့ KNLA၊ PDF ပူးပေါင်းအဖွဲ့များက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကလည်း လေယာဉ်ပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“လူထုကတော့ အားလုံးကြောက်နေကြတာပေါ့။ ပစ်ခတ်မှုတွေက လက်နက်ငယ်ပစ်တာရော၊ လက်နက်ကြီးပစ်တာရော အထင်သားကြီးကြားနေရတာ။ လေယာဉ်က ပစ်သွားတဲ့အသံတွေကလည်း နားထဲကို အူထွက်သွားတာပဲ။ လူတွေကတော့ ကြောက်လန့်နေကြတယ်။ ဒီလိုမျိုးကြီးတွေ ထပ်မဖြစ်စေချင်ဘူး” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ကော့ကရိတ်မြို့၊ တံတားဦးအမှတ်(၇)ရပ်ကွက်ရှိ အလှနန်းတော် အလှပြင်ဆိုင်ရှေ့သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးမှာ သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။

ပြီးခဲ့သော သြဂုတ်လ ၁၅ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့ပေါ်၌ KNLA ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကြား ထိခိုက်သေဆုံးမှုများရှိခဲ့သလို အရပ်သားသေကြေပျက်စီးမှုများလည်း ရှိခဲ့သည်။

Zawgyi Version;
ေကာ့ကရိတ္ၿမိဳ႕ေပၚ၌ တပ္မေတာ္ႏွင့္ KNLA ပူးေပါင္းအဖြဲ႕တို႔အၾကား တိုက္ပြဲျဖစ္ပြားလ်က္ရွိၿပီး အရပ္သား(၁၁)ဦးထက္မနည္း ေဆး႐ုံတင္ထားရကာ ေသဆုံးမႈမ်ားလည္းရွိေန
NP News - ေအာက္တိုဘာ ၂၁

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ေပၚ၌ တပ္မေတာ္ႏွင့္ KNLA၊ PDF ပူးေပါင္းအဖြဲ႕တို႔အၾကား ျဖစ္ပြားေသာတိုက္ပြဲေၾကာင့္ အရပ္သားမ်ား ထိခိုက္မႈမ်ားရွိေနေၾကာင္း သတင္းရရွိသည္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၏ KNLA လက္နက္ကိုင္အဖြဲ႕ႏွင့္ PDF တို႔က ယေန႔ ေအာက္တိုဘာ ၂၁ ရက္ နံနက္ ၇ နာရီေက်ာ္အခန႔္တြင္ ေကာ့ကရိတ္ၿမိဳ႕ေပၚသို႔ လာေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံသတင္းအရင္းအျမစ္မ်ားက ဆိုသည္။

“ဟုတ္တယ္ဗ် မနက္ ၇ နာရီေက်ာ္ေက်ာ္ေလာက္ကတည္းက တိုက္ပြဲေတြျဖစ္ေနတာ အခုအခ်ိန္ထိပဲ။ ကြၽန္ေတာ္သိသေလာက္ေပါ့။ အဓိကေတာ့ ခ႐ိုင္အုပ္ခ်ဳပ္ေရး႐ုံးႀကီးရဲ႕ေနာက္ ေက်ာဘက္မွာ အမွတ္(၃)ဂိတ္ဘက္ျခမ္းနဲ႔ ေက်ာင္းဦးေစတီ ဂိတ္ဘက္ျခမ္းမွာျဖစ္ေနတာ။ အဲဒီေစတီဘက္မွာေတာ့ အခုနည္းနည္းေတာ့ ၿငိမ္သြားၿပီဗ်” ဟု ေကာ့ကရိတ္ၿမိဳ႕ခံသတင္း အရင္းအျမစ္တစ္ဦးက ယေန႔ ေန႔လည္ ၁၂ နာရီအခ်ိန္ခန႔္တြင္ NP News ကို ေျပာသည္။

ေကာ့ကရိတ္ၿမိဳ႕ေပၚ၌ ျဖစ္ပြားေနသည့္တိုက္ပြဲမ်ားေၾကာင္း အရပ္သားအေဆာက္အဦးမ်ား ထိခိုက္ပ်က္စီးမႈမ်ားရွိေနသည့္ အျပင္ အရပ္သား(၁၁)ဦးမွာလည္း ေကာ့ကရိတ္ခ႐ိုင္ေဆး႐ုံသို႔ ပို႔ေဆာင္ကုသမႈခံယူေနရေၾကာင္း ကနဦးသတင္းမ်ားအရ သိရသည္။

ထို႔ျပင္ ေကာ့ကရိတ္ၿမိဳ႕ခံ သတင္းအရင္းအျမစ္တစ္ဦးက “အခုထပ္ျဖစ္ေနတာက (၉၇)တပ္ရင္းရဲ႕ အေရွ႕ဘက္ျခမ္းမွာ တိုက္ပြဲ ထပ္ျဖစ္ေနၾကတယ္” ဟု ဆက္လက္ေျပာသည္။

ေကာ့ကရိတ္ၿမိဳ႕သို႔ KNLA၊ PDF ပူးေပါင္းအဖြဲ႕မ်ားက လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး တပ္မေတာ္ကလည္း ေလယာဥ္ပစ္ကူမ်ားျဖင့္ ျပန္လည္တိုက္ခိုက္ေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“လူထုကေတာ့ အားလုံးေၾကာက္ေနၾကတာေပါ့။ ပစ္ခတ္မႈေတြက လက္နက္ငယ္ပစ္တာေရာ၊ လက္နက္ႀကီးပစ္တာေရာ အထင္သားႀကီးၾကားေနရတာ။ ေလယာဥ္က ပစ္သြားတဲ့အသံေတြကလည္း နားထဲကို အူထြက္သြားတာပဲ။ လူေတြကေတာ့ ေၾကာက္လန႔္ေနၾကတယ္။ ဒီလိုမ်ိဳးႀကီးေတြ ထပ္မျဖစ္ေစခ်င္ဘူး” ဟု ေကာ့ကရိတ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ေကာ့ကရိတ္ၿမိဳ႕၊ တံတားဦးအမွတ္(၇)ရပ္ကြက္ရွိ အလွနန္းေတာ္ အလွျပင္ဆိုင္ေရွ႕သို႔ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ အရပ္သားတစ္ဦးမွာ ေသဆုံးခဲ့ေၾကာင္း ကနဦးသတင္းမ်ားအရ သိရွိရသည္။

ၿပီးခဲ့ေသာ ၾသဂုတ္လ ၁၅ ရက္ေန႔တြင္လည္း ေကာ့ကရိတ္ၿမိဳ႕ေပၚ၌ KNLA ပူးေပါင္းအဖြဲ႕ႏွင့္ တပ္မေတာ္တို႔အၾကား တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္အၾကား ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့သလို အရပ္သားေသေၾကပ်က္စီးမႈမ်ားလည္း ရွိခဲ့သည္။

Related news

© 2021. All rights reserved.