ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး လုပ်ကြံခံရမှု အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး စီးပွားရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်

 1265

ရောင်နီ (NP News) - အောက်တိုဘာ ၂၄

Unification Church ခရစ်ယာန်အသင်းတော်အုပ်စုနဲ့ ၄င်းရဲ ဆက်ဆံရေးကို အပြည့်အဝရှင်းပြဖို့ ပျက်ကွက်မှုအပေါ် ဝေဖန်မှုများ ကြီးထွားလာပြီးနောက် ဝေဖန်မှုတွေ မြင့်တက်လာချိန်မှာ ဂျပန်စီးပွားရေး၀န်ကြီး ဒိုင်ရှီရို ရာမာဂီဝါ ဟာ ရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ကီရှီဒါအစိုးရ အာဏာရပြီးနောက် ပထမဆုံး ရာထူးမှ နှုတ်ထွက်ခဲ့သူ ဒိုင်ရှီရိုရာမာဂီဝါ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သတ်ဖြတ်ခံရမှုမှဖြစ်ပွားခဲ့တဲ့ ကျယ်ပြန့်တဲ့အရှုပ်တော်ပုံမှာ ပါဝင်ခဲ့ တယ်လို့ ဆိုကြပါတယ်။ ဒါဟာ ၎င်းရဲ့ အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) အတွက် ပြင်းထန်သော ထိုးနှက်ချက်ပဲ ဖြစ်ပါတယ်။

ရာမာဂီဝါ ဟာ ၎င်းရဲ့လုပ်ရပ်အတွက် နောင်တရခဲ့ပေမယ့်လည်း တောင်းပန်မှုမရှိဘဲ ဝန်ကြီးအဖြစ်မှ နှုတ်ထွက်ခဲ့ ပေမယ့် ဥပဒေပြုသူအဖြစ် ဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ရာမာ ဂီဝါ နှုတ်ထွက်ခြင်းအတွက် အံ့အားသင့်မိကြောင်းနဲ့ ယခုသီတင်းပတ်နှောင်းပိုင်းမှာ အတည်ပြုမယ့်အစိုးရရဲ့ စီးပွားရေးဆိုင်ရာ ပက်ကေ့ခ်ျအပေါ် သက်ရောက်မှုမရှိစေဖို့ ဂရုပြုရမှာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး ချုနီချီစူဇူကီ က ပြောကြားခဲ့ပါတယ်။

၁၉၅ဝ ခုနှစ်များအတွင်း တောင်ကိုရီးယားမှာ တည်ထောင်ခဲ့ပြီး အစုလိုက်အပြုံလိုက် မင်္ဂလာပွဲများ ကျင်းပရာအဖြစ် ကျော်ကြားလာခဲ့တဲ့ Unification Church ဘုရားကျောင်းဟာ ဇူလိုင် ၈ ရက်က ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရပြီးနောက် လူအများရဲ့အာရုံစိုက် ခံလာရပါတယ်။ အဘယ်ကြောင့်ဆိုသော အာဘေးကို လုပ်ကြံပစ်ခတ်ခဲ့သူက ဘုရားကျောင်းဟာ ၄င်းရဲ့မိခင်ကို အတင်းအဓမ္မ အကြွေးတွေ ဆပ်ခိုင်းခဲ့ပြီး ဒီကိစ္စကို ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက ကြိုးကိုင်တယ်လို့စွပ်စွဲကာ အပြစ်တင်ခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။

မကြာမီမှာပဲ ဝန်ကြီးချုပ်ဟောင်း အသတ်ခံရပြီးကတည်းက ဘုရားကျောင်းနဲ့ LDP ပါတီဝင်များကြား ကာလရှည်ကြာ ဆက်ဆံရေးရှိကြောင်း အထောက်အထားများ ပေါ်လွင်လာခဲ့ပါတယ်။ တစ်သီးပုဂ္ဂလ လွှတ်တော်အမတ် အများအပြားက အသင်းတော်နဲ့ အဆက်အသွယ်ရှိကြောင်း အသိအမှတ်ပြုပေမယ့်လည်း ပါတီနဲ့ ချိတ်ဆက်မှုမရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ကီရှီဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဘုရားကျောင်းကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။

Zawgyi Version;
ဂ်ပန္ဝန္ႀကီးခ်ဳပ္ရွင္ဇိုအာေဘး လုပ္ႀကံခံရမႈ အရႈပ္ေတာ္ပုံနဲ႔ပတ္သက္ၿပီး စီးပြားေရးဝန္ႀကီး ရာထူးမွ ႏႈတ္ထြက္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၄

Unification Church ခရစ္ယာန္အသင္းေတာ္အုပ္စုနဲ႔ ၄င္းရဲ ဆက္ဆံေရးကို အျပည့္အဝရွင္းျပဖို႔ ပ်က္ကြက္မႈအေပၚ ေဝဖန္မႈမ်ား ႀကီးထြားလာၿပီးေနာက္ ေဝဖန္မႈေတြ ျမင့္တက္လာခ်ိန္မွာ ဂ်ပန္စီးပြားေရး၀န္ႀကီး ဒိုင္ရွီ႐ို ရာမာဂီဝါ ဟာ ရာထူးမွ ႏႈတ္ထြက္ခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ ကီရွီဒါအစိုးရ အာဏာရၿပီးေနာက္ ပထမဆုံး ရာထူးမွ ႏႈတ္ထြက္ခဲ့သူ ဒိုင္ရွီ႐ိုရာမာဂီဝါ ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လက ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘး သတ္ျဖတ္ခံရမႈမွျဖစ္ပြားခဲ့တဲ့ က်ယ္ျပန႔္တဲ့အရႈပ္ေတာ္ပုံမွာ ပါဝင္ခဲ့ တယ္လို႔ ဆိုၾကပါတယ္။ ဒါဟာ ၎ရဲ႕ အာဏာရလစ္ဘရယ္ဒီမိုကရက္တစ္ပါတီ (LDP) အတြက္ ျပင္းထန္ေသာ ထိုးႏွက္ခ်က္ပဲ ျဖစ္ပါတယ္။

ရာမာဂီဝါ ဟာ ၎ရဲ႕လုပ္ရပ္အတြက္ ေနာင္တရခဲ့ေပမယ့္လည္း ေတာင္းပန္မႈမရွိဘဲ ဝန္ႀကီးအျဖစ္မွ ႏႈတ္ထြက္ခဲ့ ေပမယ့္ ဥပေဒျပဳသူအျဖစ္ ဆက္လက္ရွိေနဦးမွာျဖစ္ေၾကာင္း သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။ ရာမာ ဂီဝါ ႏႈတ္ထြက္ျခင္းအတြက္ အံ့အားသင့္မိေၾကာင္းနဲ႔ ယခုသီတင္းပတ္ေႏွာင္းပိုင္းမွာ အတည္ျပဳမယ့္အစိုးရရဲ႕ စီးပြားေရးဆိုင္ရာ ပက္ေက့ခ္်အေပၚ သက္ေရာက္မႈမရွိေစဖို႔ ဂ႐ုျပဳရမွာျဖစ္တယ္လို႔ ဘ႑ာေရးဝန္ႀကီး ခ်ဳနီခ်ီစူဇူကီ က ေျပာၾကားခဲ့ပါတယ္။

၁၉၅ဝ ခုႏွစ္မ်ားအတြင္း ေတာင္ကိုရီးယားမွာ တည္ေထာင္ခဲ့ၿပီး အစုလိုက္အၿပဳံလိုက္ မဂၤလာပြဲမ်ား က်င္းပရာအျဖစ္ ေက်ာ္ၾကားလာခဲ့တဲ့ Unification Church ဘုရားေက်ာင္းဟာ ဇူလိုင္ ၈ ရက္က ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘး လုပ္ႀကံခံရၿပီးေနာက္ လူအမ်ားရဲ႕အာ႐ုံစိုက္ ခံလာရပါတယ္။ အဘယ္ေၾကာင့္ဆိုေသာ အာေဘးကို လုပ္ႀကံပစ္ခတ္ခဲ့သူက ဘုရားေက်ာင္းဟာ ၄င္းရဲ႕မိခင္ကို အတင္းအဓမၼ အေႂကြးေတြ ဆပ္ခိုင္းခဲ့ၿပီး ဒီကိစၥကို ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘးက ႀကိဳးကိုင္တယ္လို႔စြပ္စြဲကာ အျပစ္တင္ခဲ့ျခင္းေၾကာင့္ပဲျဖစ္ပါတယ္။

မၾကာမီမွာပဲ ဝန္ႀကီးခ်ဳပ္ေဟာင္း အသတ္ခံရၿပီးကတည္းက ဘုရားေက်ာင္းနဲ႔ LDP ပါတီဝင္မ်ားၾကား ကာလရွည္ၾကာ ဆက္ဆံေရးရွိေၾကာင္း အေထာက္အထားမ်ား ေပၚလြင္လာခဲ့ပါတယ္။ တစ္သီးပုဂၢလ လႊတ္ေတာ္အမတ္ အမ်ားအျပားက အသင္းေတာ္နဲ႔ အဆက္အသြယ္ရွိေၾကာင္း အသိအမွတ္ျပဳေပမယ့္လည္း ပါတီနဲ႔ ခ်ိတ္ဆက္မႈမရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ကီရွီဒါဟာ ၿပီးခဲ့တဲ့သီတင္းပတ္က ဘုရားေက်ာင္းကို စုံစမ္းစစ္ေဆးဖို႔ အမိန႔္ေပးခဲ့ပါတယ္။

Related news

© 2021. All rights reserved.