အဆိုတော်ပိုပို၊ Social Influencer ဝင်းမင်းသန်းနှင့် ဒါရိုက်တာမိုက်တီးတို့ ပြန်လည်လွတ်မြောက်

 1086

NP News - အောက်တိုဘာ ၂၈

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အဆိုတော် ပိုပို၊ Beauty Blogger မဝင်းမင်းသန့်နှင့် ဒါရိုက်တာ မိုက်တီးတို့ သုံးဦးစလုံးသည် ယနေ့ အောက်တိုဘာလ(၂၈) ရက် ညနေပိုင်း က နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း အနုပညာအသိုင်းအဝိုင်းမှ သိရသည်။

သတင်းများအရ အဆိုတော် ပိုပို နှင့် Social Influencer ဝင်းမင်းသန်းတို့သည် ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။ သို့သော် ဒါရိုက်တာမိုက်တီးသည် ကင်ဆာရောဂါကို ဆေးကုသနေရဆဲဖြစ်သည့်အတွက် ယခုကဲ့သို့ ပြန်လည်လွတ်မြောက်လာခြင်းသည် ဆေးကုသရန်အတွက် ပို၍ အဆင်ပြေသွားကြောင်း သိရသည်။

စစ်တပ်အာဏာထိန်းသည့် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ အဆိုတော် ပိုပို နှင့် ဝင်းမင်းသန်းတို့သည် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များအား ပြန်လည်လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ CDM လှုပ်ရှားမှုများ၊ ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

နစက ဘက်မှလည်း ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသည့် ပြည်သူအချို့နှင့် အနုပညာရှင်အများစုကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က) ဖြင့် အမှုဖွင့်ဖမ်းဝရမ်းထုတ်ခဲ့ရာ အဆိုတော် ပိုပိုသည် ၂ဝ၂၁ ခုနှစ် ‌ဧပြီလ ၁၅ ရက် ညနေပိုင်းတွင် သူမ၏ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
Social Influencer ဝင်းမင်းသန်း သည်လည်း လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ် ဧပြီလက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ဒါရိုက်တာမိုက်တီးသည် ၂ဝ၂၁ ခုနှစ် မတ်လ ၁၂ ရက်က ရန်ကင်းဘောက်ထော်ရှိ ၄င်း၏နေအိမ်တွင် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါအနုပညာရှင်သုံးဦးကို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပုဒ်မ ၅ဝ၅(က) ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခြင်း ဖြစ်သည်။

အဆိုတော်ပိုပိုနှင့် Social Influencer ဝင်းမင်းသန်းတို့ နေ့အိမ်သို့ ကျန်းမာစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်နှင့် တပြိုင်နက် ဒါရိုက်တာမိုက်တီးလည်း ပြန်လည်လွတ်မြောက်လာပြီဖြစ် ကြောင်း သတင်းများသည် ဆက်လက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အဆိုတော် ပိုပို၊ Social Influencer ဝင်းမင်းသန်း နှင့် ဒါရိုက်တာ မိုက်တီးတို့သည် အကျဥ်းထောင်ထဲတွင် ၁ နှစ်နှင့် ၆ လအကြာဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

၄င်းတို့ကို ချစ်ခင်အားပေးကြသော ပရိသတ်များနှင့် အနုပညာမောင်နှမများသည် လူမှုကွန်ရက်ပေါ်တွင် ပြန်လည် လွတ်မြောက်လာသည့်အတွက် ဝမ်းသာပျော်ရွှင်ကြောင်းစာသားများ ရေးသားဖော်ပြခဲ့ကြသည်ကိုလည်း တွေ့ရ သည်။

Zawgyi Version;
အဆိုေတာ္ပိုပို၊ Social Influencer ဝင္းမင္းသန္းႏွင့္ ဒါ႐ိုက္တာမိုက္တီးတို႔ ျပန္လည္လြတ္ေျမာက္
NP News - ေအာက္တိုဘာ ၂၈

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅ဝ၅(က) ျဖင့္ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ အဆိုေတာ္ ပိုပို၊ Beauty Blogger မဝင္းမင္းသန႔္ႏွင့္ ဒါ႐ိုက္တာ မိုက္တီးတို႔ သုံးဦးစလုံးသည္ ယေန႔ ေအာက္တိုဘာလ(၂၈) ရက္ ညေနပိုင္း က ေနအိမ္သို႔ ျပန္လည္ေရာက္ရွိခဲ့ၿပီျဖစ္ေၾကာင္း အႏုပညာအသိုင္းအဝိုင္းမွ သိရသည္။

သတင္းမ်ားအရ အဆိုေတာ္ ပိုပို ႏွင့္ Social Influencer ဝင္းမင္းသန္းတို႔သည္ က်န္းမာေရးေကာင္းမြန္ေၾကာင္း သိရသည္။ သို႔ေသာ္ ဒါ႐ိုက္တာမိုက္တီးသည္ ကင္ဆာေရာဂါကို ေဆးကုသေနရဆဲျဖစ္သည့္အတြက္ ယခုကဲ့သို႔ ျပန္လည္လြတ္ေျမာက္လာျခင္းသည္ ေဆးကုသရန္အတြက္ ပို၍ အဆင္ေျပသြားေၾကာင္း သိရသည္။

စစ္တပ္အာဏာထိန္းသည့္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွစတင္၍ အဆိုေတာ္ ပိုပို ႏွင့္ ဝင္းမင္းသန္းတို႔သည္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ႏိုင္ငံ့ေခါင္းေဆာင္မ်ားအား ျပန္လည္လႊတ္ေပးေရးႏွင့္ စစ္အာဏာရွင္စနစ္အား ဆန႔္က်င္ေရးလႈပ္ရွားမႈမ်ား၊ CDM လႈပ္ရွားမႈမ်ား၊ ဆန႔္က်င္ေရးဆႏၵထုတ္ေဖာ္ပြဲမ်ားတြင္ ပါဝင္ခဲ့ၾကျခင္းျဖစ္သည္။

နစက ဘက္မွလည္း ဆႏၵျပပြဲမ်ားတြင္ ပါဝင္ခဲ့ၾကသည့္ ျပည္သူအခ်ိဳ႕ႏွင့္ အႏုပညာရွင္အမ်ားစုကို ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅ဝ၅(က) ျဖင့္ အမႈဖြင့္ဖမ္းဝရမ္းထုတ္ခဲ့ရာ အဆိုေတာ္ ပိုပိုသည္ ၂ဝ၂၁ ခုႏွစ္ ‌ဧၿပီလ ၁၅ ရက္ ညေနပိုင္းတြင္ သူမ၏ ေနအိမ္တြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။
Social Influencer ဝင္းမင္းသန္း သည္လည္း လြန္ခဲ့သည့္ ၂ဝ၂၁ ခုႏွစ္ ဧၿပီလက ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ကာ ဒါ႐ိုက္တာမိုက္တီးသည္ ၂ဝ၂၁ ခုႏွစ္ မတ္လ ၁၂ ရက္က ရန္ကင္းေဘာက္ေထာ္ရွိ ၄င္း၏ေနအိမ္တြင္ ဖမ္းဆီး ခံခဲ့ရျခင္းျဖစ္သည္။
အဆိုပါအႏုပညာရွင္သုံးဦးကို ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလတြင္ ပုဒ္မ ၅ဝ၅(က) ျဖင့္ ေထာင္ဒဏ္ ၃ ႏွစ္စီ ခ်မွတ္ခံျခင္း ျဖစ္သည္။

အဆိုေတာ္ပိုပိုႏွင့္ Social Influencer ဝင္းမင္းသန္းတို႔ ေန႔အိမ္သို႔ က်န္းမာစြာျဖင့္ ျပန္လည္ေရာက္ရွိၿပီျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္ႏွင့္ တၿပိဳင္နက္ ဒါ႐ိုက္တာမိုက္တီးလည္း ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ ေၾကာင္း သတင္းမ်ားသည္ ဆက္လက္ထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။
အဆိုေတာ္ ပိုပို၊ Social Influencer ဝင္းမင္းသန္း ႏွင့္ ဒါ႐ိုက္တာ မိုက္တီးတို႔သည္ အက်ဥ္းေထာင္ထဲတြင္ ၁ ႏွစ္ႏွင့္ ၆ လအၾကာဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္ ယေန႔ ေအာက္တိုဘာလ ၂၈ ရက္ေန႔ ညပိုင္းတြင္ ျပန္လည္ လြတ္ေျမာက္လာခဲ့ျခင္းျဖစ္သည္။

၄င္းတို႔ကို ခ်စ္ခင္အားေပးၾကေသာ ပရိသတ္မ်ားႏွင့္ အႏုပညာေမာင္ႏွမမ်ားသည္ လူမႈကြန္ရက္ေပၚတြင္ ျပန္လည္ လြတ္ေျမာက္လာသည့္အတြက္ ဝမ္းသာေပ်ာ္႐ႊင္ေၾကာင္းစာသားမ်ား ေရးသားေဖာ္ျပခဲ့ၾကသည္ကိုလည္း ေတြ႕ရ သည္။

Related news

© 2021. All rights reserved.