ဆိုက်ပရပ်စ်နိုင်ငံ မြို့တော်ရှိ ရွှေ့ပြောင်းနေထိုင်သူများထားရှိရာစင်တာ၌ ရုန်းရင်းဆန်ခတ် တိုက်ခိုက်မှုဖြစ်ပွား

546

ရောင်နီ (NP News) - အောက်တိုဘာ ၂၉
ဆိုက်ပရပ်စ်နိုင်ငံရှိ ရွှေ့ပြောင်းနေထိုင်သူများထားရှိရာ ဧည့်ခံစင်တာမှာ အုပ်စု နှစ်စု ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနဲ့ ပစ် ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့မျက်မြင်သက်သေများရဲ့ ပြောကြားချက်အရ သိရပါတယ်။
မြို့တော် နီကိုဆီရာ အနောက်ဘက် ၂၂ ကီလိုမီတာ (၁၄ မိုင်) အကွာရှိ ပွာနာရာ ရွှေ့ပြောင်းနေထိုင်သူများ ဧည့်ခံဌာနမှာ သောကြာနေ့ (အောက်တိုဘာလ ၂၈ ရက်) က ရုန်းရင်းဆန်ခတ် တိုက်ခိုက်မှုတွေဖြစ်ပွားပြီး အနည်းဆုံး လူတစ်ဦး ဆေးရုံတက်ခဲ့ရကြောင်း သိရပါတယ်။ အုပ်စု နှစ်စုက ကျောက်တုံးတွေ၊ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ပြီး အများအပြား ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရကာ မီးလောက်မှုပါ ဖြစ်ပွားလာတာကြောင့် မီးသတ်သမားတွေက ကောင်းကင်ကို လျှံထွက်လာတဲ့ မီးခိုးတွေကို ငြှိမ်းသတ်ခဲ့ရကြောင်း၊ နောက်ပိုင်း တင်းမာမှုတွေ ငြိမ်သက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
စင်တာ အလယ်ဗဟိုမှာ အုပ်စုနှစ်စုကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့က ငြှိမ်းသတ်ခဲ့သော် လည်း မွန်းလွဲပိုင်းအထိ တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ “တဲအတော်များများ မီးလောင်သွားတယ်။ အခုအခြေအနေက ငြိမ်သက်သွားပါပြီ” လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဆိုက်ပရပ်စ်မှာ အများဆုံးရွှေ့ပြောင်းနေထိုင်သူ အုပ်စုနှစ်စုဖြစ်တဲ့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ နဲ့ နိုင်ဂျီးရီးယားမှ ခိုလှုံခွင့်တောင်းသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

zawgyi version
ဆိုက္ပရပ္စ္ႏိုင္ငံ ၿမိဳ႕ေတာ္ရွိ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားထားရွိရာစင္တာ၌ ႐ုန္းရင္းဆန္ခတ္ တိုက္ခိုက္မႈျဖစ္ပြား
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၉
ဆိုက္ပရပ္စ္ႏိုင္ငံရွိ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားထားရွိရာ ဧည့္ခံစင္တာမွာ အုပ္စု ႏွစ္စု ႐ုန္းရင္းဆန္ခတ္မႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးမ်ားနဲ႔ ပစ္ ခတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕နဲ႔မ်က္ျမင္သက္ေသမ်ားရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။
ၿမိဳ႕ေတာ္ နီကိုဆီရာ အေနာက္ဘက္ ၂၂ ကီလိုမီတာ (၁၄ မိုင္) အကြာရွိ ပြာနာရာ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား ဧည့္ခံဌာနမွာ ေသာၾကာေန႔ (ေအာက္တိုဘာလ ၂၈ ရက္) က ႐ုန္းရင္းဆန္ခတ္ တိုက္ခိုက္မႈေတြျဖစ္ပြားၿပီး အနည္းဆုံး လူတစ္ဦး ေဆး႐ုံတက္ခဲ့ရေၾကာင္း သိရပါတယ္။ အုပ္စု ႏွစ္စုက ေက်ာက္တုံးေတြ၊ အရာဝတၳဳေတြနဲ႔ ပစ္ေပါက္ခဲ့ၿပီး အမ်ားအျပား ထိတ္လန႔္တၾကား ထြက္ေျပးခဲ့ၾကရကာ မီးေလာက္မႈပါ ျဖစ္ပြားလာတာေၾကာင့္ မီးသတ္သမားေတြက ေကာင္းကင္ကို လွ်ံထြက္လာတဲ့ မီးခိုးေတြကို ျငႇိမ္းသတ္ခဲ့ရေၾကာင္း၊ ေနာက္ပိုင္း တင္းမာမႈေတြ ၿငိမ္သက္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
စင္တာ အလယ္ဗဟိုမွာ အုပ္စုႏွစ္စုၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ မီးေလာင္ကြၽမ္းမႈကို မီးသတ္တပ္ဖြဲ႕က ျငႇိမ္းသတ္ခဲ့ေသာ္ လည္း မြန္းလြဲပိုင္းအထိ တိုက္ပြဲမ်ား ႀကိဳၾကားျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ “တဲအေတာ္မ်ားမ်ား မီးေလာင္သြားတယ္။ အခုအေျခအေနက ၿငိမ္သက္သြားပါၿပီ” လို႔ ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။
ဆိုက္ပရပ္စ္မွာ အမ်ားဆုံးေ႐ႊ႕ေျပာင္းေနထိုင္သူ အုပ္စုႏွစ္စုျဖစ္တဲ့ ကြန္ဂိုဒီမိုကရက္တစ္ သမၼတႏိုင္ငံ နဲ႔ ႏိုင္ဂ်ီးရီးယားမွ ခိုလႈံခြင့္ေတာင္းသူမ်ားၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။