တက္ကသိုလ်တက်ပြီးပြန်လာသည့် ညီဖြစ်သူအား သွားကြိုပြီးပြန်လာစဉ် ညီအစ်ကို(၂)ဦးစလုံး သေနတ်ဖြင့်ပစ်သတ်ခံရမှု ပေါင်းတည်မြို့တွင်ဖြစ်ပွား

 1632

NP News - အောက်တိုဘာ ၃ဝ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် တက္ကသိုလ်တက်ပြီးပြန်လာသည့် ညီဖြစ်သူအား ဆိုင်ကယ်ဖြင့်ခေါ်ပြီးပြန်လာစဉ် ညီအစ်ကို (၂)ဦးစလုံး သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ(၂၈)ရက်၊ ညနေ(၄)နာရီအချိန်ခန့်တွင် ပေါင်းတည်မြို့ နယ်၊ နွားခြံကုန်းကျေးရွာနှင့် မြို့တွင်းကျေးရွာ၏ ရွာချင်းဆက်လမ်းပေါ်တွင် ဖြစ် ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါဖြစ်စဉ်မှာ နွားခြံကုန်းကျေးရွာတွင် နေထိုင်သည့် ဦးသန်းဇော်(၃၅)နှစ်သည် ပြည်တက္ကသိုလ်၌ ဓါတုဗေဒ(နောက်ဆုံးနှစ်) တက်ရောက်ပြီး ပြန်လာသည့် ၎င်း ၏ညီဖြစ်သူ မောင်ဝေဖြိုးမောင်(၂၂)နှစ်အား ပေါင်းတည်မြို့ကားဂိတ်မှ ဆိုင်ကယ် ဖြင့်သွားရောက်ခေါ်ဆောင်၍ နေအိမ်သို့ ပြန်လာစဉ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ညီအစ်ကို(၂)ဦးသည် နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် နွားခြံကုန်းကျေး ရွာနှင့် မြို့တွင်းကျေးရွာ၏ ရွာချင်းဆက်လမ်းပေါ်အရောက်တွင် ၎င်းတို့၏အနောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးသန်းဇော်တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ မျက်ခုံးအောက် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်ဖြင့် လည်းကောင်း၊ မောင်ဝေဖြိုးမောင်တွင် ချိုစောင်းကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ တံတောင်ဆစ် ကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက်ရရှိခဲ့ပြီး အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ပြင် ၎င်းတို့အနီးမှ USA 380 Auto ကျည်ခွံ (၁)ခု၊ Thai Arms 9 mm ကျည်ခွံ (၅)ခုတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
တကၠသိုလ္တက္ၿပီးျပန္လာသည့္ ညီျဖစ္သူအား သြားႀကိဳၿပီးျပန္လာစဥ္ ညီအစ္ကို(၂)ဦးစလုံး ေသနတ္ျဖင့္ပစ္သတ္ခံရမႈ ေပါင္းတည္ၿမိဳ႕တြင္ျဖစ္ပြား
NP News - ေအာက္တိုဘာ ၃ဝ

ပဲခူးတိုင္း၊ ေပါင္းတည္ၿမိဳ႕တြင္ တကၠသိုလ္တက္ၿပီးျပန္လာသည့္ ညီျဖစ္သူအား ဆိုင္ကယ္ျဖင့္ေခၚၿပီးျပန္လာစဥ္ ညီအစ္ကို (၂)ဦးစလုံး ေသနတ္ျဖင့္ပစ္ခတ္ သတ္ျဖတ္ခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ(၂၈)ရက္၊ ညေန(၄)နာရီအခ်ိန္ခန႔္တြင္ ေပါင္းတည္ၿမိဳ႕ နယ္၊ ႏြားၿခံကုန္းေက်း႐ြာႏွင့္ ၿမိဳ႕တြင္းေက်း႐ြာ၏ ႐ြာခ်င္းဆက္လမ္းေပၚတြင္ ျဖစ္ ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါျဖစ္စဥ္မွာ ႏြားၿခံကုန္းေက်း႐ြာတြင္ ေနထိုင္သည့္ ဦးသန္းေဇာ္(၃၅)ႏွစ္သည္ ျပည္တကၠသိုလ္၌ ဓါတုေဗဒ(ေနာက္ဆုံးႏွစ္) တက္ေရာက္ၿပီး ျပန္လာသည့္ ၎ ၏ညီျဖစ္သူ ေမာင္ေဝၿဖိဳးေမာင္(၂၂)ႏွစ္အား ေပါင္းတည္ၿမိဳ႕ကားဂိတ္မွ ဆိုင္ကယ္ ျဖင့္သြားေရာက္ေခၚေဆာင္၍ ေနအိမ္သို႔ ျပန္လာစဥ္ ေသနတ္ျဖင့္ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔ညီအစ္ကို(၂)ဦးသည္ ေနအိမ္သို႔ ဆိုင္ကယ္ျဖင့္ျပန္လာစဥ္ ႏြားၿခံကုန္းေက်း ႐ြာႏွင့္ ၿမိဳ႕တြင္းေက်း႐ြာ၏ ႐ြာခ်င္းဆက္လမ္းေပၚအေရာက္တြင္ ၎တို႔၏အေနာက္မွ ဆိုင္ကယ္ျဖင့္ လိုက္ပါလာသည့္ အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ပစ္ခတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဦးသန္းေဇာ္တြင္ နဖူးက်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္၊ မ်က္ခုံးေအာက္ က်ည္ေဖာက္ဝင္ ဒဏ္ရာတစ္ခ်က္ျဖင့္ လည္းေကာင္း၊ ေမာင္ေဝၿဖိဳးေမာင္တြင္ ခ်ိဳေစာင္းက်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္၊ တံေတာင္ဆစ္ က်ည္ေဖာက္ဝင္ဒဏ္ရာ(၂)ခ်က္ရရွိခဲ့ၿပီး အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

ထို႔ျပင္ ၎တို႔အနီးမွ USA 380 Auto က်ည္ခြံ (၁)ခု၊ Thai Arms 9 mm က်ည္ခြံ (၅)ခုတို႔အား သိမ္းဆည္းရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Picture

Ko Phyo

30/10/2022 19:33

😥

Picture

htay htay

31/10/2022 07:18

မိုက်ရိုင်းတာ

Picture

Htun Aung Kyaw

31/10/2022 08:10

မိုက်ရိုင်းလိုက်တာကွာ

Related news

© 2021. All rights reserved.