ကမ်းနားလမ်း "အောင်ကောင်းစံ" စားသောက်ဆိုင်၌ ဗိုလ်မှူးကုဋေဖြိုးအောင်အား သတ်ဖြတ်ခဲ့မှုအပါအဝင် လုပ်ကြံမှု ၆ ကြိမ်ထက်မနည်းကျူးလွန်ခဲ့သည့် Inya Urban Force-IUF အဖွဲ့ဝင်များ ဖမ်းဆီးရမိ

 6742

NP News - အောက်တိုဘာ ၃ဝ

လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်း "အောင်ကောင်းစံ" စားသောက်ဆိုင်၌ ဗိုလ်မှူးကုဋေဖြိုးအောင်အား လုပ်ကြံသတ်ဖြတ်ခဲ့မှုအပါအဝင် လုပ်ကြံမှု ၆ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့သည့် Inya Urban Force-IUF အဖွဲ့ဝင်များအား ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ အောက်တိုဘာ ၃ဝ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကြံသတ်ဖြတ်မှု ၆ ကြိမ်နှင့် ဖောက်ခွဲမှု ၂ ကြိမ် ကျူးလွန်ခဲ့သည့် တရားခံ ကျား ၇ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁ဝ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်း၌ စက်တင်ဘာလ ၂၄ ရက် နေ့လည်ပိုင်းတွင် အိမ်အမှတ် (၄/၂၈-က) နေ ဦးအုန်းသွင်နှင့် ၎င်း၏သားမက်ဖြစ်သူ ကိုရဲတေဇတို့သည် မြို့တွင်းမှနေအိမ်သို့ မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် နေအိမ်ရှေ့သို့အရောက်၌ အကြမ်းဖက်သမားများက ပစ္စတိုဖြင့်ပစ်ခတ်၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများအားဖမ်းဆီးရမိရေးဆောင်ရွက်ရာတွင် တရားခံ ကျော်ကောင်းထက်(ခ) ကောင်းထက်(ခ) အောင်နိုင်မိုးအား အောက်တိုဘာလ ၁ ရက်တွင် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဖူဆန်တရုတ်ဘုံကျောင်းအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း ဆက်လက်၍ ၎င်း၏ထွက်ဆိုချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကြံသတ်ဖြတ်မှုများတွင် ပါဝင်ခဲ့သည့် ဆက်စပ်တရားခံများ ဖြစ်သော ဥက္ကာဖြိုး(ခ) ဖရန့်(ခ) အုပ်ကြီး၊ ဇင်မေလတ်(ခ) ရတီ(ခ) ဧပရယ်၊ သန်းထက်ဇင်(ခ) မိုးစက်၊ ညီညီချစ်ထူး(ခ) မိုင်း၊ ရွှန်းလဲ့ဝေ(ခ) ဟာနာ(ခ) နောဝိုင်တို့အား အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်ရေကူးကန်၌ လည်းကောင်း၊ ယင်းနေ့ နေ့လည်ပိုင်းတွင် နေရှိုင်း(ခ) ရှိုင်းထက်အား ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ စက်မှုလယ်ယာ(၃)လမ်း၊ အိမ်အမှတ်(၁၃၁၄)၌ လည်းကောင်း၊ အောက်တိုဘာလ ၃ ရက် နေ့လည်ပိုင်းတွင် သန်းထွဋ်ပိုက်(ခ) ကိုစိုင်း(ခ) ဂျိုးမိုက်နှင့် ပန်းအိအိကျော်(ခ) အိန္ဒြာတို့အား ကမာရွတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ပြည်လမ်းရှိ သုခကမ္ဘာဆေးရုံအနီး၌ လည်းကောင်း၊ အောက်တိုဘာလ ၆ ရက်နေ့လည်ပိုင်းတွင် ဇေယျာလင်းထက်(ခ) ဟန်လင်းထက်အား သာကေတမြို့နယ်၊ အမှတ်(၂)တောင်ရပ်ကွက်၊ ဇောတာရုံလမ်း၌ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဥက္ကာဖြိုး(ခ)အုပ်ကြီး၊ သန်းထက်ဇင်(ခ)မိုးစက်နှင့် ကျော်ကောင်းထက် (ခ)ကောင်းထက်(ခ)အောင်နိုင်မိုးတို့သည် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် လှိုင်မြို့နယ်၊ မာလာမြိုင်(၄)လမ်း၊ အိမ်အမှတ်(၉၆)၌ ဖောက်ခွဲရေးသင်တန်း ၁ဝ ရက် တက်ရောက်ခဲ့ကြောင်း၊ နေရှိုင်း(ခ) ရှိုင်းထက်သည် ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာအနီး၌ မင်းကင်း PDF အဖွဲ့ထံတွင် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းကာလ ၄ လ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သိုသင်တန်းများ အသီးသီးတက်ရောက်ခဲ့ပြီး ၂ဝ၂၁ ခုနှစ်၊ ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း Inya Urban Force-IUF အဖွဲ့အား ဖမ်းဆီးရန်ကျန်တရားခံ ကိုပိုင်(ခ)စစ်နိုင် ခေါင်းဆောင်၍ ဥက္ကာဖြိုး(ခ) ဖရန့်(ခ) အုပ်ကြီး၊ သန်းထက်ဇင်(ခ) မိုးစက်၊ ကျော်ကောင်းထက်(ခ) ကောင်းထက်(ခ) အောင်နိုင်မိုး၊ သန်းထွဋ်ပိုက်(ခ) ကိုစိုင်း(ခ) ဂျိုးမိုက်၊ နေရှိုင်း(ခ) ရှိုင်းထက်၊ ဇေယျာလင်းထက်(ခ) ဟန်လင်းထက်၊ ညီညီချစ်ထူး(ခ) မိုင်း၊ ရွှန်းလဲ့ဝေ(ခ) ဟာနာ(ခ) နောဝိုင်၊ ဇင်မေလတ်(ခ) ရတီ(ခ) ဧပရယ်၊ ပန်းအိအိကျော်(ခ) အိန္ဒြာနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော သီဟ(ခ) ကူးပါး၊ ကိုထက်(ခ) ကိုဗန်၊ ကိုလင်းတို့ပါဝင်သော အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

IUF အဖွဲ့အနေဖြင့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် ဥက္ကာဖြိုး(ခ)ဖရန့်(ခ) အုပ်ကြီးသည် ရန်ကင်းမြို့နယ်၊ ကန်ပတ်လမ်းနှင့် ရန်ကင်းလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့မှုနှင့် ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ညီညီချစ်ထူး(ခ) မိုင်းသည် ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့မှု စသည့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဖောက်ခွဲမှု ၂ ကြိမ် ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် သန်းထွဋ်ပိုက်(ခ) ကိုစိုင်း(ခ) ဂျိုးမိုက်သည် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း(မြောက်) အရှေ့ရပ်ကွက်၊ ပန်းပင်ကြီးလမ်းနှင့် ဦးသီဟလမ်းထောင့်၌ ရာအိမ်မှူး ဒေါ်နှင်းနှင်းလှိုင်အား ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ညီညီချစ်ထူး(ခ) မိုင်း၊ ရွှန်းလဲ့ဝေ(ခ) ဟာနာ(ခ) နောဝိုင်နှင့် ပန်းအိအိကျော်(ခ) အိန္ဒြာတို့မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၉ ရက်တွင် သန်းထွဋ်ပိုက်(ခ) ကိုစိုင်း(ခ) ဂျိုးမိုက်သည် စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ သီရိလမ်း၊ အိမ်အမှတ်(၇၇) ရှေ့လမ်းမပေါ်၌ ရာအိမ်မှူး ဒေါ်ခင်သူဇာအောင်(ခ) ဒေါ်မေသူအောင်အား ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ညီညီချစ်ထူး(ခ) မိုင်း၊ ရွှန်းလဲ့ဝေ(ခ) ဟာနာ(ခ) နောဝိုင်နှင့် ပန်းအိအိကျော်(ခ) အိန္ဒြာတို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်၍ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်တွင် သန်းထွဋ်ပိုက်(ခ) ကိုစိုင်း(ခ) ဂျိုးမိုက်သည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၁)ရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ဦးတင်မောင်အေးအား နေအိမ်အတွင်းသို့ ဝင်ရောက်၍ ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ညီညီချစ်ထူး(ခ) မိုင်း၊ ရွှန်းလဲ့ဝေ(ခ) ဟာနာ(ခ) နောဝိုင်နှင့် ပန်းအိအိကျော်(ခ) အိန္ဒြာတို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း၊ ဧပြီလ ၁ဝ ရက်တွင် သန်းထွဋ်ပိုက်(ခ) ကိုစိုင်း(ခ) ဂျိုးမိုက်နှင့် ကျော်ကောင်းထက်(ခ) ကောင်းထက်(ခ) အောင်နိုင်မိုးတို့ ၂ ဦး သည် လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ ကမ်းနားလမ်း၊ အောင်ကောင်းစံ စားသောက်ဆိုင်၌ ဗိုလ်မှူးကုဋေဖြိုးအောင်နှင့် စိုင်းအောင်အောင်ဇော်တို့အား ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ညီညီချစ်ထူး(ခ) မိုင်း၊ သန်းထက်ဇင်(ခ) မိုးစက်၊ ရွှန်းလဲ့ဝေ(ခ) ဟာနာ(ခ) နောဝိုင်နှင့် ပန်းအိအိကျော်(ခ) အိန္ဒြာတို့မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၈ ရက်တွင်လည်း သန်းထွဋ်ပိုက်(ခ) ကိုစိုင်း(ခ) ဂျိုးမိုက်နှင့် ကျော်ကောင်းထက်(ခ) ကောင်းထက်(ခ) အောင်နိုင်မိုးတို့ ၂ ဦးသည် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဘိုကလေးဈေးအနီး၌ အမှတ်(၇) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း(ခ) ဘော်ဘီအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ဥက္ကာဖြိုး(ခ) ဖရန့်(ခ) အုပ်ကြီး၊ နေရှိုင်း(ခ) ရှိုင်းထက်၊ ဇေယျာလင်းထက်(ခ) ဟန်လင်းထက်၊ ဇင်မေလတ်(ခ) ရတီ(ခ) ဧပရယ်နှင့် ပန်းအိအိကျော်(ခ) အိန္ဒြာတို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်းနှင့် စက်တင်ဘာလ ၂၄ ရက်တွင် သန်းထွဋ်ပိုက်(ခ) ကိုစိုင်း(ခ) ဂျိုးမိုက်နှင့် နေရှိုင်း(ခ) ရှိုင်းထက်တို့ ၂ ဦးသည် လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်း၊ အိမ်အမှတ်(၄/၂၈-က)တွင် နေထိုင်သော ဦးအုန်းသွင်နှင့် ၎င်း၏သားမက်ဖြစ်သူ ကိုရဲတေဇတို့အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် ကျော်ကောင်းထက်(ခ) ကောင်းထက်(ခ) အောင်နိုင်မိုး၊ ဥက္ကာဖြိုး(ခ) ဖရန့်(ခ) အုပ်ကြီး၊ ဇေယျာလင်းထက်(ခ) ဟန်လင်းထက်၊ ဇင်မေလတ်(ခ) ရတီ(ခ) ဧပရယ်နှင့် ပန်းအိအိကျော်(ခ) အိန္ဒြာတို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း စသည်ဖြင့် လုပ်ကြံသတ်ဖြတ်မှု ၆ ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများအား ဖမ်းဆီးရန်ကျန် တရားခံများဖြစ်‌သော ကိုပိုင်(ခ) စစ်နိုင်၊ သီဟ(ခ) ကူးပါးနှင့် ကိုထက်(ခ) ကိုဗန်တို့မှ ခိုင်းစေခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်/ ခဲယမ်းများအား ကိုပိုင်(ခ) စစ်နိုင် မှထုတ်ပေး၍ လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ပြီးပါက ကိုပိုင်(ခ)စစ်နိုင်ထံသို့ ပြန်လည်အပ်နှံရကြောင်း၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများအတွက် ၁ ဦးလျှင် ၃ သောင်းကျပ်မှ ၂ သိန်းကျပ်အထိ ရရှိကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

Zawgyi Version;
ကမ္းနားလမ္း "ေအာင္ေကာင္းစံ" စားေသာက္ဆိုင္၌ ဗိုလ္မႉးကုေဋၿဖိဳးေအာင္ အား သတ္ျဖတ္ခဲ့မႈအပါအဝင္ လုပ္ႀကံမႈ ၆ ႀကိမ္ထက္မနည္းက်ဴးလြန္ခဲ့သည့္ Inya Urban Force-IUF အဖြဲ႕ဝင္မ်ား ဖမ္းဆီးရမိ

NP News - ေအာက္တိုဘာ ၃ဝ

လမ္းမေတာ္ၿမိဳ႕နယ္၊ ကမ္းနားလမ္း "ေအာင္ေကာင္းစံ" စားေသာက္ဆိုင္၌ ဗိုလ္မႉးကုေဋၿဖိဳးေအာင္အား လုပ္ႀကံသတ္ျဖတ္ခဲ့မႈအပါအဝင္ လုပ္ႀကံမႈ ၆ ႀကိမ္ထက္မနည္း က်ဴးလြန္ခဲ့သည့္ Inya Urban Force-IUF အဖြဲ႕ဝင္မ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က ယေန႔ ေအာက္တိုဘာ ၃ဝ ရက္ေန႔ ညပိုင္းတြင္ ထုတ္ျပန္ခဲ့သည္။

ျဖစ္စဥ္တြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း လုပ္ႀကံသတ္ျဖတ္မႈ ၆ ႀကိမ္ႏွင့္ ေဖာက္ခြဲမႈ ၂ ႀကိမ္ က်ဴးလြန္ခဲ့သည့္ တရားခံ က်ား ၇ ဦး၊ မ ၃ ဦး၊ စုစုေပါင္း ၁ဝ ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္၊ အမွတ္(၁၂)ရပ္ကြက္၊ ေအာင္ဓမၼရိပ္သာလမ္း၌ စက္တင္ဘာလ ၂၄ ရက္ ေန႔လည္ပိုင္းတြင္ အိမ္အမွတ္ (၄/၂၈-က) ေန ဦးအုန္းသြင္ႏွင့္ ၎၏သားမက္ျဖစ္သူ ကိုရဲေတဇတို႔သည္ ၿမိဳ႕တြင္းမွေနအိမ္သို႔ ေမာ္ေတာ္ယာဥ္ျဖင့္ ျပန္လာစဥ္ ေနအိမ္ေရွ႕သို႔အေရာက္၌ အၾကမ္းဖက္သမားမ်ားက ပစၥတိုျဖင့္ပစ္ခတ္၍ အေၾကာင္းမဲ့လုပ္ႀကံသတ္ျဖတ္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ တရားခံမ်ားအားဖမ္းဆီးရမိေရးေဆာင္႐ြက္ရာတြင္ တရားခံ ေက်ာ္ေကာင္းထက္(ခ) ေကာင္းထက္(ခ) ေအာင္ႏိုင္မိုးအား ေအာက္တိုဘာလ ၁ ရက္တြင္ ဗဟန္းၿမိဳ႕နယ္၊ တကၠသိုလ္ရိပ္သာလမ္း၊ ဖူဆန္တ႐ုတ္ဘုံေက်ာင္းအနီး၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ဆက္လက္၍ ၎၏ထြက္ဆိုခ်က္အရ ရန္ကုန္တိုင္းေဒသႀကီးအတြင္း လုပ္ႀကံသတ္ျဖတ္မႈမ်ားတြင္ ပါဝင္ခဲ့သည့္ ဆက္စပ္တရားခံမ်ား ျဖစ္ေသာ ဥကၠာၿဖိဳး(ခ) ဖရန႔္(ခ) အုပ္ႀကီး၊ ဇင္ေမလတ္(ခ) ရတီ(ခ) ဧပရယ္၊ သန္းထက္ဇင္(ခ) မိုးစက္၊ ညီညီခ်စ္ထူး(ခ) မိုင္း၊ ႐ႊန္းလဲ့ေဝ(ခ) ဟာနာ(ခ) ေနာဝိုင္တို႔အား ေအာက္တိုဘာလ ၂ ရက္ နံနက္ပိုင္းတြင္ ကမာ႐ြတ္ၿမိဳ႕နယ္၊ ရန္ကုန္တကၠသိုလ္ဝင္းအတြင္းရွိ တကၠသိုလ္ေရကူးကန္၌ လည္းေကာင္း၊ ယင္းေန႔ ေန႔လည္ပိုင္းတြင္ ေနရႈိင္း(ခ) ရႈိင္းထက္အား ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း) ၿမိဳ႕နယ္၊ စက္မႈလယ္ယာ(၃)လမ္း၊ အိမ္အမွတ္(၁၃၁၄)၌ လည္းေကာင္း၊ ေအာက္တိုဘာလ ၃ ရက္ ေန႔လည္ပိုင္းတြင္ သန္းထြဋ္ပိုက္(ခ) ကိုစိုင္း(ခ) ဂ်ိဳးမိုက္ႏွင့္ ပန္းအိအိေက်ာ္(ခ) အိျႏၵာတို႔အား ကမာ႐ြတ္ၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္၊ ျပည္လမ္းရွိ သုခကမာၻေဆး႐ုံအနီး၌ လည္းေကာင္း၊ ေအာက္တိုဘာလ ၆ ရက္ေန႔လည္ပိုင္းတြင္ ေဇယ်ာလင္းထက္(ခ) ဟန္လင္းထက္အား သာေကတၿမိဳ႕နယ္၊ အမွတ္(၂)ေတာင္ရပ္ကြက္၊ ေဇာတာ႐ုံလမ္း၌ လည္းေကာင္း အသီးသီး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ဥကၠာၿဖိဳး(ခ)အုပ္ႀကီး၊ သန္းထက္ဇင္(ခ)မိုးစက္ႏွင့္ ေက်ာ္ေကာင္းထက္ (ခ)ေကာင္းထက္(ခ)ေအာင္ႏိုင္မိုးတို႔သည္ ၂ဝ၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ပထမပတ္တြင္ လႈိင္ၿမိဳ႕နယ္၊ မာလာၿမိဳင္(၄)လမ္း၊ အိမ္အမွတ္(၉၆)၌ ေဖာက္ခြဲေရးသင္တန္း ၁ဝ ရက္ တက္ေရာက္ခဲ့ေၾကာင္း၊ ေနရႈိင္း(ခ) ရႈိင္းထက္သည္ ၂ဝ၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစ၍ စစ္ကိုင္းတိုင္းေဒသႀကီး၊ မင္းကင္းၿမိဳ႕နယ္၊ ေလာင္းျပည့္႐ြာအနီး၌ မင္းကင္း PDF အဖြဲ႕ထံတြင္ ေဖာက္ခြဲဖ်က္ဆီးေရးသင္တန္းကာလ ၄ လ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ယင္းကဲ့သိုသင္တန္းမ်ား အသီးသီးတက္ေရာက္ခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္၊ ဇူလိုင္လတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း Inya Urban Force-IUF အဖြဲ႕အား ဖမ္းဆီးရန္က်န္တရားခံ ကိုပိုင္(ခ)စစ္ႏိုင္ ေခါင္းေဆာင္၍ ဥကၠာၿဖိဳး(ခ) ဖရန႔္(ခ) အုပ္ႀကီး၊ သန္းထက္ဇင္(ခ) မိုးစက္၊ ေက်ာ္ေကာင္းထက္(ခ) ေကာင္းထက္(ခ) ေအာင္ႏိုင္မိုး၊ သန္းထြဋ္ပိုက္(ခ) ကိုစိုင္း(ခ) ဂ်ိဳးမိုက္၊ ေနရႈိင္း(ခ) ရႈိင္းထက္၊ ေဇယ်ာလင္းထက္(ခ) ဟန္လင္းထက္၊ ညီညီခ်စ္ထူး(ခ) မိုင္း၊ ႐ႊန္းလဲ့ေဝ(ခ) ဟာနာ(ခ) ေနာဝိုင္၊ ဇင္ေမလတ္(ခ) ရတီ(ခ) ဧပရယ္၊ ပန္းအိအိေက်ာ္(ခ) အိျႏၵာႏွင့္ ဖမ္းဆီးရန္က်န္ တရားခံမ်ားျဖစ္ေသာ သီဟ(ခ) ကူးပါး၊ ကိုထက္(ခ) ကိုဗန္၊ ကိုလင္းတို႔ပါဝင္ေသာ အဖြဲ႕ဝင္ ၁၄ ဦးျဖင့္ ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။

IUF အဖြဲ႕အေနျဖင့္ ၂ဝ၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၁ ရက္တြင္ ဥကၠာၿဖိဳး(ခ)ဖရန႔္(ခ) အုပ္ႀကီးသည္ ရန္ကင္းၿမိဳ႕နယ္၊ ကန္ပတ္လမ္းႏွင့္ ရန္ကင္းလမ္းေထာင့္ရွိ ယာဥ္ထိန္း႐ုံးအား လက္လုပ္မိုင္း ၁ လုံးျဖင့္ ပစ္ခတ္ေဖာက္ခြဲခဲ့မႈႏွင့္ ၂ဝ၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၅ ရက္တြင္ ညီညီခ်စ္ထူး(ခ) မိုင္းသည္ ပန္းဘဲတန္းၿမိဳ႕နယ္၊ ေ႐ႊဘုံသာလမ္းႏွင့္ အေနာ္ရထာလမ္းေထာင့္ရွိ ယာဥ္ထိန္း႐ုံးအား လက္လုပ္မိုင္း ၁ လုံးျဖင့္ ပစ္ခတ္ေဖာက္ခြဲခဲ့မႈ စသည့္ အမ်ားျပည္သူႏွင့္ သက္ဆိုင္ေသာ ေနရာမ်ားတြင္ ေဖာက္ခြဲမႈ ၂ ႀကိမ္ က်ဴးလြန္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔အျပင္ ၂ဝ၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁ ရက္တြင္ သန္းထြဋ္ပိုက္(ခ) ကိုစိုင္း(ခ) ဂ်ိဳးမိုက္သည္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ မက်ည္းတန္း(ေျမာက္) အေရွ႕ရပ္ကြက္၊ ပန္းပင္ႀကီးလမ္းႏွင့္ ဦးသီဟလမ္းေထာင့္၌ ရာအိမ္မႉး ေဒၚႏွင္းႏွင္းလႈိင္အား ပစၥတိုျဖင့္ ပစ္ခတ္ လုပ္ႀကံသတ္ျဖတ္ခဲ့ရာတြင္ ညီညီခ်စ္ထူး(ခ) မိုင္း၊ ႐ႊန္းလဲ့ေဝ(ခ) ဟာနာ(ခ) ေနာဝိုင္ႏွင့္ ပန္းအိအိေက်ာ္(ခ) အိျႏၵာတို႔မွ အေျခအေနေစာင့္ၾကည့္ေပးခဲ့ေၾကာင္း၊ ဒီဇင္ဘာလ ၂၉ ရက္တြင္ သန္းထြဋ္ပိုက္(ခ) ကိုစိုင္း(ခ) ဂ်ိဳးမိုက္သည္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ သီရိေခမာရပ္ကြက္၊ သီရိလမ္း၊ အိမ္အမွတ္(၇၇) ေရွ႕လမ္းမေပၚ၌ ရာအိမ္မႉး ေဒၚခင္သူဇာေအာင္(ခ) ေဒၚေမသူေအာင္အား ပစၥတိုျဖင့္ ပစ္ခတ္ လုပ္ႀကံသတ္ျဖတ္ခဲ့ရာတြင္ ညီညီခ်စ္ထူး(ခ) မိုင္း၊ ႐ႊန္းလဲ့ေဝ(ခ) ဟာနာ(ခ) ေနာဝိုင္ႏွင့္ ပန္းအိအိေက်ာ္(ခ) အိျႏၵာတို႔မွ အေျခအေန ေစာင့္ၾကည့္ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ဆက္လက္၍ ၂ဝ၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၃ ရက္တြင္ သန္းထြဋ္ပိုက္(ခ) ကိုစိုင္း(ခ) ဂ်ိဳးမိုက္သည္ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၃၁)ရပ္ကြက္၌ အျပစ္မဲ့ျပည္သူ ဦးတင္ေမာင္ေအးအား ေနအိမ္အတြင္းသို႔ ဝင္ေရာက္၍ ပစၥတိုျဖင့္ ပစ္ခတ္ လုပ္ႀကံသတ္ျဖတ္ခဲ့ရာတြင္ ညီညီခ်စ္ထူး(ခ) မိုင္း၊ ႐ႊန္းလဲ့ေဝ(ခ) ဟာနာ(ခ) ေနာဝိုင္ႏွင့္ ပန္းအိအိေက်ာ္(ခ) အိျႏၵာတို႔မွ အေျခအေန ေစာင့္ၾကည့္ေပးခဲ့ေၾကာင္း၊ ဧၿပီလ ၁ဝ ရက္တြင္ သန္းထြဋ္ပိုက္(ခ) ကိုစိုင္း(ခ) ဂ်ိဳးမိုက္ႏွင့္ ေက်ာ္ေကာင္းထက္(ခ) ေကာင္းထက္(ခ) ေအာင္ႏိုင္မိုးတို႔ ၂ ဦး သည္ လမ္းမေတာ္ၿမိဳ႕နယ္၊ ေမာ္တင္ယာယီေဈးရပ္ကြက္၊ ကမ္းနားလမ္း၊ ေအာင္ေကာင္းစံ စားေသာက္ဆိုင္၌ ဗိုလ္မႉးကုေဋၿဖိဳးေအာင္ႏွင့္ စိုင္းေအာင္ေအာင္ေဇာ္တို႔အား ပစၥတိုျဖင့္ ပစ္ခတ္ လုပ္ႀကံသတ္ျဖတ္ခဲ့ရာတြင္ ညီညီခ်စ္ထူး(ခ) မိုင္း၊ သန္းထက္ဇင္(ခ) မိုးစက္၊ ႐ႊန္းလဲ့ေဝ(ခ) ဟာနာ(ခ) ေနာဝိုင္ႏွင့္ ပန္းအိအိေက်ာ္(ခ) အိျႏၵာတို႔မွ အေျခအေနေစာင့္ၾကည့္ေပးခဲ့ေၾကာင္း သိရသည္။

ဇူလိုင္လ ၂၈ ရက္တြင္လည္း သန္းထြဋ္ပိုက္(ခ) ကိုစိုင္း(ခ) ဂ်ိဳးမိုက္ႏွင့္ ေက်ာ္ေကာင္းထက္(ခ) ေကာင္းထက္(ခ) ေအာင္ႏိုင္မိုးတို႔ ၂ ဦးသည္ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္၊ ဘိုကေလးေဈးအနီး၌ အမွတ္(၇) ရပ္ကြက္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္း(ခ) ေဘာ္ဘီအား ပစၥတိုျဖင့္ ပစ္ခတ္လုပ္ႀကံသတ္ျဖတ္ခဲ့ရာတြင္ ဥကၠာၿဖိဳး(ခ) ဖရန႔္(ခ) အုပ္ႀကီး၊ ေနရႈိင္း(ခ) ရႈိင္းထက္၊ ေဇယ်ာလင္းထက္(ခ) ဟန္လင္းထက္၊ ဇင္ေမလတ္(ခ) ရတီ(ခ) ဧပရယ္ႏွင့္ ပန္းအိအိေက်ာ္(ခ) အိျႏၵာတို႔မွ အေျခအေန ေစာင့္ၾကည့္ေပးခဲ့ေၾကာင္းႏွင့္ စက္တင္ဘာလ ၂၄ ရက္တြင္ သန္းထြဋ္ပိုက္(ခ) ကိုစိုင္း(ခ) ဂ်ိဳးမိုက္ႏွင့္ ေနရႈိင္း(ခ) ရႈိင္းထက္တို႔ ၂ ဦးသည္ လႈိင္ၿမိဳ႕နယ္၊ အမွတ္(၁၂)ရပ္ကြက္၊ ေအာင္ဓမၼရိပ္သာလမ္း၊ အိမ္အမွတ္(၄/၂၈-က)တြင္ ေနထိုင္ေသာ ဦးအုန္းသြင္ႏွင့္ ၎၏သားမက္ျဖစ္သူ ကိုရဲေတဇတို႔အား ပစၥတိုျဖင့္ ပစ္ခတ္လုပ္ႀကံ သတ္ျဖတ္ခဲ့ရာတြင္ ေက်ာ္ေကာင္းထက္(ခ) ေကာင္းထက္(ခ) ေအာင္ႏိုင္မိုး၊ ဥကၠာၿဖိဳး(ခ) ဖရန႔္(ခ) အုပ္ႀကီး၊ ေဇယ်ာလင္းထက္(ခ) ဟန္လင္းထက္၊ ဇင္ေမလတ္(ခ) ရတီ(ခ) ဧပရယ္ႏွင့္ ပန္းအိအိေက်ာ္(ခ) အိျႏၵာတို႔မွ အေျခအေန ေစာင့္ၾကည့္ေပးခဲ့ေၾကာင္း စသည္ျဖင့္ လုပ္ႀကံသတ္ျဖတ္မႈ ၆ ႀကိမ္ က်ဴးလြန္ခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ အဆိုပါေဖာက္ခြဲဖ်က္ဆီးျခင္းႏွင့္ အျပစ္မဲ့ျပည္သူမ်ားအား လုပ္ႀကံသတ္ျဖတ္ျခင္းမ်ားအား ဖမ္းဆီးရန္က်န္ တရားခံမ်ားျဖစ္‌ေသာ ကိုပိုင္(ခ) စစ္ႏိုင္၊ သီဟ(ခ) ကူးပါးႏွင့္ ကိုထက္(ခ) ကိုဗန္တို႔မွ ခိုင္းေစခဲ့ျခင္းျဖစ္ၿပီး ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္ လက္နက္/ ခဲယမ္းမ်ားအား ကိုပိုင္(ခ) စစ္ႏိုင္ မွထုတ္ေပး၍ လုပ္ႀကံသတ္ျဖတ္မႈမ်ား ေဆာင္႐ြက္ၿပီးပါက ကိုပိုင္(ခ)စစ္ႏိုင္ထံသို႔ ျပန္လည္အပ္ႏွံရေၾကာင္း၊ အၾကမ္းဖက္ေဖာက္ခြဲဖ်က္ဆီးျခင္းႏွင့္ အျပစ္မဲ့ျပည္သူမ်ားအား လုပ္ႀကံသတ္ျဖတ္ျခင္းမ်ားအတြက္ ၁ ဦးလွ်င္ ၃ ေသာင္းက်ပ္မွ ၂ သိန္းက်ပ္အထိ ရရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိတရားခံမ်ားအား ဥပေဒအရ ထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။

Picture

09428118078

31/10/2022 12:33

👍👍👍👍👍

Picture

တိမ်ယံထွန်း

31/10/2022 21:21

မမြင်ချင်ဘူးကွာ

Picture

Htun Aung Kyaw

31/10/2022 08:05

တရားမျှတမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ပေးပေးပါ🙂

Picture

Ye Htun

30/10/2022 23:45

သေဒဏ်စီရင်ပါ....မည်သည့်အတွက်မှပြန်မလွတ်စေရ

Picture

Tint Lwin0110

31/10/2022 08:24

သေဒဏ်ကလွဲပြီးဘာပေးအုန်းမှာလဲဗျာ

Related news

© 2021. All rights reserved.