အိန္ဒိယနိုင်ငံတွင် မြစ်ကူးကြိုးတံတားတစ်စင်း ပျက်ကျမှုကြောင့် သေဆုံးသူ လူပေါင်း (၁၄ဝ) ကျော်ထိရှိလာ

 520

ဖြိုးခန့်(NP News) - အောက်တိုဘာ ၃၁

အိန္ဒိယနိုင်ငံတွင် ကိုလိုနီခေတ်ကတည်းဆောက်ထားသော မြစ်ကူးကြိုးတံတားပျက်ကျမှုကြောင့် လူပေါင်းများစွာ မြစ်ထဲသို့ပြုတ်ကျခဲ့ပြီး အနည်းဆုံးလူ(၁၄၁)ဦးထိ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့များက အောက်တိုဘာ(၃၁)ရက်နေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း မော်ဘီမြို့တွင် နှစ်(၁၅ဝ)နီးပါးသက်တမ်းရှိ ကြိုးတံတားသည် ခံနိုင်ဝန်ထက် ကျော်လွန်ခဲ့သည့်အတွက် ကျိုးကျသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အောက်တိုဘာ(၃ဝ)ရက်နေ့က အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူ(၅ဝဝ)နီးပါးသည် ဘာသာရေးပွဲတော်သွားရောက်ရန်အတွက် အဆိုပါတံတားမှ ဖြတ်သန်းသွားလာချိန်တွင် တံတားပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဂူဂျာရတ်ပြည်နယ်ရှိ အဆိုပါကြိုးတံတားပျက်ကျမှုကြောင့် လူပေါင်းများစွာ ရေထဲသို့ပြုတ်ကျသွားခဲ့ပြီး အချို့လူများမှာ ပြိုကျသွားပြီးနောက် တွဲလောင်းကျနေသောအပျက်အစီးများတွင် ကပ်တွယ်နေသည်ကို တွေ့ခဲ့ရသည်။

မော်ဘီမြို့ရှိရဲမှူး P Dekavadiya က "တံတားပျက်ကျပြီးတော့ ကျွန်တော်တို့ လူပေါင်း (၁၄၁) ဦးရဲ့ရုပ်အလောင်းတွေကို တွေ့ခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်နေတဲ့အတွက် သေဆုံးမှုတွေက ထပ်တိုးလာနိုင်ဖွယ်ရှိနေပါတယ်” ဟု ပြောဆိုခဲ့သည်။

အဆိုပါတံတားပျက်ကျပြီးနောက် လူပေါင်း(၁၃ဝ)ကျော်ကို ကယ်ဆယ်ပြီးပြီဖြစ်ကြောင်း မော်ဘီမြို့ရှိရဲမှူး P Dekavadiya က ပြောကြားခဲ့သည်။ မျက်မြင်သက်သေတစ်ဦးက "တံတားပျက်ကျပြီးတော့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ထပ်ကာ ပြုတ်ကျကုန်ပါတယ်။ Diwali ပွဲတော်ကြောင့် လူတော်တော်များများက တံတားပေါ်ရောက်နေကြတာပါ။ သေဆုံးသူတွေထဲမှာ ကလေးတွေနဲ့ အမျိုးသမီးတွေက ပိုများပါတယ်” ဟု ပြောဆိုခဲ့သည်။

ဗီဒီယိုဖိုင်တစ်ခုတွင် တံတားပျက်ကျပြီးနောက် လူအချို့သည် တွဲလောင်းကျနေသော အပျက် အစီးများတွင် ကပ်တွယ်နေကြပြီး အချို့မှာမြစ်ထဲသို့ပြုတ်ကျပြီးနောက် ညအမှောင်ထဲတွင် ဘေးကင်းရာသို့ ကူးခတ်နေသည်ကို တွေ့ခဲ့ရကြောင်းသိရသည်။

အဆိုပါကြိုးတံတားသည် အရှည်(၂၃၃)မီတာ နှင့် အကျယ်(၁ ဒသမ ၅) မီတာရှိပြီး အင်္ဂလန်မှတင်ပို့သောပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့ကာ ၁၈၈ဝ ခုနှစ်တွင် ဗြိတိသျှကိုလိုနီအာဏာပိုင်များက စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းများအရသိရသည်။

အဆိုပါတံတားပြိုကျပြီးနောက် အာဏာပိုင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်ခဲ့ကြပြီး ပျောက်ဆုံးနေသူများကိုရှာဖွေရန်အတွက် လှေများ၊ ရေငုပ်သမားများကို နေရာအနှံ့ဖြန့်ကျက်ကာ ညလုံးပေါက်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အိန္ဒိယစစ်တပ်နှင့် ရေတပ်တို့မှ ဒါဇင်နှင့်ချီသော စစ်သားများကို ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီရန်အတွက် ခေါ်ယူခဲ့ကြကြောင်းလည်းသိရသည်။

ထိုအချိန်တွင် ၎င်း၏ဇာတိဂူဂျာရတ်ပြည်နယ်သို့ အလည်အပတ်ရောက်ရှိနေသည့် ဝန်ကြီးချုပ် နယန်ဒရာမိုဒီက အဆိုပါမတော်တဆမှုတွင် သေဆုံးဒဏ်ရာရသူများကို လျေ်ကြေးငွေများ‌ပေးဖို့ ကြေညာခဲ့ကြောင်းသိရသည်။

ဝန်ကြီးချုပ် Narendra Modi က "ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ အဖွဲ့အများအပြားကို စုစည်းခဲ့ပါတယ်။ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး အာဏာပိုင်တွေကို တတ်နိုင်သမျှအကူအညီတွေပေးဖို့ တောင်းဆိုထားပါတယ်” ဟု တွစ်တာပေါ်တွင် တင်ခဲ့သည်။

အိႏၵိယႏိုင္ငံတြင္ ျမစ္ကူးႀကိဳးတံတားတစ္စင္း ပ်က္က်မႈေၾကာင့္ ေသဆုံးသူ လူေပါင္း (၁၄ဝ) ေက်ာ္ထိရွိလာ
ၿဖိဳးခန႔္(NP News) - ေအာက္တိုဘာ ၃၁

အိႏၵိယႏိုင္ငံတြင္ ကိုလိုနီေခတ္ကတည္းေဆာက္ထားေသာ ျမစ္ကူးႀကိဳးတံတားပ်က္က်မႈေၾကာင့္ လူေပါင္းမ်ားစြာ ျမစ္ထဲသို႔ျပဳတ္က်ခဲ့ၿပီး အနည္းဆုံးလူ(၁၄၁)ဦးထိ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မ်ားက ေအာက္တိုဘာ(၃၁)ရက္ေန႔တြင္ ေျပာၾကားခဲ့သည္။

အိႏၵိယႏိုင္ငံအေနာက္ပိုင္း ေမာ္ဘီၿမိဳ႕တြင္ ႏွစ္(၁၅ဝ)နီးပါးသက္တမ္းရွိ ႀကိဳးတံတားသည္ ခံႏိုင္ဝန္ထက္ ေက်ာ္လြန္ခဲ့သည့္အတြက္ က်ိဳးက်သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ေအာက္တိုဘာ(၃ဝ)ရက္ေန႔က အမ်ိဳးသမီးႏွင့္ ကေလးငယ္မ်ားအပါအဝင္ လူ(၅ဝဝ)နီးပါးသည္ ဘာသာေရးပြဲေတာ္သြားေရာက္ရန္အတြက္ အဆိုပါတံတားမွ ျဖတ္သန္းသြားလာခ်ိန္တြင္ တံတားပ်က္က်သြားခဲ့ျခင္းျဖစ္ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

ဂူဂ်ာရတ္ျပည္နယ္ရွိ အဆိုပါႀကိဳးတံတားပ်က္က်မႈေၾကာင့္ လူေပါင္းမ်ားစြာ ေရထဲသို႔ျပဳတ္က်သြားခဲ့ၿပီး အခ်ိဳ႕လူမ်ားမွာ ၿပိဳက်သြားၿပီးေနာက္ တြဲေလာင္းက်ေနေသာအပ်က္အစီးမ်ားတြင္ ကပ္တြယ္ေနသည္ကို ေတြ႕ခဲ့ရသည္။

ေမာ္ဘီၿမိဳ႕ရွိရဲမႉး P Dekavadiya က "တံတားပ်က္က်ၿပီးေတာ့ ကြၽန္ေတာ္တို႔ လူေပါင္း (၁၄၁) ဦးရဲ႕႐ုပ္အေလာင္းေတြကို ေတြ႕ခဲ့ပါတယ္။ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လုပ္ေနတဲ့အတြက္ ေသဆုံးမႈေတြက ထပ္တိုးလာႏိုင္ဖြယ္ရွိေနပါတယ္” ဟု ေျပာဆိုခဲ့သည္။

အဆိုပါတံတားပ်က္က်ၿပီးေနာက္ လူေပါင္း(၁၃ဝ)ေက်ာ္ကို ကယ္ဆယ္ၿပီးၿပီျဖစ္ေၾကာင္း ေမာ္ဘီၿမိဳ႕ရွိရဲမႉး P Dekavadiya က ေျပာၾကားခဲ့သည္။ မ်က္ျမင္သက္ေသတစ္ဦးက "တံတားပ်က္က်ၿပီးေတာ့ လူေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ထပ္ကာ ျပဳတ္က်ကုန္ပါတယ္။ Diwali ပြဲေတာ္ေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက တံတားေပၚေရာက္ေနၾကတာပါ။ ေသဆုံးသူေတြထဲမွာ ကေလးေတြနဲ႔ အမ်ိဳးသမီးေတြက ပိုမ်ားပါတယ္” ဟု ေျပာဆိုခဲ့သည္။

ဗီဒီယိုဖိုင္တစ္ခုတြင္ တံတားပ်က္က်ၿပီးေနာက္ လူအခ်ိဳ႕သည္ တြဲေလာင္းက်ေနေသာ အပ်က္ အစီးမ်ားတြင္ ကပ္တြယ္ေနၾကၿပီး အခ်ိဳ႕မွာျမစ္ထဲသို႔ျပဳတ္က်ၿပီးေနာက္ ညအေမွာင္ထဲတြင္ ေဘးကင္းရာသို႔ ကူးခတ္ေနသည္ကို ေတြ႕ခဲ့ရေၾကာင္းသိရသည္။

အဆိုပါႀကိဳးတံတားသည္ အရွည္(၂၃၃)မီတာ ႏွင့္ အက်ယ္(၁ ဒသမ ၅) မီတာရွိၿပီး အဂၤလန္မွတင္ပို႔ေသာပစၥည္းမ်ားျဖင့္ ေဆာက္လုပ္ခဲ့ကာ ၁၈၈ဝ ခုႏွစ္တြင္ ၿဗိတိသွ်ကိုလိုနီအာဏာပိုင္မ်ားက စတင္ဖြင့္လွစ္ခဲ့ေၾကာင္း သတင္းမ်ားအရသိရသည္။

အဆိုပါတံတားၿပိဳက်ၿပီးေနာက္ အာဏာပိုင္မ်ားသည္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို အျမန္ဆုံးလုပ္ေဆာင္ခဲ့ၾကၿပီး ေပ်ာက္ဆုံးေနသူမ်ားကိုရွာေဖြရန္အတြက္ ေလွမ်ား၊ ေရငုပ္သမားမ်ားကို ေနရာအႏွံ႔ျဖန႔္က်က္ကာ ညလုံးေပါက္ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ၾကေၾကာင္းသိရသည္။

အိႏၵိယစစ္တပ္ႏွင့္ ေရတပ္တို႔မွ ဒါဇင္ႏွင့္ခ်ီေသာ စစ္သားမ်ားကို ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ ပါဝင္ကူညီရန္အတြက္ ေခၚယူခဲ့ၾကေၾကာင္းလည္းသိရသည္။

ထိုအခ်ိန္တြင္ ၎၏ဇာတိဂူဂ်ာရတ္ျပည္နယ္သို႔ အလည္အပတ္ေရာက္ရွိေနသည့္ ဝန္ႀကီးခ်ဳပ္ နယန္ဒရာမိုဒီက အဆိုပါမေတာ္တဆမႈတြင္ ေသဆုံးဒဏ္ရာရသူမ်ားကို ေလ်္ေၾကးေငြမ်ား‌ေပးဖို႔ ေၾကညာခဲ့ေၾကာင္းသိရသည္။

ဝန္ႀကီးခ်ဳပ္ Narendra Modi က "ကယ္ဆယ္ေရးလုပ္ငန္းေတြလုပ္ေဆာင္ဖို႔ အဖြဲ႕အမ်ားအျပားကို စုစည္းခဲ့ပါတယ္။ အေျခအေနေတြကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး အာဏာပိုင္ေတြကို တတ္ႏိုင္သမွ်အကူအညီေတြေပးဖို႔ ေတာင္းဆိုထားပါတယ္” ဟု တြစ္တာေပၚတြင္ တင္ခဲ့သည္။

Related news

© 2021. All rights reserved.