ကျိုက်ထီးရိုးဘုရား တောင်တက်ကားဂိတ်ကို တိုက်ခိုက်မှုအား ဝန်ကြီးချုပ်ဟောင်း၏ လူယုံဆိုသူ ရဲပြေးတစ်ဦးမှ ဦးဆောင်ခြင်းဖြစ်ဟု နစက ထုတ်ဖော်ရှင်းလင်း

1288

NP News - နိုဝင်ဘာ ၁
ကျိုက်ထီးရိုးဘုရား တောင်တက်ကားဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှုအား မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း၏ လူယုံဆိုသူ ရဲပြေးတစ်ဦးမှ ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ ထုတ်ဖော်ရှင်းလင်းထားသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာလ ၃၁ ရက် ညပိုင်းတွင် ထုတ်ပြန်ရှင်းလင်းထားခြင်းဖြစ်သည်။
ပြီးခဲ့သော အောက်တိုဘာလ ၁၂ ရက်တွင် ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးဘုရားဖူးတောင်တက်ကားဂိတ်အား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုရားဖူးပြည်သူ (၄)ဦးသေဆုံးခဲ့ပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်အတွင်း မျက်မြင်သက်သေများနှင့် ဖြစ်စဉ်အထောက်အ ထားများ စိစစ်တွေ့ရှိချက်အရ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အဖွဲ့တွင် KNU တပ်မဟာ (၁)သို့ ခိုလှုံပြီး KRF အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူ ဦးအေးမင်းထွန်း ဆိုသူဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အဆိုပါ ဦးအေးမင်းထွန်းဆိုသူသည် ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ လူယုံတော်ဆိုသူဖြစ်ပြီး ရဲပြေးတစ်ဦးလည်းဖြစ်ကြောင်း နစကမှဆိုထားသည်။
ထို့ပြင် ဦးအေးမင်းထွန်းဆိုသူနှင့်အတူ ယခင်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်ဆောင်၏ ယာဉ်မောင်းဖြစ်သူ ဦးရဲသွေးနီ၊ NUG ကျားဖြူတပ်ခွဲ(၄)၊ သထုံခရိုင်အဖွဲ့၊ KNU တပ်မဟာ(၁)၊ တပ်ရင်း(၃)တပ်ရင်းမှူး ဒါးနယ်ထူးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု နစကမှ ထုတ်ပြန်ထားသည်။
ရဲပြေး ဦးအေးမင်းထွန်းသည် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ထွက်ပြေးတိမ်းရှောင်နေသည့်ဒေါက်တာ ခင်ဆောင်၊ ဦးလှမြင့်သန်း၊ ဒေါ်သီရိရတ နာ၊ လုပ်ငန်းရှင်များဖြစ်သော ဦးကျော်မျိုးမင်း၊ ဦးအောင်ကျော်သူ၊ ဦးခင်တိုးတို့နှင့် လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ဆိုထားသည်။
ဦးအေးမင်းထွန်းသည် ဖမ်းဆီးရမိထားသော ဦးမျိုးလင်းထွဋ်(ခ)မှုကြီး၊ ဦးစောထွန်းဝင်းတို့နှင့်ပူးပေါင်းကာ ကျိုက်ထိုတော်လှန်ရေးအဖွဲ့(KRF)အဖြစ် ဖွဲ့စည်းခဲ့ပြီး ကျိုက်ထိုမြို့တွင်း ဖောက်ခွဲရေးလုပ်ငန်းများစီစဉ်ခဲ့ခြင်းကြောင့် ကျိုက်ထိုရဲစခန်းမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အလိုရှိနေသူတစ်ဦးကြောင်းလည်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် ၎င်းတို့အား ဖမ်းဆီးရမိနိုင်ရေးအတွက် ပြည်သူများမှ လျှို့ဝှက်စွာ သ တင်းပေးပို့နိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။

zawgyi version
က်ိဳက္ထီး႐ိုးဘုရား ေတာင္တက္ကားဂိတ္ကို တိုက္ခိုက္မႈအား ဝန္ႀကီးခ်ဳပ္ေဟာင္း၏ လူယုံဆိုသူ ရဲေျပးတစ္ဦးမွ ဦးေဆာင္ျခင္းျဖစ္ဟု နစက ထုတ္ေဖာ္ရွင္းလင္း
NP News - ႏိုဝင္ဘာ ၁
က်ိဳက္ထီး႐ိုးဘုရား ေတာင္တက္ကားဂိတ္ကို ပစ္ခတ္တိုက္ခိုက္မႈအား မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း၏ လူယုံဆိုသူ ရဲေျပးတစ္ဦးမွ ဦးေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ထုတ္ေဖာ္ရွင္းလင္းထားသည္။
အထက္ပါအေၾကာင္းအရာႏွင့္ပတ္သက္၍ နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က ေအာက္တိုဘာလ ၃၁ ရက္ ညပိုင္းတြင္ ထုတ္ျပန္ရွင္းလင္းထားျခင္းျဖစ္သည္။
ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၁၂ ရက္တြင္ က်ိဳက္ထိုၿမိဳ႕၊ က်ိဳက္ထီး႐ိုးဘုရားဖူးေတာင္တက္ကားဂိတ္အား အၾကမ္းဖက္ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ဘုရားဖူးျပည္သူ (၄)ဦးေသဆုံးခဲ့ၿပီး (၁၈)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္။
အဆိုပါပစ္ခတ္မႈျဖစ္စဥ္အတြင္း မ်က္ျမင္သက္ေသမ်ားႏွင့္ ျဖစ္စဥ္အေထာက္အ ထားမ်ား စိစစ္ေတြ႕ရွိခ်က္အရ ပစ္ခတ္တိုက္ခိုက္ခဲ့သည့္အဖြဲ႕တြင္ KNU တပ္မဟာ (၁)သို႔ ခိုလႈံၿပီး KRF အဖြဲ႕ေခါင္းေဆာင္အျဖစ္ ေဆာင္႐ြက္ေနသူ ဦးေအးမင္းထြန္း ဆိုသူျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
အဆိုပါ ဦးေအးမင္းထြန္းဆိုသူသည္ ယခင္မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ၏ လူယုံေတာ္ဆိုသူျဖစ္ၿပီး ရဲေျပးတစ္ဦးလည္းျဖစ္ေၾကာင္း နစကမွဆိုထားသည္။
ထို႔ျပင္ ဦးေအးမင္းထြန္းဆိုသူႏွင့္အတူ ယခင္လႊတ္ေတာ္ကိုယ္စားလွယ္ေဒါက္တာခင္ေဆာင္၏ ယာဥ္ေမာင္းျဖစ္သူ ဦးရဲေသြးနီ၊ NUG က်ားျဖဴတပ္ခြဲ(၄)၊ သထုံခ႐ိုင္အဖြဲ႕၊ KNU တပ္မဟာ(၁)၊ တပ္ရင္း(၃)တပ္ရင္းမႉး ဒါးနယ္ထူးအဖြဲ႕တို႔ ပူးေပါင္း ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း စိစစ္ေတြ႕ရွိရသည္ဟု နစကမွ ထုတ္ျပန္ထားသည္။
ရဲေျပး ဦးေအးမင္းထြန္းသည္ မြန္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္ေသာ ထြက္ေျပးတိမ္းေရွာင္ေနသည့္ေဒါက္တာ ခင္ေဆာင္၊ ဦးလွျမင့္သန္း၊ ေဒၚသီရိရတ နာ၊ လုပ္ငန္းရွင္မ်ားျဖစ္ေသာ ဦးေက်ာ္မ်ိဳးမင္း၊ ဦးေအာင္ေက်ာ္သူ၊ ဦးခင္တိုးတို႔ႏွင့္ လည္း ဆက္သြယ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ဆိုထားသည္။
ဦးေအးမင္းထြန္းသည္ ဖမ္းဆီးရမိထားေသာ ဦးမ်ိဳးလင္းထြဋ္(ခ)မႈႀကီး၊ ဦးေစာထြန္းဝင္းတို႔ႏွင့္ပူးေပါင္းကာ က်ိဳက္ထိုေတာ္လွန္ေရးအဖြဲ႕(KRF)အျဖစ္ ဖြဲ႕စည္းခဲ့ၿပီး က်ိဳက္ထိုၿမိဳ႕တြင္း ေဖာက္ခြဲေရးလုပ္ငန္းမ်ားစီစဥ္ခဲ့ျခင္းေၾကာင့္ က်ိဳက္ထိုရဲစခန္းမွ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒအရ အလိုရွိေနသူတစ္ဦးေၾကာင္းလည္း နစကမွ ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ၎တို႔အား ဖမ္းဆီးရမိႏိုင္ေရးအတြက္ ျပည္သူမ်ားမွ လွ်ိဳ႕ဝွက္စြာ သ တင္းေပးပို႔ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္ထားေၾကာင္း သိရသည္။