အနုကြမ်းစီးသတ်ဖြတ်ခံခဲ့ရသော ဇနီးမောင်နှံသည် ရူပဗေဒဌာနမှ အငြိမ်းစားပညာရေးဝန်ထမ်းများဖြစ်ပြီး အမျိုးသားသည် အမျိုးသားစာပေဆုရ စာရေးဆရာဖြစ်နေ

 1396

NP News - နိုဝင်ဘာ ၁

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အနုကြမ်းစီးအသတ်ခံခဲ့ရသော အငြိမ်းစားပညာရေးဝန်ထမ်းဇနီးမောင်နှံအနက် အမျိုးသားဖြစ်သူသည် အမျိုးသားစာပေဆုရ စာရေး ဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါဇနီးမောင်နှံသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးမြောက်ရပ် ကွက်၊ မန္တလေးလမ်းရှိ ၎င်းတို့၏တိုက်ခန်းတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေခဲ့ကြောင်းကို အောက်တိုဘာလ (၃ဝ)ရက်၊ ညပိုင်းတွင်သိရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၎င်းတို့၏ရွှေလက်ဝတ်ရတနာများလည်း ပျောက်ဆုံးနေပြီး အနုကြမ်းစီးအသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အခင်းဖြစ်ရာ နေရာအနီးရှိ သတင်းရင်းမြစ်တစ်ဦးထံမှ သိခဲ့ရသည်။

သေဆုံးသွားသည့် အငြိမ်းစားပညာရေးဝန်ထမ်းဇနီးမောင်နှံသည် ရန်ကုန်တက္က သိုလ် ရူပဗေဒဌာနမှ အငြိမ်းစားဆရာ ဆရာဦးမြင့်ဝေနှင့် ဇနီးဖြစ်သူ ဆရာမဒေါ်ခင်ခင်စန်းတို့ဖြစ်ကြောင်း ၎င်းတို့နှင့်ရင်းနှီးသူတစ်ဦးထံမှ သိရသည်။

ဆရာဦးမြင့်ဝေသည် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနတွင် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပြီး တက္ကသိုလ်ကြယ်ပွင့် ကလောင်ဖြင့် ရူပဗေဒဆိုင်ရာစာပေများစွာကိုရေးသားထုတ်ဝေခဲ့ပြီး အမျိုးသားစာပေဆု၊ စာပေဗိမာန် စာမူဆုများ ရရှိထားသည့် ဝါရင့် သိပ္ပံဆိုင်ရာ စာရေးဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။

မကွယ်လွန်မီအချိန်အထိ ဆရာကြီး၏ ကျန်းမာရေးမှာ ကောင်းမွန်မှုမရှိဘဲ ခြေခေါက်လဲ၍ ပေါင်အရိုးကျိုးခဲ့ခြင်းကြောင့် စတီးချောင်းထည့်ထားရပြီး အိပ်ရာထဲမှ မထနိုင်ကြောင်း ဆရာကြီးနှင့် ရင်းနှီးသူများမှ ဆိုသည်။

ဆရာကြီးသည် ကွယ်လွန်ချိန်တွင် အသက်(၇၈)နှစ်ရှိပြီး ဇနီးဖြစ်သူ ဆရာမဒေါ်ခင်ခင်စန်းသည် အသက်(၇ဝ)ကျော်ရှိ ပြီဖြစ်ကြောင်း သိရသည်။

zawgyi version
အႏုၾကမ္းစီးသတ္ျဖတ္ခံခဲ့ရေသာ ဇနီးေမာင္ႏွံသည္ ႐ူပေဗဒဌာနမွ အၿငိမ္းစားပညာေရးဝန္ထမ္းမ်ားျဖစ္ၿပီး အမ်ိဳးသားသည္ အမ်ိဳးသားစာေပဆုရ စာေရးဆရာျဖစ္ေန
NP News - ႏိုဝင္ဘာ ၁

မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ အႏုၾကမ္းစီးအသတ္ခံခဲ့ရေသာ အၿငိမ္းစားပညာေရးဝန္ထမ္းဇနီးေမာင္ႏွံအနက္ အမ်ိဳးသားျဖစ္သူသည္ အမ်ိဳးသားစာေပဆုရ စာေရး ဆရာတစ္ဦးျဖစ္ေၾကာင္း သိရသည္။

အဆိုပါဇနီးေမာင္ႏွံသည္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ကန္ေတာ္ေလးေျမာက္ရပ္ ကြက္၊ မႏၲေလးလမ္းရွိ ၎တို႔၏တိုက္ခန္းတြင္ ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံးေနခဲ့ေၾကာင္းကို ေအာက္တိုဘာလ (၃ဝ)ရက္၊ ညပိုင္းတြင္သိရွိခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ၎တို႔၏ေ႐ႊလက္ဝတ္ရတနာမ်ားလည္း ေပ်ာက္ဆုံးေနၿပီး အႏုၾကမ္းစီးအသတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ရာ ေနရာအနီးရွိ သတင္းရင္းျမစ္တစ္ဦးထံမွ သိခဲ့ရသည္။

ေသဆုံးသြားသည့္ အၿငိမ္းစားပညာေရးဝန္ထမ္းဇနီးေမာင္ႏွံသည္ ရန္ကုန္တကၠ သိုလ္ ႐ူပေဗဒဌာနမွ အၿငိမ္းစားဆရာ ဆရာဦးျမင့္ေဝႏွင့္ ဇနီးျဖစ္သူ ဆရာမေဒၚခင္ခင္စန္းတို႔ျဖစ္ေၾကာင္း ၎တို႔ႏွင့္ရင္းႏွီးသူတစ္ဦးထံမွ သိရသည္။

ဆရာဦးျမင့္ေဝသည္ ရန္ကုန္တကၠသိုလ္ ႐ူပေဗဒဌာနတြင္ တာဝန္ထမ္းေဆာင္ဖူးသူျဖစ္ၿပီး တကၠသိုလ္ၾကယ္ပြင့္ ကေလာင္ျဖင့္ ႐ူပေဗဒဆိုင္ရာစာေပမ်ားစြာကိုေရးသားထုတ္ေဝခဲ့ၿပီး အမ်ိဳးသားစာေပဆု၊ စာေပဗိမာန္ စာမူဆုမ်ား ရရွိထားသည့္ ဝါရင့္ သိပၸံဆိုင္ရာ စာေရးဆရာတစ္ဦးျဖစ္ေၾကာင္း သိရသည္။

မကြယ္လြန္မီအခ်ိန္အထိ ဆရာႀကီး၏ က်န္းမာေရးမွာ ေကာင္းမြန္မႈမရွိဘဲ ေျခေခါက္လဲ၍ ေပါင္အ႐ိုးက်ိဳးခဲ့ျခင္းေၾကာင့္ စတီးေခ်ာင္းထည့္ထားရၿပီး အိပ္ရာထဲမွ မထႏိုင္ေၾကာင္း ဆရာႀကီးႏွင့္ ရင္းႏွီးသူမ်ားမွ ဆိုသည္။

ဆရာႀကီးသည္ ကြယ္လြန္ခ်ိန္တြင္ အသက္(၇၈)ႏွစ္ရွိၿပီး ဇနီးျဖစ္သူ ဆရာမေဒၚခင္ခင္စန္းသည္ အသက္(၇ဝ)ေက်ာ္ရွိ ၿပီျဖစ္ေၾကာင္း သိရသည္။

Picture

Kyaw Kyaw

02/11/2022 12:45

တိုင်းပြည်ရဲ့ တန်ဖိုးရှိသော ပညာတတ်များ ကို ရည်ရွယ်ချက်ရှိရှိ tတ်ဖြတ်နေ တာတွေက နယ်ချဲ့ သူတောင်းစားတွေ ရဲ့ ကျင့်သုံးနေကျ နည်းလမ်းတွေပါ ။ တိုင်းပြည် မတိုးတက်အောင်နည်းမျိုးစုံနဲ့ နှောက်ယှက်နေ တာပါ ။

Picture

hai mun

02/11/2022 21:08

စိတ်မကောင်းဖြစ်ရပါတယ် မြန်မာနိုင်ငံသားတွေလူယုတ်မာများညှင်ပန်းသတ်ဖြတ်လုယက်ခြင်းမှကင်း​ေဝေးကြပါစေ

Picture

Bo Tho

01/11/2022 23:41

လူကို ခွေးသတ်လေခြင်း 😭😭😭

Picture

Thi Ha

01/11/2022 18:43

ကျွန်နော်တို့ရဲ့ဆရာပါ။

Picture

Htun Aung Kyaw

02/11/2022 08:16

နှမြောလိုက်တာဗျာ 😭

Related news

© 2021. All rights reserved.