မန္တလေး၌ ခရစ်ယာန်မိဘမဲ့ကလေးကျောင်းဟုဆိုသော နေအိမ်အား ချိတ်ပိတ်ခဲ့ရခြင်းအကြောင်းကို နစကပြောခွင့်ရ ထုတ်ဖော်ရှင်းလင်း
1146
NP News - နိုဝင်ဘာ ၄
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၌ ခရစ်ယာန်မိဘမဲ့ကလေးကျောင်းဟုဆိုသော နေအိမ်အား ချိတ်ပိတ်ခဲ့ရခြင်းအကြောင်းကို နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောဆိုထားသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ စလုံးရပ်ကွက်၊ ၅၄(ဘီ)လမ်း၊ ၁၂၅/၁၂၆ လမ်းကြားရှိ နေအိမ်တစ်လုံးအား နိုဝင်ဘာ ၂ ရက် ည ၈ နာရီအချိန်ခန့်တွင် ချိတ်ပိတ်စစ်ဆေးခဲ့မှုရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
အဆိုပါနေအိမ်သည် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံနေသော ခရစ်ယာန်မိဘမဲ့ကလေးကျောင်းဟု ပြောဆိုဖော်ပြနေခြင်းမှာ မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။
“နေအိမ်ပဲဖြစ်ပါတယ်။ နေအိမ်ပိုင်ရှင်ရှိတယ်။ အဲဒီနေအိမ်ပိုင်ရှင်ကနေပြီး အခုအိမ်ငှားထားထားတာရှိတယ်။ ဦးခင်မောင်အေး၊ ဒေါ်မေရီတို့က ဒီအိမ်ကိုငှားထားတယ်ဆိုတာ သိရပါတယ်။ အိမ်ကိုချိတ်ပိတ်ရတဲ့အကြောင်းရင်းကတော့ မနှစ်က ၂ဝ၂၁ ခုနှစ် ဇွန်လ ၂ဝ ရက် ပတ်ဝန်းကျင်လောက်မှာ ကျွန်တော်တို့လည်း သတင်းထုတ်ပြန်ပြီးဖြစ်တယ်။ သပိတ်ကျင်းဘက်မှာ မန္တလေးက PDF အဖွဲ့ ဝေယံလင်း(ခေါ်) ထွန်းတောက်နိုင်ရဲ့အဖွဲ့ကို ကျွန်တော်တို့ မိခဲ့တယ်။ လက်နက်တွေ အမြောက်အမြားနဲ့ ကားပေါ်မှာမိခဲ့တာရှိတယ်။ သူ့ရဲ့ပြောချက်အရ သူတို့နဲ့ မန္တလေးတိုင်းဒေသကြီးထဲမှာရှိတဲ့ အကြမ်းဖက် PDF အဖွဲ့နဲ့ တချို့သော KIA အဖွဲ့ပူးပေါင်းပြီးတော့ မန္တလေးမြို့ပေါ်မှာ အကြမ်းဖက်သင်တန်းတွေပေးဖို့၊ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတွေ ပေးဖို့အတွက် သူတို့ အိမ်လေးလုံးငှားခဲ့တယ်။ ဒီအိမ်လေးလုံးကိုလည်း ကျွန်တော်တို့ သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။ အခုကျွန်တော်တို့ချိပ်ပိတ်လိုက်တဲ့အိမ်က အဲဒီအိမ်လေးလုံးထဲမှာပါတဲ့ အိမ်တစ်အိမ် ဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
အဆိုပါနေအိမ်အား ချိတ်ပိတ်စစ်ဆေးခဲ့ရာတွင် ကလေးငယ်(၁ဝ)ဦး တွေ့ရှိခဲ့ရပြီး အိမ်ငှားဖြစ်သူများ၏ပြောဆိုချက်အရ ၎င်းကလေးများသည် မိဘမဲ့များဖြစ်ကြောင်း ပြောဆိုထားသည့်အတွက် စစ်ဆေးနေဆဲဖြစ်ကြောင်း နစကပြောခွင့်ရက ဆိုသည်။
ထို့ပြင် စစ်ဆေးချက်များအရ မိဘမဲ့ကလေးကျောင်းဖွင့်ထားသည်ဆိုသော တရားဝင်မှတ်ပုံတင်ထားမှုမျိုး မရှိကြောင်းနှင့် ၎င်းတို့အစီအစဉ်ဖြင့် လုပ်နေသည့်ပုံစံမျိုးကို တွေ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
အလားတူ အဆိုပါနေအိမ်သည် ပြည်သူလူထုအား ဆေးကုပေးနေသည်ဟု သတင်းများကြားရသော်လည်း ဆေးကုပေးနေသည့်ပုံစံမျိုးလည်း မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
“သို့သော် အကြမ်းဖက်အဖွဲ့တွေကို အဆက်အသွယ်တွေနဲ့ ဆေးကုပေးနေတဲ့ပုံစံမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါတွေကိုတော့ ကျွန်တော်တို့စစ်ဆေးဆဲပဲဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ စုံစမ်းစစ်ဆေးမှုတွေ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်လျက်ပဲ ရှိသေးတယ်။ ဒီ ထွန်းတောက်နိုင်တို့အဖွဲ့နဲ့ ဆက်စပ်ပြီးတော့ လုပ်ခဲ့တဲ့အိမ်လည်းဖြစ်နေတယ်။ နောက်ထပ် မသင်္ကာစရာလည်းရှိတဲ့အတွက်ကြောင့် ဒါကြောင့်မို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု နစကပြောခွင့်ရက ရှင်းလင်းအသိပေးထားသည်။
Zawgyi Version;
မႏၲေလး၌ ခရစ္ယာန္မိဘမဲ့ကေလးေက်ာင္းဟုဆိုေသာ ေနအိမ္အား ခ်ိတ္ပိတ္ခဲ့ရျခင္းအေၾကာင္းကို နစကေျပာခြင့္ရ ထုတ္ေဖာ္ရွင္းလင္း
NP News - ႏိုဝင္ဘာ ၄
မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၌ ခရစ္ယာန္မိဘမဲ့ကေလးေက်ာင္းဟုဆိုေသာ ေနအိမ္အား ခ်ိတ္ပိတ္ခဲ့ရျခင္းအေၾကာင္းကို နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ရွင္းလင္းေျပာဆိုထားသည္။
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စလုံးရပ္ကြက္၊ ၅၄(ဘီ)လမ္း၊ ၁၂၅/၁၂၆ လမ္းၾကားရွိ ေနအိမ္တစ္လုံးအား ႏိုဝင္ဘာ ၂ ရက္ ည ၈ နာရီအခ်ိန္ခန႔္တြင္ ခ်ိတ္ပိတ္စစ္ေဆးခဲ့မႈရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
အဆိုပါေနအိမ္သည္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံေနေသာ ခရစ္ယာန္မိဘမဲ့ကေလးေက်ာင္းဟု ေျပာဆိုေဖာ္ျပေနျခင္းမွာ မဟုတ္ေၾကာင္း ၎က ဆက္လက္ေျပာ သည္။
“ေနအိမ္ပဲျဖစ္ပါတယ္။ ေနအိမ္ပိုင္ရွင္ရွိတယ္။ အဲဒီေနအိမ္ပိုင္ရွင္ကေနၿပီး အခုအိမ္ငွားထားထားတာရွိတယ္။ ဦးခင္ေမာင္ေအး၊ ေဒၚေမရီတို႔က ဒီအိမ္ကိုငွားထားတယ္ဆိုတာ သိရပါတယ္။ အိမ္ကိုခ်ိတ္ပိတ္ရတဲ့အေၾကာင္းရင္းကေတာ့ မႏွစ္က ၂ဝ၂၁ ခုႏွစ္ ဇြန္လ ၂ဝ ရက္ ပတ္ဝန္းက်င္ေလာက္မွာ ကြၽန္ေတာ္တို႔လည္း သတင္းထုတ္ျပန္ၿပီးျဖစ္တယ္။ သပိတ္က်င္းဘက္မွာ မႏၲေလးက PDF အဖြဲ႕ ေဝယံလင္း(ေခၚ) ထြန္းေတာက္ႏိုင္ရဲ႕အဖြဲ႕ကို ကြၽန္ေတာ္တို႔ မိခဲ့တယ္။ လက္နက္ေတြ အေျမာက္အျမားနဲ႔ ကားေပၚမွာမိခဲ့တာရွိတယ္။ သူ႔ရဲ႕ေျပာခ်က္အရ သူတို႔နဲ႔ မႏၲေလးတိုင္းေဒသႀကီးထဲမွာရွိတဲ့ အၾကမ္းဖက္ PDF အဖြဲ႕နဲ႔ တခ်ိဳ႕ေသာ KIA အဖြဲ႕ပူးေပါင္းၿပီးေတာ့ မႏၲေလးၿမိဳ႕ေပၚမွာ အၾကမ္းဖက္သင္တန္းေတြေပးဖို႔၊ ေဖာက္ခြဲဖ်က္ဆီးေရးသင္တန္းေတြ ေပးဖို႔အတြက္ သူတို႔ အိမ္ေလးလုံးငွားခဲ့တယ္။ ဒီအိမ္ေလးလုံးကိုလည္း ကြၽန္ေတာ္တို႔ သတင္းထုတ္ျပန္ၿပီးျဖစ္ပါတယ္။ အခုကြၽန္ေတာ္တို႔ခ်ိပ္ပိတ္လိုက္တဲ့အိမ္က အဲဒီအိမ္ေလးလုံးထဲမွာပါတဲ့ အိမ္တစ္အိမ္ ျဖစ္တယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
အဆိုပါေနအိမ္အား ခ်ိတ္ပိတ္စစ္ေဆးခဲ့ရာတြင္ ကေလးငယ္(၁ဝ)ဦး ေတြ႕ရွိခဲ့ရၿပီး အိမ္ငွားျဖစ္သူမ်ား၏ေျပာဆိုခ်က္အရ ၎ကေလးမ်ားသည္ မိဘမဲ့မ်ားျဖစ္ေၾကာင္း ေျပာဆိုထားသည့္အတြက္ စစ္ေဆးေနဆဲျဖစ္ေၾကာင္း နစကေျပာခြင့္ရက ဆိုသည္။
ထို႔ျပင္ စစ္ေဆးခ်က္မ်ားအရ မိဘမဲ့ကေလးေက်ာင္းဖြင့္ထားသည္ဆိုေသာ တရားဝင္မွတ္ပုံတင္ထားမႈမ်ိဳး မရွိေၾကာင္းႏွင့္ ၎တို႔အစီအစဥ္ျဖင့္ လုပ္ေနသည့္ပုံစံမ်ိဳးကို ေတြ႕ရေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။
အလားတူ အဆိုပါေနအိမ္သည္ ျပည္သူလူထုအား ေဆးကုေပးေနသည္ဟု သတင္းမ်ားၾကားရေသာ္လည္း ေဆးကုေပးေနသည့္ပုံစံမ်ိဳးလည္း မရွိေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။
“သို႔ေသာ္ အၾကမ္းဖက္အဖြဲ႕ေတြကို အဆက္အသြယ္ေတြနဲ႔ ေဆးကုေပးေနတဲ့ပုံစံမ်ိဳးေတာ့ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ဒါေတြကိုေတာ့ ကြၽန္ေတာ္တို႔စစ္ေဆးဆဲပဲျဖစ္ပါတယ္။ ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ စုံစမ္းစစ္ေဆးမႈေတြ ကြၽန္ေတာ္တို႔ ဆက္လက္ေဆာင္႐ြက္လ်က္ပဲ ရွိေသးတယ္။ ဒီ ထြန္းေတာက္ႏိုင္တို႔အဖြဲ႕နဲ႔ ဆက္စပ္ၿပီးေတာ့ လုပ္ခဲ့တဲ့အိမ္လည္းျဖစ္ေနတယ္။ ေနာက္ထပ္ မသကၤာစရာလည္းရွိတဲ့အတြက္ေၾကာင့္ ဒါေၾကာင့္မို႔ ေဆာင္႐ြက္ျခင္းျဖစ္ပါတယ္” ဟု နစကေျပာခြင့္ရက ရွင္းလင္းအသိေပးထားသည္။