မွန်ပြည်နယ်တွင် ရှေးဟောင်းဘုန်းကြီးကျောင်း(၂)ကျောင်း မီးလောင်ပျက်စီးမှုဖြစ်ပွား

 838

NP News - နိုဝင်ဘာ ၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင်တစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၈ ရက်) နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့နယ်၊ ဝဲဘို့တောင်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စေတနာ ရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

“ဝါယာရှော့ဖြစ်တာကနေမီးစလောင်တာပါ။ ကျွန်တော်တို့ဆီ သတင်းရောက်တာတော့ (၆)နာရီကျော်နေပါပြီ။ မီးလောင်တာက အဲ့ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ ကျောင်းဆောင်မှာလောင်တာပါ။ မီးလောင်တဲ့ နှစ်ထပ်ကျောင်းဆောင်တော့ ပျက်စီး သွားပါတယ်” ဟု စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

မီးလောင်မှုအား မီးသတ်တပ်ဖွဲ့အချို့နှင့် အထက်ပါလူမှုကယ်ဆယ်ရေး အသင်းမှ ငြှိမ်းသတ်ခဲ့ကြပြီး နာရီဝက်ကျော်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း စေတ နာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ ဆိုသည်။

အလားတူ မနက်အစောပိုင်း (၁)နာရီအချိန်ခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက္ကော်မြို့၊ သိမ်ဆိပ်ရပ်ကွက်ရှိ သိမ်ဆိပ်ဘုန်းကြီးကျောင်းတွင် မီးလောင်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်မှုကြောင့် သိမ်ဆိပ်ဘုန်းကြီးကျောင်းမှာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါဘုန်းကြီးကျောင်းများမှာ ရှေးဟောင်းဘုန်းကြီးကျောင်းများ ဖြစ်ကြောင်း ဒေသခံများမှ ဆိုထားသည်။

zawgyi version
မြန္ျပည္နယ္တြင္ ေရွးေဟာင္းဘုန္းႀကီးေက်ာင္း(၂)ေက်ာင္း မီးေလာင္ပ်က္စီးမႈျဖစ္ပြား
NP News - ႏိုဝင္ဘာ ၈

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္ရွိ ေရွးေဟာင္းဘုန္းႀကီးေက်ာင္းေဆာင္တစ္ေဆာင္ မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာလ ၈ ရက္) နံနက္ပိုင္းတြင္ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ဝဲဘို႔ေတာင္ေက်း႐ြာ ဘုန္းႀကီးေက်ာင္းအတြင္း မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ေစတနာ ရွင္လူမႈကယ္ဆယ္ေရးအသင္းမွ သိရသည္။

“ဝါယာေရွာ့ျဖစ္တာကေနမီးစေလာင္တာပါ။ ကြၽန္ေတာ္တို႔ဆီ သတင္းေရာက္တာေတာ့ (၆)နာရီေက်ာ္ေနပါၿပီ။ မီးေလာင္တာက အဲ့ဘုန္းႀကီးေက်ာင္းထဲမွာရွိတဲ့ ေက်ာင္းေဆာင္မွာေလာင္တာပါ။ မီးေလာင္တဲ့ ႏွစ္ထပ္ေက်ာင္းေဆာင္ေတာ့ ပ်က္စီး သြားပါတယ္” ဟု ေစတနာရွင္လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

မီးေလာင္မႈအား မီးသတ္တပ္ဖြဲ႕အခ်ိဳ႕ႏွင့္ အထက္ပါလူမႈကယ္ဆယ္ေရး အသင္းမွ ျငႇိမ္းသတ္ခဲ့ၾကၿပီး နာရီဝက္ေက်ာ္ၾကာ ျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ ေသဆုံးသူႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ မရွိေၾကာင္း ေစတ နာရွင္လူမႈကယ္ဆယ္ေရးအသင္းမွ ဆိုသည္။

အလားတူ မနက္အေစာပိုင္း (၁)နာရီအခ်ိန္ခန႔္က မြန္ျပည္နယ္၊ က်ိဳက္ထိုခ႐ိုင္၊ က်ိဳေကၠာ္ၿမိဳ႕၊ သိမ္ဆိပ္ရပ္ကြက္ရွိ သိမ္ဆိပ္ဘုန္းႀကီးေက်ာင္းတြင္ မီးေလာင္မႈတစ္ခု ထပ္မံျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သိရသည္။

အဆိုပါမီးေလာင္မႈေၾကာင့္ သိမ္ဆိပ္ဘုန္းႀကီးေက်ာင္းမွာ မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

အဆိုပါဘုန္းႀကီးေက်ာင္းမ်ားမွာ ေရွးေဟာင္းဘုန္းႀကီးေက်ာင္းမ်ား ျဖစ္ေၾကာင္း ေဒသခံမ်ားမွ ဆိုထားသည္။

Picture

Ko Moe

08/11/2022 14:57

မွန်ပြည်နယ်က တိုးတက်သင့်နေပါပြီဗျာ။ခက်တာက နာမည်ခံပြီး ကိုယ်လူမျိူး ကိုယ့်နယ်မြေကို ပြန်ပြီးနင်းနေကြတာပါ

Related news

© 2021. All rights reserved.