အင်ဒိုနီးရှားနိုင်ငံမှာ စာသင်ကျောင်းပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်(၆၃)ဦးအထိရှိလာ

 373

Pika (NP News) - အောက်တိုဘာ ၇

အင်ဒိုနီးရှားနိုင်ငံမှာ စာသင်ကျောင်းပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်ဟာ (၆၃)ဦးအထိ မြင့်တက်လာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစာသင်ကျောင်းအဆောက်အဦးဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပြိုကျခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အပျက်အစီးအောက်တွေမှာရှိနေတဲ့ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက ဆွဲထုတ်နေတုန်းပဲဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းသားပေါင်း(၁၅၀)ကျော်ဟာ ဘုရားရှိခိုးဖို့အတွက် စုစည်းနေတဲ့အချိန်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ် မှာရှိတဲ့အထပ်ပေါင်းများစွာပါတဲ့ စာသင်ကျောင်းအဆောက်အဦးဟာ ပြိုကျခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်အထိ လူငယ်တစ်ဒါဇင်ခန့်က ပျောက်ဆုံးနေလျက်ရှိပြီး ရှာဖွေတွေ့ရှိတာမျိုး မရှိသေးဘူးလို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမျိုးသားရှာဖွေရေးနဲ့ကယ်ဆယ်ရေးအေဂျင်စီ ဒါရိုက်တာ Yudhi Bramantyo က “ရုပ်အလောင်းတွေအားလုံးကိုပြန်လည်ရယူပြီး မိသားစုဝင်တွေဆီကို ပြန်လည်ပေးအပ်နှံဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီစာသင်ကျောင်းအဆောက်အဦးပြိုကျမှုဟာ အင်ဒိုနီးရှားနိုင်ငံမှာ ယခုနှစ်အတွင်း လူအသေအပျောက်အများဆုံး မတော်တဆမှုတစ်ခုဖြစ်တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်အေဂျင်စီရဲ့လက်ထောက်အကြီးအကဲ Budi Irawan က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် စာသင်ကျောင်းအဆောက်အဦးပြိုကျရတဲ့ အကြောင်းအရင်းတွေ ကို စုံစမ်းစစ်ဆေးရေးမှူးတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားႏိုင္ငံမွာ စာသင္ေက်ာင္းၿပိဳက်မႈေၾကာင့္ ေသဆုံးသူအေရအတြက္(၆၃)ဦးအထိရွိလာ
Pika (NP News) - ေအာက္တိုဘာ ၇
အင္ဒိုနီးရွားႏိုင္ငံမွာ စာသင္ေက်ာင္းၿပိဳက်မႈေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ (၆၃)ဦးအထိ ျမင့္တက္လာခဲ့ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီစာသင္ေက်ာင္းအေဆာက္အဦးဟာ ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက ၿပိဳက်ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အပ်က္အစီးေအာက္ေတြမွာရွိေနတဲ့႐ုပ္အေလာင္းေတြကို ကယ္ဆယ္ေရးသမားေတြက ဆြဲထုတ္ေနတုန္းပဲျဖစ္တယ္လို႔ သိရပါတယ္။
ေက်ာင္းသားေပါင္း(၁၅၀)ေက်ာ္ဟာ ဘုရားရွိခိုးဖို႔အတြက္ စုစည္းေနတဲ့အခ်ိန္မွာ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာဗားကြၽန္းေပၚ မွာရွိတဲ့အထပ္ေပါင္းမ်ားစြာပါတဲ့ စာသင္ေက်ာင္းအေဆာက္အဦးဟာ ၿပိဳက်ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
လက္ရွိအခ်ိန္အထိ လူငယ္တစ္ဒါဇင္ခန္႔က ေပ်ာက္ဆုံးေနလ်က္ရွိၿပီး ရွာေဖြေတြ႕ရွိတာမ်ိဳး မရွိေသးဘူးလို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အမ်ိဳးသားရွာေဖြေရးနဲ႔ကယ္ဆယ္ေရးေအဂ်င္စီ ဒါ႐ိုက္တာ Yudhi Bramantyo က “႐ုပ္အေလာင္းေတြအားလုံးကိုျပန္လည္ရယူၿပီး မိသားစုဝင္ေတြဆီကို ျပန္လည္ေပးအပ္ႏွံဖို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အဲဒီစာသင္ေက်ာင္းအေဆာက္အဦးၿပိဳက်မႈဟာ အင္ဒိုနီးရွားႏိုင္ငံမွာ ယခုႏွစ္အတြင္း လူအေသအေပ်ာက္အမ်ားဆုံး မေတာ္တဆမႈတစ္ခုျဖစ္တယ္လို႔ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ေအဂ်င္စီရဲ႕လက္ေထာက္အႀကီးအကဲ Budi Irawan က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ စာသင္ေက်ာင္းအေဆာက္အဦးၿပိဳက်ရတဲ့ အေၾကာင္းအရင္းေတြ ကို စုံစမ္းစစ္ေဆးေရးမႉးေတြက စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.