ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ကူညီမှုရာမှာ အမေရိကန်အစိုးရက အများပြည်သူတို့ကို နားလှည့်ပါးရိုက် လုပ်နေ (ဘာသာပြန်ဆောင်းပါး)

 955

Htay Oung (NP News) - နိုဝင်ဘာ ၉

ယူကရိန်းကို လက်နက်တပ်ဆင်ဖို့ အမေရိကန်ရဲ့ကြိုးပမ်းအားထုတ်ပုံနဲ့ပတ်သက်ပြီး အနောက်နိုင်ငံမီဒီယာများက လတ်တလော ဖွင့်ချရာမှာ ဘိုင်ဒင်အစိုးရက အများပြည်သူတို့ကို နားလှည့်ပါးရိုက်လုပ်နေကြောင်း ဗူးပေါ်သလို ပေါ်လာနေတယ်လို့ စကော့ရစ်တာရဲ့အမြင်ကို Russia Today က နိုဝင်ဘာလ ၅ ရက်က ဖော်ပြပါတယ်။

အမေရိကန် မရိန်းတပ်ဖွဲ့ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးဖြစ်သူ စကော့ရစ်တာဟာ ၁၉၉၁ ခုနှစ် ဂေါ်ဘာ ချော့ဗ်လက်ထက် “ပယ်ရီစထရွိုက်ကာခေတ် လက်နက်ဖျက်သိမ်းရေးနှင့် ဆိုဗီယက်ယူနီယံ နိဂုံးချုပ်ခြင်း” စာအုပ် ကို ရေးသားခဲ့သူဖြစ်ပါတယ်။ သူဟာ (သမ္မတရော်နယ်ရေဂင်နဲ့ ဂေါ်ဘာချော့ဗ်တို့ရဲ့) INF လို့ အတိုကောက်ခေါ်ကြ တဲ့ တာလတ်ပစ်နျူကလီယာလက်နက်များ တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်” ကို အကောင်အထည်ဖော်ရေး မှာ စစ်ဆေးရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၉ဝ-၁၉၉၁ ခှနှစ် အီရတ်ကျူးကျော်မှုစစ်ပွဲမှာ ညွန့်ပေါင်းတပ်များအားလုံးရဲ့ စစ်သေနာပတိချုပ်အဖြစ် ဦးဆောင်သူ အမေရိကန်ဗိုလ်ချုပ်ကြီးရွှပ်ဇ်ကော့ဖ်ရဲ့ အရာရှိတစ်ဦးဖြစ်ပြီး ကုလသမဂ္ဂလက်နက်စစ်ဆေးရေး အရာရှိအဖြစ်လည်း ၁၉၉၁ မှ ၁၉၉၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင်နဲ့ ဗိုလိုဒီမြာဇီလင်စကီးတို့အကြား တယ်လီဖုန်းပြောဆိုကြစဉ် အကူအညီပိုမိုပေးအပ်ဖို့ ယူကရိန်းသမ္မတ က ဖိအားပေးခဲ့ကြောင်း အဲဒီကိစ္စနဲ့ရင်းနှီးကျွမ်းဝင်သူ ၄ ဦးက NBC သတင်းဌာနကိုပြောပြကြောင်း စကော့ရစ်တာ က နိဒါန်းပျိုးပါတယ်။

ထောက်ပံ့ငွေ ဒေါ်လာ ၁ ဘီလျံခန့် ပေးအပ်မယ့်အကြောင်း သတင်းပေးဖို့အတွက် ဇွန်လ ၁၅ ရက်နေ့မှာ ဂျိုး ဘိုင်ဒင် က ဇီလင်စကီးထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း။ အဲဒီအထဲမှာ အမေရိကန်ကာကွယ်ရေးဌာနရဲ့ဒေါ်လာသန်း ၃၅ဝ ဖိုး လက်နက်နဲ့ စစ်ပစ္စည်းကိရိယာများအပြင် ယူကရိန်းလက်အောက်ခံ လုံခြုံရေးဋ္ဌာနများအတွက် နောက်ထပ် အကူ အညီ ဒေါ်လာသန်း ၆၅ဝ ပါဝင်ကြောင်း။ ၂ဝ၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ယူကရိန်းကို တပ်များစေလွှတ်ဖို့ ရုရှားက ဆုံးဖြတ်ချက်ချပြီးကတည်းက ဘိုင်ဒင်နဲ့ ဇီလင်စကီးတို့အကြား အဲဒီလို လူပုဂ္ဂိုလ်အချင်းချင်း ဆက်သွယ်မှုမျိုးဟာ ပုံမှန်လိုလို ရှိနေခဲ့ကြောင်း။ ယခုတစ်ကြိမ် ဖုန်းပြောဆိုကြရာမှာတော့ အကူအညီတွေကို တစ်ခုချင်းစီ ပေါင်းလိုက်မယ်ဆိုရင် အဲဒီနေ့အထိ အမေရိကန်ရဲ့စစ်ရေးအကူအညီ စုစုပေါင်းဟာ ဒေါ်လာ ၅.၆ ဘီလျံလောက် ရှိ လိမ့်မယ်လို့ ဘိုင်ဒင်က ဇီလင်စကီးကိုပြောပြခဲ့ကြောင်း “စေတနာထားရှိမှုအတွက် သမ္မတကြီးနဲ့ အမေရိကန် ပြည်သူတွေကို ကျေးဇူးတင်ပါတယ်” လို့ ခါတိုင်းလို ပြောရမယ့်အစား ဇွန်လအကူအညီခွဲဝေပေးမှုမှာ မပါဝင်သေး တဲ့ပစ္စည်းကိရိယာတွေကို ရွတ်ပြပြီး သီးခြားအကူအညီပေးအပ်ဖို့ ဇီလင်စကီးက တောင်းဆိုလာခြင်းကြောင့် ဂျိုးဘိုင်ဒင် တစ်ယောက် သူ့ဒေါသသူ မထိန်းနိုင်လောက်အောင် ဖြစ်သွားရတယ်လို့ သတင်းရင်းမြစ်များကို ကိုးကားပြီး NBC က ရေးသားကြောင်း၊ "အမေရိကန်ပြည်သူတွေဟာ အတော်လေး ရက်ရောပြီး ယူကရိန်းအစိုးရကို ကူညီဖို့ အမေရိကန်စစ်တပ်အနေနဲ့ ခက်ခက်ခဲခဲလုပ်ဆောင်နေရပါတယ်၊ (ဘိုင်ဒင်က အသံကိုမြှင့်၍) ဇီလင်စကီး က ကျေးဇူးတင်ကြောင်း နည်းနည်းလောက်တော့ ပိုပြသသင့်တယ်" လို့ NBC က ရေးပါတယ်။

ဘိုင်ဒင်ရဲ့ဒေါသထွက်ရခြင်းမှာ ဇီလင်စကီးက ကျေးဇူးတင်စကားဆိုဖို့ပျက်ကွက်ခြင်းကြောင့် သက်သက်ထက် ပိုပါ တယ်။ အစဉ်အလာအရ ခေါင်းဆောင်နှစ်ဦးအကြား အပြန်အလှန် နွေးထွေးမှု ရှိပါတယ်။ ယူကရိန်း စစ်ပွဲအတွက် ဂျိုးဘိုင်ဒင်ရဲ့အကန့်အသတ်မဲ့ထောက်ပံ့မှုတွေကို နားလည်ပေးနိုင်သူ ကွန်ဂရက်အမတ်အရေအတွက်ဟာ ပါတီ ကြီးနှစ်ခုစလုံးမှာ တစစ ယုတ်လျော့လာနေပါတယ်။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် တွေက အောက်လွှတ်တော်ကို ပြန်လည်ထိန်းချုပ်ဖွယ်ရှိတဲ့အတွက် ဘိုင်ဒင်အစိုးရအနေနဲ့ အလားတူ လုပ်ဆောင်ဖို့ ခြေဆွံ့နေခိုက် နောက်ထပ်အကူအညီဒေါ်လာ ၄ဝ မှ ၆ဝ ဘီလျံအထိ ညှစ်ထုတ်ယူဖို့ အတော် ကြိုးစားနေပုံရ ပါတယ်။

လက်ရှိ ကွန်ဂရက်လွှတ်တော်သက်တမ်းဟာ လာမယ့် ဇန်နဝါရီလရောက်ရင် ကုန်ဆုံးတော့မှာဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲအခြေအနေကောင်းဖို့အတွက် မနေမနား ရုန်းကန်နေရပါတယ်။ ရီပတ်ဘလစ်ကန်တို့ ထိန်းချုပ်တဲ့ ကွန်ဂရက်လွှတ်တော်အသစ် ကျမ်းသစ္စာကျိန်ဆိုချိန်အထိ ကိစ္စအရပ်ရပ်ကိုရွှေ့ဆိုင်းဖို့ကြိုးပမ်းမယ့် အတိုက်အခံ တွေဟာ ယခု အကူအညီအသစ်ပေးအပ်မှုမှာ စိန်ခေါ်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း ဆောင်းပါးရှင် စကော့ရစ်တာ က ထောက်ပြပါတယ်။

ဘိုင်ဒင် ပေါက်ကွဲရတဲ့ ဇီလင်စကီးနဲ့ဖုန်းပြောဆိုခြင်း ဇာတ်လမ်းမတိုင်မီ မကြာသေးခင်ကပဲ တစ်ခြား မီးခဲပြဿနာ တစ်ခု ရှိနေပါသေးတယ်။ New Yorker မဂ္ဂဇင်း ဂျာနယ်လစ်တွေဟာ ဝါရှင်တန်-ကိယက်ဗ်စစ်ရေးပူးပေါင်း ဆောင်ရွက်မှုအခြေအနေကို အသေးစိတ်ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးပေးရုံ သာမက အမေရိကန်ထောက်လှမ်းရေးအရာရှိတွေဟာ ပဋိပက္ခမှာ တက်တက်ကြွကြွ ပါဝင်နေကြကြောင်း၊ M777 ဟောင်ဝစ်ဇာအမြောက်ကြီးများနဲ့ HIMARS အပေါ့စား ဒုံးကျည်တွဲ ပစ်လွှတ်စနစ်တို့လို အဆင်မြင့် စစ်လက်နက် တွေ ပေးအပ်နေခြင်းဟာ နှစ်နိုင်ငံအကြား ရှုပ်ထွေးတဲ့ အပြန်အလှန်ဆက်ဆံရေးကို ဖော်ပြနေကြောင်း “ယူကရိန်း အတွက် အမေရိကန်ရဲ့ကြိုးပမ်းအားထုတ်မှု” လို့ ခေါင်းစဉ်တပ်ပြီး “ဂျော့ရှု့းဝါး ယက်ဖ်ဖာ” က New Yorker မဂ္ဂဇင်းမှာ အကျယ်တဝင့် ရေးသားခဲ့ပါတယ်။

ခြုံငုံပြီး ပြောရမယ်ဆိုရင် အချက်နှစ်ခုပဲ ရှိပါတယ်။ ပထမအချက်အနေနဲ့ အမေရိကန်ရဲ့လက်နက်တွေဟာ ရုရှားနဲ့ ရင်ဆိုင်ရာမှာ ယူကရိန်းအနေနဲ့ မားမားမတ်မတ်ရပ်တည်ပြီး ဗလာဒီမာ ပူတင်အပေါ် အနိုင်ယူနိုင်ကြောင်း ကမ္ဘာကို ပြသနိုင်ဖို့ဖြစ်ပါတယ်။ ဒုတိယအချက် အမေရိကန်ဟာ မော်စကိုနဲ့ တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ရတဲ့အထိ ပဋိပက္ခ ကို တိုးလာစေမယ့် ဘယ်လို စည်းမျိုးကိုမဆို မနင်းမိစေဖို့ ရည်ရွယ်တယ်လို့ ပြောရမှာပါ။

မော်စကိုမှာ ယခုအချိန်ထိ နှစ်ပေါင်းများစွာ နေထိုင်လျှက်ရှိတဲ့ New Yorker မဂ္ဂဇင်း သတင်းထောက် ဂျော့ရှု့း ဝါး ယက်ဖ်ဖာဟာ Bloomberg, Businessweek, The Economist, National Geographic, New Republic နဲ့ New York Times တို့လို အမေရိကန်မီဒီယာကြီးများအတွက် ရုရှားနဲ့ပတ်သက်ပြီး ကော်လံစားသတင်းများ ပေးပို့နေသူ ပါ။ သူဟာ ရုရှားရေးရာအတွေ့အကြုံရှိတဲ့ စာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ သူမြင်တွေ့ခဲ့ ကြားသိခဲ့ ရတာတွေကို အရင်းခံပြီး “အမေရိကန်နဲ့ ယူကရိန်းအစိုးရ ဘာလဲ ဘယ်လဲ” အမည်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ ပါသေးတယ်။ အမည်ထင်ရှား ဖော်ပြသူရော အမည်မဖော်လိုသူတွေကိုပါ ထည့်သွင်းကိုးကားထားတဲ့ သူ့ရဲ့ ဆောင်းပါးဟာ အတွင်းရေး အချက်အလက်အမျိုးအစားကို သတင်းရှုထောင့်မှ သုံးသပ်နိုင်စေဖို့ ဖတ်ကောင်းအောင် ဆွဲဆောင်နိုင်ပါတယ်။

ယူကရိန်းဘက်ဆိုရင် ကိယက်ဗ်ကာကွယ်ရေးဝန်ကြီး၊ ဇီလင်စကီးရဲ့ထိပ်တန်းအကြံပေးပုဂ္ဂိုလ်၊ ယူကရိန်းအမျိုး သားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအတွင်းရေးမှူး၊ စစ်ဘက်အကြီးအကဲနဲ့နီးစပ်သူ အကြီးတန်းစစ်အရာရှိများ စသည်ဖြင့် ယူကရိန်းအရာရှိများ ပါဝင်ပါတယ်။ အနောက်နိုင်ငံသတင်းထောက်များနဲ့ အပြန်အလှန် ဆက်ဆံလေ့ရှိ သူ အဲဒီယူကရိန်းအရာရှိကြီးတွေရဲ့ ရုရှားနဲ့ပဋိပက္ခအကြောင်း အမြင်ကို ပုံဖော်ထားပါတယ်။

ယက်ဖ်ဖာဟာ အဲဒီပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်အင်တာဗျူးနိုင်ခဲ့ခြင်း မဟုတ်ပေမယ့် ပဋိပက္ခမှာ သူတို့ရဲ့ရပ်တည်လုပ် ဆောင်ပုံတွေ၊ လောလောဆယ် အမေရိကန်နဲ့ ယူကရိန်းတို့အကြား ထိရှလွယ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို အနောက်မီဒီယာများထံ သူတို့ပြောခွင့်ရတဲ့ဘောင်ထဲက ဖွင့်ဟဖို့ဆန္ဒရှိနေတဲ့ အကြောင်းအရာတွေကို စုစည်းထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ဟာ သီးသန့်လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ အခြားနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတင်း အချက်အလက်များထုတ်ပြန်ရေးနဲ့ပတ်သက်ရင် အလွန်အမင်းထိန်းချုပ်ထားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဖို့ အရေးမှာ ပါဝင်ပတ်သက်နေသူ အမေရိကန်အရာရှိများအတွက်သာမက လျှို့ဝှက်လုပ်ငန်းမှာ ပါဝင်တဲ့ ပြည်ပနိုင်ငံ သားများအတွက်ပါ အကျုံးဝင်နေပါတယ်။ တိုတိုပြောရရင် သူတို့အနေနဲ့ ဘိုင်ဒင်အစိုးရကသာ ကြိုတင် မီးစိမ်း ပြထားခြင်းမရှိဘူးဆိုရင် ယူကရိန်းနိုင်ငံသား သုံးဦးဟာ ဒီပြဿနာတွေနဲ့ပတ်သက်လို့ ယက်ဖ်ဖာနဲ့ တစ်စားပွဲတည်း ထိုင်ပြီး ဆွေးနွေးခွင့် မရှိပါဘူး။

ဒီအတွက် ယက်ဖ်ဖာနဲ့ ဆွေးနွေးခွင့်ပြုဖို့ ဘိုင်ဒင်အစိုးရရဲ့ဆုံးဖြတ်ချက်နောက်ကွယ်အကြောင်းအရာအတွက် အမည်မဖော်လိုသူ သတင်းရင်းမြစ်များကို အသေးစိတ်စစ်ဆေးကြည့်တဲ့အခါ ရှင်းရှင်းလင်းလင်း ဖြစ်လာပါတယ်။ ယူကရိန်းမူဝါဒရေးဆွဲရာမှာ ပါဝင်သူ အမေရိကန်အုပ်ချုပ်ရေးအရာရှိတစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အကြီးတန်းအရာရှိ၊ အိမ်ဖြူတော်ရဲ့ ယူကရိန်းရဲ့ဆွေးနွေးမှုများအကြောင်း ကောင်းကောင်းသိရှိသူတစ်ဦး၊ အမေရိကန်အကြီးတန်းအရာရှိ၊ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မီလီနဲ့နီးစပ်သူ အမေရိကန်စစ်ဘက် အရာရှိတစ်ဦးနဲ့ အမေရိကန်ထောက်လှမ်းရေးအကြီးတန်းအရာရှိ စသည်ဖြင့် အမည်မဖော်လိုသူရော အမည်ဖော်ပြ ထားတဲ သတင်းရင်းမြစ် အတော်များများကိုလည်း ယက်ဖ်ဖာအနေနဲ့ တွေ့ဆုံမေးမြန်း နိုင်ခဲ့ပါတယ်။

ထိရှလွယ်တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာလုပ်ငန်းများမှာ အတွေ့အကြုံရှိသူတိုင်း အဲဒီလိုကိစ္စမျိုးနဲ့ပတ်သက်လာ ရင် တရားသေ အမှန်တရားနှစ်ရပ်ရှိကြောင်း သိရှိကြပါတယ်။ ထိပ်တန်းလျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီ။ ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်းဟာ ဥပဒေအပေါ် ပြင်းထန်စွာ ချိုးဖောက်ရာရောက်ပါတယ်၊ သတင်းပေါက်ကြားသူ မည်သူမဆို တရားစွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံရနိုင်ပါ တယ်။
ဒါ့ကြောင့်လည်း ယက်ဖ်ဖာကိုးကားဖော်ပြတဲ့ သတင်းအရင်းအမြစ်တိုင်းအတွက် ကိုယ့်သေတွင်း ကိုယ်ခုန်ဆင်း သလိုမျိုး အသက်မွေးအလုပ်ပြုတ် ထောင်ကျဖို့ စွန့်စားရမယ့်ကိစ္စမှာ New Yorker မဂ္ဂဇင်း စာရေးဆရာပေါက် စလေးက အစတွေ ဆွဲထုတ်ရင်း သူတို့ဘဝတစ်သက်တာရဲ့ အနှစ်သာရတွေကို ညှစ်ထုတ်ရာ ရောက်နေပါတယ်။ အခြားတစ်ဖက်ကကြည့်ရင်တော့ ယူကရိန်းနှင့်ပတ်သက်ပြီး (ဇီလင်စကီးက ထပ်တိုးတောင်းခံလို့ ဘိုင်ဒင် ဒေါပွ ကြောင်း) ကိယက်ဗ်-ဝါရှင်တန် စစ်ဘက်ဆက်ဆံရေးနဲ့ပတ်သက်လို့အပြုသဘောဆောင်တဲ့အကြောင်းအရာ တစ်စိတ်တစ်ပိုင်းအဖြစ် ယက်ဖ်ဖာရဲ့ဆောင်းပါးမှာ ထည့်သွင်းနိုင်မယ်ဆိုရင် ကြားဖြတ်သက်တမ်းလယ် ရွေးကောက်ပွဲများကာလ သတင်းမီဒီယာများမှတဆင့် လူထုရဲ့အမြင်သဘောထားကို တိမ်းညွှတ်အောင် လုပ်ဆောင်ရာ ရောက်ပါလိမ့်မယ်။

ဂျာနယ်လစ်ကောင်းတစ်ယောက်အဖို့ သတင်းတစ်ပုဒ်ကို လူထုရှေ့မှောက်အရောက်ပို့ရာမှာ သက်ဆိုင်ရာ သတင်းရင်းမြစ်များနဲ့ လူတွေ့မေးမြန်းခြင်းများလို မြေပြင်အချက်အလက်တွေကို မွှေနှောက်ရှာဖွေပြီး သတင်း တည်ဆောက်ရပါတယ်။
ပြောသမျှ ကြားသမျှ လိုက်လံထည့်သွင်းဖော်ပြနေခြင်းဟာ အချက်အလက်အခြေခံ အမှန်တရားနဲ့ မသက်ဆိုင်ဘဲ အရေးကြီးကိစ္စနဲ့ပတ်သက်ပြီး အများသူငှာ ထင်မြင်ချက်ကို ခွံ့ကျွေးဖို့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။
ယက်ဖ်တာရဲ့ “ယူကရိန်းအတွက် အမေရိကန်ရဲ့လက်နက်ထောက်ပံ့ရေးကြိုးပမ်းအားထုတ်မှု” ဆောင်းပါးဟာ ဂျိုးဘိုင်ဒင်အစိုးရရဲ့ဇာတ်ညွှန်းကြီးကို သတင်းစာပညာနဲ့ လိမ္မာပါးနပ်စွာပုံဖော်ထားကြောင်း ဖတ်ရှုသူတိုင်း သဘောပေါက်သင့်တယ်လို့ စကော့ရစ်တာက ရေးပါတယ်။

#ဂျိုးဘိုင်ဒင်အစိုးရ #ဗိုလိုဒီမြာဇီလင်စကီး #ဂျော့ရှူးဝါးယက်ဖ်တာ #စကော့ရစ်တာ

(Russia Today., 5 Nov, 2022,” How the US government attempts to control public perception of its aid to Ukraine.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Vesion;
ယူကရိန္းႏိုင္ငံအတြက္ ေထာက္ပံ့ကူညီမႈရာမွာ အေမရိကန္အစိုးရက အမ်ားျပည္သူတို႔ကို နားလွည့္ပါး႐ိုက္ လုပ္ေန (ဘာသာျပန္ေဆာင္းပါး)

Htay Oung (NP News) - ႏိုဝင္ဘာ ၉

ယူကရိန္းကို လက္နက္တပ္ဆင္ဖို႔ အေမရိကန္ရဲ႕ႀကိဳးပမ္းအားထုတ္ပုံနဲ႔ပတ္သက္ၿပီး အေနာက္ႏိုင္ငံမီဒီယာမ်ားက လတ္တေလာ ဖြင့္ခ်ရာမွာ ဘိုင္ဒင္အစိုးရက အမ်ားျပည္သူတို႔ကို နားလွည့္ပါး႐ိုက္လုပ္ေနေၾကာင္း ဗူးေပၚသလို ေပၚလာေနတယ္လို႔ စေကာ့ရစ္တာရဲ႕အျမင္ကို Russia Today က ႏိုဝင္ဘာလ ၅ ရက္က ေဖာ္ျပပါတယ္။

အေမရိကန္ မရိန္းတပ္ဖြဲ႕ေထာက္လွမ္းေရးအရာရွိေဟာင္းတစ္ဦးျဖစ္သူ စေကာ့ရစ္တာဟာ ၁၉၉၁ ခုႏွစ္ ေဂၚဘာ ေခ်ာ့ဗ္လက္ထက္ “ပယ္ရီစထ႐ြိဳက္ကာေခတ္ လက္နက္ဖ်က္သိမ္းေရးႏွင့္ ဆိုဗီယက္ယူနီယံ နိဂုံးခ်ဳပ္ျခင္း” စာအုပ္ ကို ေရးသားခဲ့သူျဖစ္ပါတယ္။ သူဟာ (သမၼတေရာ္နယ္ေရဂင္နဲ႔ ေဂၚဘာေခ်ာ့ဗ္တို႔ရဲ႕) INF လို႔ အတိုေကာက္ေခၚၾက တဲ့ တာလတ္ပစ္န်ဴကလီယာလက္နက္မ်ား တားဆီးေရးဆိုင္ရာ သေဘာတူစာခ်ဳပ္” ကို အေကာင္အထည္ေဖာ္ေရး မွာ စစ္ေဆးေရးအရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

၁၉၉ဝ-၁၉၉၁ ခွႏွစ္ အီရတ္က်ဴးေက်ာ္မႈစစ္ပြဲမွာ ၫြန႔္ေပါင္းတပ္မ်ားအားလုံးရဲ႕ စစ္ေသနာပတိခ်ဳပ္အျဖစ္ ဦးေဆာင္သူ အေမရိကန္ဗိုလ္ခ်ဳပ္ႀကီး႐ႊပ္ဇ္ေကာ့ဖ္ရဲ႕ အရာရွိတစ္ဦးျဖစ္ၿပီး ကုလသမဂၢလက္နက္စစ္ေဆးေရး အရာရွိအျဖစ္လည္း ၁၉၉၁ မွ ၁၉၉၈ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။

ဂ်ိဳးဘိုင္ဒင္နဲ႔ ဗိုလိုဒီျမာဇီလင္စကီးတို႔အၾကား တယ္လီဖုန္းေျပာဆိုၾကစဥ္ အကူအညီပိုမိုေပးအပ္ဖို႔ ယူကရိန္းသမၼတ က ဖိအားေပးခဲ့ေၾကာင္း အဲဒီကိစၥနဲ႔ရင္းႏွီးကြၽမ္းဝင္သူ ၄ ဦးက NBC သတင္းဌာနကိုေျပာျပေၾကာင္း စေကာ့ရစ္တာ က နိဒါန္းပ်ိဳးပါတယ္။

ေထာက္ပံ့ေငြ ေဒၚလာ ၁ ဘီလ်ံခန႔္ ေပးအပ္မယ့္အေၾကာင္း သတင္းေပးဖို႔အတြက္ ဇြန္လ ၁၅ ရက္ေန႔မွာ ဂ်ိဳး ဘိုင္ဒင္ က ဇီလင္စကီးထံ ဖုန္းေခၚဆိုခဲ့ေၾကာင္း။ အဲဒီအထဲမွာ အေမရိကန္ကာကြယ္ေရးဌာနရဲ႕ေဒၚလာသန္း ၃၅ဝ ဖိုး လက္နက္နဲ႔ စစ္ပစၥည္းကိရိယာမ်ားအျပင္ ယူကရိန္းလက္ေအာက္ခံ လုံၿခဳံေရး႒ာနမ်ားအတြက္ ေနာက္ထပ္ အကူ အညီ ေဒၚလာသန္း ၆၅ဝ ပါဝင္ေၾကာင္း။ ၂ဝ၂၂ ခုႏွစ္ ေဖေဖၚဝါရီလ ယူကရိန္းကို တပ္မ်ားေစလႊတ္ဖို႔ ႐ုရွားက ဆုံးျဖတ္ခ်က္ခ်ၿပီးကတည္းက ဘိုင္ဒင္နဲ႔ ဇီလင္စကီးတို႔အၾကား အဲဒီလို လူပုဂၢိဳလ္အခ်င္းခ်င္း ဆက္သြယ္မႈမ်ိဳးဟာ ပုံမွန္လိုလို ရွိေနခဲ့ေၾကာင္း။ ယခုတစ္ႀကိမ္ ဖုန္းေျပာဆိုၾကရာမွာေတာ့ အကူအညီေတြကို တစ္ခုခ်င္းစီ ေပါင္းလိုက္မယ္ဆိုရင္ အဲဒီေန႔အထိ အေမရိကန္ရဲ႕စစ္ေရးအကူအညီ စုစုေပါင္းဟာ ေဒၚလာ ၅.၆ ဘီလ်ံေလာက္ ရွိ လိမ့္မယ္လို႔ ဘိုင္ဒင္က ဇီလင္စကီးကိုေျပာျပခဲ့ေၾကာင္း “ေစတနာထားရွိမႈအတြက္ သမၼတႀကီးနဲ႔ အေမရိကန္ ျပည္သူေတြကို ေက်းဇူးတင္ပါတယ္” လို႔ ခါတိုင္းလို ေျပာရမယ့္အစား ဇြန္လအကူအညီခြဲေဝေပးမႈမွာ မပါဝင္ေသး တဲ့ပစၥည္းကိရိယာေတြကို ႐ြတ္ျပၿပီး သီးျခားအကူအညီေပးအပ္ဖို႔ ဇီလင္စကီးက ေတာင္းဆိုလာျခင္းေၾကာင့္ ဂ်ိဳးဘိုင္ဒင္ တစ္ေယာက္ သူ႔ေဒါသသူ မထိန္းႏိုင္ေလာက္ေအာင္ ျဖစ္သြားရတယ္လို႔ သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး NBC က ေရးသားေၾကာင္း၊ "အေမရိကန္ျပည္သူေတြဟာ အေတာ္ေလး ရက္ေရာၿပီး ယူကရိန္းအစိုးရကို ကူညီဖို႔ အေမရိကန္စစ္တပ္အေနနဲ႔ ခက္ခက္ခဲခဲလုပ္ေဆာင္ေနရပါတယ္၊ (ဘိုင္ဒင္က အသံကိုျမႇင့္၍) ဇီလင္စကီး က ေက်းဇူးတင္ေၾကာင္း နည္းနည္းေလာက္ေတာ့ ပိုျပသသင့္တယ္" လို႔ NBC က ေရးပါတယ္။

ဘိုင္ဒင္ရဲ႕ေဒါသထြက္ရျခင္းမွာ ဇီလင္စကီးက ေက်းဇူးတင္စကားဆိုဖို႔ပ်က္ကြက္ျခင္းေၾကာင့္ သက္သက္ထက္ ပိုပါ တယ္။ အစဥ္အလာအရ ေခါင္းေဆာင္ႏွစ္ဦးအၾကား အျပန္အလွန္ ေႏြးေထြးမႈ ရွိပါတယ္။ ယူကရိန္း စစ္ပြဲအတြက္ ဂ်ိဳးဘိုင္ဒင္ရဲ႕အကန႔္အသတ္မဲ့ေထာက္ပံ့မႈေတြကို နားလည္ေပးႏိုင္သူ ကြန္ဂရက္အမတ္အေရအတြက္ဟာ ပါတီ ႀကီးႏွစ္ခုစလုံးမွာ တစစ ယုတ္ေလ်ာ့လာေနပါတယ္။ လာမယ့္ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလစ္ကန္ ေတြက ေအာက္လႊတ္ေတာ္ကို ျပန္လည္ထိန္းခ်ဳပ္ဖြယ္ရွိတဲ့အတြက္ ဘိုင္ဒင္အစိုးရအေနနဲ႔ အလားတူ လုပ္ေဆာင္ဖို႔ ေျခဆြံ႕ေနခိုက္ ေနာက္ထပ္အကူအညီေဒၚလာ ၄ဝ မွ ၆ဝ ဘီလ်ံအထိ ညႇစ္ထုတ္ယူဖို႔ အေတာ္ ႀကိဳးစားေနပုံရ ပါတယ္။

လက္ရွိ ကြန္ဂရက္လႊတ္ေတာ္သက္တမ္းဟာ လာမယ့္ ဇန္နဝါရီလေရာက္ရင္ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ၾကားျဖတ္ ေ႐ြးေကာက္ပြဲအေျခအေနေကာင္းဖို႔အတြက္ မေနမနား ႐ုန္းကန္ေနရပါတယ္။ ရီပတ္ဘလစ္ကန္တို႔ ထိန္းခ်ဳပ္တဲ့ ကြန္ဂရက္လႊတ္ေတာ္အသစ္ က်မ္းသစၥာက်ိန္ဆိုခ်ိန္အထိ ကိစၥအရပ္ရပ္ကိုေ႐ႊ႕ဆိုင္းဖို႔ႀကိဳးပမ္းမယ့္ အတိုက္အခံ ေတြဟာ ယခု အကူအညီအသစ္ေပးအပ္မႈမွာ စိန္ေခၚလိမ့္မယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း ေဆာင္းပါးရွင္ စေကာ့ရစ္တာ က ေထာက္ျပပါတယ္။

ဘိုင္ဒင္ ေပါက္ကြဲရတဲ့ ဇီလင္စကီးနဲ႔ဖုန္းေျပာဆိုျခင္း ဇာတ္လမ္းမတိုင္မီ မၾကာေသးခင္ကပဲ တစ္ျခား မီးခဲျပႆနာ တစ္ခု ရွိေနပါေသးတယ္။ New Yorker မဂၢဇင္း ဂ်ာနယ္လစ္ေတြဟာ ဝါရွင္တန္-ကိယက္ဗ္စစ္ေရးပူးေပါင္း ေဆာင္႐ြက္မႈအေျခအေနကို အေသးစိတ္ျပန္လည္သုံးသပ္ခဲ့ၾကပါတယ္။ စစ္လက္နက္ပစၥည္းေတြ ပံ့ပိုးေပး႐ုံ သာမက အေမရိကန္ေထာက္လွမ္းေရးအရာရွိေတြဟာ ပဋိပကၡမွာ တက္တက္ႂကြႂကြ ပါဝင္ေနၾကေၾကာင္း၊ M777 ေဟာင္ဝစ္ဇာအေျမာက္ႀကီးမ်ားနဲ႔ HIMARS အေပါ့စား ဒုံးက်ည္တြဲ ပစ္လႊတ္စနစ္တို႔လို အဆင္ျမင့္ စစ္လက္နက္ ေတြ ေပးအပ္ေနျခင္းဟာ ႏွစ္ႏိုင္ငံအၾကား ရႈပ္ေထြးတဲ့ အျပန္အလွန္ဆက္ဆံေရးကို ေဖာ္ျပေနေၾကာင္း “ယူကရိန္း အတြက္ အေမရိကန္ရဲ႕ႀကိဳးပမ္းအားထုတ္မႈ” လို႔ ေခါင္းစဥ္တပ္ၿပီး “ေဂ်ာ့ရႈ႕းဝါး ယက္ဖ္ဖာ” က New Yorker မဂၢဇင္းမွာ အက်ယ္တဝင့္ ေရးသားခဲ့ပါတယ္။

ၿခဳံငုံၿပီး ေျပာရမယ္ဆိုရင္ အခ်က္ႏွစ္ခုပဲ ရွိပါတယ္။ ပထမအခ်က္အေနနဲ႔ အေမရိကန္ရဲ႕လက္နက္ေတြဟာ ႐ုရွားနဲ႔ ရင္ဆိုင္ရာမွာ ယူကရိန္းအေနနဲ႔ မားမားမတ္မတ္ရပ္တည္ၿပီး ဗလာဒီမာ ပူတင္အေပၚ အႏိုင္ယူႏိုင္ေၾကာင္း ကမာၻကို ျပသႏိုင္ဖို႔ျဖစ္ပါတယ္။ ဒုတိယအခ်က္ အေမရိကန္ဟာ ေမာ္စကိုနဲ႔ တိုက္႐ိုက္ထိပ္တိုက္ရင္ဆိုင္ရတဲ့အထိ ပဋိပကၡ ကို တိုးလာေစမယ့္ ဘယ္လို စည္းမ်ိဳးကိုမဆို မနင္းမိေစဖို႔ ရည္႐ြယ္တယ္လို႔ ေျပာရမွာပါ။

ေမာ္စကိုမွာ ယခုအခ်ိန္ထိ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္လွ်က္ရွိတဲ့ New Yorker မဂၢဇင္း သတင္းေထာက္ ေဂ်ာ့ရႈ႕း ဝါး ယက္ဖ္ဖာဟာ Bloomberg, Businessweek, The Economist, National Geographic, New Republic နဲ႔ New York Times တို႔လို အေမရိကန္မီဒီယာႀကီးမ်ားအတြက္ ႐ုရွားနဲ႔ပတ္သက္ၿပီး ေကာ္လံစားသတင္းမ်ား ေပးပို႔ေနသူ ပါ။ သူဟာ ႐ုရွားေရးရာအေတြ႕အႀကဳံရွိတဲ့ စာေရးဆရာတစ္ေယာက္လည္းျဖစ္ပါတယ္။ သူျမင္ေတြ႕ခဲ့ ၾကားသိခဲ့ ရတာေတြကို အရင္းခံၿပီး “အေမရိကန္နဲ႔ ယူကရိန္းအစိုးရ ဘာလဲ ဘယ္လဲ” အမည္နဲ႔ ေဆာင္းပါးတစ္ပုဒ္ ေရးသားခဲ့ ပါေသးတယ္။ အမည္ထင္ရွား ေဖာ္ျပသူေရာ အမည္မေဖာ္လိုသူေတြကိုပါ ထည့္သြင္းကိုးကားထားတဲ့ သူ႔ရဲ႕ ေဆာင္းပါးဟာ အတြင္းေရး အခ်က္အလက္အမ်ိဳးအစားကို သတင္းရႈေထာင့္မွ သုံးသပ္ႏိုင္ေစဖို႔ ဖတ္ေကာင္းေအာင္ ဆြဲေဆာင္ႏိုင္ပါတယ္။

ယူကရိန္းဘက္ဆိုရင္ ကိယက္ဗ္ကာကြယ္ေရးဝန္ႀကီး၊ ဇီလင္စကီးရဲ႕ထိပ္တန္းအႀကံေပးပုဂၢိဳလ္၊ ယူကရိန္းအမ်ိဳး သားလုံၿခဳံေရးနဲ႔ ကာကြယ္ေရးေကာင္စီအတြင္းေရးမႉး၊ စစ္ဘက္အႀကီးအကဲနဲ႔နီးစပ္သူ အႀကီးတန္းစစ္အရာရွိမ်ား စသည္ျဖင့္ ယူကရိန္းအရာရွိမ်ား ပါဝင္ပါတယ္။ အေနာက္ႏိုင္ငံသတင္းေထာက္မ်ားနဲ႔ အျပန္အလွန္ ဆက္ဆံေလ့ရွိ သူ အဲဒီယူကရိန္းအရာရွိႀကီးေတြရဲ႕ ႐ုရွားနဲ႔ပဋိပကၡအေၾကာင္း အျမင္ကို ပုံေဖာ္ထားပါတယ္။

ယက္ဖ္ဖာဟာ အဲဒီပုဂၢိဳလ္ေတြနဲ႔ တိုက္႐ိုက္အင္တာဗ်ဴးႏိုင္ခဲ့ျခင္း မဟုတ္ေပမယ့္ ပဋိပကၡမွာ သူတို႔ရဲ႕ရပ္တည္လုပ္ ေဆာင္ပုံေတြ၊ ေလာေလာဆယ္ အေမရိကန္နဲ႔ ယူကရိန္းတို႔အၾကား ထိရွလြယ္ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ အေသးစိတ္အခ်က္အလက္ေတြကို အေနာက္မီဒီယာမ်ားထံ သူတို႔ေျပာခြင့္ရတဲ့ေဘာင္ထဲက ဖြင့္ဟဖို႔ဆႏၵရွိေနတဲ့ အေၾကာင္းအရာေတြကို စုစည္းထားျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

အေမရိကန္ဟာ သီးသန႔္လွ်ိဳ႕ဝွက္အဆင့္သတ္မွတ္ထားတဲ့ အျခားႏိုင္ငံမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ သတင္း အခ်က္အလက္မ်ားထုတ္ျပန္ေရးနဲ႔ပတ္သက္ရင္ အလြန္အမင္းထိန္းခ်ဳပ္ထားပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာဖို႔ အေရးမွာ ပါဝင္ပတ္သက္ေနသူ အေမရိကန္အရာရွိမ်ားအတြက္သာမက လွ်ိဳ႕ဝွက္လုပ္ငန္းမွာ ပါဝင္တဲ့ ျပည္ပႏိုင္ငံ သားမ်ားအတြက္ပါ အက်ဳံးဝင္ေနပါတယ္။ တိုတိုေျပာရရင္ သူတို႔အေနနဲ႔ ဘိုင္ဒင္အစိုးရကသာ ႀကိဳတင္ မီးစိမ္း ျပထားျခင္းမရွိဘူးဆိုရင္ ယူကရိန္းႏိုင္ငံသား သုံးဦးဟာ ဒီျပႆနာေတြနဲ႔ပတ္သက္လို႔ ယက္ဖ္ဖာနဲ႔ တစ္စားပြဲတည္း ထိုင္ၿပီး ေဆြးေႏြးခြင့္ မရွိပါဘူး။

ဒီအတြက္ ယက္ဖ္ဖာနဲ႔ ေဆြးေႏြးခြင့္ျပဳဖို႔ ဘိုင္ဒင္အစိုးရရဲ႕ဆုံးျဖတ္ခ်က္ေနာက္ကြယ္အေၾကာင္းအရာအတြက္ အမည္မေဖာ္လိုသူ သတင္းရင္းျမစ္မ်ားကို အေသးစိတ္စစ္ေဆးၾကည့္တဲ့အခါ ရွင္းရွင္းလင္းလင္း ျဖစ္လာပါတယ္။ ယူကရိန္းမူဝါဒေရးဆြဲရာမွာ ပါဝင္သူ အေမရိကန္အုပ္ခ်ဳပ္ေရးအရာရွိတစ္ဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အႀကီးတန္းအရာရွိ၊ အိမ္ျဖဴေတာ္ရဲ႕ ယူကရိန္းရဲ႕ေဆြးေႏြးမႈမ်ားအေၾကာင္း ေကာင္းေကာင္းသိရွိသူတစ္ဦး၊ အေမရိကန္အႀကီးတန္းအရာရွိ၊ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး မီလီနဲ႔နီးစပ္သူ အေမရိကန္စစ္ဘက္ အရာရွိတစ္ဦးနဲ႔ အေမရိကန္ေထာက္လွမ္းေရးအႀကီးတန္းအရာရွိ စသည္ျဖင့္ အမည္မေဖာ္လိုသူေရာ အမည္ေဖာ္ျပ ထားတဲ သတင္းရင္းျမစ္ အေတာ္မ်ားမ်ားကိုလည္း ယက္ဖ္ဖာအေနနဲ႔ ေတြ႕ဆုံေမးျမန္း ႏိုင္ခဲ့ပါတယ္။

ထိရွလြယ္တဲ့ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာလုပ္ငန္းမ်ားမွာ အေတြ႕အႀကဳံရွိသူတိုင္း အဲဒီလိုကိစၥမ်ိဳးနဲ႔ပတ္သက္လာ ရင္ တရားေသ အမွန္တရားႏွစ္ရပ္ရွိေၾကာင္း သိရွိၾကပါတယ္။ ထိပ္တန္းလွ်ိဳ႕ဝွက္အဆင့္သတ္မွတ္ထားတဲ့ အေၾကာင္းအရာေတြနဲ႔ပတ္သက္ၿပီ။ ခြင့္ျပဳခ်က္မရွိဘဲ ထုတ္ေဖာ္ေျပာဆိုျခင္းဟာ ဥပေဒအေပၚ ျပင္းထန္စြာ ခ်ိဳးေဖာက္ရာေရာက္ပါတယ္၊ သတင္းေပါက္ၾကားသူ မည္သူမဆို တရားစြဲခံရၿပီး ေထာင္ဒဏ္ခ်မွတ္ခံရႏိုင္ပါ တယ္။
ဒါ့ေၾကာင့္လည္း ယက္ဖ္ဖာကိုးကားေဖာ္ျပတဲ့ သတင္းအရင္းအျမစ္တိုင္းအတြက္ ကိုယ့္ေသတြင္း ကိုယ္ခုန္ဆင္း သလိုမ်ိဳး အသက္ေမြးအလုပ္ျပဳတ္ ေထာင္က်ဖို႔ စြန႔္စားရမယ့္ကိစၥမွာ New Yorker မဂၢဇင္း စာေရးဆရာေပါက္ စေလးက အစေတြ ဆြဲထုတ္ရင္း သူတို႔ဘဝတစ္သက္တာရဲ႕ အႏွစ္သာရေတြကို ညႇစ္ထုတ္ရာ ေရာက္ေနပါတယ္။ အျခားတစ္ဖက္ကၾကည့္ရင္ေတာ့ ယူကရိန္းႏွင့္ပတ္သက္ၿပီး (ဇီလင္စကီးက ထပ္တိုးေတာင္းခံလို႔ ဘိုင္ဒင္ ေဒါပြ ေၾကာင္း) ကိယက္ဗ္-ဝါရွင္တန္ စစ္ဘက္ဆက္ဆံေရးနဲ႔ပတ္သက္လို႔အျပဳသေဘာေဆာင္တဲ့အေၾကာင္းအရာ တစ္စိတ္တစ္ပိုင္းအျဖစ္ ယက္ဖ္ဖာရဲ႕ေဆာင္းပါးမွာ ထည့္သြင္းႏိုင္မယ္ဆိုရင္ ၾကားျဖတ္သက္တမ္းလယ္ ေ႐ြးေကာက္ပြဲမ်ားကာလ သတင္းမီဒီယာမ်ားမွတဆင့္ လူထုရဲ႕အျမင္သေဘာထားကို တိမ္းၫႊတ္ေအာင္ လုပ္ေဆာင္ရာ ေရာက္ပါလိမ့္မယ္။

ဂ်ာနယ္လစ္ေကာင္းတစ္ေယာက္အဖို႔ သတင္းတစ္ပုဒ္ကို လူထုေရွ႕ေမွာက္အေရာက္ပို႔ရာမွာ သက္ဆိုင္ရာ သတင္းရင္းျမစ္မ်ားနဲ႔ လူေတြ႕ေမးျမန္းျခင္းမ်ားလို ေျမျပင္အခ်က္အလက္ေတြကို ေမႊေႏွာက္ရွာေဖြၿပီး သတင္း တည္ေဆာက္ရပါတယ္။
ေျပာသမွ် ၾကားသမွ် လိုက္လံထည့္သြင္းေဖာ္ျပေနျခင္းဟာ အခ်က္အလက္အေျခခံ အမွန္တရားနဲ႔ မသက္ဆိုင္ဘဲ အေရးႀကီးကိစၥနဲ႔ပတ္သက္ၿပီး အမ်ားသူငွာ ထင္ျမင္ခ်က္ကို ခြံ႕ေကြၽးဖို႔ ရည္႐ြယ္ခ်က္လည္း ပါဝင္ပါတယ္။
ယက္ဖ္တာရဲ႕ “ယူကရိန္းအတြက္ အေမရိကန္ရဲ႕လက္နက္ေထာက္ပံ့ေရးႀကိဳးပမ္းအားထုတ္မႈ” ေဆာင္းပါးဟာ ဂ်ိဳးဘိုင္ဒင္အစိုးရရဲ႕ဇာတ္ၫႊန္းႀကီးကို သတင္းစာပညာနဲ႔ လိမၼာပါးနပ္စြာပုံေဖာ္ထားေၾကာင္း ဖတ္ရႈသူတိုင္း သေဘာေပါက္သင့္တယ္လို႔ စေကာ့ရစ္တာက ေရးပါတယ္။

#ဂ်ိဳးဘိုင္ဒင္အစိုးရ #ဗိုလိုဒီျမာဇီလင္စကီး #ေဂ်ာ့ရႉးဝါးယက္ဖ္တာ #စေကာ့ရစ္တာ

(Russia Today., 5 Nov, 2022,” How the US government attempts to control public perception of its aid to Ukraine.” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.