အခမဲ့ ရွှေပညာသင်တန်းကို လာမည့် ဒီဇင်ဘာလတွင် ၁ဝ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း YGEA ထုတ်ပြန်

929
NP News - နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က အခမဲ့ ရွှေပညာသင်တန်းကို လာမည့် ဒီဇင်ဘာ ၁ ရက်မှ ၁ဝ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း YGEA ၏ နိုဝင်ဘာလပါတ် အစည်းအဝေးမှ သိရသည်။
အဆိုပါ အခမဲ့ ရွှေပညာသင်တန်းအား မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းတွင် ရွှေတူးဖော်ခြင်း၊ ပန်းထိမ်ပညာ၊ ရွှေဆိုင်ဖွင့်လှစ်ခြင်း၊ ရွှေအပေါင်ခံခြင်းနှင့် ရွှေတွက်ချက်နည်းတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သင်တန်းတက်ရောက်မည့်သူများအနေဖြင့် ရွှေအရောင်းအဝယ်လုပ်ကိုင်နိုင်သလို အသင်းအနေဖြင့် လူသစ်များကို အားသစ်လောင်းခြင်းမျိုး ဖြစ်ကြောင်းလည်း YGEA က ဆိုသည်။
သင်တန်းနှင့်ပတ်သက်သည့် လက်ခံသင်ကြားပေးမည့် သင်တန်းသားဦးရေ၊ လိုအပ်သည့်စာရွက်စာတမ်း စသည့် အသေးစိတ်ကို ထုတ်ပြန်ခြင်းမျိုး မရှိသေးဘဲ မကြာမီတွင် ကြေညာပေးသွားမည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ယင်းကဲ့သို့ အခမဲ့ရွှေပညာသင်တန်းများကို ယခင်နှစ်များ ကလည်း ဖွင့်လှစ်ခဲ့ဖူးပြီး အဆိုပါသင်တန်းများတွင် သင်တန်းသား ၁ဝဝ ဝန်းကျင် လက်ခံသင်ကြားပေးခဲ့ဖူးသည်။

Zawgyi Version;
အခမဲ့ ေ႐ႊပညာသင္တန္းကို လာမည့္ ဒီဇင္ဘာလတြင္ ၁ဝ ရက္ၾကာ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း YGEA ထုတ္ျပန္
NP News - ႏိုဝင္ဘာ ၁၆
ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA)က အခမဲ့ ေ႐ႊပညာသင္တန္းကို လာမည့္ ဒီဇင္ဘာ ၁ ရက္မွ ၁ဝ ရက္အထိ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း YGEA ၏ ႏိုဝင္ဘာလပါတ္ အစည္းအေဝးမွ သိရသည္။
အဆိုပါ အခမဲ့ ေ႐ႊပညာသင္တန္းအား မည္သူမဆို တက္ေရာက္ႏိုင္မည္ျဖစ္ၿပီး သင္တန္းတြင္ ေ႐ႊတူးေဖာ္ျခင္း၊ ပန္းထိမ္ပညာ၊ ေ႐ႊဆိုင္ဖြင့္လွစ္ျခင္း၊ ေ႐ႊအေပါင္ခံျခင္းႏွင့္ ေ႐ႊတြက္ခ်က္နည္းတို႔ကို သင္ၾကားပို႔ခ်ေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။
သင္တန္းတက္ေရာက္မည့္သူမ်ားအေနျဖင့္ ေ႐ႊအေရာင္းအဝယ္လုပ္ကိုင္ႏိုင္သလို အသင္းအေနျဖင့္ လူသစ္မ်ားကို အားသစ္ေလာင္းျခင္းမ်ိဳး ျဖစ္ေၾကာင္းလည္း YGEA က ဆိုသည္။
သင္တန္းႏွင့္ပတ္သက္သည့္ လက္ခံသင္ၾကားေပးမည့္ သင္တန္းသားဦးေရ၊ လိုအပ္သည့္စာ႐ြက္စာတမ္း စသည့္ အေသးစိတ္ကို ထုတ္ျပန္ျခင္းမ်ိဳး မရွိေသးဘဲ မၾကာမီတြင္ ေၾကညာေပးသြားမည္ဟု သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ယင္းကဲ့သို႔ အခမဲ့ေ႐ႊပညာသင္တန္းမ်ားကို ယခင္ႏွစ္မ်ား ကလည္း ဖြင့္လွစ္ခဲ့ဖူးၿပီး အဆိုပါသင္တန္းမ်ားတြင္ သင္တန္းသား ၁ဝဝ ဝန္းက်င္ လက္ခံသင္ၾကားေပးခဲ့ဖူးသည္။