တောင်ကိုရီးယားက အမေရိကန်၏ သစ္စာရှိခွေးတစ်ကောင်သာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်၏ညီမ ဝေဖန်တိုက်ခိုက်

 790

Pika (NP News) - နိုဝင်ဘာ ၂၅

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ညီမဖြစ်သူ ကင်ယိုဂျုံက တောင်ကိုရီးယားသမ္မတနှင့် အစိုးရကို "အရူးများ" သို့မဟုတ် အမေရိကန်၏ “သစ္စာရှိခွေးတစ်ကောင်” အဖြစ် စွပ်စွဲပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်မှုများအပါအဝင် မကြာသေးမီက ဒုံးကျည်စမ်းသပ်မှုများ နှင့်ပတ်သက်ပြီး မြောက်ကိုရီးယားအပေါ်ပိတ်ဆို့အရေးယူမှ အသစ်များပြုလုပ်ရန် စီစဥ်နေကြောင်း တောင်ကိုရီးယားဘက်က ပြောဆိုပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ညီမဖြစ်သူ ကင်ယိုဂျုံ က ယင်းကဲ့သို့ စွပ်စွဲပြောဆိုခဲ့ခြင်းဖြစ်သည်။

ကင်ဂျုံအန်း၏ညီမဖြစ်သူ ကင်ယိုဂျုံက "ဒီလိုပိတ်ဆို့မှုအသစ်တွေလုပ်ဖို့ စဥ်းစားနေတဲ့လုပ်ရပ်က တောင်ကိုရီးဟာ အမေရိကန်ရဲ့ သစ္စာရှိခွေးတစ်ကောင်ဆိုတာကို သက်သေပြနေသလိုပါပဲ။ အမေရိကန်က ပေးတဲ့ အရိုးဆီကို အပြေးလာတဲ့ တောခွေးတစ်ကောင်လိုပဲ တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်မယ့် ဒဏ်ခတ်ပိတ်ဆို့မှုက ဘာလဲဆိုတာ တွေးမိပါတယ်" ဟု ပြောဆိုခဲ့သည်၊၊

တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်သည် အန္တရာယ်ရှိသော အခြေအနေတစ်ရပ်ကိုဖန်တီးနေကြောင်း တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ပစ်မှတ်မဟုတ်ကြောင်း ကင်ယိုဂျုံက ပြောဆိုခဲ့သည်။
ကင်ယိုဂျုံက "ယွန်ဆက်ယိုလ်နဲ့ အခြားအရူးတွေရဲ့လုပ်ရပ်ကို တောင်ကိုရီးယားပြည်သူတွေက မတုန်လှုပ်ဘဲ ကြည့်နေနိုင်တာကို အံ့သြမိပါတယ်" ဟု ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားသည် နိုဝင်ဘာ(၁၈)ရက်က တိုက်ချင်း ပစ်ပဲ့ထိန်းဒုံးကျည်ကို နောက်ဆုံးအကြိမ်စမ်းသပ် ပစ်လွှတ်ခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ခုနစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်မည်ဆိုပါက အကျိုးဆက် များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်အရာရှိများက သတိပေးပြောဆိုခဲ့သည်။ မြောက်ကိုရီးယားသည် ယခုနှစ်အစောပိုင်းတည်းက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့် မှုများကို လက်တုံ့ပြန်မှုအဖြစ် ဒုံးကျည်များကို စံချိန်တင်စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေတာင္ကိုရီးယားက အေမရိကန္၏ သစၥာရွိေခြးတစ္ေကာင္သာျဖစ္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္၏ညီမ ေဝဖန္တိုက္ခိုက္
Pika (NP News) - ႏိုဝင္ဘာ ၂၅

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္း၏ညီမျဖစ္သူ ကင္ယိုဂ်ဳံက ေတာင္ကိုရီးယားသမၼတႏွင့္ အစိုးရကို "အ႐ူးမ်ား" သို႔မဟုတ္ အေမရိကန္၏ “သစၥာရွိေခြးတစ္ေကာင္” အျဖစ္ စြပ္စြဲေျပာဆိုခဲ့ေၾကာင္း ေျမာက္ကိုရီးယား ႏိုင္ငံပိုင္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

ၿပီးခဲ့သည့္သီတင္းပတ္က တိုက္ခ်င္းပစ္ဒုံးက်ည္ပစ္လႊတ္မႈမ်ားအပါအဝင္ မၾကာေသးမီက ဒုံးက်ည္စမ္းသပ္မႈမ်ား ႏွင့္ပတ္သက္ၿပီး ေျမာက္ကိုရီးယားအေပၚပိတ္ဆို႔အေရးယူမွ အသစ္မ်ားျပဳလုပ္ရန္ စီစဥ္ေနေၾကာင္း ေတာင္ကိုရီးယားဘက္က ေျပာဆိုၿပီးေနာက္ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း၏ညီမျဖစ္သူ ကင္ယိုဂ်ဳံ က ယင္းကဲ့သို႔ စြပ္စြဲေျပာဆိုခဲ့ျခင္းျဖစ္သည္။

ကင္ဂ်ဳံအန္း၏ညီမျဖစ္သူ ကင္ယိုဂ်ဳံက "ဒီလိုပိတ္ဆို႔မႈအသစ္ေတြလုပ္ဖို႔ စဥ္းစားေနတဲ့လုပ္ရပ္က ေတာင္ကိုရီးဟာ အေမရိကန္ရဲ႕ သစၥာရွိေခြးတစ္ေကာင္ဆိုတာကို သက္ေသျပေနသလိုပါပဲ။ အေမရိကန္က ေပးတဲ့ အ႐ိုးဆီကို အေျပးလာတဲ့ ေတာေခြးတစ္ေကာင္လိုပဲ ေတာင္ကိုရီးယားႏိုင္ငံက ေျမာက္ကိုရီးယားႏိုင္ငံအေပၚ ခ်မွတ္မယ့္ ဒဏ္ခတ္ပိတ္ဆို႔မႈက ဘာလဲဆိုတာ ေတြးမိပါတယ္" ဟု ေျပာဆိုခဲ့သည္၊၊

ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္သည္ အႏၲရာယ္ရွိေသာ အေျခအေနတစ္ရပ္ကိုဖန္တီးေနေၾကာင္း ေတာင္ကိုရီးယားသည္ ေျမာက္ကိုရီးယား၏ပစ္မွတ္မဟုတ္ေၾကာင္း ကင္ယိုဂ်ဳံက ေျပာဆိုခဲ့သည္။
ကင္ယိုဂ်ဳံက "ယြန္ဆက္ယိုလ္နဲ႔ အျခားအ႐ူးေတြရဲ႕လုပ္ရပ္ကို ေတာင္ကိုရီးယားျပည္သူေတြက မတုန္လႈပ္ဘဲ ၾကည့္ေနႏိုင္တာကို အံ့ၾသမိပါတယ္" ဟု ေျပာဆိုခဲ့သည္။ ေျမာက္ကိုရီးယားသည္ ႏိုဝင္ဘာ(၁၈)ရက္က တိုက္ခ်င္း ပစ္ပဲ့ထိန္းဒုံးက်ည္ကို ေနာက္ဆုံးအႀကိမ္စမ္းသပ္ ပစ္လႊတ္ခဲ့သည္။

ေျမာက္ကိုရီးယားအေနျဖင့္ ခုနစ္ႀကိမ္ေျမာက္ န်ဴကလီးယားစမ္းသပ္မႈကို လုပ္ေဆာင္မည္ဆိုပါက အက်ိဳးဆက္ မ်ားႏွင့္ ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း ေတာင္ကိုရီးယားႏွင့္ အေမရိကန္အရာရွိမ်ားက သတိေပးေျပာဆိုခဲ့သည္။ ေျမာက္ကိုရီးယားသည္ ယခုႏွစ္အေစာပိုင္းတည္းက အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔၏ ပူးတြဲစစ္ေရးေလ့က်င့္ မႈမ်ားကို လက္တုံ႔ျပန္မႈအျဖစ္ ဒုံးက်ည္မ်ားကို စံခ်ိန္တင္စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.