ယူကရိန်းကိုစစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ စစ်လက်နက်ပစ္စည်းများ မရှိသလောက်ဖြစ်နေဟုဆို

 775

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၇

နေတိုးမဟာမိတ်အဖွဲ့ဝင် နိုင်ငံအများစုမှာ ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ စစ်လက်နက်ပစ္စည်းများ မရှိသလောက်ဖြစ်နေပြီဖြစ်ကြောင်း အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြလိုက်ပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ နေတိုးအုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက် ပစ္စည်းများ ကူညီပေးခဲ့ကြောင်းသိရပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံအများစုမှာ စစ်လက်နက်ပစ္စည်းများ ကုန်သလောက်ဖြစ်နေတဲ့အတွက် ယူကရိန်းကိုကူညီထောက်ပံ့ပေးမယ်လို့ ကတိတွေကိုအကောင်ထည်ဖော်နိုင်ဖို့ အခက်အခဲဖြစ်နေကြောင်း New York Times ကဖော်ပြထားပါတယ်။

နေတိုးမဟာမိတ်ရဲ့တာဝန်ရှိသူတစ်ဦးက"ယူကရိန်းကို လက်နက်ထောက်ပံ့ပေးရေးနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲပါဝင်တဲ့ နိုင်ငံငယ်တွေဘက်ကတော့ ကူညီပေးနိုင်မယ့် အလားလာသိပ်မရှိတော့ဘူး၊ နေတိုးအဖွဲ့ဝင် နိုင်ငံပေါင်း ၃ဝအနက် ၂ဝ လောက်က စစ်လက်နက်ပစ္စည်းတွေ ကုန်သလောက်ဖြစ်နေတယ်။ နေတိုးအဖွဲ့ထဲပါဝင်တဲ့ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီအပါအဝင် နိုင်ငံကြီးတွေလောက်သာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ တိုးမြင့်ထောက်ပံ့ရေးအလားလာတွေရှိလာနိုင်တယ်"လို့ပြောပါတယ်။

ရုရှား နဲ့ စစ်ပွဲစတင်ခဲ့ပြီးနောက် အမေရိကန် နဲ့အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေဟာ ယူကရိန်းကို လုံခြုံရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၄ဝ ဘီလျံနီးပါး ကူညီပံ့ပိုးထားရာ အဲဒီပမာဏာက ပြင်သစ်နိုင်ငံရဲ့နှစ်စဉ် ကာကွယ်ရေးအသုံးစရိတ်နဲ့ညီမျှနေတယ်လို့ သိရပါတယ်။ ယူကရိန်းဟာ စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးဖို့ တိုးမြှင့်တောင်းဆိုလျက်ရှိနေချိန်မှာ ဥရောပသမဂ္ဂရဲ့ စစ်လက်နက် ပစ္စည်းပံ့ပိုးနိုင်မှုက လျော့နည်းလာခဲ့ကြောင်းသိရပါတယ်။ ဂျာမနီနိုင်ငံက ယူကရိန်းကို စစ်လက်နက်ပစ္စည်း ကူညီပံ့ပိုးမှုတွေက သတ်မှတ်ထားတဲ့ အတိုင်းအတာကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့လက တရားဝင်ထုတ်ဖော်ပြောဆိုဖူးပါတယ်။

လစ်သူယေးနီးယားနိုင်ငံက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ နောက်ထပ် ကူညီလှူဒါန်းပေးဖို့ မရှိတော့ကြောင်း၊ အခြားမဟာမိတ်နိုင်ငံများအနေနဲ့ ယူကရိန်းကိုစစ်လက်နက် ပစ္စည်းကူညီပံ့ပိုးပေးမှုတွေ ပိုမိုလုပ်ဆောင်ပေးစေလိုကြောင်း တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

zawgyi version
ယူကရိန္းကိုစစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးဖို႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြမွာ စစ္လက္နက္ပစၥည္းမ်ား မရွိသေလာက္ျဖစ္ေနဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၇

ေနတိုးမဟာမိတ္အဖြဲ႕ဝင္ ႏိုင္ငံအမ်ားစုမွာ ယူကရိန္းကို ကူညီေထာက္ပံ့ေပးဖို႔ စစ္လက္နက္ပစၥည္းမ်ား မရွိသေလာက္ျဖစ္ေနၿပီျဖစ္ေၾကာင္း အေမရိကန္အေျခစိုက္ နယူးေယာက္တိုင္းမ္ သတင္းစာက ေဖာ္ျပလိုက္ပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားတို႔စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္တဲ့ ေနတိုးအုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို စစ္လက္နက္ ပစၥည္းမ်ား ကူညီေပးခဲ့ေၾကာင္းသိရပါတယ္။ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအမ်ားစုမွာ စစ္လက္နက္ပစၥည္းမ်ား ကုန္သေလာက္ျဖစ္ေနတဲ့အတြက္ ယူကရိန္းကိုကူညီေထာက္ပံ့ေပးမယ္လို႔ ကတိေတြကိုအေကာင္ထည္ေဖာ္ႏိုင္ဖို႔ အခက္အခဲျဖစ္ေနေၾကာင္း New York Times ကေဖာ္ျပထားပါတယ္။

ေနတိုးမဟာမိတ္ရဲ႕တာဝန္ရွိသူတစ္ဦးက"ယူကရိန္းကို လက္နက္ေထာက္ပံ့ေပးေရးနဲ႔ပတ္သက္ၿပီး ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြထဲပါဝင္တဲ့ ႏိုင္ငံငယ္ေတြဘက္ကေတာ့ ကူညီေပးႏိုင္မယ့္ အလားလာသိပ္မရွိေတာ့ဘူး၊ ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံေပါင္း ၃ဝအနက္ ၂ဝ ေလာက္က စစ္လက္နက္ပစၥည္းေတြ ကုန္သေလာက္ျဖစ္ေနတယ္။ ေနတိုးအဖြဲ႕ထဲပါဝင္တဲ့ အေမရိကန္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီအပါအဝင္ ႏိုင္ငံႀကီးေတြေလာက္သာ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား တိုးျမင့္ေထာက္ပံ့ေရးအလားလာေတြရွိလာႏိုင္တယ္"လို႔ေျပာပါတယ္။

႐ုရွား နဲ႔ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ အေမရိကန္ နဲ႔အေနာက္အုပ္စုမဟာမိတ္ႏိုင္ငံေတြဟာ ယူကရိန္းကို လုံၿခဳံေရးအကူညီအျဖစ္ အေမရိကန္ေဒၚလာ ၄ဝ ဘီလ်ံနီးပါး ကူညီပံ့ပိုးထားရာ အဲဒီပမာဏာက ျပင္သစ္ႏိုင္ငံရဲ႕ႏွစ္စဥ္ ကာကြယ္ေရးအသုံးစရိတ္နဲ႔ညီမွ်ေနတယ္လို႔ သိရပါတယ္။ ယူကရိန္းဟာ စစ္လက္နက္ပစၥည္းမ်ားကူညီေထာက္ပံ့ေပးဖို႔ တိုးျမႇင့္ေတာင္းဆိုလ်က္ရွိေနခ်ိန္မွာ ဥေရာပသမဂၢရဲ႕ စစ္လက္နက္ ပစၥည္းပံ့ပိုးႏိုင္မႈက ေလ်ာ့နည္းလာခဲ့ေၾကာင္းသိရပါတယ္။ ဂ်ာမနီႏိုင္ငံက ယူကရိန္းကို စစ္လက္နက္ပစၥည္း ကူညီပံ့ပိုးမႈေတြက သတ္မွတ္ထားတဲ့ အတိုင္းအတာကို ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ၿပီးခဲ့တဲ့လက တရားဝင္ထုတ္ေဖာ္ေျပာဆိုဖူးပါတယ္။

လစ္သူေယးနီးယားႏိုင္ငံက ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ေနာက္ထပ္ ကူညီလႉဒါန္းေပးဖို႔ မရွိေတာ့ေၾကာင္း၊ အျခားမဟာမိတ္ႏိုင္ငံမ်ားအေနနဲ႔ ယူကရိန္းကိုစစ္လက္နက္ ပစၥည္းကူညီပံ့ပိုးေပးမႈေတြ ပိုမိုလုပ္ေဆာင္ေပးေစလိုေၾကာင္း တိုက္တြန္းေတာင္းဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.