အီတလီရှိ အပန်းဖြေကျွန်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွား

 408

ရောင်နီ (NP News) - နိုဝင်ဘာ ၂၇

အီတလီ အပန်းဖြေကျွန်း အစ်ချီယာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားနေပြီး နေအိမ်များပြိုကျကာ လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

အသေအပျောက်များနိုင်ချေရှိသော်လည်း အရေးပေါ် ညှိနှိုင်းရေး စင်တာနဲ့ ပြည်ထဲ ရေးဝန်ကြီး မက်တိုပီယန်တဲဒိုစီက သေဆုံးသူ မရှိကြာင်း စနေနေ့ (နိုဝင်ဘာလ ၂၆ ရက်)မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ "လောလောဆယ် အတည်ပြုထားတဲ့ သေဆုံးမှု မရှိသေးဘူး၊ ရာသီဥတု အခြေအနေက စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတချို့ရှိနေတယ်"လို့ ပီယန်တဲဒိုစီက ပြောကြားပါတယ်။

မုန်တိုင်းကြောင့် နိုင်ငံတောင်ဘက် နာပ်လက်စ် မှ ၃ဝ ကီလိုမီတာ (၁၉ မိုင်) အကွာ တာဟီနီယန် ပင်လယ်ရှိ မီးတောင်ကျွန်းဖြစ်တဲ့ အစ်ချီယာမှာ ရေကြီးခြင်းနဲ့ မြေပြိုခြင်းတို့ ဖြစ်ပွားခဲ့ကာ အစ်ချီယာသို့ ကူးသန်းသွားလာမယ့် ကူးတို့သင်္ဘောများ ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။ အစ်ချီယာကျွန်းဟာ ရေပူစမ်းများကြောင့် နာမည်ကြီးပြီး အီတလီနဲ့ နိုင်ငံခြား ခရီးသွားများအကြား ရေပန်းစားပါတယ်။ ကျွန်းပေါ်ရှိ မြို့ငယ် ၆ မြို့အနက်မှ တစ်ခုဖြစ်တဲ့ ကက်ဆာမီစီယိုလာတာမီမှာ ပျောက် ဆုံးနေသူများကို ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း မီးသတ်ဌာနက ပြောကြားပါတယ်။ ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရွံ့နွံများဟာ ကားများ၊ ဘက်စ်ကားများကို ပင်လယ်ပြင်သို့ ဆွဲချခဲ့ပြီး အနည်းဆုံး ယာဉ်တစ်စီး ပင်လယ်နဲ့ မျောပါသွားကာ ယာဉ်ပေါ်မှ လူ (၂) ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အစ်ချီယာ အပါအဝင် နက်ပလက်စ်ဒေသမှာ အနည်းဆုံး လူ ၁၂ ဦးပျောက်ဆုံးနေပြီးအဆောက်အဦး ၁ဝ လုံး ပြိုကျခဲ့ကြောင်း သိရပါတယ်။

zawgyi version
အီတလီရွိ အပန္းေျဖကြၽန္းမွာ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ေျမၿပိဳမႈမ်ား ျဖစ္ပြား
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၇

အီတလီ အပန္းေျဖကြၽန္း အစ္ခ်ီယာမွာ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ေျမၿပိဳမႈမ်ား ျဖစ္ပြားေနၿပီး ေနအိမ္မ်ားၿပိဳက်ကာ လူဒါဇင္ေပါင္းမ်ားစြာ ေပ်ာက္ဆုံးေနေၾကာင္း သိရပါတယ္။

အေသအေပ်ာက္မ်ားႏိုင္ေခ်ရွိေသာ္လည္း အေရးေပၚ ညႇိႏႈိင္းေရး စင္တာနဲ႔ ျပည္ထဲ ေရးဝန္ႀကီး မက္တိုပီယန္တဲဒိုစီက ေသဆုံးသူ မရွိၾကာင္း စေနေန႔ (ႏိုဝင္ဘာလ ၂၆ ရက္)မွာ အတည္ျပဳေျပာၾကားခဲ့ပါတယ္။ "ေလာေလာဆယ္ အတည္ျပဳထားတဲ့ ေသဆုံးမႈ မရွိေသးဘူး၊ ရာသီဥတု အေျခအေနက စိန္ေခၚမႈေတြ ရွိေနဆဲ ျဖစ္လို႔ ကယ္ဆယ္ေရး လုပ္ငန္းေတြမွာ အခက္အခဲတခ်ိဳ႕ရွိေနတယ္"လို႔ ပီယန္တဲဒိုစီက ေျပာၾကားပါတယ္။

မုန္တိုင္းေၾကာင့္ ႏိုင္ငံေတာင္ဘက္ နာပ္လက္စ္ မွ ၃ဝ ကီလိုမီတာ (၁၉ မိုင္) အကြာ တာဟီနီယန္ ပင္လယ္ရွိ မီးေတာင္ကြၽန္းျဖစ္တဲ့ အစ္ခ်ီယာမွာ ေရႀကီးျခင္းနဲ႔ ေျမၿပိဳျခင္းတို႔ ျဖစ္ပြားခဲ့ကာ အစ္ခ်ီယာသို႔ ကူးသန္းသြားလာမယ့္ ကူးတို႔သေဘၤာမ်ား ရပ္ဆိုင္းထားရတယ္လို႔ သိရပါတယ္။ အစ္ခ်ီယာကြၽန္းဟာ ေရပူစမ္းမ်ားေၾကာင့္ နာမည္ႀကီးၿပီး အီတလီနဲ႔ ႏိုင္ငံျခား ခရီးသြားမ်ားအၾကား ေရပန္းစားပါတယ္။ ကြၽန္းေပၚရွိ ၿမိဳ႕ငယ္ ၆ ၿမိဳ႕အနက္မွ တစ္ခုျဖစ္တဲ့ ကက္ဆာမီစီယိုလာတာမီမွာ ေပ်ာက္ ဆုံးေနသူမ်ားကို ရွာေဖြမႈမ်ား လုပ္ေဆာင္ေနေၾကာင္း မီးသတ္ဌာနက ေျပာၾကားပါတယ္။ ေရလႊမ္းမိုးမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ ႐ြံ႕ႏြံမ်ားဟာ ကားမ်ား၊ ဘက္စ္ကားမ်ားကို ပင္လယ္ျပင္သို႔ ဆြဲခ်ခဲ့ၿပီး အနည္းဆုံး ယာဥ္တစ္စီး ပင္လယ္နဲ႔ ေမ်ာပါသြားကာ ယာဥ္ေပၚမွ လူ (၂) ဦးကိုေတာ့ ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ အစ္ခ်ီယာ အပါအဝင္ နက္ပလက္စ္ေဒသမွာ အနည္းဆုံး လူ ၁၂ ဦးေပ်ာက္ဆုံးေနၿပီးအေဆာက္အဦး ၁ဝ လုံး ၿပိဳက်ခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.