ရုရှားကတင်ပို့တဲ့ ရေနံစိမ်းနဲ့ စွမ်းအင်ကို စျေးနှုန်းသတ်မှတ်နိုင်ဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်
 746
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၇
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ခေါင်းဆောင်တွေကြား ရုရှားနိုင်ငံကတင်ပို့တဲ့ ရေနံစိမ်းကို စျေးနှုန်းသတ်မှတ်ခြင်းနဲ့ပတ်သက်ပြီး သဘောတူညီမှုရယူနိုင်ခဲ့ခြင်းမရှိဘဲ ရုရှားနိုင်ငံကထွက်ရှိတဲ့ရေနံစိမ်းတွေကို တစ်ဖက်သတ် စျေးနှုန်းသတ်မှတ်မယ်ဆိုရင် ဘေးအန္တရာယ်တွေ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း ဝေဖန်မှုတွေလည်းမြင့်တက်နေခဲ့ပါတယ်။
ပိုလန်၊ ဘော်တစ် အဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံအများအပြားက ရုရှားနိုင်ငံကသင်္ဘောနဲ့တင်ပို့တဲ့ရေနံစိမ်းကို တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာ သို့မဟုတ် အမေရိကန်ဒေါ်လာ ၇ဝ နှုန်းသတ်မှတ်မယ့် ဥရောပသမဂ္ဂကော်မရှင်ရဲ့အဆိုပြုကမ်းလှမ်းချက်တွေကို ငြင်းဆန်ပယ်ချခဲ့ကြောင်းသိရပါတယ်။ မော်လ်တာ၊ ဂရိနိုင်ငံတို့က ရုရှားက သင်္ဘောနဲ့တင်ပို့တဲ့ရေနံစိမ်းကို တစ်စည်လျှင်အမေရိကန်ဒေါ်လာ ၇ဝ အောက်လျော့ချသတ်မှတ်တာမျိုး မဖြစ်သင့်ကြောင်းဆိုပါတယ်။ ဥရောပသမဂ္ဂဟာ ရုရှားရဲ့ရေနံကို ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းက တည်းက ဖိအားတွေနဲ့ဆက်တိုက်ရင်ဆိုင်နေရကြောင်းသိရပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားရဲ့ရေနံစိမ်းနဲ့ စွမ်းအင်ကို စျေးနှုန်းသတ်မှတ်ရေးနဲ့ပတ် သက်ပြီး လက်ရှိအချိန်မှာ သဘောတူညီမှုမရပေမယ့် လာမယ့်လမှာထပ်မံ ဆွေးနွေးသွားဖွယ်ရှိနေကြောင်းသိရပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြား ရုရှားရဲ့စွမ်းအင်ကိုစျေးနှုန်းသတ်မှတ်ဖို့ သဘောတူ ခွင့်ပြုချက်တွေရခဲ့မယ်ဆိုရင် ဥရောပသမဂ္ဂဟာ ရုရှားနိုင်ငံရဲ့စွမ်းအင်တွေကို ဂျီ ၇ အဖွဲ့ဝင်နိုင်ငံတွေနဲ့ပူးပေါင်းပြီး စျေးနှုန်းသတ်မှတ်ဖို့ စီစဉ်နေပြီး အဲဒီစျေးနှုန်းသတ်မှတ်ချက်စည်းကမ်းတွေကို လိုက်နာမှုမရှိတဲ့အနောက်အုပ်စု ကုမ္ပဏီတွေကို အာမခံပေးမှု၊ ငွေကြေးကူညီထောက်ပံ့ပေးမှုတွေ ပိတ်ပင်ဖို့ စီစဉ်ဆောင် ရွက်သွားဖွယ်ရှိနေကြောင်းသိရပါတယ်။ ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၄င်းအပေါ်ပိတ်ဆို့မှုချမှတ်ခဲ့တဲ့ နိုင်ငံတွေကို ရေနံနဲ့စွမ်းအင်လျော့စျေးနဲ့မရောင်းပေမယ့် ပိတ်ဆို့မှုချမှတ်တဲ့နိုင်ငံတွေထဲမပါဝင်တဲ့ နိုင်ငံတွေကိုစျေးလျော့နဲ့ရောင်းချပေးခဲ့ကြောင်းသိရပါတယ်။
zawgyi version
ရုရှားကတင်ပို့တဲ့ ရေနံစိမ်းနဲ့ စွမ်းအင်ကို ဈေးနှုန်းသတ်မှတ်နိုင်ဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ခေါင်းဆောင်တွေကြား ရုရှားနိုင်ငံကတင်ပို့တဲ့ ရေနံစိမ်းကို ဈေးနှုန်းသတ်မှတ်ခြင်းနဲ့ပတ်သက်ပြီး သဘောတူညီမှုရယူနိုင်ခဲ့ခြင်းမရှိဘဲ ရုရှားနိုင်ငံကထွက်ရှိတဲ့ရေနံစိမ်းတွေကို တစ်ဖက်သတ် ဈေးနှုန်းသတ်မှတ်မယ်ဆိုရင် ဘေးအန္တရာယ်တွေ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း ဝေဖန်မှုတွေလည်းမြင့်တက်နေခဲ့ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြား ရုရှားရဲ့စွမ်းအင်ကိုဈေးနှုန်းသတ်မှတ်ဖို့ သဘောတူ ခွင့်ပြုချက်တွေရခဲ့မယ်ဆိုရင် ဥရောပသမဂ္ဂဟာ ရုရှားနိုင်ငံရဲ့စွမ်းအင်တွေကို ဂျီ ၇ အဖွဲ့ဝင်နိုင်ငံတွေနဲ့ပူးပေါင်းပြီး ဈေးနှုန်းသတ်မှတ်ဖို့ စီစဉ်နေပြီး အဲဒီဈေးနှုန်းသတ်မှတ်ချက်စည်းကမ်းတွေကို လိုက်နာမှုမရှိတဲ့အနောက်အုပ်စု ကုမ္ပဏီတွေကို အာမခံပေးမှု၊ ငွေကြေးကူညီထောက်ပံ့ပေးမှုတွေ ပိတ်ပင်ဖို့ စီစဉ်ဆောင် ရွက်သွားဖွယ်ရှိနေကြောင်းသိရပါတယ်။ ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၄င်းအပေါ်ပိတ်ဆို့မှုချမှတ်ခဲ့တဲ့ နိုင်ငံတွေကို ရေနံနဲ့စွမ်းအင်လျော့ဈေးနဲ့မရောင်းပေမယ့် ပိတ်ဆို့မှုချမှတ်တဲ့နိုင်ငံတွေထဲမပါဝင်တဲ့ နိုင်ငံတွေကိုဈေးလျော့နဲ့ရောင်းချပေးခဲ့ကြောင်းသိရပါတယ်။
Related news
© 2021. All rights reserved.