တိုင်းဒေသကြီး (၃)ခုရှိ ဆန်စက်များတွင် (၄)နာရီဆက်တိုက် မီးပေးနိုင်ရေး စတင်လုပ်ဆောင်နေပြီး ဆန်ဈေးကျနိုင်မည့် အလားအလာရှိဟုဆို

 3810

ယွန်း (NP News) - မေ ၁၅

တိုင်းဒေသကြီး (၃)ခုရှိ ဆန်စက်များတွင် (၄)နာရီဆက်တိုက်မီးပေးနိုင်ရေး စတင်လုပ်ဆောင်နေပြီး ဆန်ဈေးကျလာနိုင်မည့် အလားအလာရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက NP News ကို ပြောသည်။

စပါးများရှိနေသော်လည်း လျှပ်စစ်မီးပုံမှန်မရရှိမှုကြောင့် ဆန် စက်များတွင် ကြိတ်ခွဲမှုပမာဏလျော့နည်းခဲ့ပြီး ဈေးကွက်ထဲ၌ ဆန်ဈေးကြီးမြင့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“စပါးတွေကရှိတယ်။ လျှပ်စစ်မီးက ပုံမှန်မရတော့ ဆန်စက်တွေကမလည်နိုင်ဘူး။ မနက် တစ်နာရီလောက်ပေးလိုက်။ နေ့ခင်းတစ်နာရီလောက် ပေးလိုက်။ ညနေတစ်နာရီလောက်ပေးလိုက်နဲ့ ပြတ်တောင်း ပြတ်တောင်းပေးတဲ့အခါကျတော့ စက်လည်ဖို့ဆိုတာက သုံးနာရီ၊ လေးနာရီလောက် ဆက်တိုက် လည်နိုင်မှ ဆန်စက်ကလည်နိုင်တာ။ လျှပ်စစ်မီးအနေအထားကြောင့် စပါးကနေ ဆန်ကြိတ်ခွဲတဲ့နေရာမှာ နည်းနည်းလေး အခက်အခဲလေးတွေဖြစ်တော သင်္ကြန်ပြီးတဲ့အချိန်လောက်မှာ ဆန်ဈေးတွေတက် သွားတယ်။ တစ်ဖက်မှာ စပါးတွေက ရှိတယ်။ မီးမမှန်တော့ ဆန်ကြိတ်ရတာမမှန်တော့ ဆန်က အထွက်နည်းတယ်။ အဲဒီတော့ ဆန်ဈေးက တက်သွားတာ‌ပေါ့” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ထို့ကြောင့် စပါးအထွက်များသည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းတို့ရှိ ဆန်စက်များတွင် တစ်ရက်လျှင် (၄)နာရီဆက်တိုက် လျှပ်စစ်မီး ပုံမှန်ရရှိရေးကို ညှိနှိုင်းမှုများရှိခဲ့ပြီး လက်ရှိတွင် စတင်လုပ် ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ “တစ်ရက်ကို လေးနာရီလောက်တော့ ဆက်တိုက်ပေးနိုင်အောင် တင်ပြထားပြီးပြီ။ ဟိုဘက်ကလည်း လုပ်နေပါပြီ။ အဓိက ကတော့ ဧရာဝတီရယ်၊ ရန်ကုန်ရယ်၊ ပဲခူးရယ် တိုင်းဒေသကြီးသုံးခု၊ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နဲ့ညှိနှိုင်းပြီးတော့ စလုပ်နေပါတယ်။ ဒီဟာပေးဖို့ကို လျှပ်စစ်ဝန်ကြီးဌာနကို တင်ပြပြီးတော့ သက်ဆိုင်ရာတိုင်းတွေမှာရှိတဲ့ လျှပ်စစ်ဌာနတာဝန်ခံတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်နေပါတယ်။ တစ်ဖက်က သူတို့ရဲ့အခက်အခဲကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ သုံးနာရီနဲ့ လေးနာရီလောက်တော့ ဆက် တိုက်ပေးမှအဆင်ပြေမှာပေါ့နော်။ နောက်ဆုံး တစ်ရက်ခြားပဲပေးမယ်ဆိုလည်း တစ်ရက်ခြားပေါ့”ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။

လက်ရှိကာလသည် နွေစပါးပေါ်ချိန်ဖြစ်သည့်အပြင် ဆန်စက်များ၌ တစ်ရက်လျှင် (၄) နာရီဆက်တိုက် လျှပ်စစ်မီးရရှိမည်ဆိုပါက ဈေး ကွက်ထဲတွင် ဖြစ်ပေါ်နေသည့် ဆန်ဈေးနှုန်းများသည် ပြန်ကျသွားမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧကပေါင်း (၁၅)သန်းခန့်ရှိခဲ့ပြီး နှစ်စဉ်စပါးထွက်ရှိမှုနှုန်းမှာ တင်းသန်းပေါင်း (၁၀၈၈) သန်းရှိပြီး နွေစပါးစိုက် ဧကပေါင်းမှာလည်း နှစ်သန်းရှိသည့်အတွက် စပါးတင်းသန်းပေါင်း (၂၁၃)သန်းခန့် ထွက်ရှိကြောင်း သိရသည်။ ဈေးကွက်ထဲ၌ သင်္ကြန်ပြီးကာလမှစ၍ ဆန် ဈေးများ ပြန်တက်လာခဲ့ခြင်းကြောင့် ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်ဈေးဆက်မတက်စေရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဆန်စပါးအသင်းချုပ်အနေဖြင့် ယခု ဘဏ္ဍာနှစ် (၂၀၂၄-၂၀၂၅) ၏ ဧပြီလ၊ မေလနှင့် ဇွန်လတို့တွင် ပြည်ပဆန်တင်ပို့မှုကို ကိုဗစ်ကာလ မတိုင်ခင်ပို့ခဲ့သည့် စံချိန်ရောက်‌ရှိရန် တင်ပို့နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

zawgyi version
တိုင္းေဒသႀကီး (၃)ခုရွိ ဆန္စက္မ်ားတြင္ (၄)နာရီဆက္တိုက္ မီးေပးႏိုင္ေရး စတင္လုပ္ေဆာင္ေနၿပီး ဆန္ေဈးက်ႏိုင္မည့္ အလားအလာရွိဟုဆို
ယြန္း (NP News) - ေမ ၁၅

တိုင္းေဒသႀကီး (၃)ခုရွိ ဆန္စက္မ်ားတြင္ (၄)နာရီဆက္တိုက္မီးေပးႏိုင္ေရး စတင္လုပ္ေဆာင္ေနၿပီး ဆန္ေဈးက်လာႏိုင္မည့္ အလားအလာရွိေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒က NP News ကို ေျပာသည္။

စပါးမ်ားရွိေနေသာ္လည္း လွ်ပ္စစ္မီးပုံမွန္မရရွိမႈေၾကာင့္ ဆန္ စက္မ်ားတြင္ ႀကိတ္ခြဲမႈပမာဏေလ်ာ့နည္းခဲ့ၿပီး ေဈးကြက္ထဲ၌ ဆန္ေဈးႀကီးျမင့္မႈမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။

“စပါးေတြကရွိတယ္။ လွ်ပ္စစ္မီးက ပုံမွန္မရေတာ့ ဆန္စက္ေတြကမလည္ႏိုင္ဘူး။ မနက္ တစ္နာရီေလာက္ေပးလိုက္။ ေန႔ခင္းတစ္နာရီေလာက္ ေပးလိုက္။ ညေနတစ္နာရီေလာက္ေပးလိုက္နဲ႔ ျပတ္ေတာင္း ျပတ္ေတာင္းေပးတဲ့အခါက်ေတာ့ စက္လည္ဖို႔ဆိုတာက သုံးနာရီ၊ ေလးနာရီေလာက္ ဆက္တိုက္ လည္ႏိုင္မွ ဆန္စက္ကလည္ႏိုင္တာ။ လွ်ပ္စစ္မီးအေနအထားေၾကာင့္ စပါးကေန ဆန္ႀကိတ္ခြဲတဲ့ေနရာမွာ နည္းနည္းေလး အခက္အခဲေလးေတြျဖစ္ေတာ သၾကၤန္ၿပီးတဲ့အခ်ိန္ေလာက္မွာ ဆန္ေဈးေတြတက္ သြားတယ္။ တစ္ဖက္မွာ စပါးေတြက ရွိတယ္။ မီးမမွန္ေတာ့ ဆန္ႀကိတ္ရတာမမွန္ေတာ့ ဆန္က အထြက္နည္းတယ္။ အဲဒီေတာ့ ဆန္ေဈးက တက္သြားတာ‌ေပါ့” ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။

ထို႔ေၾကာင့္ စပါးအထြက္မ်ားသည့္ ဧရာဝတီတိုင္း၊ ရန္ကုန္တိုင္း ႏွင့္ ပဲခူးတိုင္းတို႔ရွိ ဆန္စက္မ်ားတြင္ တစ္ရက္လွ်င္ (၄)နာရီဆက္တိုက္ လွ်ပ္စစ္မီး ပုံမွန္ရရွိေရးကို ညႇိႏႈိင္းမႈမ်ားရွိခဲ့ၿပီး လက္ရွိတြင္ စတင္လုပ္ ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။ “တစ္ရက္ကို ေလးနာရီေလာက္ေတာ့ ဆက္တိုက္ေပးႏိုင္ေအာင္ တင္ျပထားၿပီးၿပီ။ ဟိုဘက္ကလည္း လုပ္ေနပါၿပီ။ အဓိက ကေတာ့ ဧရာဝတီရယ္၊ ရန္ကုန္ရယ္၊ ပဲခူးရယ္ တိုင္းေဒသႀကီးသုံးခု၊ စီးပြားေရးနဲ႔ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနနဲ႔ ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္နဲ႔ညႇိႏႈိင္းၿပီးေတာ့ စလုပ္ေနပါတယ္။ ဒီဟာေပးဖို႔ကို လွ်ပ္စစ္ဝန္ႀကီးဌာနကို တင္ျပၿပီးေတာ့ သက္ဆိုင္ရာတိုင္းေတြမွာရွိတဲ့ လွ်ပ္စစ္ဌာနတာဝန္ခံေတြနဲ႔ ညႇိႏႈိင္းၿပီးေတာ့ လုပ္ေနပါတယ္။ တစ္ဖက္က သူတို႔ရဲ႕အခက္အခဲကိုလည္း နားလည္ပါတယ္။ ဒါေပမဲ့ သုံးနာရီနဲ႔ ေလးနာရီေလာက္ေတာ့ ဆက္ တိုက္ေပးမွအဆင္ေျပမွာေပါ့ေနာ္။ ေနာက္ဆုံး တစ္ရက္ျခားပဲေပးမယ္ဆိုလည္း တစ္ရက္ျခားေပါ့”ဟု ဥကၠ႒ ဦးရဲမင္းေအာင္က ဆိုသည္။

လက္ရွိကာလသည္ ေႏြစပါးေပၚခ်ိန္ျဖစ္သည့္အျပင္ ဆန္စက္မ်ား၌ တစ္ရက္လွ်င္ (၄) နာရီဆက္တိုက္ လွ်ပ္စစ္မီးရရွိမည္ဆိုပါက ေဈး ကြက္ထဲတြင္ ျဖစ္ေပၚေနသည့္ ဆန္ေဈးႏႈန္းမ်ားသည္ ျပန္က်သြားမည္ျဖစ္ေၾကာင္း ၎က သုံးသပ္ေျပာၾကားထားသည္။

ျမန္မာႏိုင္ငံတြင္ မိုးစပါးစိုက္ဧကေပါင္း (၁၅)သန္းခန႔္ရွိခဲ့ၿပီး ႏွစ္စဥ္စပါးထြက္ရွိမႈႏႈန္းမွာ တင္းသန္းေပါင္း (၁၀၈၈) သန္းရွိၿပီး ေႏြစပါးစိုက္ ဧကေပါင္းမွာလည္း ႏွစ္သန္းရွိသည့္အတြက္ စပါးတင္းသန္းေပါင္း (၂၁၃)သန္းခန႔္ ထြက္ရွိေၾကာင္း သိရသည္။ ေဈးကြက္ထဲ၌ သၾကၤန္ၿပီးကာလမွစ၍ ဆန္ ေဈးမ်ား ျပန္တက္လာခဲ့ျခင္းေၾကာင့္ ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ဆန္ေဈးဆက္မတက္ေစရန္အတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ယခု ဘ႑ာႏွစ္ (၂၀၂၄-၂၀၂၅) ၏ ဧၿပီလ၊ ေမလႏွင့္ ဇြန္လတို႔တြင္ ျပည္ပဆန္တင္ပို႔မႈကို ကိုဗစ္ကာလ မတိုင္ခင္ပို႔ခဲ့သည့္ စံခ်ိန္ေရာက္‌ရွိရန္ တင္ပို႔ႏိုင္ေရး ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.